သို့သော် ချင်တုန်ရွယ် အမေးကို သူ စိတ်ရှည်လက်ရှည် ရှင်းပြရန်သာ တတ်နိုင်လေသည်။ "အန်တီလေး... စိတ်မပူပါနဲ့... အနည်းဆုံး အပူချိန် ဒီဂရီ နှစ်ထောင်လောက်ကို ခံနိုင်ရည်ရှိအောင် ဒီအခန်းထဲမှာ မီးခံဝင်္ကပါ တစ်ခု တည်ဆောက်ဖို့ လိုသေးတယ်လေ... ဒါပေမဲ့ အန်တီလေး ကိုယ်ပေါ်မှာတော့ သွားတည်ဆောက်လို့ မရဘူးလေ ဟုတ်တယ်မလား..."
ချင်တုန်ရွယ်မှာ လင်းရန်၏ စကားကြောင့် ရယ်ချင်သွားပြီး မနေနိုင်ဘဲ သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "မင်းက အမြဲတမ်း မှန်နေတာပဲ..."
တကယ်တမ်းတွင် ချင်တုန်ရွယ်သည် အလွန်တရာ ဆုံးဖြတ်ချက် ခိုင်မာသူ တစ်ဦး ဖြစ်လေသည်။ ပြီးခဲ့သည့် ခြောက်လအတွင်း သူမသည် လင်းရန်နှင့် သူမ၏ ဆက်ဆံရေးအပေါ် အပြည့်အဝ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ရာ မည်သူ့ကြောင့်ဖြစ်စေ၊ မည်သည့်အရာကြောင့်ဖြစ်စေ ဤအရာက ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ပါချေ။
ထို့ကြောင့် လင်းရန်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမ ရှက်ရွံ့နေသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ခြင်း ဖြစ်ပေသည်။
ထိုသို့မဟုတ်ပါက လင်းရန် ဤအိပ်ခန်းထဲသို့ ဝင်ရောက်နိုင်ရန် မဆိုထားနှင့်၊ ပြဿနာများအကြောင်း သူ စပြောသည့် အချိန်ကတည်းက ချင်တုန်ရွယ်သည် သူ့သစ္စာခံ ရန်သူတော်ကြီး ဖြစ်သွားမည်မှာ သေချာလွန်းပေသည်။
မယုံလျှင် အခြားသူတစ်ယောက်ယောက်နှင့် စမ်းကြည့်နိုင်သည်။
ချင်တုန်ရွယ်က သူမ၏ အသက်ကို စတေးရမည် ဆိုလျှင်ပင် သူ့ကို သတ်ပစ်မည်မှာ သေချာလှ၏။
လင်းရန်က ဝိညာဉ်ကျောက်တုံး အများအပြားကို ထုတ်ယူကာ အခန်းထဲတွင် မီးထိန်းချုပ်ရေး ဝင်္ကပါ တစ်ခု တည်ဆောက်နေသည်ကို ကြည့်ရင်း ချင်တုန်ရွယ်သည် သူ တည်ဆောက်ပြီးသည်နှင့် ရှက်ရွံ့စွာဖြင့် ကုတင်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
"စကြရအောင်..."
လင်းရန်က သေချာပေါက် တုံ့ဆိုင်းနေမည် မဟုတ်ပါချေ။ သူသည်လည်း ကုတင်ပေါ်သို့ ပျံတက်သွားပြီး ချင်တုန်ရွယ်၏ အနောက်သို့ ရောက်ရှိသွားခဲ့၏။ တင်ပျဉ်ခွေ ထိုင်ပြီးနောက် သူက စိတ်ကို စုစည်းကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "အန်တီလေး... ဒါက အန်တီလေး ဒဏ်ရာတွေကို ကုသဖို့ အခွင့်အရေး တစ်ခုဖြစ်သလို အန်တီလေး အဆင့်တက်ပြီး ပြန်လည် တည်ဆောက်ဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်တယ်... အခုကစပြီး အဲဒီ ရှုပ်ထွေးတဲ့ အတွေးတွေကို မတွေးပါနဲ့တော့... ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထားရမယ်..."
"ကောင်လေးရယ်... စိတ်ချပါ..."
ချင်တုန်ရွယ်က လင်းရန်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး "ကောင်စုတ်လေး"မှ "ကောင်လေး" ဟု ပြောင်းခေါ်လိုက်လေသည်။
လင်းရန် အဓိပ္ပာယ်ပါပါ ခေါင်းညိတ်လိုက်၏။
ဘုန်း...
အစကတည်းကပင် လင်းရန်သည် ယင်-ယန် ဒြပ်စင်ငါးပါး မီးတောက်ကို ထုတ်လွှတ်လိုက်ပြီး အရောင်ခုနစ်မျိုး မီးတောက်များကို မီတာနှစ်ဝက်ခန့် အကျယ်အဝန်းအဖြစ် ပြောင်းလဲကာ သူတို့နှစ်ဦးကို လွှမ်းခြုံထားလိုက်လေသည်။ ယင်းက တောက်လောင်နေသော မီးတောက်ကြီးတစ်ခုနှင့် တူသော်လည်း အပူချိန်မှာ မမြင့်မားပါချေ။ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှ၏။ ချင်တုန်ရွယ်မှာ အတွင်း၌ ရှိနေစဉ် တစ်ကိုယ်လုံး နွေးထွေးကာ အလွန်တရာ သက်တောင့်သက်သာ ရှိလှကြောင်း ခံစားလိုက်ရလေသည်။
ယင်-ယန် ဒြပ်စင်ငါးပါး မီးတောက်ကို တတ်မြောက်ပြီးသည်နှင့် ၎င်း၏ အသုံးပြုမှုများမှာ လုံးဝကို အံ့မခန်း ဖြစ်လှပေသည်။ ၎င်း၏ အခြေခံအကျဆုံး အသုံးပြုမှုတစ်ခုမှာ လူ့ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် မမြင်နိုင်သော ဒန်တျန် သွေးကြောများနှင့် အစစ်အမှန်ချီ များကို သန့်စင်ရန်ပင်။
ချင်တုန်ရွယ် သူမ၏ အတွင်းအားများကို ဖျက်ဆီးပစ်ပြီးနောက် ကျန်ရှိနေသော ဖရိုဖရဲ အစစ်အမှန်ချီ များကို ဖယ်ရှားရန်နှင့် နောင်တွင် ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် လင်းရန်က ဤသို့ လုပ်ဆောင်ခြင်းဖြင့် သူမ၏ ခန္ဓာကိုယ်ကို သေချာစွာ သန့်စင်ပေးလိုက်ခြင်း ဖြစ်ပေသည်။
ပထမအဆင့်မှာ ကျန်ရှိနေသော အညစ်အကြေးများကို ဖယ်ရှားရန်ဖြစ်ပြီး ဒုတိယအဆင့်မှာ ချင်တုန်ရွယ်၏ သွေးကြောများနှင့် ရိုးတွင်းခြင်ဆီများကို တစ်ဖန် ပြန်လည် သန့်စင်ပေးရန် ဖြစ်လေသည်။ လင်းရန်က ယင်-ယန် ဒြပ်စင်ငါးပါး မီးတောက်ကို အသုံးပြု၍ အဆင့်နှစ်ဆင့်စလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့၏။
"အန်တီလေး... အခု ကျုပ် အန်တီလေးရဲ့ ဒန်တျန်နဲ့ သွေးကြောတွေကို ပြန်ဆက်ပေးတော့မယ်..."
အရေးကြီးသော အချိန်ရောက်လာပြီ ဖြစ်လေသည်။ လင်းရန်သည် သူ့နတ်ဘုရားအဆီအနှစ် အစက် ၁,၈၀၀ကို တိုက်ရိုက် လောင်ကျွမ်းလိုက်ပြီး သူ့အမြင့်မားဆုံး စွမ်းအားကို အသုံးပြုကာ သူ့မိုးကြိုးကန်ကို ဖွင့်လှစ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူက မိုးကြိုးကန် ထဲရှိ သတ္တုဒြပ်စင် ကပ်ဘေးမိုးကြိုး စွမ်းအင်များကို ချင်တုန်ရွယ်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပို့လွှတ်လိုက်တော့သည်။
ဤသည်မှာ လောကတွင် အသန့်စင်ဆုံးသော ဒြပ်စင်ငါးပါး ကပ်ဘေးမိုးကြိုး စွမ်းအင် ဖြစ်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုမှာ အင်မော်တယ်စိတ်ဝိညာဥ်ချီနှင့် မည်သို့မျှ မကွာခြားပါချေ။ ထို့ကြောင့် လင်းရန်သည် ဤတစ်ကြိမ်တွင် မည်သည့် အင်မော်တယ်စိတ်ဝိညာဥ်ချီ ကိုမျှ အသုံးမပြုခဲ့ခြင်း ဖြစ်ပေသည်။
"အန်တီလေး... အခု အန်တီလေး ရွှေအင်ပါယာ နဂါးရူးရိုက်ချက် ကျင့်စဉ်ကို အပြည့်အဝ စတင် လည်ပတ်သင့်ပြီ..."
လင်းရန်၏ ညွှန်ကြားချက်များအတိုင်း ချင်တုန်ရွယ်သည် ရွှေအင်ပါယာ နဂါးရူးရိုက်ချက်ကို ချက်ချင်း စတင် ကျင့်ကြံလိုက်လေသည်။ သူမ လည်ပတ်လိုက်သည်နှင့် သန့်စင်သော သတ္တုဒြပ်စင် စွမ်းအင်များ သူမ၏ ဒန်တျန် သွေးကြောများထဲတွင် ပြည့်နှက်နေကြောင်း ခံစားလိုက်ရပြီး သူမက အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့၏။
လင်းရန်၏ အကူအညီဖြင့် ကောင်းကင်စက်ဝန်း တစ်ပတ် အပြည့်အဝ လည်ပတ်ပြီးနောက် ချင်တုန်ရွယ်သည် စွမ်းအင်များကို သူမ၏ ဒန်တျန် သွေးကြောများအတွင်း ပုံမှန် လည်ပတ်စေရန် ထိန်းချုပ်နိုင်သွားခဲ့လေသည်။
ယင်းက ထိုကြီးမားလှသော သတ္တုဒြပ်စင် စွမ်းအင်များအားလုံးမှာ ယခုအခါ ချင်တုန်ရွယ် ပိုင်ဆိုင်သွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။
သို့သော် လင်းရန်က စိတ်ပူနေဆဲဖြစ်သဖြင့် ချင်တုန်ရွယ်အား ကြီးမြတ်သော ကောင်းကင်စက်ဝန်း နောက်ထပ် ဆယ့်နှစ်ကြိမ် လည်ပတ်စေခဲ့ပြီး သူမ ရွှေအင်ပါယာ နဂါးရူးရိုက်ချက် ကျင့်စဉ်ကို အသုံးပြုကာ သတ္တုဒြပ်စင် စွမ်းအင်များကို သူမအလိုကျ ထိန်းချုပ်နိုင်သည့်တိုင်အောင် စောင့်ဆိုင်းခဲ့သည်။ ထို့နောက်မှသာ သူမကို ယာယီ ရပ်တန့်ခိုင်းလိုက်၏။
"အခု သွေးဧကရာဇ် မီးဖီးနစ် အသွင်ပြောင်းခြင်းကို ကျင့်ကြံလိုက်တော့..."
လင်းရန်က သတ္တုဒြပ်စင် စွမ်းအင်များ ပို့လွှတ်ခြင်းကို ရပ်တန့်လိုက်ပြီး ချင်တုန်ရွယ်၏ ခန္ဓာကိုယ်ထဲသို့ မီးဒြပ်စင် ကပ်ဘေးမိုးကြိုး စွမ်းအင် များ စတင် ပို့လွှတ်ရန် သူ့နတ်ဘုရားအဆီအနှစ် များကို ချက်ချင်း လောင်ကျွမ်းလိုက်ပြန်သည်။
မီးဒြပ်စင် စွမ်းအင်များ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အခန်းထဲရှိ အပူချိန်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဒီဂရီ စင်တီဂရိတ် ၁,၀၀၀ နီးပါးခန့် မြင့်မားသော အပူချိန်သို့ ရောက်ရှိသွားခဲ့တော့၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်များမှာ လင်းရန်သာ မရှိပါက ချင်တုန်ရွယ် အတွက် ခံနိုင်ရည်ရှိမည် မဟုတ်ပါချေ။ သို့သော် လင်းရန်က သူ့နတ်ဘုရားအဆီအနှစ် များကို လောင်ကျွမ်းပြီး ဘာလုပ်နေသနည်း။ သေချာပေါက် သူမ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေခြင်းပင်။
သို့သော် သူမ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော်လည်း လင်းရန် ပြောခဲ့သည့်အတိုင်းပင် ချင်တုန်ရွယ်၏ အဝတ်အစားများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး လင်းရန်၏ မျက်စိရှေ့တွင် ပြီးပြည့်စုံသော နတ်ဘုရားမ ခန္ဓာကိုယ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့တော့၏။
တစ်ချက်... တစ်ချက်တည်းသာ ကြည့်လိုက်ရုံပင်။
လင်းရန်မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းပင် ဆုံးရှုံးလုမတတ် ဖြစ်သွားရလေသည်။ ချင်တုန်ရွယ်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ သလင်းကျောက်ကဲ့သို့ ဖြူဖွေးနေပြီး သေးသွယ်ကာ ကောက်ကြောင်းများ ပေါ်လွင်နေ၏။ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ သိပ်ကို လှပလွန်းလှပေသည်။
ထို့အပြင် သူ့လက်များမှာ ယခုအခါ ချင်တုန်ရွယ်၏ ကျောပြင်ပေါ်တွင် တင်းကြပ်စွာ ဖိကပ်ထားရာ ချောမွေ့ပြီး အထိအတွေ့မှာလည်း အလွန် ကောင်းမွန်လှသဖြင့် စိတ်မလှုပ်ရှားဘဲ နေရန်မှာ ခက်ခဲလှပေသည်။
"မင်း ကြည့်ချင်သလောက် ကြည့်နိုင်ပါတယ်... ပြီးတော့ နောင်မှာလည်း မင်း ကြည့်ချင်သလောက် ကြည့်လို့ ရတယ်... ဒါပေမဲ့ အခုကစပြီး မင်းက ငါ့ကို တာဝန်ယူရမယ်နော်..."
ဤအခိုက်အတန့်တွင် ချင်တုန်ရွယ်က အလွန်တရာ တည်ငြိမ်နေခဲ့ပေသည်။ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး အပြင်းအထန် ကျင့်ကြံနေသည့်ကြားမှပင် ဤစကားများကို ပြောလိုက်ခြင်း ဖြစ်လေသည်။
"နားလည်ပါပြီ..."
လင်းရန် အရူး မဟုတ်ပါချေ။
သို့သော် ယခုအချိန်က အခြား အကြောင်းအရာများကို တွေးတောနေရန် အချိန်မဟုတ်ပါချေ။ ဤသည်မှာ အရေးကြီးသော အချိန်ဖြစ်ရာ သူတို့နှစ်ဦးစလုံး ပေါ့ဆရန် မဝံ့မရဲ ဖြစ်နေကြပြီး ချင်တုန်ရွယ် သည်လည်း သူမ၏ အားအင်အားလုံးကို ထုတ်သုံးနေခဲ့လေသည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်လွန်သွားပြီး နောက်ထပ် ဆယ့်နှစ်ကြိမ် လည်ပတ်မှု ပြီးဆုံးသွားခဲ့၏။ ယခင်ကဲ့သို့ပင် ချင်တုန်ရွယ်သည် သွေးဧကရာဇ် မီးဖီးနစ် အသွင်ပြောင်းခြင်း ကျင့်စဉ်ကို အသုံးပြုကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ မီးဒြပ်စင် စွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်။
ယခု ချင်တုန်ရွယ်၏ ရှေးဟောင်း သိုင်းပညာ အဆင့်အကြောင်း ပြောရမည်ဆိုလျှင် သူမသည် နတ်ဘုရားစွမ်းအား အဆင့်ရှစ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခင်ကထက် များစွာ သာလွန်နေပြီ ဖြစ်ချေသည်။
"ကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းပြီး မျက်ခုံးနှစ်ခုကြားက ရွှမ်ဂွမ် အမှတ်ကို အပြည့်အဝ တိုက်ခိုက်လိုက်တော့..."
လင်းရန်က အချိန်တန်ပြီဟု ခံစားလိုက်ရသဖြင့် ချင်တုန်ရွယ်အား အတားအဆီးကို ချိုးဖြတ်ရန် အားကုန်သုံးဖို့ ချက်ချင်း အမိန့်ပေးလိုက်လေသည်။
ချင်တုန်ရွယ်၏ မျက်ခုံးကြားမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပွင့်သွားခဲ့ပြီး သူမသည် အစစ်အမှန် နတ်ဘုရားအာရုံကို ချက်ချင်း ရရှိသွားခဲ့တော့၏။
ဘုန်း... ဘုန်း... ဘုန်း...
ချီသန့်စင်ခြင်း အဆင့်တစ်... ချီသန့်စင်ခြင်း အဆင့်နှစ်... ချီသန့်စင်ခြင်း အဆင့်သုံး...
ချီသန့်စင်ခြင်း အဆင့်သုံး အထွတ်အထိပ်။
"ရပ်တော့..."
ချင်တုန်ရွယ် ချီသန့်စင်ခြင်း အဆင့်သုံး အထွတ်အထိပ်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီးနောက် လင်းရန်က သူမကို ထပ်မံ အဆင့်မတက်နိုင်တော့ကြောင်း၊ ထိုသို့မဟုတ်ပါက ကောင်းကင် ကပ်ဘေးက သူမထံ ကျရောက်လာမည်ဖြစ်ကြောင်း ပြောကာ အလျင်အမြန် ရပ်တန့်ခိုင်းလိုက်လေသည်။
"အန်တီလေး... အန်တီလေးသာ ထပ်အဆင့်တက်မယ်ဆိုရင် ကပ်ဘေးကို တိုက်ရိုက် ဖြတ်ကျော်ရလိမ့်မယ်... ကပ်ဘေး မဖြတ်ခင် အန်တီလေးရဲ့ ကျင့်ကြံဆင့် အသစ်နဲ့ သေချာ အသားကျအောင် အချိန်ယူသင့်တယ်လို့ ကျွန်တော် ထင်တယ်..."
ချင်တုန်ရွယ် အတွက် အဆင့်တက်ခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး အရေးအကြီးဆုံး အချိန်ကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်လေသည်။ ယခု သူတို့နှစ်ဦးမှာ သက်တောင့်သက်သာ စကားပြောဆိုနိုင်ပြီ ဖြစ်ချေသည်။
ဝှစ်...
ချင်တုန်ရွယ်မှာ တင်ပျဉ်ခွေ ထိုင်နေဆဲဖြစ်သော်လည်း ရုတ်တရက် လှည့်လိုက်ရာ လင်းရန်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့၏။
ပြီးခဲ့သည့် နာရီအနည်းငယ်အတွင်း ချင်တုန်ရွယ်သည် လင်းရန်၏ နတ်ဘုရားအာရုံ အောက်တွင် ရှိနေခဲ့သော်လည်း လင်းရန်ကို ကျောခိုင်းထားခြင်းနှင့် မျက်နှာချင်းဆိုင် ဖြစ်နေခြင်းမှာ လုံးဝကို မတူညီသော အရာနှစ်ခု ဖြစ်လေသည်။
"ငါ့ကို 'အန်တီလေး' လို့ ခေါ်တုန်းပဲလား..."
အရောင်ခုနစ်မျိုး မီးတောက်များကြားတွင် ချင်တုန်ရွယ်က တင်ပျဉ်ခွေ ထိုင်နေပြီး သူမ၏ အလှတရားမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ မီးနတ်ဘုရားမ တစ်ပါးကဲ့သို့ သူမက လင်းရန်ကို တိုက်ရိုက် စူးစိုက်ကြည့်နေပြီး သူမ၏ လှပသော မျက်လုံးများက မျက်တောင်မခတ်ဘဲ မျက်နှာပေါ်တွင်လည်း ညင်သာသော အပြုံးတစ်ခု ရှိနေခဲ့၏။
"အခုကစပြီး မင်း ငါ့ကို 'အန်တီလေး' လို့ ထပ်ခေါ်ရဲခေါ်ကြည့်... မင်း ခြေထောက်တွေကို ငါ ချိုးပစ်မယ်..."
ချင်တုန်ရွယ်မှာ သိပ်ကို အာဏာရှင်ဆန်လွန်းလှပေသည်။
အခန်း ၁၅၇၈ ပြီး