လင်းရန်၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ခုနက သူ တိုက်ချလိုက်သော ဆိုဖာကြီးမှာ ချက်ချင်း လေထဲသို့ ပျံတက်သွားပြီး သူ့မူလနေရာသို့ ပြန်လည် မျောလွင့်သွားကာ ကြမ်းပြင်ပေါ်တွင် မည်သူမျှ မထိတွေ့ခဲ့ရသကဲ့သို့ အသံတိတ် ဆင်းသက်သွားလေသည်။
ဤအထင်ကြီးစရာကောင်းသော လှုပ်ရှားမှုကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပြပြီးနောက် လင်းရန်သည် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး ချင်တုန်ရွယ်ကို ပြုံးကာ ပြောလိုက်၏။ "အန်တီလေး... မိစ္ဆာနှိမ်နင်းအစည်းအဝေး ညတုန်းက လေမိုးကြိုးတောင်ကြားကို မသွားခင် မှိုပွင့်တောင်ထွတ်မှာ ကျုပ်တို့ အားလုံး အဆင့်တက်ခဲ့ကြတာကို အန်တီလေး မှတ်မိသေးလား..."
ယခုမှသာ လင်းရန်သည် ချင်တုန်ရွယ် အမြဲတမ်း အငြိုးထားနေခဲ့သော ကိစ္စကို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်လေသည်။
"သေချာပေါက် မှတ်မိတာပေါ့... မင်းက တကယ်ကို တစ်ခုခုပဲ ကောင်လေး..."
ချင်တုန်ရွယ်မှာ ထိုကိစ္စကို တွေးမိတိုင်း ဒေါသထွက်နေဆဲပင် ဖြစ်လေသည်။ သူမက မနာလိုဖြစ်သွားပြီး ကြမ်းတမ်းစွာ ဆူပူလိုက်၏။ "အဲဒီညတုန်းက မင်းက တခြားလူတွေအကုန်လုံးကို သေချာ ဂရုမစိုက်နိုင်မှာစိုးလို့ အာရုံစိုက်နေခဲ့ပြီး ငါ့ကိုကျတော့ လုံးဝ လျစ်လျူရှုထားခဲ့တယ်လေ... အဲဒါက ငါ့ကို သိပ်ဒေါသထွက်စေတာပဲ..."
လင်းရန် ရယ်မောလိုက်ပြီး ရှင်းပြလိုက်လေသည်။ "ကျုပ် စိုးရိမ်နေခဲ့တာကလည်း အဲဒါကြောင့်ပဲလေ..."
"ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ကျွန်တော် အန်တီလေးကို ကျင့်စဉ် သုံးမျိုးပဲ သင်ပေးခဲ့တယ်... မဟာကြယ်တာရာ ကျင့်စဥ် ရယ်၊ သတ်ဖြတ်ခြင်းကိုးပါး ဓားသိုင်းရယ်၊ ပြီးတော့ နဂါးငါး ပုံရိပ်ယောင် ခြေလှမ်း ရယ်ပေါ့... တခြား ဘယ်ကျင့်စဉ်ကိုမှ ကျွန်တော် မသင်ပေးခဲ့ဘူး... တခြား အကြောင်းပြချက်ကြောင့် မဟုတ်ပါဘူး... အန်တီလေး ခန္ဓာကိုယ်မှာ သတ္တုနဲ့ မီး ဒြပ်စင် နှစ်မျိုး ရှိနေတာကို ကျွန်တော် စောစောကတည်းက မြင်ထားလို့ပါ... အကယ်၍ အန်တီလေး သင်ယူထားတဲ့ နတ်ဓားဂိုဏ်းရဲ့ ချီကျင့်စဉ်နဲ့ ရွှေအင်ပါယာ နဂါးရူးရိုက်ချက်နဲ့ သွေးဧကရာဇ် မီးဖီးနစ် အသွင်ပြောင်းခြင်း တို့ကို တိုက်ရိုက် ကျင့်ကြံလိုက်မယ်ဆိုရင် အန်တီလေး ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီ တွေ ရောထွေးပြီး မသန့်မရှင်း ဖြစ်သွားကာ မလွှဲမရှောင်သာ ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ်... ဒါကြောင့် ကျွန်တော် အခုချိန်ထိ စောင့်နေခဲ့ရတာ..."
ချင်တုန်ရွယ်မှာ ယင်းကို ကြားသောအခါ အံ့အားသင့်သွားပြီး သူမ၏ နှလုံးသားမှာ ချက်ချင်း ကြည်နူးသွားခဲ့ရလေသည်။
သူမက လင်းရန်ကို မျက်စောင်းထိုးကာ ပြောလိုက်၏။ "ဘာလို့ အစကတည်းက ငါ့ကို မပြောခဲ့တာလဲ... မင်းကြောင့် ငါ့အချိန်တွေ လပေါင်းများစွာ အလကား ဖြစ်သွားရပြီ..."
လင်းရန် ခါးသက်သက် ပြုံးလိုက်လေသည်။ "အန်တီလေးက နတ်ဓားဂိုဏ်းက လာတာလေ... နတ်ဓားဂိုဏ်းက အန်တီလေးကို အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာတောင် အန်တီလေးက သူတို့ရဲ့ ကျေးဇူးကို မမေ့နိုင်ဘဲ တစ်နေ့လုံး ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲနေရတာလေ... သူတို့ရဲ့ ကျင့်စဉ်ကို စွန့်လွှတ်ဖို့ ကျွန်တော်က ဘယ်လိုလုပ်ပြီး အရင်စပြောရဲမှာလဲ..."
"ပြီးတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်း အဆင့်ကလည်း သိပ်မမြင့်သေးတော့ အခုလုပ်နိုင်သလိုမျိုး မလုပ်နိုင်သေးဘူးလေ... အကောင်းဆုံး အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ကလွဲပြီး တခြား မတတ်နိုင်ခဲ့ဘူး..."
"မိစ္ဆာနှိမ်နင်းအစည်းအဝေး ညတုန်းကဆိုရင် အန်တီလေးက အဆင့်ခြောက် အထွတ်အထိပ်ကို ရောက်နေပြီလေ... အန်တီလေးသာ နတ်ဓားဂိုဏ်းရဲ့ ကျင့်စဉ်တွေကို သုံးပြီး ထပ်အဆင့်တက်သွားမယ်ဆိုရင် နောက်ပိုင်း အဲဒါကို ဖြေရှင်းရတာ ကျွန်တော့်အတွက် အများကြီး ပိုရှုပ်ထွေးသွားလိမ့်မယ်..."
ထို့ကြောင့်ပင် လင်းရန်သည် မှိုပွင့်တောင်ထွတ်တွင် လူတိုင်းကို အဆင့်တက်စေခဲ့စဉ်က ချင်တုန်ရွယ်ကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်လေသည်။ သူမအတွက် စိုးရိမ်နေခဲ့သောကြောင့်ပင်။
"အခု အန်တီလေးက အန်တီလေးရဲ့ စွမ်းအားတွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်လို့ ကျွန်တော် တကယ် မမျှော်လင့်ထားခဲ့ဘူး... ဒါက ဒီကျင့်စဉ် နှစ်ခုကို ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ဖြစ်သွားတာပဲ... ကျွန်တော့် ကျင့်ကြံဆင့်ကလည်း အဲဒီအဆင့်ကို ရောက်နေပြီဆိုတော့ ဒါကြောင့် ဒီကိစ္စကို ထုတ်ပြောလာတာပါ..."
ဤအခိုက်အတန့်တွင် ချင်တုန်ရွယ်သည် လင်းရန် သူမအပေါ် မည်မျှ ဂရုစိုက်ခဲ့ကြောင်း နောက်ဆုံးတွင် အပြည့်အဝ နားလည်သွားခဲ့တော့သည်။
"ငါ မင်းကို အလိုလိုက်ခဲ့ရကျိုး နပ်သွားပြီပဲ..."
ချင်တုန်ရွယ်၏ မျက်လုံးများမှာ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် နီရဲလာခဲ့လေသည်။ သူမသည် ဤစကားများကို အချိန်အကြာကြီး မျိုသိပ်ထားခဲ့ရပြီး ယခုမှသာ ထုတ်ပြောလိုက်ရခြင်း ဖြစ်ပေသည်။
"ဟဲဟဲ..."
လင်းရန် ပြုံးကာ ပခုံးတွန့်ပြလိုက်လေသည်။ သူသည် ချင်တုန်ရွယ် အတွက် အမှန်တကယ်ပင် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ဤချီးကျူးမှုနှင့် လုံးဝ ထိုက်တန်ပေသည်။
ထို့နောက် လင်းရန်သည် သုံးနာရီတိတိ အချိန်ယူကာ ချင်တုန်ရွယ်အား ကောင်းကင်ကို အာခံနိုင်သော ကျင့်စဉ် နှစ်ခုဖြစ်သည့် ရွှေအင်ပါယာ နဂါးရူးရိုက်ချက်နှင့် သွေးဧကရာဇ် မီးဖီးနစ် အသွင်ပြောင်းခြင်း တို့ကို အပြည့်အစုံ သင်ကြားပေးလိုက်လေသည်။ ဤကျင့်စဉ် နှစ်ခုကို ကျင့်ကြံရာတွင် အရေးကြီးသော အချက်များနှင့် အဓိက သော့ချက်များကိုပါ အသေးစိတ် ရှင်းပြပေးခဲ့ပြီး ချင်တုန်ရွယ် အနေဖြင့် သေချာစွာ မှတ်မိစေရန် သေချာအောင် လုပ်ဆောင်ပေးခဲ့၏။
မွန်းတည့်ချိန်ခန့်တွင် ချင်တုန်ရွယ်က ကျင့်စဉ် နှစ်ခုကို ကြိုးစားပမ်းစား နားလည်အောင် လုပ်နေစဉ် လင်းရန်က ပင်လယ်စာ ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ပေးခဲ့လေသည်။ သူသည် အရှေ့ပင်လယ်မှ ဆယ်မွန်ငါး၊ တူနာငါး၊ ကျောက်ငါးနှင့် ကျောက်ပုစွန်ကြီး ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ကို ဖမ်းလာခဲ့ခြင်း ဖြစ်၏။ သူက ငါးများကို ပြုတ်ကာ ပေါင်းပေးခဲ့ပြီး သူတို့သုံးယောက်မှာ အရသာရှိသော ပင်လယ်စာ ဟင်းလျာများကို စားသုံးခဲ့ကြသည်။
သူတို့သုံးယောက် နေ့လယ်စာ စားပြီးနောက် စားပွဲကို ရှင်းလင်းလိုက်ပြီး လင်းရန်က စံအိမ်ခြံဝင်းထဲသို့ ထွက်သွားကာ ဖြစ်လာနိုင်ခြေရှိသော အနှောင့်အယှက်အားလုံးကို ဖယ်ရှားရန်အတွက် နတ်ဘုရားဝင်္ကပါ ငယ်တစ်ခုကို တည်ဆောက်လိုက်လေသည်။
"ရှင်းအာ... နောက်ထပ် စိတ်လှည့်စား ဝင်္ကပါ တစ်ခု ထပ်တည်ဆောက်လိုက်... ပြီးရင် ဒီခြံဝင်းကို စောင့်နေပေးပါ... အန်တီလေးနဲ့ ငါ မပြီးမချင်း ဘယ်သူပဲလာလာ တံခါးဝကနေ ပေးမဝင်နဲ့... လှည့်ပြန်ခိုင်းလိုက်..."
လင်းရန်က ရှင်းအာကို ဂရုတစိုက် မှာကြားလိုက်ပြီး သူ့စကားများမှာ အလွန်တရာ ပြတ်သားနေခဲ့ပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လင်းရန်နှင့် ပိုင်ရှင်းအာ တို့၏ လက်ရှိ ကျင့်ကြံဆင့်များအရ ချင်းရွှေမြို့တွင် သေချင်၍ လာရောက်မည့် ရန်သူများကို သူ စိုးရိမ်နေခြင်း မဟုတ်ပါချေ။ သူ စိုးရိမ်နေသည်မှာ တိုင်ရှောင်ဟူ၊ မိုဝူတောက်နှင့် သူတို့၏ ကိုယ်ပိုင်လူများ ဖြစ်လေသည်။ သူတို့ ရုတ်တရက် ရောက်လာပါက ချင်တုန်ရွယ်၏ စိတ်အခြေအနေကို ထိခိုက်စေမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။
"စိတ်မပူပါနဲ့ အစ်ကို လင်းရန်... ရှင်းအာ နားလည်ပါတယ်..."
ပိုင်ရှင်းအာက ရှက်ရွံ့စွာ ပြုံးပြလိုက်ပြီး လိမ္မာစွာ ခေါင်းညိတ်ကာ စိတ်လှည့်စား ဝင်္ကပါကို ချက်ချင်း စတင် တည်ဆောက်လိုက်တော့သည်။
"ကောင်စုတ်လေး... 'ငါတို့ ပြီးသွားပြီးတဲ့နောက်' ဆိုတာ ဘာအဓိပ္ပာယ်လဲ... မင်း ကောင်းကောင်းမွန်မွန်လေးတောင် မပြောတတ်ဘူးလား..."
ချင်တုန်ရွယ်မှာ ပြင်ဆင်ပြီးနေပြီ ဖြစ်လေသည်။ လင်းရန်၏ အဓိပ္ပာယ် နှစ်ခွဖြစ်နေသော စကားများကို ကြားသောအခါ သူမ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားရတော့၏။
"အယ်... ကျင့်ကြံတာ ပြီးသွားတဲ့နောက်လို့ ပြောတာပါ... ပြီးသွားတဲ့နောက်..."
လင်းရန် သူ စကားမှားသွားကြောင်း သဘောပေါက်သွားပြီး ရှက်ရွံ့စွာ ရယ်မောကာ အလျင်အမြန် ပြင်ပြောလိုက်လေသည်။
ချင်တုန်ရွယ်က လင်းရန်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေခဲ့၏။ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ သူမ၏ လှပသော မျက်နှာလေးမှာ နီရဲသွားပြီး တိုးညင်းစွာ မေးလိုက်လေသည်။ "ငါတို့ ဘယ်နေရာမှာ စကြမလဲ..."
လင်းရန်က သတိကြီးစွာဖြင့် ပြောလိုက်၏။ "အန်တီလေး ရွေးဖို့ နေရာနှစ်ခု ရှိတယ်... စံအိမ်ထဲက အားကစားခန်းမ ဒါမှမဟုတ် အန်တီလေးရဲ့... အိပ်ခန်းလေ..."
ချင်တုန်ရွယ်က ခေါင်းလှည့်ကာ တောက်ပသော ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းပေါက်ကြီးများ ရှိသည့် အားကစားခန်းမကို ကြည့်လိုက်လေသည်။ သူမ အံကြိတ်ကာ ခြေဆောင့်လိုက်ပြီး .... "အိပ်ခန်းထဲ သွားမယ်..."
ထို့ကြောင့် လင်းရန်သည် မဝံ့မရဲဖြစ်နေသော ချင်တုန်ရွယ်၏ နောက်မှ လိုက်သွားခဲ့ပြီး သူမ၏ အိပ်ခန်းသို့ မကြာမီ ရောက်ရှိသွားခဲ့လေသည်။
အခန်းထဲတွင် သင်းပျံ့သော ရနံ့လေးတစ်ခု ပြည့်နှက်နေခဲ့ပေသည်။
လင်းရန် အခန်းထဲ ဝင်သွားပြီးနောက် ချင်တုန်ရွယ်က လှည့်ကာ တံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီး လုံးဝ သော့ခတ်လိုက်တော့၏။ ခဏတာမျှ သူမ၏ မျက်နှာလေးမှာ သွေးများကဲ့သို့ နီရဲသွားပြီး သူမ၏ နှလုံးသားမှာ ဗုံတီးနေသကဲ့သို့ တဒိတ်ဒိတ် ခုန်နေခဲ့သည်။
သို့သော် ကိစ္စများက ဤအခြေအနေအထိ ရောက်နေပြီဖြစ်ရာ ချင်တုန်ရွယ် အနေဖြင့် အားကုန်ထုတ်ရန် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ သူမ စိတ်ကို ခိုင်မာအောင် လုပ်လိုက်ပြီး ရှုပ်ထွေးနေသော အတွေးအားလုံးကို ရပ်တန့်ကာ လင်းရန်ကို မေးလိုက်၏။ "နောက်ထပ် ဘာလုပ်ရမလဲ..."
"အန်တီလေး... အန်တီလေး လုပ်ရမှာက ကုတင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေဖို့ပဲ... ကျန်တာ အကုန်လုံးကို ကျွန်တော်တစ်ဆင့်ချင်းစီ ပြောပြပေးမယ်..."
လင်းရန်ကတော့ အတော်လေး တည်ငြိမ်နေပြီး ထိုကဲ့သို့သော ရှုပ်ထွေးသည့် အတွေးများ လုံးဝ မရှိပါချေ။ သူ လိုလားသည်မှာ ချင်တုန်ရွယ်၏ စွမ်းအားများကို အမြန်ဆုံး ပြန်လည်ရရှိစေရန်နှင့် နောက်တစ်ကြိမ် အဆင့်တက်စေရန် ကူညီပေးဖို့သာ ဖြစ်လေသည်။
"ကောင်စုတ်လေး... မင်းက ငါ့ကို မလိမ်ဘူးလို့ ပြောရဲသေးတယ်ပေါ့..."
ချင်တုန်ရွယ် ဒေါသထွက်သွားခဲ့၏။ သူမက ကုတင်ပေါ်ရှိ အိပ်ရာခင်းများကို လက်ညှိုးထိုးပြကာ "ငါ့အဝတ်အစားတွေက အပူချိန်မြင့်လို့ လောင်ကျွမ်းသွားမယ်လို့ မင်း ပြောခဲ့တယ်မလား... ဒါဆို ဒီအိပ်ရာခင်းတွေကရော..."
လင်းရန် လုံးဝ ကူကယ်ရာမဲ့သွားပြီး ဖော်ပြ၍ပင် မရနိုင်အောင် ဖြစ်သွားရလေသည်။ သူ စိတ်ထဲမှ တွေးလိုက်မိ၏။ 'စွမ်းအားတွေ ပြန်ရအောင် လုပ်ပေးတာနဲ့ ကျင့်စဉ်တွေ သင်ပေးတာက အတူတူပဲကို... ငါ့ရဲ့ မိန်ဖုန်း ကျတော့ သိပ်ကို မြန်ဆန်ပြီး ထိရောက်တယ်... ဘာလို့ ငါ့အန်တီလေးကျမှ ဒီလောက် ခက်ခဲနေရတာလဲ...'
အခန်း ၁၅၇၇ ပြီး