ကောက်ရှီယွမ် ရုန်းကန်နေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ လည်ချောင်းထဲမှ အသံတိုးတိုးတစ်ခု ထွက်ပေါ်လာ၏။
လုချန်းက ကောက်ရှီယွမ်ကို ဂရုမစိုက်ပေ။ အောင်မြင်သွားပြီးနောက် နှင်းနှင့်ရေခဲလမ်းစဉ်ကို ဆင့်ကဲပြောင်းလဲရန် ဖန်တီးခြင်းလမ်းစဉ်ကို လုချန်း အသုံးပြုလိုက်သည်။
နောက်တစ်ခဏတွင် နှင်းခဲမြို့၏ ကောင်းကင်ထက်ရှိ နှင်းနှင့်ရေခဲလမ်းစဉ် ပိုမိုထင်ရှားလာသော်လည်း မိုးသီးများကတော့ ရပ်တန့်သွားပြီး မကြာမီမှာပင် နှင်းမုန်တိုင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
နှင်းနှင့်ရေခဲစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် သူ၏ နှင်းနှင့်ရေခဲစွမ်းအားများကို ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နှင်းနှင့်ရေခဲစွမ်းအားများနှင့် ပေါင်းစပ်ပေးလိုက်သည်။
ထို့နောက် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်မှ နှင်းနှင့်ရေခဲစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဆွဲယူလိုက်ပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အကြားတွင် နှင်းနှင့်ရေခဲစွမ်းအား လည်ပတ်မှုတစ်ခုကို ဖန်တီးလိုက်၏။
ဤနည်းဖြင့် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သောင်းကျန်းနေသော နှင်းနှင့်ရေခဲစွမ်းအားများ တည်ငြိမ်သွားတော့သည်။
သို့သော် ကောက်ရှီယွမ် လုံးဝသတိပြန်ဝင်သောအခါ သူမနှင့် ရှိနေသူက ချန်းလုဖြစ်သည်ဟုသာ ယုံကြည်နေဆဲဖြစ်၏။ သူမသည် ချန်းလုထံမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း သူတို့၏ နှင်းနှင့်ရေခဲစွမ်းအားများ ပေါင်းစပ်သွားပြီးနောက် သူမ၏ စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှု လုံးဝ ဆုံးရှုံးသွားပြီး လုချန်း၏ လမ်းညွှန်မှုနောက်သို့သာ လိုက်ပါနိုင်တော့၏။
သူမ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရလျှင် ကောက်ရှီယွမ်၏ ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာ တော့သည်။ လုချန်းအတွက် နှစ်ပေါင်းများစွာ စောင့်ထိန်းလာခဲ့သော အပျိုစင်ဘဝကို ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြားသူတစ်ဦးထံ ဆုံးရှုံးလိုက်ရခြင်းအား သူမ မယုံကြည်နိုင်ဖြစ်နေ၏။
ကောက်ရှီယွမ်၏ မျက်ရည်များကို မြင်လျှင် သူမ၏ပါးစပ်ကို ပိတ်ထားခြင်းအား လုချန်း ရပ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ သူမကို ကြည့်လိုက်သည်။
ကောက်ရှီယွမ်က
“ထစမ်း”
ဟု အေးစက်စွာ ပြောလိုက်၏။
လုချန်းက
“စီနီယာအစ်မ... အစ်မရဲ့ ခန္ဓာကိုယ်ထဲက နှင်းနှင့်ရေခဲစွမ်းအားတွေက မတည်ငြိမ်သေးဘူး။”
“ရှင့်အကူအညီ ကျွန်မ မလိုဘူး”
ဟု အေးစက်စက် ပြန်ပြော၏။
လုချန်းက ပြုံးလျက်
“အစ်မ ရှီယွမ်... ခင်ဗျား ခုနက ကျင့်စဉ်ဖောက်ပြန်နေတုန်းက ကျုပ်နာမည်ကို တတွတ်တွတ် ခေါ်နေခဲ့တာလေ။ အခုကျမှ ဘာလို့ ကျုပ်အပေါ် ဒီလောက် အေးစက်သွားရတာလဲ။”
လုချန်း၏ စကားများကို ကြားလျှင် ကောက်ရှီယွမ် ခဏခန့် မှင်တက်သွား၏။ သူမက ချန်းလု၏ နာမည်ကို ဘာလို့ အဆက်မပြတ် ခေါ်နေရမည်နည်း။
“ကျွန်မက ရှင့်နာမည်ကို ဘာလို့ခေါ်နေရမှာလဲ”
“ခင်ဗျား ခုနက မရပ်မနား ခေါ်နေတာလေ။ ကျုပ်နာမည်ကို ခေါ်နေတာ မဟုတ်ရင် ဘယ်သူ့နာမည်ကို ခေါ်နေတာလဲ။”
“ရှင်က လုချန်း မဟုတ်ဘူး”
လုချန်းက ရယ်မောလိုက်ပြီး
“ကျုပ်က လုချန်း မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။ ရှီယွမ်... ကျုပ် လျှို့ဝှက်နယ်မြေထဲမှာ ခင်ဗျားရဲ့အသက်ကို တစ်ခါ ကယ်ဖူးတယ်လေ။ ခင်ဗျားက ကျုပ်ရုပ်ကိုတောင် မမှတ်မိတော့ဘူးလား။”
ဤအရာကို ကြားလျှင် ကောက်ရှီယွမ်၏ စိတ်ထဲတွင် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လုံးဝဗလာဖြစ်သွား၏။
လုချန်း...
သူက လုချန်းလား...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
သတိပြန်ဝင်လာသောအခါ ကောက်ရှီယွမ်က မယုံကြည်နိုင်စွာဖြင့်
“ဟင့်အင်း... ရှင်က သူ မဖြစ်နိုင်ဘူး”
လုချန်းက ဆက်လက်၍
“ကျုပ်က သူ ဟုတ်မဟုတ်ဆိုတာကို နောက်မှ ဆွေးနွေးကြတာပေါ့။ အခုတော့ ခင်ဗျားကို အရင်ဆုံး အဆင့်တက်အောင် ကူညီပေးပါရစေဦး။”
ထိုစကားနှင့်အတူ လုချန်းသည် နှင်းနှင့်ရေခဲစွမ်းအား လည်ပတ်မှုကို အရှိန်မြှင့်လိုက်ရာ ကောက်ရှီယွမ်၏ လည်ချောင်းထဲမှ အသံတစ်သံ မသိစိတ်ဖြင့် ထွက်ပေါ်လာ၏။
ထို့နောက် သူမက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီး
“ကျွန်မကို လွှတ်ပေး”
အခန်းထဲရှိ နှင်းနှင့်ရေခဲစွမ်းအား တည်ငြိမ်သွားသည်ကို ခံစားမိလျှင် ရှောင်ရွှီရင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူမ အခန်းထဲသို့ ဝင်ကြည့်ချင်သော်လည်း ကောက်ရှီယွမ်နှင့် လုချန်းကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေမိသည်။
အချိန်များ ကုန်လွန်သွားသော်လည်း လုချန်း အခန်းထဲမှ ထွက်လာသည်ကို မမြင်ရသေးသဖြင့် အခြေအနေကို မည်သို့ရှိသနည်းဟု ရှောင်ရွှီရင် တွေးတောနေမိ၏။
ထိုအတောအတွင်း အခန်းထဲမှ အသံများ ထွက်ပေါ်လာသည်။
“ချန်းလု... ရှင်... လူယုတ်မာ”
“ချန်းလု... ရှင့်ကို ကျွန်မ သတ်မယ်။”
“အစ်မကို လွှတ်ပေးပါ။ အစ်မ ရှင့်နဲ့ အတူမရှိနိုင်ဘူး...”
……..
အခန်းထဲမှ အသံများကို ကြားရလျှင် ရှောင်ရွှီရင် မှင်တက်သွား၏။
ဒါက...
လုချန်းနှင့် အကြိမ်ပေါင်းများစွာ အတူကျင့်ကြံဖူးသဖြင့် ကောက်ရှီယွမ်၏ လေသံကို နားထောင်ရုံဖြင့် သူတို့ ဘာလုပ်နေကြသည်ကို သူမ အလိုလို သိလိုက်သည်။
သူမ၏ စိတ်ကို ရှောင်ရွှီရင် အမြန်ပြန်စုစည်းလိုက်၏။ သူမ အလွန် အံ့အားသင့်ခြင်း မရှိခဲ့ချေ။
အကြောင်းမှာ ထိုအမျိုးသားသည် အချစ်ရေး ကိစ္စများစွာရှိသော လုချန်းဖြစ်နေသောကြောင့်ပင်။
လုချန်းထံ၌ အမျိုးသမီး နောက်တစ်ယောက် တိုးလာတိုင်း သူမ ဝမ်းနည်းနေမည်ဆိုလျှင် မည်မျှအထိ ဝမ်းနည်းနေရမည်မှန်း မသိနိုင်သဖြင့် ဝမ်းနည်းခြင်းလည်း မရှိခဲ့ချေ။
သို့သော် လုချန်းက ကောက်ရှီယွမ်အပေါ် ဤသို့ ပြုမူလိုက်သောကြောင့် နောက်ပိုင်းတွင် ကောက်ရှီယွမ်က နန်းတော်သခင်ထံ တိုက်ရိုက် တိုင်ကြားမည်ကိုတော့ ရှောင်ရွှီရင် တိတ်တဆိတ် စိုးရိမ်နေမိသည်။
ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်လခန့် ကုန်လွန်သွားခဲ့၏။
မိစ္ဆာနယ်ပယ်အတွင်း ကျရောက်လုနီးပါး ဖြစ်ခဲ့သော ကောက်ရှီယွမ်လည်း လုချန်း၏ အကူအညီဖြင့် သူမ၏ ကျင့်စဉ်ကို ခဲခဲယဉ်းယဉ်း တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ စစ်မှန်သော နတ်အဆင့်သို့ တက်ရန်အတွက် ကျင့်ကြံရန် အချိန်ပို လိုအပ်သဖြင့် သူမ၏ ကျင့်ကြံမှု တည်ငြိမ်စေရန်အတွက် ထိုခြောက်လလုံးလုံး လုချန်းက ကူညီပေးခဲ့၏။
တကယ်တော့ သူမ ပူးပေါင်းရန် သဘောတူခဲ့သည့် အဓိက အကြောင်းရင်းက ချန်းလုသည် တကယ်ပင် လုချန်း ဖြစ်သည်ဟု ပိုယုံကြည်လာသောကြောင့်ဖြစ်၏။ လုချန်းမှလွဲ၍ ထျန်းရန်နတ်ဘုရားနယ်မြေတွင် သူမကို ခြောက်လတာ ကာလပတ်လုံး မရပ်မနား နှောင့်ယှက်နိုင်သူ မရှိနိုင်ပေ။
လျှို့ဝှက်နယ်မြေတွင် လုချန်း၏ ကယ်တင်ခြင်းကို ခံရပြီးနောက် လုချန်းအပေါ် စိတ်ဝင်စားမှု ရှိလာခဲ့သဖြင့် လုချန်းနှင့် သူ၏ ဇနီးများအကြောင်း အပါအဝင် လုချန်း၏ ကိစ္စရပ်များစွာကို သူမ တိတ်တဆိတ် စုံစမ်းခဲ့ဖူးသည်။
ဟုတ်ပါသည်။ သူမ၏ စိတ်ထဲတွင် လုချန်းအပေါ် မကျေနပ်ချက် အချို့ ရှိနေဆဲ ဖြစ်၏။
ဤလူယုတ်မာက အစကတည်းက သူ မည်သူဖြစ်ကြောင်းကို မထုတ်ဖော်ပြပဲ သူမ ဝေခွဲမရ ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ သူမအတွက် ပြင်ဆင်ချိန်မရအောင် ပြုလုပ်ခဲ့သည်။
ထိုအခိုက်တွင် လုချန်းသည် ကောက်ရှီယွမ်ကို ပွေ့ဖက်ထားပြီး သူမကို သူ၏အပေါ်တွင် မှီထားစေကာ သူ၏ လက်ချောင်းများက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်နေ၏။
ကောက်ရှီယွမ်က လုချန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းရင်း
“ရှင် တကယ်ပဲ လုချန်းလား။ လုံချွမ်းလျှို့ဝှက်နယ်မြေမှာ ကျွန်မကို ကယ်ခဲ့တဲ့သူလား။”
“ကျုပ်ပါပဲ”
“ဒါဆို ဘာလို့ အစကတည်းက ရှင့်ဘယ်သူလဲ ဆိုတာ ကျွန်မကို မပြောခဲ့တာလဲ။”
“ကျုပ်ရဲ့ အခြေအနေက ထူးခြားတယ်။ ကျုပ် ပြန်လာပြီဆိုတာကို လူအများကြီး သိသွားရင် မကောင်းဘူး။”
“နောက်ပြီး နန်းတော်သခင်နဲ့ ယဲ့ချူယောင်က ကျုပ်အပေါ် အငြိုးအတေးတွေ အများကြီး ရှိကြတာ။ သူတို့သာ ကျုပ် လုချန်းမှန်း သိသွားရင် ကျုပ်ကို သတ်ကြမှာ မလွဲမသွေပဲ။”
ကောက်ရှီယွမ်က ဇဝေဇဝါဖြင့်
“နန်းတော်သခင်နဲ့ စီနီယာအစ်မယဲ့က ရှင့်အပေါ် အငြိုးအတေး ရှိတယ် ဟုတ်လား။”
“ဟုတ်တယ်... သူတို့နဲ့ အနီးကပ်ဆုံးလူကို ကျုပ် ခေါ်သွားခဲ့လို့လေ။”
ထိုအရာကို ကြားလျှင် အကြောင်းစုံကို ကောက်ရှီယွမ် ဆက်စပ်မိသွား၏။ ယဲ့ချူယောင်၏ ကိစ္စကို သူမ မသိသော်လည်း
သူမကိုယ်တိုင် လျှို့ဝှက်လဝန်း ကျောင်းတော်မှ လာသူဖြစ်သဖြင့် ယွမ်ယုတိ၏ အခြေအနေကိုတော့ ကောင်းစွာ သိထားသည်။
တံခါးပိတ်ကျင့်စဉ်မှ ထွက်လာပြီး လုချန်းက သူမ၏ညီမကို ကစဉ့်ကလျား ပင်လယ်ထဲသို့ ခေါ်သွားကြောင်း ယွမ်ယုတိ သိလိုက်ရစဉ်က အလွန် ဒေါသထွက်ခဲ့၏။ နောက်ပိုင်းတွင် သူမ၏ မကျေနပ်ချက်များကြောင့်
လျှို့ဝှက်လဝန်း ကျောင်းတော်မှ ယွမ်ယုတိ နှင်ထုတ်ခံခဲ့ရ၏။
ထို့နောက် သူမ၏ တပည့်အချို့နှင့်အတူ ထွက်ခွာသွားကာ ယခုလက်ရှိ လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကောက်ရှီယွမ်က
“နတ်ဧကရာဇ်တွေတောင် ကစဉ့်ကလျား ပင်လယ်ထဲမှာ အသက်မရှင်နိုင်ဘူးလို့ ပြောကြတယ်။ ရှင်က ဘယ်လို ပြန်ထွက်လာတာလဲ။”
“ကျုပ် ကစဉ့်ကလျား ပင်လယ်ထဲမှာ ကံကောင်းမှုတချို့နဲ့ ကြုံခဲ့လို့ ထျန်းရန်နတ်ဘုရား နယ်မြေကို တည်နေရာရွှေ့ပြောင်းပြီး ပြန်လာနိုင်ခဲ့တာပါ။”
***