လဝက်ခန့်ကြာပြီးနောက် ၁၇၂ ယောက်သော ယှဉ်ပြိုင်သူများ၏ တစ်ဝက်ကို ဖယ်ထုတ်ပြီးသွားလေပြီ။ ကျန်သော ၈၆ ယောက်က ဒုတိယအဆင့်သို့ တက်ကြသည်။ အလကားနေရင်း အဆင့်ကျော်တက်နိုင်ခဲ့သော ဂျင်ချန်အပါအဝင် ၈၇ ယောက်လုံးက အမတ တစ်ထောင် ဗိုလ်ချုပ်နေရာ ရာထူးအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တိုက်ပွဲကို တိုက်ခိုက်ခဲ့ရခြင်း မရှိသော်လည်း အချို့သော အခြေအနေမျိုးတွေ ရှိနေသည့်အတိုင်း ဂျင်ချန်ကလွဲပြီး ကျန်သော ၈၆ ယောက်လုံးက အမျိုးမျိုးသော အသက်အန္တရာယ်ရှိသည့် ဒဏ်ရာများကို ရရှိထားကြသည်။ သူတို့၏ စွမ်းအားများစွာလည်း ကုန်ဆုံးနေကြ၏။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ ရာထူးအတွက် ယှဉ်ပြိုင်မှုမှာ ထိုသို့သာဖြစ်သည်။ အင်အားကို စမ်းသပ်မှုအပြင် ကြွယ်ဝမှုနှင့် ကံကောင်းမှုကိုလည်း စမ်းသပ်သည်။
သူတို့ကသာ နတ်ဘုရားဆေးလုံးများကို သယ်ဆောင်လာခဲ့ခြင်း မရှိလျှင် ကောင်းကင်ဘုံ အရည်အသွေးများဖြင့် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်ခြင်းမျိုး မရှိလျှင် အဆုံးထိ ဆက်နေရန် အလွန်ခက်သည်။ ကိုယ်ပိုင် ကြွယ်ဝမှု၊ ကိုယ်ပိုင် ကံကောင်းမှုကလည်း အင်အားအဖြစ် ရှုမြင်လို့ ရတာပဲ။
ပထမတစ်လှည့် အဆုံးသတ်သွားပြီးနောက် သုံးရက်ခန့် အနားယူပြီး ကုစားချိန်ရသည်။ ဂျင်ချန်ကလွဲပြီး ကျန်သောသူတိုင်းက နေရာတိုင်းတွင် ထိုင်ကာ ကုသကြပြီး အတတ်နိုင်ဆုံး အကောင်းဆုံးအခြေအနေရအောင် ချိန်ညှိရန် ကြိုးစားကြသည်။ လူတိုင်းက စက္ကန့်တိုင်းကို အမိအရ ဖမ်းယူကြသည်။ သူတို့က မသိလိုက်မသိဘာသာပင် သုံးရက်က ကုန်သွားသည်။ နောက်ထပ် အလင်းလုံးများက ကောင်းကင်တွင် ပေါ်လာပြန်ပြီ။ အားလုံးပေါင်း ၈၇ ခု ဖြစ်သည်။ မပိုသလို မလျော့ပေ။ အလင်းလုံးများက ပေါ်လာသောအခါ အားလုံးက အလင်းလုံးကို ဖွင့်ကြပြီး အလင်းလုံးများကို ကြည့်သည်။
"၈၇ ယောက်ဆိုတော့ နောက်ထပ် ကံကောင်းတဲ့သူ တစ်ယောက် ရှိဦးမှာပေါ့။ ဒီတစ်ခါ ဘယ်သူများလဲ။ "
"ငါတို့က တိုက်ပွဲရဲ့ ပထမတစ်လှည့် အတောအတွင်းမှာ အင်အားအများကြီး သုံးထားရတယ်ဆိုတော့ ငါတို့အနေနဲ့ ဒီလောက် အချိန်တိုအတွင်း အထူးတလည် ပြန်ရောက်ဖို့ ခက်တယ်။ ရလဒ်အနေနဲ့ ဒုတိယအဆင့်က အဲဒီကံကောင်းတဲ့နေရာက အရမ်းကို အရေးကြီးသွားပြီ။ ဒုတိယအဆင့်မှာ အလကား ကျော်တက်သွားနိုင်တဲ့ ဘယ်သူမဆိုအခြားသူတွေ တိုက်ခိုက်နေတဲ့ အချိန်တွေအတောအတွင်း အင်အားကို တဖြည်းဖြည်းချင်း စုစည်းနေလို့ ရတယ်။ "
ထာဝရ ရှင်သန်ခြင်း ဧကရာဇ်များ၏ မျက်လုံးကစိတ်ဝင်စားမှုဖြင့် တောက်ပလာသည်။ ရှင်လင်းစွာပင် သူတို့သည်လည်း ဒုတိယအဆင့်မှာ အလကား ကျော်တက်နိုင်မည့် အခွင့်အရေးကို စိတ်ဝင်စားကြသည်။
"ဟားဟား... ကောင်းကင်လွှာ အဆင့်ခြောက် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်နဲ့သာ တစ်ယောက် ကျမယ်ဆိုရင်လည်း ဒီအဆင့်ကို အလကား ကျော်မတက်နိုင်ခဲ့ရင်တောင် ဘာမှ ချန်ထားတော့မှာလည်း မဟုတ်ဘူးလေ။"
ထာဝရ ရှင်သန်ခြင်း ဧကရာဇ်တစ်ယောက်က အော်ရယ်သည်။ ထိုသို့ဖြင့် လူအများစုက ဂျင်ချန်ကို ကြည့်ကြပြန်သည်။ သူတို့၏နှုတ်ခမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးက ရှိသည်။
"ညီနောင် ချင်းရန်၊ ဒုတိယတစ်လှည့်မှာ ငါတို့နှစ်ယောက် တစ်ကွင်းထဲကျဖို့ မျှော်လင့်ပါတယ်"
သက်တမ်းရင့် ကျင့်ကြံသူတစ်ဦးဖြစ်သော လူကြီးက လှမ်းလှောင်သည်။ သူက သူ၏ရည်ရွယ်ချက်ကို အကောင်းဆုံး ဖော်ပြသည်။
"ရတာပေါ့၊ ငါလည်း ခင်ဗျားနဲ့အတူ ပြိုင်ချင်ပါသေးတယ်။ ငါတို့များ အတူဆုံတွေ့ဖို့ ကံကောင်းမလား ကြည့်ကြရအောင်။ "
ဂျင်ချန်က တစ်ဖက်မှ သက်တမ်းရင့် ကျင့်ကြံသူ လူကြီးကို ကြည့်ပြီး ပေါ့ပါးစွာ ပြုံးသည်။ ထို့နောက် သူသည် ရှေ့ဘက်သို့ လက်ကို ဆန့်ထုတ်ကာ အလင်းလုံးတစ်လုံးကို တိုက်ရိုက် လှမ်းယူသည်။
သက်တမ်းရင့် လူကြီးက ကြောင်သွားသည်။ သူက ထိုမိုက်မဲသော လွတ်လပ်သည့် ကျင့်ကြံသူကို လှောင်ရုံသာဖြစ်ပြီး တစ်ဖက်သူက တကယ်လက်ခံလိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် အပြုအမူကလည်း တိုက်ရိုက်ကျသည်။ သို့ရာတွင် သက်တမ်းရင့် လူကြီးမျက်နှာပေါ်မှ အပြုံးက ပို၍ ကျယ်ပြန့်လာပြီး လေထုကို လက်သီးဖြင့် ဦးညွှတ်ရင်း ပြောသည်။
"ညီနောင် ချင်းရန်က ဒါကို သဘောတူထားမိမှတော့ ငါတို့ကို တိုက်ပွဲထဲမှာ တွေ့ဆုံခွင့်ပေးဖို့ မျှော်လင့်ပါတယ်။ လူကြီးမင်း လက်နက်ဝိညာဉ်။ "
ထိုသို့ဖြင့် သက်တမ်းရင့် လူကြီးက အရှေ့မှ အလင်းလုံးကို လှမ်းယူကာ လက်စွမ်းဖြင့် ခြေမွပစ်လိုက်သည်။ အရှေ့တွင် လင်းလက်တောက်ပသော နံပါတ်တစ်ခုက ပေါ်လာသည်။
"ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်း... ထိုက်ကြီး ကောင်းကင်ဘုံက နာမည်ကျော်ပဲ။ မင်းက ဘယ်လိုဖြစ်လို့ လွတ်လပ်တဲ့ ကျင့်ကြံခြင်း အဆင့်နည်းနည်းနဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို ဒီလို အနှောင့်အယှက် ပေးရလောက်အောင် အရှက်မရှိသွားတာလဲ။"
တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးက သက်တမ်းရင့် လူကြီးကို လှမ်းပြောသည်။ သူက သက်တမ်းရင့် လူကြီး၏ ရွေးချယ်မှုကို အလွန်ပင် ရှုတ်ချပုံပေါ်သည်။ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းဟု အခေါ်ခံရသော သက်တမ်းရင့် လူကြီးမျက်နှာက ချက်ချင်း လေးလံသွားသည်။ သူက ထိုအဖိုးကြီးကို လှမ်းကြည့်ပြီး ရန်လိုမှုအပြည့်ဖြင့် အော်ပြောသည်။
"တာအိုသခင် ရှန်းချင်... ငါ ဘာလုပ်သင့်တယ်ဆိုတာ ခင်ဗျားပြောတဲ့အတိုင်း လုပ်နေရမှာလား။ ခင်ဗျား ဒီပေါက်ကရ စကားတွေကို ဆက်ပြောနေမယ်ဆိုရင် ငါကွင်းထဲမှာ ခင်ဗျားနဲ့အတူ တိုက်ခိုက်ပြီး ခေါင်းကို ပေါက်ကွဲသွားအောင် ထိုးပစ်မယ်၊ နားလည်လား။"
"ချီးထုတ်ရဲ့ တာအို အဖိုးကြီးရဲ့ ခေါင်းကို ပေါက်ကွဲအောင် ထိုးမှာ... မင်းမှာ ဒီလိုစွမ်းရည် မရှိမှာ ကြောက်မိတယ်။ "
တာအိုသခင် ရှန်းချင်က နှေးကွေးစွာ ပြုံးသည်။ ရှင်းလင်းစွာပင် သူတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုစဉ်တွင် ဂျင်ချန်က အလင်းလုံးကို ခြေမွပစ်လိုက်သည်။ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းကလည်း အလိုအလျောက် သူ့ကို လှည့်ကြည့်သည်။ သို့သော် သိပ်မကြာခင်မှာပင် သူက မှင်သက်သွားရသည်။ အလင်းလုံးကို ခြေမွခဲ့သည့်တိုင်အောင် မည်သည့် နံပါတ်မှ ထွက်မလာခဲ့ချေ၊ ဗလာဖြစ်သည်။ သူသည် ဒီတစ်ဆင့်ကိုလည်း ကျော်တက်နိုင်သွားပြန်သည်။
"နောက်တစ်ခါ အလကား ကျော်တက်နိုင်တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။"
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းက မှင်သက်သွားသည်။ ထို့နောက် တစ်ခဏချင်းပင် ဂျင်ချန်က လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်သွားခဲ့ပြန်သည်။ အစမူလက သူ့ကို စိတ်မဝင်စားသည့် လူများကပင် လှမ်းကြည့်ကြ၏။
ပထမတစ်ဆင့်ကို ကျော်တက်နိုင်တာကတော့ ကံပေါ့၊ ဒုတိယတစ်ဆင့်ကတော့ ပုံမှန် မဟုတ်တော့ဘူးပဲ။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့တွင် အလားတူ ပြိုင်ပွဲများ အမြောက်အမြား ရှိခဲ့ဖူးသည်။ သို့သော် ယခုလို အခြေအနေမျိုးက ပေါ်ခဲ့ဖူးသည်။
"ဒီလွတ်လပ်တဲ့ ကျင့်ကြံသူက ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ရဲ့ လက်နက်ဝိညာဉ်က လျှို့ဝှက်ပြီး ဂရုစိုက်ပေးတာ ခံနေရတဲ့သူလို့တော့ မပြောနဲ့တော့။"
ထိုစဉ်တွင် ယှဉ်ပြိုင်မည့် ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အချို့က အလားတူ တွေးမိကြသည်။ မမျှတဘူးဟု ခံစားရသည့်တိုင်အောင် ထုတ်မပြောကြပေ။ မည်သူကမှ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံကို မေးခွန်းထုတ်ရဲလောက်အောင် သတ္တိမရှိသလို မရဲဝံ့ပေ။ ကောင်းကင်ဘုံ ဂိုဏ်းများမှ လာသော ထာဝရ ရှင်သန်ခြင်း ဧကရာဇ်များကပင် ထိုသို့ မလုပ်ရဲပါပေ။
ဂျင်ချန်ကလည်း မှင်သက်သွားသည်။ ထိုစဉ်တွင် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ လက်နက်ဝိညာဉ်က သူ့ကို ဂရုစိုက်ပေးတာ သိလာလေသည်။ သိပ်မကြာခင်မှာပင် ဒုတိယတစ်လှည့်က စတင်သည်။ ဂျင်ချန်ကလွဲပြီး အခြားသော ၈၆ ယောက်လုံးကလည်း စင်မြင့်ပေါ်သို့ အသီးသီး ဝင်သွားကြသည်။ ဒီဖယ်ထုတ်သည့် တစ်လှည့်က ရက်နှစ်ဆယ်ခန့် ကြာပြီးမှသာ အဆုံးသတ်သည်။
နောက်ဆုံး ၄၃ ယောက်လုံးက အခြေခံအားဖြင့် ဒဏ်ရာရရှိထားကြလေပြီ။ အချို့ကဆိုလျှင် အလွန်ပင် အားနည်းနေကြ၏။ အချို့က ကွင်းထဲမှ ထွက်ပေါ်လာပြီးနောက် အသီးအနှံများဖြင့် ကုသကြသည်။
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းကလည်း အတန်သင့် ဒဏ်ရာရထားသည်။ သူ၏ ရင်ဘတ်တွင် အပေါက်ကြီးကြီး ပေါ်နေသည်။ နှလုံးကပင် ကွဲကြေနေ၏။ မျက်နှာကလည်း ဖြူဖျော့နေသည်။ အမတငှက် မွေးဂိုဏ်းမှ ရှားမင်ထျန်းကပင် အခြေအနေ မကောင်းပေ။
မည်သို့ပင်ဆိုစေ မည်သည့်ပြိုင်ဘက်ကမှ မရိုးရှင်းကြခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ကြီးမြတ်သော နောက်ခံများမှ လာကြသည်။ အချိန်အပိုင်းအခြား အနည်းငယ် ရှိနေလျှင်ပင် အနည်းငယ်သာ ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတောအတွင်း ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာမရစေဘဲ တစ်ဖက်သူကို ခြေမွနိုင်ရန် ခက်လေသည်။
၄၄ ယောက်ထဲတွင် ဂျင်ချန်တစ်ယောက်တည်းကသာ ခြေရာပင် မထင်ဘဲ အထူး အခြေအနေမျိုးတွင် ရှိသည်။ ပို၍ဆိုးသည်မှာ သူတို့၏ တိုက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သောကြောင့် သူသည်လည်း မည်သူ့စွမ်းရည်များက မည်သို့တိုက်ခိုက်ကြသည်ကို အကြမ်းဖျင်း နားလည်နေပြီဖြစ်သည်။ အနားယူချိန် ခဏကြာပြီးနောက် သူတို့သည် တတိယတိုက်ပွဲအတွက် မဲနှိုက်ကြပြန်သည်။ သို့ရာတွင် ယခုတစ်ခေါက်တွင်မူ အလကား ကျော်တက်နိုင်တော့မည် မဟုတ်ပေ။ ဂျင်ချန်လည်း တိုက်ခိုက်ရတော့ပေမည်။
"ကောင်းကင်လွှာ အဆင့်ခြောက် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်နဲ့ ဘယ်သူ ကျမလဲ။ အဲဒီလူက ဒီလေးပွဲမြောက်မှာ အခွင့်ထူးခံရတာပဲ။ သူတို့က အဆုံးသတ်မှာ အနိုင်ရနိုင်ခြေ အရမ်းအရမ်းများတယ်။"
လူအများစုက ဂျင်ချန်ကို စိတ်ဝင်စားကြသည်။ အထူးသဖြင့် သူက အားနည်းသည့်အတွက် သူနှင့် ပြိုင်ဘက်ဖြစ်ချင်ကြသည်။ အဆုံးသတ်တွင် အဖြူရောင် အလင်းလုံးများကို နှိုက်ပြီးနောက် ဂျင်ချန်၏ ပြိုင်ဘက်က ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်း ဖြစ်သည်။
"ဟားဟား... ညီနောင် ချင်းရန်၊ မင်းက ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမယ် မထင်ဘူး။ မစိုးရိမ်ပါနဲ့၊ ငါမင်းကို အရမ်းမကြမ်းဘူး၊ နော်... မစိုးရိမ်နဲ့။ မင်းကို အပြင်ကို သာသာလေးနဲ့ ထွက်သွားနိုင်အောင် လုပ်ပေးမယ်။"
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် လီရှန်းက ပြောသွားသည်။ သူက အော်ရယ်နေ၏။
ဂျင်ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးသည်။ ဘာကိုမှတော့ ပြန်မပြောလိုက်ပေ။ စင်မြင့်တစ်ခုသို့ တိုက်ရိုက် ခုန်ဝင်သွားသည်။
"လီရှန်းကတော့ ကံကောင်းတာ သေချာပေါက်ပဲ။ သူက ဒီတစ်လှည့်ကို ခပ်အေးအေး သွားနိုင်တော့မှာ။ သူ အကြိမ်များစွာတောင် တိုက်ခိုက်စရာ မလိုအပ်လောက်ဘူး။ ဆိုတော့ ငါတို့ထက်တောင် ကုသချိန် ပိုရမှာ။"
အပိုင်း ၃၅၉၇ ပြီး၏။
***