" ကြည့်ရတာ ငါ့ကို ဘယ်သူကမှ အလေးအနက် မထားထားတဲ့ပုံပဲ။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်နေတာက ဘာမှ မကူညီနိုင်ပါဘူး။ ဆိုတော့ အဆင့် ၆ နဲ့ အဆင့် ၉ အကြား တိုင်းတာလို့ မရဘူးလို့ ပြောရင်သာ ခြားနားနေမှာပေါ့ "
အေးဆေးတည်ငြိမ်စွာပင် ဂျင်ချန်က သွားလာနေသည်။
" နောက် အဲဒါအပြင် ငါက လွတ်လပ်တဲ့ ကျင့်ကြံသူလည်း ဖြစ်နေသေးတယ်။ လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အောင်မြင်မှုက အဖွဲ့အစည်းကြီးတွေ၊ ကြီးမြတ်တဲ့ နောက်ခံတွေနဲ့ ထာဝရရှင်သန်ခြင်း ဧကရာဇ်တွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ "
ဂျင်ချန်က ကိုယ့်ကိုကိုယ် လောင်းကြေးထပ်လိုက်သည်။ သူကိုယ်တိုင်ကလည်း သူ၏ အကန့်အသတ်မဲ့ ခန္ဓာကိုယ် သီးသန့်နှင့် ဓားလမ်းစဉ် သီးသန့်ကိုသာ မှီခိုပြီးဆိုပါက အဆင်ပြေနိုင်မယ်လို့ နားလည်သည်။ သူ့တွင်သာ အရိပ်မဲ့ အသက်ယူ ရိုက်ချက်နှင့် အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက် အသက်အရင်းအမြစ် မရှိနေခဲ့ပါကလည်းအဆင်မပြေလောက်ပေ။
ဒီနေရာအထိ တက်လာနိုင်ခဲ့သော မည်သည့် ထာဝရရှင်သန်ခြင်း ဧကရာဇ်ကမှ သာမန်မဟုတ်ကြပေ။ သူတို့၏ တော်ဝင်အင်အားကလည်း အလွန်ပင် ကြီးမြတ်သည်။ သူတို့အားလုံးက အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်များ ပိုင်ဆိုင်ထားကြ၏။
ပို၍ဆိုးသည်မှာ သူတို့ ကျင့်ကြံမှုတိုင်း၊ သူတို့ ပိုင်ဆိုင်ထားသော စွမ်းရည်များ၊ သူတို့ ရရှိထားသော အမွေအနှစ်များ အားလုံးကလည်း သာမန် ထာဝရရှင်သန်ခြင်း ဧကရာဇ်များက မယှဉ်နိုင်သော အဆင့်ဖြစ်ပေသည်။
အကယ်၍ သူကသာ ထိုလူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အရိပ်မဲ့ အသက်ယူ ရိုက်ချက်နှင့် အသက်အရင်းအမြစ်ကသာ အကြီးမားဆုံး အထောက်ကပံ့ဖြစ်လာသည်။ သူတို့တွင်လည်း အသီးသီး ဝှက်ဖဲများ ရှိပေလိမ့်မည်။ သူသည် အမြုတေ ဓားလက်နက်နှင့် အဆင့်မြင့် ဓားချီကို ဖုံးကွယ်ထားရန် လိုအပ်သေးသည်။
အကယ်၍ မလိုအပ်သမျှ ဒီလောကအတွင်း သူ၏ နောက်ခံကို မထုတ်ဖော်လိုပေ။ သူသည်လည်း ကောင်းကင်ဘုံ ပျံသန်းခြင်း သံချပ်ကာ အကြောင်းထုတ်ဖော်ရန် မစဉ်းစားထားချေ။ ဒါက အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်များထဲတွင်မှ ထိပ်ဆုံးတွင် ရောက်ရှိနေသော အဆင့်ဖြစ်နေသည်။ အသက်အရင်းအမြစ်က သူ့အား မသေနိုင်သော ခန္ဓာကိုယ်ကို ပေးထားခဲ့လျှင် အခြားသော ဝှက်ဖဲများကို ထုတ်ဖော်ရန် မလိုအပ်တော့ပေ။
" စီနီယာ၊ လောင်းမဲ့နေရာ ရှာနေတာလား။ "
အမျိုးသမီး တာလော့ ရွှေ အမတ ကျင့်ကြံသူက ဂျင်ချန်ကို စိတ်အားထက်သန်စွာ ပြုံးပြရင်း ပြောသည်။
" ပြောပါဦး။ ဒီမှာ ဘယ်လို တွက်ချက်လဲ "
ဂျင်ချန်က တွေးရင်း ပြောလိုက်သည်။
" ဟုတ်ကဲ့ စီနီယာ "
အမျိုးသမီးက ဂျင်ချန်ကို အနည်းငယ် ဦးညွှတ်ပြီးနောက် အသေးစိတ် ရှင်းပြသည်။
" ဒီနေရာမှာ အနိမ့်ဆုံး နှုန်းထားက နှစ် အချိုး တစ် ဖြစ်ပါတယ်။ ဥပမာအားဖြင့် သူကသာ နောက်တစ်ပွဲ၊ နောက်တစ်လှည့်ထဲ ဝင်ရောက်သွားမဲ့သူကို အောင်မြင်စွာ လောင်းကြေးထပ်နိုင်ပါက သူ ထည့်ထားသော လောင်းကြေး၏ နှစ်ဆကို ပြန်လည်ရရှိမည် ဖြစ်ပါတယ် "
သို့သော် အားလုံးက နှစ် အချိုး တစ် မဟုတ်ချေ။ လောင်းကြေးထပ်သူ များသောသူများ၏ နှုန်းထားကလည်း ပို၍ပင် ဆတိုးနေတတ်သည်။ မြင့်မားနေပြီဆိုလျှင် မည်မျှအထိကမူ မသိနိုင်သေးပေ။ ပို၍ဆိုးသည်မှာ လောင်းကြေးထပ်သူ တစ်ယောက်ချင်းစီတိုင်းက အလောင်းအစားကြေးအနေနှင့် ၅ ရာခိုင်နှုန်းကိုလည်း ပေးချေရန် လိုအပ်သေးသည်။
၅ ရာခိုင်နှုန်းက နာမည်ကျော် နာမည်ဖြစ်သည့် စီမံခန့်ခွဲမှုနှင့် စောင့်ရှောက်ရေးကြေးဟု ခေါ်သည်။ အတွေ့အကြုံအရဆိုရသော် ဒါဟာ ကစားပွဲတိုင်းအတွက် အကျိုးအမြတ် ဖြစ်မည်မှာ သေချာသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပေသည်။ သူတို့သည် စီမံခန့်ခွဲမှုနှင့် ကာကွယ်စောင့်ရှောက်ရေးကြေးများကို လောင်းကြေးထပ်သူ တစ်ယောက်ချင်းစီတိုင်းထံမှ ကောက်ခံပြီးနောက် အနိုင်ရသောသူများအားလုံးကို ပြန်လည်ပေးချေရန် အသုံးပြုခြင်းဖြစ်ပေသည်။
ဂျင်ချန်၏ မျက်ဝန်းက တောက်ပသွားရင်း သူသည် ကြွယ်ဝသော ချီသတ္တုရိုင်းတွင်းကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
" နောက်တစ်လှည့်က ထိပ်ဆုံးခြောက်ယောက်ပဲ။ ငါကသာ အခု နောက်ဆုံး အနိုင်ရတဲ့သူကို ကြိုတင်ပြီး လောင်းကြေးတင်ထားရင် ဆတိုးက ဘယ်လိုဖြစ်သွားမှာလဲ။ "
ဂျင်ချန်က မေးလိုက်သည်။ အမျိုးသမီးက ပညာရှင်ဆန်စွာ ပြုံးပြီး ပြောလိုက်၏။
" လက်ရှိ ပြိုင်ပွဲရဲ့ အဆင့်အနေအထားအတိုင်းဆိုရင်တော့ ထိပ်ဆုံးခြောက်ယောက်ထဲကို မှန်ကန်အောင် လောင်းကြေးထပ်နိုင်တဲ့သူက နှစ် အချိုး တစ်ဆ ရရှိမှာဖြစ်ပြီး ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ရန် လောင်းကြေးထပ်နိုင်တဲ့သူဆိုရင်တော့ ငါး အချိုးတစ်ဆပါ။ ထိပ်ဆုံးသုံးယောက်ကနေ နံပါတ်တစ် နေရာကို မှန်ကန်စွာ လောင်းကြေးထပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဆယ် အချိုး တစ်ဆပါ "
" ကောင်းပြီ။ ထိပ်ဆုံးခြောက်ယောက် ဆုံးဖြတ်ပြီးတဲ့နောက်မှ ပထမနေရာကို တစ်ခါတည်း လောင်းကြေးတင်လိုက်မယ်ဆိုရင်တော့ ငါး အချိုးတစ်ဆထဲကို အကျုံးဝင်သွားမှာပါ။ "
ဆယ် အချိုး တစ်ဆိုသော နှုန်းထားကလည်း လုံလောက်သော အင်အားမျိုးရှိမှသာ ဖြစ်ပေလိမ့်မည်။ အခြားသော အလောင်းအစား လုပ်သူများ၏ ပမာဏက ထိုထက် ပို၍နည်းပါးနေပါက ထိုကဲ့သို့မျိုး ဖြစ်နိုင်ပေသည်။ ဂျင်ချန်ကလည်း လေထဲက နံပါတ်ပြားကို ကြည့်လိုက်သည်။ ကြောက်စရာကောင်းသော ပမာဏကြောင့် ၅ ရောင်ခြယ် အမတ သလင်းတုံးများဖြင့် ပြိုးပြိုးပျက်ပျက် လက်နေသည်။ ယခု အနေအထားအရ ထိုအလောင်းအစား အခြေအနေသည် ၅ ရောင်ခြယ် အမတ သလင်းတုံး ၈ သိန်းပင် ဖြစ်နေပြီ။ ပို၍ဆိုးသည်မှာ နံပါတ်က ဆက်ပြီးတက်နေ၏။
" ငါ အဲဒီလွတ်လပ်တဲ့ ကျင့်ကြံသူ ဂျင်ချန်က အဆုံးသတ်မှာ အမတ တစ်ထောင် ဗိုလ်ချုပ်ဖြစ်လာမယ်ဆိုပြီး ၅ ရောင်ခြယ် အမတ သလင်းတုံး ၂ သိန်း လောင်းကြေးထပ်မယ် "
ဂျင်ချန်က သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ အတွင်းတွင် အမျိုးမျိုးသော အမတ သလင်းတုံး တောင်ပုံရာပုံ ရှိနေသည်။ အနည်းဆုံးက အဆင့်လွန် အဆင့် အမတ သလင်းတုံး ဖြစ်သည်။ အဆင့်လွန် အဆင့် အမတ သလင်းတုံးက ထိုသိုလှောင်လက်စွပ်ထဲတွင် အလွန်ပင် နည်းပါးပြီး ကျန်သောအရာများက တစ်ရောင်ခြယ်၊ နှစ်ရောင်ခြယ်၊ သုံးရောင်ခြယ်များ ဖြစ်လိမ့်မည်။
အဆင့်လွန်အဆင့် အမတ သလင်းတုံး တစ်သောင်းသည် ၅ ရောင်ခြယ် အမတ သလင်းတုံး တစ်တုံးနှင့် ညီမျှလေသည်။ တစ်ရောင်ခြယ် အမတ သလင်းတုံး တစ်သောင်းက ၅ ရောင်ခြယ် အမတ သလင်းတုံး တစ်တုံးဖြစ်သည်။ အားလုံးအနေဖြင့် အမျိုးမျိုးသော အမတ သလင်းတုံးများ အားလုံးပေါင်းလိုက်သော် ၅ ရောင်ခြယ် အမတ သလင်းတုံး ၂ သိန်းနှင့် ညီမျှလေသည်။ ဒါက အခြေခံအားဖြင့် ဂျင်ချန်တွင် ရှိသမျှ အမတ သလင်းတုံး အကုန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် သူတော်စင်လောက၊ ဝိညာဉ်လောကမှ သယ်လာသော နတ်သလင်းတုံးများကို ထုတ်သုံးရန်တော့ မဖြစ်နိုင်ပေ။
လက်ရှိ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံးက ထိုမျှသာ ပါလာလိမ့်မည်။ သူသည် ဂိုဏ်းပေါင်းများစွာကို ဖျက်ဆီးပြီး ထာဝရရှင်သန်ခြင်း ဧကရာဇ် ပေါင်းများစွာကို သတ်ဖြတ်ပြီးမှသာ ထိုမျှကို စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ သူ ရရှိသည့် အကျိုးအမြတ် အများစုကမူ ထို့ထက် ပို၍ ကြီးသော်လည်း သူ၏ ပိုင်ဆိုင်မှု အများစုက အမျိုးမျိုးသော နတ်ဘုရားအဆင့် လက်နက်များ၊ ဆေးလုံးများ၊ ကောင်းကင်ဘုံ အရင်းအမြစ်များ ဖြစ်နေခဲ့သည်။ နတ်ဘုရားသလင်းတုံးကမူ အနည်းငယ်သာ ပါသည်။
" ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းလား စီနီယာ။ နောက်နေတာ မဟုတ်တာ သေချာပါရဲ့လား "
အမျိုးသမီးက တုန်ယင်သွားသည်။ သူမက စတင်ကာ တုန်တုန်ယင်ယင် ပြောသည်။ ဂျင်ချန်ထံမှ ခိုင်မာသော အကြည့်ကို လက်ခံရရှိသည့်အခါ သူမက အလွန်ပင် လေးစားသွားသည်။ သိသာစွာပင် ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းကို ထုတ်နိုင်သော သူသည် သာမန် မဟုတ်နိုင်ပေ။
" စီနီယာ၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။ ငါ တာဝန်ခံကို ချက်ချင်း အကြောင်းကြားလိုက်မယ်။ တာဝန်ခံက ကိုယ်တိုင်ကိုယ်ကျ လာပြီး ကြိုဆိုပါလိမ့်မယ် "
အမျိုးသမီးက အသံ ခပ်တိမ်တိမ်ဖြင့် ပြောသည်။ ဂျင်ချန်က ခေါင်းငြိမ့်လိုက်သည်။ သူသည် လျင်မြန်စွာ ကြီးထွားလာသော ဇယားကို ကြည့်နေပြီး နှုတ်ခမ်းက ကော့တက်သွားသည်။
" ဒီဇယား အနေအထားအတိုင်းဆိုရင် ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းက လုံလောက်မှာပါ။ ငါက ဒီထက် ပိုထည့်လိုက်ရင် မလုံလောက်လောက်တော့ဘူး "
၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းဆိုသော ပမာဏကို လောင်းကြေးထပ်ပြီးနောက် သူသည် ကံကောင်းခဲ့လျှင် ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သန်းကို ပြန်လည်ရရှိနိုင်လေသည်။ သိပ်မကြာခင်မှာပင် တာဝန်ခံက ပေါ်လာသည်။ သူသည် ထာဝရ ရှင်သန်ခြင်း ဘုရင်အဆင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။
သို့ရာတွင် သူ့ထံမှ ခြားနားသော အရှိန်အဝါကို ဂျင်ချန်က ခံစားမိလာသည်။ ထိုအရှိန်အဝါသည် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့နှင့် ထူးဆန်းစွာ ဆက်စပ်နေပုံရသည်။
လူအိုကြီးက ဂျင်ချန်ကို လေ့လာသည်။ ဂျင်ချန်၏ ကျင့်ကြံခြင်းအဆင့် အတိအကျကိုလည်း မပြောနိုင်ပေ။ သို့သော် အနည်းဆုံး သူနှင့် အဆင့်တူလောက်မည်ဟု ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူသည် နှိမ့်ချစွာ ပြုံးလိုက်ပြီး ဂါရဝပြုသည်။
" ငါက ယုချန်ခုံးပါ။ လူကြီးမင်းကို ဘယ်လိုများ ခေါ်သင့်ပါသလဲ "
" ဒါ အရေးမကြီးပါဘူး။ ရီနာလို့ပဲ ခေါ်မယ် "
ဂျင်ချန်က ပြုံးလိုက်သည်။
" လူကြီးမင်းက စိတ်ဝင်စားစရာပဲ "
ယုချန်ခုံးက ပြောပြီးနောက် လက်ပြသည်။
" ကျေးဇူးပြုပြီး ရီနာ၊ အပေါ်ထပ်သွားပြီး စကားပြောရအောင် "
ထို့နောက် ဂျင်ချန်က အပေါ်ထပ် ဧည့်ခန်းထဲသို့ ဝင်လာသည်။ ထိုအခန်းက အလွန်ပင် ထိပ်တန်းကျစွာ ပြင်ဆင်ထားလေသည်။ အစေခံများကလည်း သစ်သီးများ၊ အရည်များ လာချပေးပြီး ဧည့်ခံသည်။
" လူကြီးမင်းက ၅ ရောင်ခြယ် နတ်ဘုရား သလင်းတုံးကို လောင်းကြေး ထပ်ချင်တာလို့ ကြားထားတယ် "
ယုချန်ခုံးက ခပ်အေးအေး ပြောလိုက်သည်။ ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းဆိုသော ပမာဏကလည်း အလွန်ပင် များပြားသည်။ ထာဝရရှင်သန်ခြင်း ဧကရာဇ်များအတွက်ပင် မထုတ်နိုင်ပေ။ ဂျင်ချန်ကလည်း သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်သည်။
" အမတ တစ်ထောင် ဗိုလ်ချုပ်နေရာကို ဂျင်ချန်က ရမယ်ဆိုပြီး အကုန်လောင်းလိုက်မယ် "
" ရီနာ၊ ဒါတွေ အားလုံးကို ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ဂျင်ချန် ဆီကို လောင်းကြေးထပ်ချင်တာ သေချာပါသလား "
ယုချန်ခုံးက အံ့သြသွားသည်။ ကျန်ရှိနေသေးသော ထာဝရရှင်သန်ခြင်း ဧကရာဇ် ၁၁ ယောက်တွင် ဂျင်ချန်က ဖြစ်နိုင်ခြေ အနိမ့်ဆုံးဖြစ်သည်။ မည်သူကမှလည်း ဂျင်ချန်နိုင်မည်ဟု မထင်ထားပေးကြ။ ဂျင်ချန်သည် မည်သူ၏ အထောက်အပံ့ကိုမှ မရခဲ့တာက ထိုအခြေအနေကို သိသာသည်။
" အမှန်ပဲ "
ဂျင်ချန်ကလည်း မတုန်မလှုပ်ချေ။ ယုချန်ခုံး၏ မျက်လုံးက လှုပ်ခတ်သွားပြီး ပြောသည်။
" ရီနာ၊ မင်းက ထာဝရရှင်သန်ခြင်း ဧကရာဇ် ဂျင်ချန်ကို ပထမဦးဆုံး လောင်းကြေးထပ်တဲ့သူပဲ။ နောက်ပြီး ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းကိုလည်း လောင်းလိုက်တယ်။ ကြည့်ရတာ သူ့ကို တော်တော်လေး ယုံကြည်မှုရှိနေတဲ့ ပုံပါပဲ။ ထာဝရရှင်သန်ခြင်း ဧကရာဇ် ဂျင်ချန်က အင်အားကြီးမားတဲ့ ဝှက်ဖဲတွေ ဖုံးကွယ်ထားလို့ မပြောနဲ့နော် "
" ဒါက ငါသိရမဲ့ ကိစ္စလည်း မဟုတ်ဘူး "
ဂျင်ချန်က ခပ်တိုးတိုး ပြောသည်။ ယုချန်ခုံးက ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းကို လက်ခံလိုက်သည်။ ထိုအချိန်အတွင်းမှာပင် အထူးသီးသန့် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးသည်။ ဂျင်ချန်၏ အသေးစိတ် အချက်အလက်များ အားလုံးကိုလည်း ထိုကတ်ပြားထဲတွင် မှတ်တမ်းတင်ထားပေးခြင်းနှင့် သေးငယ်သော ရွှေရောင်စည်းတံဆိပ်တစ်ခုက ခန္ဓာကိုယ်ထဲမှာ ဖြာထွက်လာသည်။
သူသည် ထိုတံဆိပ်ပြားကို စည်းတံဆိပ်နှင့် ခိုင်မာစွာ ကပ်လိုက်ပြီးနောက်တွင် အရှိန်အဝါတစ်ခုက ဝင်ရောက်သွားပြီဖြစ်သည်။ ဂျင်ချန်က ယုချန်ခုံး လက်ထဲမှ ရွှေရောင်စည်းတံဆိပ်ကို ကြည့်လိုက်သည်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ စွမ်းအားကိုလည်း ခံစားမိလိုက်သည်။
" ဒါက ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ရဲ့ အရာရှိ စည်းတံဆိပ်လား။ ကြည့်ရတာ ခင်ဗျားကလည်း ရာထူးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ပုံပဲ ယုချန်ခုံး "
ဂျင်ချန်က မေးသည်။ ယုချန်ခုံးက ရယ်သည်။
" ငါက ဒီအတိုင်း သာမန် အရာရှိငယ်လေး တစ်ယောက်ပါပဲ။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ထဲမှာ ဒီလို ရာထူးရှိတဲ့သူ အယောက် ၅၀၀ လောက်တောင် ရှိတယ်။ ဘာမှ မထူးခြားပါဘူး "
သူပြောသော ရာထူးက တပ်မှူးချုပ် ရာထူးသာဖြစ်သည်။ တပ်မှူးချုပ် ရာထူးက အမတ တစ်ရာ တပ်မှူးချုပ်များဟုလည်း လူသိများသည်။ နာမည်၏ နောက်ကွယ်မှာ အဓိပ္ပာယ်ကလည်း အမှန်ပင် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ထဲတွင် အမတ တစ်ရာကို အမိန့်ပေးရသောကြောင့်ဖြစ်သည်။ အမတ တစ်ရာသည် ထိုတပ်မှူးချုပ် လက်အောက်မှာ တာဝန်ထမ်းဆောင်သည့် သာမန် စစ်သားများကိုသာ ဆိုလိုခြင်းဖြစ်သည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့တွင် စစ်သည် ၅ သောင်းကျော် ရှိသည်။ ထို ၅ သောင်းကျော်လုံးကလည်း ဗိုလ်ချုပ် ၅၀၀ ၏ လက်အောက်တွင်ဖြစ်သည်။
ရလဒ်အနေဖြင့် ဗိုလ်ချုပ်များက အန္တိမ အမတ ဗိုလ်ချုပ်များ ဟုလည်း နာမည်ကြီးကြသည်။ ဗိုလ်ချုပ် တစ်ယောက်ချင်းစီတိုင်းက သူတို့၏ လက်အောက်တွင် နောက်ထပ် ဗိုလ် ၁၀ ယောက်ခန့် ရှိသည်။ တစ်ယောက်ချင်းစီတိုင်း လက်အောက်တွင် စစ်သည် ၁၀၀၀ ခန့် ရှိသည်။ ထို့ကြောင့်လည်း သူတို့ဟာ အမတ တစ်ထောင် ဗိုလ်ချုပ်ဟု လူသိများခြင်းဖြစ်သည်။
ထို ဗိုလ်ချုပ်၏ နောက်ထပ် လက်အောက်တွင်မူ တပ်မှူးချုပ်များ ရှိသည်။ ဗိုလ်ချုပ်တစ်ယောက်စီ တပ်မှူးချုပ် ၁၀ ယောက်စီ ရှိနေလေရာ တပ်မှူးချုပ် တစ်ယောက်ချင်းစီတိုင်းက စစ်သည် ၁၀၀ စီကိုသာ အမိန့်ပေးရသည်။ ထို့ကြောင့်လည်း သူတို့ဟာ အမတ တစ်ရာ တပ်မှူးချုပ် ဖြစ်လာသည်။
စစ်သည် ၅ သောင်း၊ တပ်မှူးချုပ် ၅၀၀၊ ဗိုလ်ချုပ် အယောက် ၅၀၊ ဗိုလ်ကြီး ၅ ယောက်၊ ဒုမြို့အရှင် ၂ ယောက်၊ မြို့အရှင် ၁ ယောက်။ ထိုအရာများ အားလုံးသည် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ ရာထူးများဖြစ်သည်။
ရိုးရိုးရှင်းရှင်း အုပ်ချုပ်ခြင်းများ မရှိသည့်တိုင်အောင် ထိုလူများအားလုံးက ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ထဲ ကိုယ့်ကိစ္စကိုယ်သာ လုပ်ဆောင်ကြသည်။
သူတို့အတွက် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ဟာ ကျင့်ကြံခြင်းနယ်မြေ၊ အခွင့်အရေး နယ်မြေတစ်ခုသာလျှင်ဖြစ်သည်။ အမျိုးမျိုးသော အဖွဲ့အစည်းများမှ ထိပ်တန်း ပညာရှင်များက ထိုရာထူးများကို ဂရုမစိုက်ကြပါပေ။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ထဲတွင် အမတ တစ်ရာ တပ်မှူးချုပ်များကသာ အခြေခံအားဖြင့် ကိစ္စများစွာကို လိုက်လုပ်ရသည်။ အမတ တစ်ရာ တပ်မှူးချုပ်ပေါင်းများစွာကို အမိန့်ပေးနိုင်သော သူအချို့ပဲ ရှိနေခဲ့သည်။ ဒါကလည်း ထိုစစ်သားများ၏ နောက်ခံနှင့် အဆင့်အတန်းများက ထိုတပ်မှူးချုပ်ထက် မြင့်သောကြောင့်ဖြစ်သည်။
ယုချန်ခုံးက ဂျင်ချန်အား တံဆိပ်ပြားပေးရင်း ပြောသည်။
" ရီနာ၊ စည်းမျဉ်းတွေအတိုင်းဆိုရင် မင်းရဲ့ အမတ သလင်းတုံး ၂ သိန်းထဲက ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးရမယ် "
ဂျင်ချန်က တံဆိပ်ပြားကို ယူပြီး ပြောလိုက်သည်။
" ငါက အဲဒီကြေးကို ကောင်းကင်ဘုံ အရင်းအမြစ်နဲ့ နတ်ဘုရားဆေးလုံး ပေးလိုက်မယ်။ အဆင်ပြေလား "
ယုချန်ခုံးက စေ့စေ့စပ်စပ်ကြည့်ပြီး ပြောသည်။
" လုံလောက်တာပေါ့၊ လုံလောက်တာပေါ့။ အရမ်း လုံလောက်ပါတယ်။ ရီနာ၊ မင်းက တကယ် ရက်ရောတာပဲ။ အထူး အဖွဲ့အစည်းက လာတာ ဖြစ်မယ် "
ဂျင်ချန်က ထိုကျောက်ပြားကို ကိုင်ပြီး ထွက်လာခဲ့သည်။ သူက ထွက်သွားသည်နှင့် ဂျင်ချန်၏ နာမည်အောက်မှာ အလောင်းအစားတန်းများက မသိမသာ တောက်ပသော ဂဏန်းကြီးများက ပေါ်လာသည်။ နဂို သုည နေရာမှာ ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းဟူ၍ ပြောင်းလဲသွားလေရာ ထိုလောင်းကစားရုံ တစ်ခုလုံးကို ဝေဟင်သို့ ရောက်သွားစေခဲ့လေသည်။
ဇယားမှာ အမတ သလင်းတုံးများကလည်း ရုတ်တရက်ကြီး အမတ ၅ ရောင်ခြယ် နတ်ဘုရားသလင်းတုံး ၂ သိန်းခန့် တိုးနေခဲ့လေသည်။
အပိုင်း ၃၅၆၃ ပြီး၏။
***