သွေးလင်းယုန်ခန်းမ၏ ထောက်ခံမှုကို ရရှိပြီးနောက်တွင် မည်သည့်ကောလာဟလကိုမှ ခြိမ်းခြောက်မှုဟု လုကျင့်ဖူ မယူဆတော့ချေ။
ထိုစဉ် သူ၏ လက်အောက်ငယ်သားက
“ဟိုတုန်းက ချန်ဘုရင်ကို သတ်ဖို့အတွက် အင်အားစုတွေနဲ့ သခင် ပူးပေါင်းကြံစည်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူ ခဏခန့် မှင်တက်သွား၏။
နှစ်သန်းထောင်ကျော်တောင် ကြာခဲ့ပြီဖြစ်သော်လည်း ဤသတင်းကို မည်သူက ဖြန့်ဝေနေသနည်း။ သို့သော် ထိုအရာက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ဟု လုကျင့်ဖူ တွေးလိုက်မိသည်။
အမှန်စင်စစ် လုချန်း ပုန်ကန်လိုသည်ဟု အကွက်ဆင်ခဲ့သူမှာ သူပင် ဖြစ်သည်။ ထိုစဉ်ကပင် လုချန်းသည် နတ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့ဖခင်မှာလည်း နတ်ဘုရင်အဆင့်၌သာ ရှိသေးရာ ဖခင်ဖြစ်သူထံ သွားရောက်၍ စကားအနည်းငယ် သွေးထိုးပေးရုံဖြင့် ချန်ဘုရင် ပုန်ကန်တော့မည်ဟု ဖခင်ဖြစ်သူက ယုံကြည်သွားခဲ့သည်။
ထိုကိစ္စကို သူကိုယ်တိုင် ပြုလုပ်ခဲ့တာ မှန်သော်လည်း အတိတ်ဟောင်းများကို အဘယ်ကြောင့် ပြန်ဖော်နေကြသနည်း။
ချန်ဘုရင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဤကောလာဟလကို ဖြန့်ဝေသူ၌ မည်သည့် ရည်ရွယ်ချက် ရှိနေသနည်း။
နန်းလျာရွေးချယ်မည့် အခိုက်အတန့်တွင် သူအား ထိခိုက်မှုမရှိသော ကောလာဟလများကို တစ်ဖက်လူက အလဟဿ ဖြန့်ဝေလိမ့်မည်ဟု လုကျင့်ဖူ မယုံကြည်နိုင်ပေ။ မိသားစုဝင်အချင်းချင်း လုပ်ကြံရန် ပြင်ပအင်အားစုများနှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲကာ နန်းတွင်းရှိ နတ်ဘုရင်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် သူ့အကြား သွေးခွဲလိုခြင်းလား။
မဖြစ်နိုင်ပေ။
နန်းတွင်းရှိ အဘိုးအိုကြီးများလည်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များကို မသိပဲ မနေချေ။ ဖခင်ဖြစ်သူရှေ့တွင် လုချန်းအပေါ် ကုန်းချော စကားများ သူ ပြောခဲ့တာ မှန်သော်လည်း လုချန်းကို တကယ် ဖျက်ဆီးချင်ခဲ့သူမှာ သူတို့ဖခင်သာ ဖြစ်သည်။
လုချန်း၏ ပါရမီအရ နတ်သခင်အဆင့်သို့ တက်လှမ်းရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။ ထိုအချိန်က သူတို့ဖခင်သည် အဆင့်တက်ရန် အလားအလာ မရှိခဲ့ချေ။ အထူးသဖြင့် နန်းတွင်းတွင် သားဖြစ်သူ၏ စွမ်းအားက ဖခင်ထက် သာလွန်သွားပါက မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူမှ မသိနိုင်သဖြင့် ဖခင်ဖြစ်သူ ကိုယ်တိုင်ကပင် လုချန်းကို အသေသတ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
အတွေးများကို စုစည်းပြီးနောက် လုကျင့်ဖူက
“ဒီသတင်းကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဖြန့်နေတာလဲဆိုတာ ချက်ချင်း သွားစုံစမ်းပါ။”
“အမိန့်တော်အတိုင်းပါ သခင်”
လက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် လုကျင့်ဖူ နောက်တစ်ကြိမ် အတွေးထဲ နစ်မြောသွားပြန်သည်။
အချိန်အတော်ကြာ စဉ်းစားသော်လည်း တစ်ဖက်လူ၏ လုပ်ရပ်နောက်ကွယ်မှ ရည်ရွယ်ချက်အစစ်အမှန်ကို သူ မသိနိုင်သေးချေ။
မည်သို့ပင်ဖြစ်စေ လုချန်း သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း သန်းတစ်သောင်းကျော် ရှိနေပြီဖြစ်ရာ ဤသတင်းက ဟာသတစ်ခုသာ ဖြစ်နေပေလိမ့်မည်။
…….
ထိုစဉ်။
နတ်လှေတစ်စင်းသည် ရှန်ရှမြို့မှ အရှိန်အဟုန်ဖြင့် ထွက်ခွာလာ၏။ နတ်လှေ အောက်ဘက်တွင်တော့ အဆုံးမဲ့ သဲပင်လယ်ကြီးသာ တည်ရှိနေသည်။
ကောက်ရှီယွမ်သည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း အဆုံးမရှိသော သဲပင်လယ်ကြီးကို ငေးကြည့်နေသည်။
နတ်လှေအတွင်းရှိ အခန်းတစ်ခု၌ လုချန်းကို ရှောင်ရွှီရင် ဖက်ထားသည်။ သူမ၏ မျက်နှာသည် ရှက်သွေးဖြန်း၍ နီရဲနေ၏။
ရှောင်ရွှီရင်က
“အစ်မကောက်က အပြင်မှာ ရှိနေသေးတယ်လေ”
မည်သည့်နေရာသို့ ဆက်သွားမည် ဆိုတာကို မေးရန် ရှောင်ရွှီရင် အခန်းထဲသို့ ဝင်လာခြင်းဖြစ်သော်လည်း လုချန်းက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နမ်းရှုံ့နေသဖြင့် လုချန်း ဘာလုပ်ချင်နေသည်ကို သူမ အလိုအလျောက် နားလည်လိုက်သည်။
ဤကဲ့သို့ ကိစ္စများကို သူမ ကျင့်သားရနေပြီဖြစ်ရာ လုချန်း အလိုရှိလျှင် သူမ သဘောတူမည်သာ ဖြစ်သော်လည်း အပြင်တွင် ကောက်ရှီယွမ် ရှိနေသဖြင့် သူတို့နှစ်ဦးကြား ထိုအရာဖြစ်သွားပါက ကောက်ရှီယွမ် ဧကန်မုချ ကြားသွားပေလိမ့်မည်။
လုချန်းက ပြုံးလိုက်ရင်း
“အစ်မကောက်က ကိုယ်တို့အကြောင်း သိပြီးသားပဲဟာ... ကိစ္စမရှိပါဘူး”
သူတို့အကြောင်းကို သိသွားပြီးပြီဖြစ်ရာ ပို၍ သတ္တိရှိရှိ ပြုမူရန်သာ ရှိတော့သည်။
ရှောင်ရွှီရင်က တွန့်ဆုတ်နေရင်း
“ရှင်ပြောတာ မှန်ပါတယ်... ဒါပေမဲ့...”
ဤသို့ ပြုမူခြင်းက ပြဿနာမဟုတ်သော်လည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲ ထွက်ပေါ်လာမည့် အသံများကို ကောက်ရှီယွမ် ကြားသွားမည်ကို သူမ ရှက်ရွံ့နေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် ရှောင်ရွှီရင်ကို ပွေ့ချီကာ ကုတင်ပေါ်သို့ ခေါ်ဆောင်လိုက်သည်။
လုချန်းက
“ဒီသဲပင်လယ်ကနေ ထွက်ဖို့ အချိန်အတော်ကြာဦးမှာ။ ဒီမှာက စွမ်းအားတွေလည်း နည်းတော့ ကျင့်ကြံဖို့ မသင့်တော်ဘူး။ တခြား လုပ်စရာလည်း မရှိဘူးလေ။”
လုချန်း၏ စည်းရုံးမှုကြောင့် နောက်ဆုံးတွင် ရှောင်ရွှီရင် သဘောတူလိုက်ရ၏။ မည်သို့ပင်ဆိုစေ ဤသူသည် သူမ အလွန်ချစ်မြတ်နိုးရသော အမျိုးသားဖြစ်သဖြင့် သူမ ငြင်းဆန်နိုင်ခြင်း မရှိချေ။
“ကောင်းပါပြီ”
ရှောင်ရွှီရင် သဘောတူသည်နှင့် လုချန်း ငုံ့ချလိုက်ကာ သူမ၏ နှုတ်ခမ်းအစုံကို သိမ်းပိုက်လိုက်သည်။
ထိုစဉ် ကောက်ရှီယွမ်သည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ခဏခန့် ရပ်နေပြီးနောက် ကျင့်ကြံရန်အတွက် အခန်းတွင်းသို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်၏။
သဲပင်လယ်အတွင်း စိတ်ဝိညာဉ်စွမ်းအား နည်းပါးသော်လည်း သူမထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရှိနေသဖြင့် ကျင့်ကြံမှုကို ခဏခန့် ထိန်းသိမ်းထားရန် လုံလောက်သည်။
ထို့ပြင် သူမသည် အဆင့်တက်ရန် ကျင့်ကြံနေခြင်း မဟုတ်ပဲ အဆင့်တက်မည့် ခံစားချက်ကို တည်ငြိမ်အောင် ပြုလုပ်နေခြင်း ဖြစ်၏။ စွမ်းအားကြွယ်ဝသည့် နေရာသို့ ရောက်သည်နှင့် သူမ တိုက်ရိုက် အဆင့်တက်နိုင်ရန် ဖြစ်သည်။
သို့သော် အခန်းတွင်းသို့ ကောက်ရှီယွမ် ပြန်ဝင်လိုက်သည်နှင့် အခန်းတစ်ခန်းထဲမှ ထွက်ပေါ်လာသော ရှောင်ရွှီရင်၏ အသံကို ကြားလိုက်ရ၏။
အသံအရ ရှောင်ရွှီရင်သည် တတ်နိုင်သမျှ အသံကို ထိန်းထားပုံရသော်လည်း နတ်လှေပေါ်ရှိ အခန်းများတွင် အသံလုံနည်းဗျူဟာပုံစံများ မရှိသဖြင့် လျှောက်လမ်းထက်၌ အတိုင်းသား ကြားနေရသည်။
“... မောင်လေး... မရဘူး”
“မောင်လေး... အစ်မက အပြင်မှာ ရှိနေသေးတယ်လေ...”
ကောက်ရှီယွမ် အနည်းငယ် မှင်တက်သွား၏။
ရှောင်ရွှီရင်၏ အသံကြောင့် သူမ၏ ရင်ထဲတွင် လှိုင်းထန်သွားပြန်သည်။ ရှောင်ရွှီရင်သည် ယခုအချိန်၌ အလွန်ပျော်ရွှင်နေကြောင်း သူမ သိလိုက်သည်။
ကောက်ရှီယွမ်၏ စိတ်များလည်း ခဏခန့် လှုပ်ခတ်သွားကာ တောင့်တမှုအနည်းငယ် ဖြစ်ပေါ်လာသော်လည်း ထိုအတွေးကို သူမ ချက်ချင်း ပြန်နှိမ်လိုက်သည်။
ထို့နောက် နားများကို နတ်စွမ်းအားဖြင့် ပိတ်လိုက်ပြီး သူအခန်းသို့ ပြန်ကာ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေလိုက်သည်။
……
တစ်လကြာပြီးနောက်။
နှင်းခဲမြို့။
နှင်းခဲမြို့သည် ရေခဲမြစ်တစ်ခု၏ အထက်တွင် တည်ရှိပြီး မြေအောက်၌ နှင်းနှင့် ရေခဲစွမ်းအားများ ပါရှိသော ဝိညာဉ်အကြော ရှိနေသဖြင့် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေ၏။
ထိုသို့ဖြစ်နေသော်ငြားလည်း နှင်းခဲမြို့သည် စည်ကားမြဲ ရှိနေ၏။
ကောက်ပဲသီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်သော်လည်း ထူထပ်လှသော ဝိညာဉ်စွမ်းအားကြောင့် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး အချို့သော နတ်များလည်း ဤမြို့တွင် ခဏခန့် ရပ်နားလေ့ ရှိကြရာ ကျင့်ကြံသူများ အဓိကနေထိုင်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
နှင်းခဲမြို့၏ အပြင်ဘက်တွင် နတ်လှေ ဆယ်စင်းကျော် ဆိုက်ကပ်ထား၏။ လုချန်းတို့အဖွဲ့ ရောက်ရှိလာချိန်တွင် ထိုလှေများထံမှ နတ်အငွေ့အသက်များကို ချက်ချင်း ခံစားလိုက်ရသည်။
သို့သော် ထိုနတ်အများစုသည် လူနတ်အဆင့်များသာ ဖြစ်ကြသည်။
ထိုအခိုက် နတ်နှစ်ပါး လုချန်း၏ နတ်လှေထံသို့ ချဉ်းကပ်လာကာ
“အထက်ဂိုဏ်းက သံတမန်များကို ဂါရဝပြုပါတယ်။”
“သံတမန်များ ဤနေရာသို့ ကြွမြန်းလာခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေ”
လုချန်းနှင့် ရှောင်ရွှီရင်တို့ကတော့ အလုပ်ရှုပ်နေကြဆဲဖြစ်ပြီး အပြင်မှ အသံများကို ကြားသောအခါမှ အံ့အားသင့်စွာဖြင့် ရပ်တန့်လိုက်ကြ၏။
ကံကောင်းထောက်မစွာဖြင့် ကောက်ရှီယွမ်သည် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်၍ နတ်လှေ၏ ကုန်းပတ်ပေါ်သို့ ထွက်လာခဲ့သည်။
သူ့ရှေ့ရှိ နတ်များကို တစ်ချက်ကြည့်လိုက်ရင်း ကောက်ရှီယွမ်က
“ကျွန်မတို့က ဒီမှာ ခဏနားဖို့ပဲ လာတာပါ”
ကောက်ရှီယွမ်၏ စကားကို ကြားသောအခါ နှင်းခဲမြို့၏ မြို့တော်ဝန် ဟန်ရှုဝမ်က
“သံတမန်တို့အတွက် တည်းခိုဖို့နေရာကို ကျုပ် စီစဉ်ပေးပါ့မယ်။”
နှင်းခဲမြို့ကဲ့သို့ နေရာမျိုးသို့ နတ်များ မကြာခဏ လာရောက်လေ့ရှိပြီး လျှို့ဝှက်လဝန်းနန်းတော်မှ သံတမန်များလည်း တစ်ခါတစ်ရံတွင် စစ်ဆေးရန် ရောက်လာတတ်ရာ ဧည့်ခံကျွေးမွေးခြင်း၌ ဟန်ရှုဝမ် ကျွမ်းကျင်နေပြီ ဖြစ်သည်။
ကောင်းကင်ဝံပုလွေမြို့နှင့် ရှန်ရှမြို့တို့တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် မတူပဲ ယခုအကြိမ်တွင် မည်သည့်ပြဿနာကိုမှ လုချန်းတို့အဖွဲ့ မရင်ဆိုင်ခဲ့ရချေ။
သူတို့သည် နှင်းခဲမြို့အတွင်းသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်ခဲ့ပြီး မြို့တော်ဝန် ဟန် စီစဉ်ပေးသည့် စွမ်းအားကြွယ်ဝသော အဆောင်တစ်ခု၌ အခြေချလိုက်ကြသည်။
ဤအဆောင်တွင်း၌ မြေအောက်စိတ်ဝိညာဉ်အကြောနှင့် တိုက်ရိုက်ဆက်နွယ်နေသော ရေတွင်းတစ်တွင်း ရှိနေသဖြင့် တခြားနေရာများထက် စွမ်းအားပိုထူထပ်ကာ ကျင့်ကြံရာတွင် ပိုထိရောက်စေသည်။
ကောက်ရှီယွမ်သည် အခန်းတစ်ခန်းကို ရွေးချယ်ကာ နည်းဗျူဟာပုံစံတစ်ခုကို ချမှတ်လိုက်ပြီးနောက် အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်စဉ်စခန်းကို စတင်လိုက်၏။
နှင်းခဲမြို့သို့ ဆိုက်ရောက်ချိန်တွင် လုချန်းနှင့် ရှောင်ရွှီရင်တို့လည်း သူတို့၏ ကိစ္စများကို ဆက်လက် မပြုလုပ်တော့ချေ။
နတ်တစ်ပါး အဆင့်တက်ချိန်တွင် အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ကောက်ရှီယွမ်ကို စောင့်ရှောက်ရန်နှင့် ကူညီရန်အတွက် သူတို့နှစ်ဦးစလုံး အဆောင်အတွင်း၌သာ နေထိုင်ခဲ့ကြသည်။
***