နောက်ပြီး သူတို့အသစ်တီထွင်တိုင်း ပြည်တွင်းမှာအရင်ရောင်းခဲ့သည်။ တိုင်းပြည်အကျိုးအတွက် နိုင်ငံရပ်ခြားကိုတောင် ဒဏ်ခတ်ခဲ့သည်။
နိုင်ငံခြားကိုရောင်းရင်လည်း စျေးကတရုတ်ပြည်မှာပိုသက်သာသည်။
ဒီတော့ ဒီလိုလူတွေပိုက်ဆံသုံးတာ သူများသိက္ခာချနင်းဖို့လား?
မဖြစ်နိုင်။ ဘယ်သူမှမယုံ။
ဒါဆို ရှောင်ချင်နဲ့ပါမောက္ခလီခိုင်က ဘာလို့ထမ်းစင်စီးတာလဲ?
အထမ်းသမားတွေပင်ပင်ပန်းပန်းအသက်မွေးပြီး ခရီးသည်တွေကဝန်ဆောင်ခပေးတာ နားလည်ရလွယ်သောဆက်ဆံရေးတစ်ခုဖြစ်သည်။
ထမ်းစင်ကလည်း ဝန်ဆောင်မှုပေးသောအသက်မွေးဝမ်းကျောင်းတစ်ခုပင်။
နားမလည်လည်း ကိစ္စမရှိ။ တစ်ခါတလေ လူမှန်နောက်လိုက်ရုံသာ။
ရှောင်ချင်နဲ့ပါမောက္ခလီခိုင်က ထမ်းစင်စီးမှတော့ သူတို့စီးလည်းပြဿနာမရှိနိုင်။
ထမ်းစင်စီးချင်သောခရီးသည်အများစုက ဒီလိုတွေးပြီး အထမ်းသမားများဆီလျှောက်သွားသည်။
"ဆရာ.. တောင်ပေါ်တက်ရင်ဘယ်လောက်လဲ?''
"ဟုတ်တယ်.. တစ်ယောက်ဘယ်လောက်လဲ? တစ်စီးယူမယ်''
အထမ်းသမားများရုတ်တရက်အံ့ဩသွားသည်။ မနေ့ကဖြစ်ရပ်ကြောင့် ခရီးသည်များမှာ သူတို့ထမ်းစင်ကိုလာမစီးရဲ။
အထမ်းသမားက ချက်ချင်းခရီးသည်များကိုအော်ပြောသည်_
"တစ်ယောက် ၁၀၀... တောင်ထိပ်ပန်းအိမ်အထိတိုက်ရိုက်ပါ''
စိတ်ဝင်စားသောခရီးသည်များက ချက်ချင်းထမ်းစင်ပေါ်တက်ပြီး အထမ်းသမားကိုတောင်ပေါ်ပို့ခိုင်းသည်။
ချင်းလင်ရှုမျှော်ခင်းနေရာလာမှတော့ ယွမ် ၁၀၀ ကို ဘယ်သူကတွက်ကပ်နေမလဲ?
တစ်နေရာတွင်စုနေသောခရီးသည်များမှာ ချီတုံချတုံဖြစ်ခြင်းမရှိတော့။ တောင်ပေါ်တက်ရန် အထမ်းသမားများကိုသွားကြည့်ကြသည်။
သို့သော် မကျေမနပ်ဖြစ်နေသောခရီးသည်တချို့လည်းရှိသည်။
ဥပမာ သူများအပြောခံရသောခရီးသည်ကစိတ်မကြည်သောကြောင့် ချင်လင်နှင့်လီခိုင်ထမ်းစင်စီးသောဗီဒီယိုကို လိုင်းပေါ်တန်းတင်လိုက်သည်။
လမ်းကြောင်းသောခေါင်းစဉ်တပ်ဖို့လည်း မမေ့:
'ပိုက်ဆံသုံးပြီး သူများသိက္ခာချနင်းတဲ့နောက်တစ်ယောက်'
တချိန်တည်းမှာ ဗီဒီယိုထဲထည့်မည့်စာသားကိုကပျာကယာတည်းဖြတ်လိုက်သည်။
"ပိုက်ဆံပေးပြီး သူများသိက္ခာချနင်းတဲ့အမျိုးသမီးနှစ်ယောက်ကို မှတ်မိသေးတယ်မလား?''
"အခု ရှောင်ချင်နဲ့ချင်းလင်ဓာတ်ခွဲခန်းက ပါမောက္ခလီခိုင်လည်း ဒီလိုလုပ်တယ်... သူများသိက္ခာကိုပိုက်ဆံနဲ့နင်းတာ မှန်တယ်ထင်နေကြတယ်''
"သူတို့က နာမည်ကြီးတွေ... ဘာကြောင့် ဒီလိုလုပ်ရတာလဲ? တနည်းပြောရရင် ဒါချင်းလင်စံအိမ်ကစီစဉ်တာ... ချင်းလင်ကုမ္ပဏီကပဲ ဒီနှစ်ယောက်အတွက်စီစဉ်ပေးနိုင်မှာ''
"ဒါမှမဟုတ် ချင်းလင်စံအိမ်က သူဌေးကြီးမာလို တဖြည်းဖြည်းအရင်းရှင်ဆန်ပြီး အစွယ်ထုတ်ပြလာတာလား?''
ပြင်းပြင်းထန်ထန်လမ်းကြောင်းထားခြင်းပင်။ လိုင်းပေါ်နာမည်ကြီးနေသောကြောင့် ဗီဒီယိုတင်ပြီးမကြာမီ ရေပန်းစားစာရင်းထဲတွင်တွေ့ရသည်။ ရုတ်ချည်းဆိုသလို လိုင်းပေါ်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ပြည်သူ့အမြင်တစ်ရပ်ဖြစ်လာသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီဗီဒီယိုကိုတင်သောအမျိုးသမီးလည်း ထိုဗီဒီယိုကိုမြင်သွားသည်။
ဗိုက်ရွှဲရွှဲအမျိုးသမီးက ဗီဒီယိုကြည့်ပြီး မကျေမချမ်းနှင့်_
"ရှောင်ချင်နဲ့လီခိုင်က ဘယ်လိုဖြစ်တာလဲ?''
တခြားအမျိုးသမီးများလည်း မျက်မှောင်ကြုတ်နေသည်။
လိုင်းပေါ်မှာ မြေခွေးမနှစ်ယောက်ကိုအားလုံးဝေဖန်အောင်အပြစ်ပေးနိုင်ခဲ့ပြီးမှ ရှောင်ချင်နဲ့လီခိုင်ကဝင်ပါမယ်လို့ ဘယ်ထင်မလဲ?
ရှောင်ချင်နှင့်လီခိုင်က နာမည်ကြီး၊သိပ္ပံပညာရှင်မှန်း သူတို့သိသည်။
သို့သော် ဂရုမစိုက်။ အခုသူတို့နှစ်ယောက်ကိုနာမည်ဖျက်သောဗီဒီယိုတက်လာပြီဖြစ်၍ လုံးဝအားမနာနိုင်။
ကိုယ့်ကိုယ်ကိုယ်နေရခက်အောင်လုပ်လို့မဖြစ်ဘူးမလား?
ရှောင်ချင်နှင့်လီခိုင်လုပ်ပုံက သူတို့အနေခက်စေသည်။
ဗိုက်ရွှဲရွှဲအမျိုးသမီးက ချက်ချင်းပင်_
"ကိုယ့်အလုပ်ကိုယ်လုပ်မယ်... ငါတို့အကောင့်က အခုမှလူဝင်ခါစ... ဒါကိုပြန်တင်ပြီး ဝိုင်းရှုတ်ချမယ်''
တခြားသူများကခေါင်းညိမ့်ပြီး ကိုယ်ပိုင်ခေါင်းစဉ်တပ်ကာပြန်တင်ကြသည်။
လိုင်းပေါ်တွင်သူတို့ဖွထားသောကြောင့် သူတို့အကောင့်နာမည်ကြီးနေသည်။ ထင်ထားသည့်အတိုင်း ချင်လင်နှင့်လီခိုင်ထမ်းစင်စီးသောဗီဒီယိုက ရုတ်တရက်ထိပ်ဆုံးရောက်သွားသည်။
ဒါကြောင့်လည်း သူတို့ဂုဏ်ယူမိသည်။
သို့သော် နောက်ဆက်ဖြစ်သောကိစ္စကြောင့် သူတို့အံ့ဩသွားသည်။
***