အခုတစ်ခေါက် ၁၇၃ ယောက် ယှဉ်ပြိုင်ကြလိမ့်မယ်။ ဘယ်သူကများ နောက်တစ်ပွဲကို အသာလေး ကျော်တက်သွားနိုင်မှာလဲ မသိဘူး။
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တစ်ယောက်က ပြုံးစိစိနဲ့ ပြောလိုက်သည်။ သူ့၏ မျက်လုံးထဲတွင်လည်း ဆန္ဒများကို မြင်ရ၏။ သူဟာ အလင်းလုံး တစ်လုံးချင်းစီတိုင်းကို ဂရုတစိုက် အကဲခတ်နေသည်။ ထို့နောက် ခဏအကြာတွင် သူက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သည်။
ကျင့်ကြံခြင်း အစွမ်းအစများက ထိုးထွက်လာပြီးနောက် သဘာဝ လက်တစ်ဖက်အဖြစ် ပြောင်းလဲကာ အလင်းလုံးဆီသို့ တိုက်ရိုက် လှမ်းလိုက်သည်။ ထို့နောက် လက်ကို ပြန်အုပ်လိုက်ပြီး ခပ်ကြမ်းကြမ်း လှည့်လိုက်ကာ အလင်းလုံးက ကွဲအက်လာသည်။ နံပါတ် ၁၇၃ ဆိုသော နံပါတ်တစ်ခုကလည်း ပေါ်ထွက်လာ၏။
" ဟူး... နှမြောစရာပဲ။ "
ထာဝရ ရှင်သန်ခြင်း ဧကရာဇ်က သက်ပြင်းချလိုက်သည်။ သူက စိတ်ပျက်သွား၏။
ထို့နောက် ကျန်သောသူများအားလုံး လှုပ်ရှားကြလေပြီ ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းက အလင်းလုံးတစ်လုံးစီ ရွေးကြသည်။ သူတို့အားလုံးက အလင်းလုံးကို လက်ထဲတွင် ကိုင်ထားချိန်တွင် အားလုံးဟာလည်း မျှော်လင့်ချက်အပြည့် ရှိနေကြသည်။ သူတို့သည်လည်း မည်သူနှင့်မှ တိုက်ခိုက်ရန် မလိုဘဲ နောက်တစ်ဆင့်သို့ တက်ချင်ကြသည်။ ထိုသို့ဆိုလျှင် အင်အား အကုန် သက်သာသည်။
ကံဆိုးသည်မှာ မည်သူကမှ ကံမကောင်းကြပေ။ သိပ်မကြာခင်မှာပင် နောက်ထပ် အလင်းလုံး အမြောက်အမြားက ခြေမွခံရသည်။ ပတ်ဝန်းကျင် အာကာသတစ်ခုလုံးက အမျိုးမျိုးသော နံပါတ်များဖြင့် ပြည့်နှက်လာသည်။
သို့သော် နောက်တစ်ပွဲသို့ အသာလေး တစ်ယောက်တည်းသာ တက်ရောက်နိုင်သော လူက ပေါ်မလာသေးပေ။
ဂျင်ချန်က လူအုပ်ထဲတွင် ခပ်အေးအေး ရပ်နေသည်။ သူဟာ မည်သည့် အပို လှုပ်ရှားမှုမှ မလုပ်သည့်အတွက် မည်သူကမှလည်း သတိမထားမိ၊ ဂရုမစိုက်ကြပေ။ သူဟာ သူ့၏ လက်ထဲတွင် အလင်းလုံးတစ်လုံးကိုလည်း ကိုင်ထားသည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့မှာ ခွဲထုတ်ထားသော စွမ်းအားကြောင့် သူကလည်း သူ၏ အထူးဝိညာဉ်စွမ်းအားကို အသုံးပြု၍ အတွင်းမှ အရာကို မြင်နိုင်၏။
သူကိုယ်တိုင်က ထို အလင်းလုံးကို ခြေမွရန် အလျင်မလိုပေ။ ထိုအစား သူ၏ အကြည့်က ပတ်ဝန်းကျင်ကို ဝေ့ဝဲသွားပြီး လူတိုင်းကို လိုက်ကြည့်၏။
သိပ်မကြာခင်မှာပင် ပြိုင်ပွဲဝင် အားလုံးက အလင်းလုံးများကို ခြေမွပြီးသွားလေပြီ။ ဂျင်ချန် တစ်ယောက်တည်းကပဲ အားလုံး၏ နံပါတ်များက အရှေ့တင် ဝဲပျံနေကြသည်။ ရှေ့ဆုံးကဆိုသလို လူတိုင်းက ဂျင်ချန်ကို ကြည့်သည်။ ပိုပြီး တိတိကျကျ ပြောရလျှင် လက်ထဲက အလင်းလုံးကို ကြည့်ကြခြင်းဖြစ်သည်။ ဒါက မဖွင့်ရသေးသည့် နောက်ဆုံးလက်ကျန် အလင်းလုံးပဲ။
"ဖွင့်လိုက်စမ်းပါ။ ကံကောင်းတာပဲ။ "
ဘယ်မှမလွဲဘဲ ဖယ်ထုတ်ခံရလောက်မည့်သူက နောက်တစ်ဆင့် တက်သွားတာပဲ။
"ဒါက အဓိပ္ပာယ်မရှိဘူး။ ကောင်းကင်လွှာ အဆင့်ခြောက် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်လောက်က နောက်တစ်ဆင့်ကို တက်စရာ အကြောင်းမှ မရှိတာ။ ဘယ်လိုကြောင့် အချောင်ရသွားတာလဲ။ "
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အများစုက အထွန့်တက်ကြသည်။
ဂျင်ချန်က လက်ထဲက အလင်းလုံးကို စိုက်ကြည့်သည်။ သူသည်လည်း အံ့သြလာ၏။ ထို့နောက် သူ၏ လက်ကို ဖိညှစ်လိုက်သောအခါ အလင်းလုံးက ကွဲကြေသွားသည်။ သို့သော် ဘာမှ ရှိမနေချေ။ သူဟာ ဒီတစ်ဆင့်ကို အောင်မြင်စွာ ကျော်လွှားနိုင်သွားလေပြီ။
"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ် ညီနောင် ဂျင်ချန်။ ဘာ ကြိုးစား အားထုတ်မှုမှ မရှိဘဲနဲ့ အောင်မြင်စွာနဲ့ ဒုတိယအဆင့် တက်သွားပြီ။"
ကောင်းကင်လွှာ အဆင့် ခြောက် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်က ကောင်းကင်လွှာ အဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ်တွေရဲ့ တိုက်ပွဲကွင်းကနေ ဒုတိယအဆင့်ကို တက်သွားနိုင်တာ တကယ်ရှားပါးတယ်။
အနားမှာ အချို့လူများက သူ့ကို ဂုဏ်ပြုကြပြီး အချို့လူများက လှောင်ကြသည်။
၁၇၃ ယောက်က တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်သင့်တဲ့အချိန်မှာ အလကား ကျော်တက်သွားနိုင်မည့် အခွင့်အရေးကို ရတယ်။
"နှမြောစရာကောင်းတာက ငါ မဟုတ်တာပဲ။ မဟုတ်ရင် ငါ့အနေနဲ့ အမတ တစ်ထောင် ဗိုလ်ချုပ်နေရာကို ရဖို့ ပိုအင်အားစိုက်ထုတ်လို့ ရမှာပဲ။"
ရဲ့မိသားစုမှ ရဲ့ချင်းယွန်က လူအုပ်ထဲမှ ဂျင်ချန်ကို လှမ်းကြည့်သည်။ သူသည်လည်း အနည်းငယ် အားကျပြီး အနည်းငယ်လည်း စိတ်ပျက်၏။ သို့သော် သိပ်မကြာခင်မှာပင် သူ၏အကြည့်က အခြားနံပါတ်တစ်ခုကို ကိုယ်စားပြုသောသူဆီ ရောက်သွားသည်။
ထိုလူများသည် ထာဝရ ရှင်သန်ခြင်း လောကတွင် ကျော်ကြားသောသူများ ဖြစ်ကြသည်။ အများစုက ရှေးဟောင်းမိသားစုများမှ လာသည်။ အချို့က အင်အားကြီးမားသော အထူးအဖွဲ့အစည်းများမှ လာ၏။ အချို့ကမူ ကောင်းကင်ဘုံ ဂိုဏ်းများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးများထံမှ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ပြိုင်ဘက် စွမ်းအားက ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသည်။ ထိုလူများကသာ သူ၏ စစ်မှန်သော ပြိုင်ဘက် ဖြစ်သည်။
ထိုအချိန်တွင် လေထဲတွင် ပြိုင်ပွဲဝင် စင်မြင့် ဆယ်ခုကျော် ပေါ်လာသည်။ အားလုံးက စင်မြင့်ဆိုသည်ထက် အသေးစားလောကများစွာဟု ပြောရပေမည်။ အသေးစားလောကတစ်ခုချင်းစီတိုင်းက ရှေးဟောင်း တိုက်ပွဲမြေပြင်ကြီးနှင့် တူပြီး အံ့သြစရာကောင်းလောက်အောင် ကျယ်ပြောသည်။ ၁၇၂ ယောက်သော ထာဝရ ရှင်သန်ခြင်း ဧကရာဇ်များက အသေးစားလောက အသီးသီးသို့ ဆွဲသွင်းခံရပြီး နံပါတ်အစဉ်အတိုင်း ပြိုင်ဘက်များနှင့် တွေ့ဆုံသည်။ သူတို့ဟာ နှစ်ယောက်တစ်ဖွဲ့ ကျမည်ဖြစ်ပြီး ထိုလောကများတွင် ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ရပေလိမ့်မည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ အမတ တစ်ထောင် ဗိုလ်ချုပ်နေရာကို ရရှိရန် စည်းမျဉ်းများအရ အလွန်ရိုးရှင်းလှသော ပုံစံမျိုးဖြင့် ယှဉ်ပြိုင်ရန် လိုအပ်သည်။ တိုက်ပွဲဝင် အင်အား သီးသန့်ဖြင့် ဆုံးဖြတ်မည် ဖြစ်၏။ နောက်ဆုံး အနိုင်ရသောသူက ထိုနေရာကို ရပေလိမ့်မည်။ ဂျင်ချန် ဘာမှ လုပ်စရာ မရှိသေးသည့်အတွက် လေထဲတွင် နားနေလိုက်ပြီး အဝေးမှ မြင်နေရသော စင်မြင့်များကို လှမ်းကြည့်နေလိုက်သည်။
မည်သည့် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်ကမှ အားနည်းသည်ဟု ပြော၍ မရနိုင်ပေ။ အခြေခံအားဖြင့် လူတိုင်းနီးပါးက အဆင့်မြင့် အရည်အသွေးရှိ နတ်ဘုရား စစ်လက်နက်များကို ပိုင်ဆိုင်ထားကြသည်။ အချို့သော ထာဝရ ရှင်သန်ခြင်း မဟာဘုရင်များကပင် အလယ်အလတ်အဆင့် နတ်ဘုရား စစ်လက်နက်များကို အသုံးပြုရသည်အထိ ဆင်းရဲတတ်ကြ၏။
အဆင့်မြင့် အရည်အသွေးရှိ နတ်ဘုရား စစ်လက်နက်များအပြင် ကျင့်ကြံခြင်းဆိုင်ရာ စွမ်းရည်များ၊ လျှို့ဝှက်သိုင်းများ အားလုံးကလည်း သူတို့၏နောက်တွင် သမိုင်းကြောင်းကြီးတစ်ခုကို ပိုင်ဆိုင်ထားကြ၏။
သူတို့အားလုံးက အင်အားကြီးမားလွန်းသဖြင့် မည်သည့် သာမန် ကောင်းကင်လွှာ အဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ်ကမှ သူတို့နှင့် မယှဉ်သာလောက်ကြပေ။ အချို့ကဆိုလျှင် ကောင်းကင်လွှာအဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အဆင့် နှင့်တင် လမ်းစဉ် သုံးခုကို ပြီးမြောက် အောင်မြင် နားလည် သဘောပေါက်ထားကြသည်။
အဆင့်သုံးခုကို တစ်ချိန်တည်းတွင် ပိုင်ဆိုင်ထားခြင်းအားဖြင့် ကောင်းကင်လွှာ အဆင့် တစ် ထာဝရ ရှင်သန်ခြင်း မဟာဘုရင်ထက်ပင် မလျော့သော အင်အားမျိုးကို ပိုင်ဆိုင်ထားလေပြီ။ သူတို့ဟာ အဆင့်တက်ခါစ ထာဝရ ရှင်သန်ခြင်း မဟာဘုရင်များကိုပင် ယှဉ်သာ၏။
ရဲ့ချင်းယွန်၊ ရဲ့မိသားစုက လာတဲ့ အဲဒီတစ်ယောက်က တော်တော်လေး အင်အားကြီးတယ်။ သူက အထူးအဖွဲ့အစည်းက လာတာပဲ။ ဒါပေမဲ့ သူ့ရဲ့အင်အားကလည်း အထင်သေးလို့ မရဘူး။ မြေဓာတ် အခြေပြု၊ သတ္တုဓာတ် အခြေပြု၊ သစ်သားဓာတ် အခြေပြု၊ ရေဓာတ် အခြေပြု၊ မီးဓာတ် အခြေပြု ဆိုတဲ့ ဓာတ်ငါးမျိုး ဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေဓာတ်တွေထဲမှာ သူက နိယာမ သုံးခုကို ဖမ်းဆုပ်မိပြီးသား။ နောက်ပြီး အဆင့်မြင့် အရည်အသွေးရှိတဲ့ နတ်ဘုရား စစ်လက်နက် နှစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ တစ်ခုက တိုက်ခိုက်ဖို့၊ တစ်ခုက ခုခံဖို့။ သူက တိုက်ခိုက်လို့လည်း ရ၊ ခုခံလို့လည်း ရ တဲ့ ကျွမ်းကျင်တဲ့သူမျိုးပဲ။
ဂျင်ချန်က အဝေးမှ စင်မြင့်တစ်ခုကို ကြည့်ပြီး မျက်နှာထားက အနည်းငယ် တင်းမာလာသည်။ သတ္တုနိယာမ၊ သစ်သားနိယာမ၊ ရေနိယာမများကို ကောင်းကင်လွှာ အဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အဆင့်နဲ့ နားလည်သဘောပေါက်ထားသော ရဲ့ချင်းယွန်ဟာ အမှန်ပင် အင်အားကြီးမားသော ပြိုင်ဘက်ဖြစ်သည်။
ထို့အပြင် ရဲ့ချင်းယွန်သည် နိယာမ သုံးခုကို ထူးခြားမှု မရှိ ပြိုင်ဘက်ကင်းလောက်သော အဆင့်အတန်းအထိ ဖမ်းဆုပ်မိထားပြီး အသုံးပြုနိုင်စွမ်း ရှိနေလေသည်။ သူဟာ အခြေပြုဓာတ်ငါးမျိုးလုံးကို ပိုင်ဆိုင်ထားသည့်တိုင်အောင် နှစ်ခုတည်းကိုသာ လိုအပ်နေတော့သည်။ ကျန်သော သုံးခုကလည်း အဆုံးမသတ်နိုင်သော အံ့သြဖွယ်ကောင်းသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်စွမ်း ရှိနေကြပြီးဖြစ်ပြီး တစ်ခုကိုတစ်ခု ပေါင်းစည်းကာ အသုံးပြုနိုင်သည်။
နောက်ဆုံးတွင် တိုက်ကွက်တစ်ရာဝန်းကျင်တွင် ရဲ့ချင်းယွန်က ပြိုင်ဘက်ကို နိုင်သွားသည်။ အဆင့်မြင့် နတ်ဘုရား စစ်လက်နက်၏ ခုခံမှုကြောင့် သူသည် မည်သည့် ပြင်းထန်သော ထိခိုက်မှုမှ မရှိသွားခဲ့ချေ။ သို့ရာတွင် သူ၏ စွမ်းအင်ကလည်း အများကြီး ကုန်ဆုံးသည်။ သူဟာ ထိုကွင်းအထက် လေထဲတွင် ထိုင်ပြီး နတ်ဘုရားဆေးလုံးများကို သောက်ကာ ကုစားလေသည်။ ဂျင်ချန်က အခြားသော ကွင်းများကိုလည်း လေ့လာသည်။ ထိုထဲမှ တစ်ယောက်ကို မြင်သောအခါ သူ၏ မျက်ဝန်းအနက်ပိုင်းတွင် ဖမ်းယူ သိရှိရန် ခက်ခဲလွန်းသော ရှာဖွေမှုက ဖြတ်ပြေးသွား၏။
အဲဒီလူက ရှားမင်ထျန်း ထင်တယ်။ သူက အမတငှက်မွေး ဂိုဏ်းက လာတာ။ ကောင်းကင်ဘုံ ဂိုဏ်း ၁၂ ခုထဲက တစ်ခုပေါ့။
အမတ ငှက်မွေးဂိုဏ်းနှင့် ဂျင်ချန်၏ သံသယစိတ်က ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရှားမင်ထျန်၏ ခန္ဓာကိုယ်ကလည်း ရုတ်တရက် ဘေးဘက်သို့ စောင်းသွားသည်။ လောက၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကလည်း ပေါ်ထွက်လာပုံ ရပြီး မရေမတွက်နိုင်သော ငှက်မွေးပေါင်းများစွာကို ခန္ဓာကိုယ်ထဲမှ ပစ်လွှတ်သည်။ ငှက်မွေးတစ်ချောင်းချင်းစီတိုင်းက မျက်စိကျိန်းစေသော အလင်းများ တောက်ပပြီး သေစေနိုင်သော စွမ်းအားများကို သယ်ဆောင်ထားသည်။ ထိုငှက်မွေး ထောင်ကျော်က အဆုံးအစမရှိသော စင်္ကြာတစ်ခုကဲ့သို့ တဟုန်ထိုး စီးဝင်ကာ ထွက်လာပြီးနောက် ပြိုင်ဘက်ကို ဝါးမြိုသွားလေတော့သည်။
နတ်ဘုရားအဆင့် အမတ သိုင်းက သေနိုင်လောက်သော အရာမျိုးကို ပိုင်ဆိုင်ထားသည်။ ရှားမင်ထျန်း၏ ပြိုင်ဘက်ကလည်း အားမနည်းချေ။ သူ၏ လက်ထဲတွင် ကိုင်ထားသော အဆင့်မြင့် အရည်အသွေးရှိ နတ်ဘုရား စစ်လက်နက်က ထိန်လင်းစွာ တောက်ပလာပြီး တိုက်ကွက်ကို အစွမ်းကုန် တားဆီးသည်။
သို့ရာတွင် ဖျက်ဆီးခြင်း အရှိန်နှင့် ခြေမွခံရသည့်နောက်တွင် သူကလည်း သိပ်မကြာခင် ရှုံးသွားသည်။ ငှက်မွေးများက သူ့ကို ထိုးဖောက်သွားပြီးနောက် သူဟာ မြေပြင်သို့ ပြုတ်ကျကာ သွေးချောင်းစီးပြီး မရေမတွက်နိုင်သော ဒဏ်ရာပေါင်းများစွာက ခန္ဓာကိုယ်ပေါ် ပေါ်လာ၏။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ကသာ အချိန်မီ စွမ်းအားကို လွှတ်ထုတ်ပေးပြီး ကာကွယ်ပေးခဲ့ခြင်း မဟုတ်ခဲ့လျှင် သူဟာ သေသွားပြီ ဖြစ်လောက်လေပြီ။ အနိုင်ရသွားသည်မှာ ရှားမင်ထျန်းက အချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ရပုံပေါ်ပြီး မျက်နှာကလည်း အနည်းငယ် ဖြူဖျော့နေသည်။
သူ၏ စွမ်းအင်ကလည်း အများကြီး ကုန်ဆုံးသွား၏။ သူဟာ ထိုကွင်း၏ အထက်တွင် နားထိုင်နေပြီး နတ်ဘုရားဆေးလုံးများကို သောက်ပြီး အားပြန်ဖြည့်သည်။ ပထမတိုက်ပွဲက လဝက်ခန့် ကြာပြီးမှသာ အဆုံးသတ်ပေလိမ့်မည်။
အပိုင်း ၃၅၉၆ ပြီး၏။
***