နှစ်ယောက်သား ကားပေါ်တက်ပြီး ကားစက်နှိုးကာ နတ်သမီးပုံပြင်တောင်ခြေကားပါကင်သို့တန်းမောင်းလာခဲ့သည်။
ကားပါကင်ထိုးပြီးနောက် ချင်လင်ကလီခိုင်အား ကားပါကင်အပြင်ခေါ်လာသည်။
"ညီလေးချင်.. မင်းနှာခေါင်းစည်းမတပ်ချင်တာ သေချာလား?''
လီခိုင်က ကားအပြင်ထွက်လာပြီး သတိပေးသည်။
အခုသူနှင့်ညီလေးချင်က နာမည်ကြီးဖြစ်၍ အပြင်ထွက်ရင် သူများမှတ်မိသည်။ ဆယ်လီပရိသတ်များဝန်းရံနေခြင်းမဟုတ်သော်လည်း ဖုန်းနှင့်ဓာတ်ပုံရိုက်ခံရမည်။
အရမ်းစိတ်ရှုပ်စရာကောင်းသည်။
"အစ်ကိုလီက စတားမှမဟုတ်တာ.. ဘာလို့နှာခေါင်းစည်းတပ်မှာလဲ?''
ချင်လင်က စနောက်ပြီးပြောသည်။ သူနှာခေါင်းစည်းမတပ်ခြင်းမှာ မတပ်ချင်သောကြောင့်ပင်။
ဘာလို့တပ်နေမှာလဲ?
ပိုက်ဆံသုံးပြီး အထမ်းသမားတွေရဲ့ဂုဏ်သိက္ခာကိုချနင်းတယ်လို့ လိုင်းပေါ်မှာဝေဖန်ခံရတဲ့အမျိုးသမီးခရီးသည်နှစ်ဦးက သာမန်လူတွေသာဖြစ်သည်။
ထမ်းစင်စီးတဲ့သူက နာမည်ကြီး၊ သိက္ခာရှိ၊ ဒါမှမဟုတ် တော်ဝင်ပညာရှင်ဆိုရင်ရော? အဲဒါထက် အရမ်းကြီးတဲ့ခေါင်းဆောင်ဆိုရင်ရော?
ဒီလိုဆို ပြည်သူတွေလက်လွတ်စပယ်ရှုတ်ချမှာမဟုတ်။ အနည်းဆုံး သေချာတွေးကြဦးမည်။
အလွန်ရိုးရှင်းသောပြဿနာပင်။ အထမ်းသမားတွေက ပင်ပင်ပန်းပန်းအသက်မွေးပြီး မြင့်မြတ်သည်ဆိုသူများကြောင့်သာ လိုင်းပေါ်မှာဒီလိုပေါက်သွားခဲ့သည်။
တော်ဝင်ပညာရှင်တစ်ဦး ဒါမှမဟုတ် ခေါင်းဆောင်ကြီးတစ်ဦးကို ဒီကိုလာပေးဖို့သွားမခေါ်နိုင်။
သို့သော် သူနှင့်အစ်ကိုလီက အတူတူပင်။ သူတို့နှစ်ယောက်သာဆိုရင် သွားပုပ်လေလွင့်မပြောခင် နှစ်ခါပြန်စဉ်းစားကြလိမ့်မည်။
သူလှူဒါန်းထားသောငွေများ၊ လှူဒါန်းထားသောနည်းပညာများ၊ အစ်ကိုလီနာမည်ခံထားသောအရာများ...
အခြေအမြစ်မရှိဘဲ သူတို့ကိုပြောရင် ဒုက္ခအကြီးအကျယ်ရောက်မည်။
သူတို့ကိုနာမည်ဖျက်ရဲသူ၊သားပုပ်လေလွင့်ပြောရဲသူရှိရင် Tiktok ကတောင်မိတ်ဆက်ပေးလိမ့်မည်။ စိုးရိမ်ပြီး သက်ဆိုင်ရာအကောင့်များချက်ချင်းရှင်းထုတ်ခံရနိုင်သည်။
ဒီလိုဆိုရင် အင်တာနက်မှာနာမည်ဖျက်သည့်အရှိန်လျော့ကျသွားပြီး တခြားလူပြောစကားနားဝင်လာမည်။
ဒါဆို လင်းလန်ဇီရိုက်ထားတဲ့ဗီဒီယိုက ချက်ကောင်းထိပြီ။
ချင်လင်နှင့်လီခိုင် နတ်သမီးပုံပြင်တောင်ပေါ်ရောက်လာသောအခါ အတော်များများက သူတို့နှစ်ဦးကိုမှတ်မိကြသည်။
"ရှောင်ချင်နဲ့ ပါမောက္ခလီခိုင်ပဲ!''
"တကယ်သူတို့ပဲ!''
"အတူတူထွက်လာကြတယ်... သူတို့ဆက်ဆံရေးက လိုင်းပေါ်မှာပြောကြသလို တကယ်ကောင်းတာပဲ''
အများစုက ဖုန်းထုတ်ပြီး ချင်လင်နှင့်လီခိုင်ကိုဓာတ်ပုံစရိုက်ကြသည်။
သွားရင်းလာရင်း ရုတ်တရက် ကူလီလဲ့နှင့်အစ်ကိုဟူကိုတွေ့လိုက်ရသလို ဖုန်းထုတ်ပြီးဓာတ်ပုံရိုက်ကြသည်။
ချင်လင်နှင့်လီခိုင်ကိုတွေ့ခြင်းက ဆယ်လီများကိုတွေ့သည်ထက်ပိုပြီး အတိုင်းအတာတစ်ခုအထိအံ့ဩစရာဖြစ်စေသည်။
ဝိုင်းကြည့်ပြီးဓာတ်ပုံရိုက်နေသူများကြောင့် ချင်လင်ပိုပြုံးလိုက်သည်။
ဒါသူဖြစ်စေချင်တဲ့အတိုင်း။
လီခိုင်ကိုလည်း အထမ်းသမားများရှိရာသို့ခေါ်သွားသည်။
နတ်သမီးပုံပြင်တောင်ဖွင့်တာတစ်ရက်သာရှိသေးသော်လည်း အထမ်းသမားများမျက်နှာပျက်နေကြပြီ။
ပရောဂျက်တစ်ခုဖွင့်ခါစမှာ စီးပွားရေးလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်သော်လည်း လိုင်းပေါ်မှကောလာဟလများကြောင့် ခရီးသည်များထမ်းစင်လုံးဝမစီးရဲ။ အထမ်းသမားများလည်း လုံးဝစီးပွားမဖြစ်ချေ။
ထိုအထမ်းသမားများမှာ အင်တာနက်နှင့်အထိအတွေ့နည်းသည်။ အထိအတွေ့ရှိရင်တောင် ချင်လင်နှင့်လီခိုင်ကိုစိတ်ဝင်စားမည်မဟုတ်။
ထို့ကြောင့် ချင်လင်နှင့်လီခိုင်ကို ဘယ်သူမှမသိကြပေ။
အထမ်းသမားများမှာ ချင်လင်နှင့်လီခိုင်အရောက်ကိုစောင့်နေကြသည်။ ထမ်းစင်များလာစီးမလားဟုမျှော်နေကြ၏။
သူတို့မိသားစုကိုထောက်ပံ့ရန် ဝင်ငွေရှာချင်သည်။
ချင်လင်လည်းပြုံးပြီး အထမ်းသမားများအား_
"ဆရာတို့.. တောင်ပေါ်တက်ဖို့ထမ်းစင်နှစ်စင်လိုပါတယ်... ခင်ဗျားတို့ကိုဒုက္ခပေးရဦးမယ်''
အထမ်းသမားများ မျက်လုံးကျယ်သွားသည်။
တစ်ယောက်ကချက်ချင်းမတ်တပ်ရပ်ပြီး အံ့ဩသံနှင့်_
"ထမ်းစင်စီးမယ့်သူရှိတယ်... အားလုံး စိတ်ဓာတ်မကျနဲ့... အခုဘယ်သူ့အလှည့်လဲ? မြန်မြန်လုပ်.. ထမ်းစင်ယူခဲ့''
ချက်ချင်းပင် အထမ်းသမားနှစ်ဖွဲ့မှာဝမ်းသာအားရမတ်တပ်ထရပ်ပြီး ချင်လင်နှင့်လီခိုင်အား ထမ်းစင်ပေါ်တက်ရန်ခေါ်သည်။
"ညီလေးချင်.. မင်းကရှုခင်းကြည့်ဖို့ခေါ်လာတာလား?''
လီခိုင်က ဘာဖြစ်နေမှန်းမသိ။ ချင်လင်ထမ်းစင်ပေါ်တက်သွားသောကြောင့် သူလည်းလိုက်တက်သည်။
အထမ်းသမားများက ချက်ချင်းမပြီး သူတို့နှစ်ဦးကိုနတ်သမီးပုံပြင်တောင်ပေါ်ပို့သည်။
ထိုမြင်ကွင်းကို အနားဝန်းကျင်မှခရီးသည်အားလုံးမြင်သည်။
ချင်လင်နှင့်လီခိုင် အထမ်းသမားဆီလျှောက်သွားကတည်းက ခရီးသည်များသတိထားမိသည်။
သူတို့ထမ်းစင်ပေါ်တက်ပြီး အထမ်းသမားများကသယ်သွားသောအခါ ခရီးသည်များငြိမ်ငြိမ်မနေနိုင်တော့။
ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာထမ်းစင်စီးတဲ့အမျိုးသမီးနှစ်ယောက်ဗီဒီယိုကနာမည်ကြီးနေဆဲဖြစ်၍ ဘယ်သူမှထမ်းစင်မစီးရဲ။
ရှောင်ချင်နဲ့ပါမောက္ခလီခိုင်က ထမ်းစင်တန်းစီးသွားမယ်လို့ဘယ်ထင်မလဲ? လိုင်းပေါ်ရောက်သွားမှာမကြောက်ဘူးလား?
အမှန်ပင်။ ထိုမြင်ကွင်းကြောင့် ခရီးသည်တချို့အတွေးများသွားသည်။
"ရှောင်ချင်နဲ့ပါမောက္ခလီခိုင်က ဘာလို့ထမ်းစင်စီးတာလဲ?''
ခရီးသည်တချို့က မျက်မှောင်ကြုတ်သည်_
"သူတို့က ဘာလို့ဒါမျိုးလုပ်တာလဲ?''
ထိုလူမှာ လိုင်းပေါ်မှလမ်းကြောင်းနေသူကိုမှန်ကန်သည်၊ သူ့ကိုယ်သူ အမှန်တရားဘက်မှာရပ်တည်နေသည်ဟုထင်နေသူပင်။
သို့သော် သူ့စကားကြောင့် အနားရှိခရီးသည်များချက်ချင်းမကျေမနပ်ဖြစ်သွားသည်။
"မင်းမှာ ဦးနှောက်ရှိလား? လျှောက်မပြောနဲ့''
"ရှောင်ချင်နဲ့ပါမောက္ခလီခိုင်လို့ပဲပြောတာပါ''
"ဦးနှောက်မရှိရင် ပါးစပ်ပိတ်ထားလေ''
ထိုလူကို ခရီးသည်များ မကျေမနပ်ဖြစ်နေကြသည်။
ရှောင်ချင်နှင့်ပါမောက္ခလီခိုင်အကြောင်းပြောသောကြောင့်ပင်။
တချို့ဆယ်လီတွေကိုနာမည်ဖျက်ဖို့လွယ်ပေမဲ့ တချို့ဆယ်လီတွေကိုကျ ဘာလို့မပြောကြတာလဲ? ထုတ်ပြောလိုက်တာနဲ့ သူ့နောက်ကွယ်မှာရည်ရွယ်ချက်ရှိမှန်း သူများသိသွားမည်။
ကိုယ်ပြောမည့်သူဘယ်သူလဲ ကြည့်သင့်သည်။
ရှောင်ချင်နှင့်ပါမောက္ခလီခိုင်ဆိုမပြောနှင့်တော့။
သွေးခဲပလိပ်ရောဂါဖြစ်ချိန်က ရှောင်ချင်ရဲ့ကျေးဇူးကို လူတွေဘယ်လောက်များခံစားရလဲ? ပါမောက္ခလီခိုင်နဲ့ရှောင်ချင်က နည်းပညာဘယ်လောက်တောင်လှူဒါန်းခဲ့လဲ?
***