အမျိုးသမီးတချို့က ချင်လင်နှင့်လီခိုင်အားရှုတ်ချထားသောဗီဒီယိုမှာ ရေပန်းစားစာရင်းထိပ်ဆုံးရောက်နေသည်ကိုသတိပြုမိသည်။ သူတို့ဝမ်းသာနေစဉ် သူတို့မျှဝေထားသောဗီဒီယိုကရုတ်တရက်ပျောက်သွား၏။
"ဘာဖြစ်တာလဲ? ဗီဒီယိုပျောက်သွားတာလား?''
ဗိုက်ရွှဲရွှဲအမျိုးသမီးက သံသယသံနှင့်ပြောသည်။
သူမမျှဝေထားသောဗီဒီယိုကိုနှိပ်ကြည့်လိုက်ရာ မှတ်ချက်တွေ့ရ၏:
ဗီဒီယိုဖျက်ခံရသည် သို့မဟုတ် ကြည့်မရပါ။
တခြားသူများလည်း အံ့ဩသွားသည်။
သူတို့မျှဝေထားသောဗီဒီယိုလည်း ပျောက်သွားပြီး မှတ်ချက်မှာ:
'ဗီဒီယိုဖျက်ခံရသည် သို့မဟုတ် ကြည့်မရပါ'
"ဘယ်လိုဖြစ်တာလဲ?''
"ဆန်းစစ်ခံရတယ်ထင်တယ်... တို့ခေါင်းစဉ်က လွန်သွားလားပဲ''
"ခေါင်းစဉ်ပြောင်းတင်ကြည့်''
ထိုအချိန်တွင်_
ဗိုက်ရွှဲရွှဲအမျိုးသမီးသာမက လိုင်းပေါ်မှလူအများစုလည်း ဒီလိုဖြစ်ကြသည်။
ချင်လင်နှင့်လီခိုင်ကို အတော်များများကချီးကျူးလေးစားကြသော်လည်း သူတို့ကိုသဘောမကျသူတွေလည်းရှိသည်။
မနာလိုဝန်တိုစသည့်အကြောင်းရင်းများကြောင့်ပင်။
ထို့ကြောင့် ချင်လင်နှင့်လီခိုင်ကိုဝေဖန်သူတွေ့သည်နှင့် မီးလောင်ရာလေပင့်ကြသည်။
သို့သော် ချင်လင်နှင့်လီခိုင်အားရှုတ်ချထားသောဗီဒီယိုထိပ်ဆုံးရောက်သောအခါ သူတို့ဗီဒီယိုများတချိန်တည်းပျောက်သွားလေသည်။
Tiktok ဌာနချုပ်၌_
ဗီဒီယိုတည်းဖြတ်ရေးအဖွဲ့ခေါင်းဆောင်မှာ ဒါရိုက်တာတစ်ဦးရှေ့တွင် ခေါင်းငုံ့ပြီးမတ်တပ်ရပ်နေသည်။
"မင်းတို့ကောင်တွေ ဘာတွေလုပ်နေတာလဲ? ဒီလိုရှောင်ချင်နဲ့ပါမောက္ခလီခိုင်ကိုနာမည်ဖျက်ထားတဲ့ဗီဒီယိုမျိုးကိုလည်း ရေပန်းစားအောင်လုပ်နိုင်တာလား?''
ဒါရိုက်တာမှာ ဒေါသမထိန်းနိုင်။
ဒေါသမထွက်ရင် ထူးဆန်းနေမည်။
သူဟိုတယ်တစ်ခုတွင် အမျိုးသမီးဆယ်လီတစ်ဦးနှင့် စာချုပ်အကြောင်း၊ကြော်ငြာအကြောင်းဆွေးနွေးနေသည်။
ရုတ်တရက် သူဌေးကြီးကဖုန်းဆက်ပြီး ပယ်ပယ်နယ်နယ်ဆူလိမ့်မယ်လို့ဘယ်ထင်မလဲ?
ဒီတော့မှ ရှောင်ချင်နှင့်ပါမောက္ခလီခိုင်အကြောင်းကို လိုင်းပေါ်မှာတွေ့သည်။
ဒီလူနှစ်ယောက်လွှမ်းမိုးနိုင်စွမ်းကို တခြားလူတွေမသိလောက်သော်လည်း သူကသိသည်။
Tiktok မှာ အထက်လူများလောင်းရိပ်အောက်တွင်ရှိပြီး ပြည်သူ့အမြင်ကိုဖောက်သည်ချရသည်နှင့်အမျှ အတွင်းရေးသိရန်သူတို့အဖို့လွယ်ကူသည်။
ပေကျင်းသို့ သူဌေးကြီးနှင့်အတူအလုပ်ကိစ္စသွားရင်း ဒီလူနှစ်ယောက်အကြောင်းကြားဖူးသည်။
ဒီနှစ်ယောက်က အထက်လူများဘက်မှာဖြစ်ပြီး အခြေအနေကောင်းသည်။
ဒီလိုလူမျိုးကို သူတို့လိုဗီဒီယိုအတိုပလက်ဖောင်းက ဘယ်လိုလုပ်နှောင့်ယှက်နိုင်မလဲ?
ပွင့်ပွင့်လင်းလင်းပြောရရင် Tiktok က အရမ်းကောင်းသည်ဟု အပြင်လူတွေထင်ကြသည်။ သူတို့က ဗီဒီယိုအတိုလောကတွင်ဦးဆောင်နိုင်သည်၊ ပင်ဂွင်းနှင့်ယှဉ်နိုင်သည်၊ စျေးကွက်တန်ဖိုးအများကြီးရှိသည်ဆိုသော်လည်း အထက်လူတွေမျက်စိထဲမှာ သူတို့ကဘာမှမဟုတ်။
အထက်လူတွေက သူတို့နေရာအစားထိုးချင်ရင် သူတို့ကိုနည်းနည်းဖိနှိပ်ပြီး တခြားကုမ္ပဏီကိုအားပေးလိုက်ရုံပင်။
ဒီတော့ 'ဘာကိုထိလို့ရလဲ၊ ဘာကိုထိလို့မရဘူးလဲ' သူတို့ရှင်းရှင်းလင်းလင်းသိသည်။
"သက်ဆိုင်တဲ့ဗီဒီယိုတွေအမြန်ဆုံးဖျက်ထားပါတယ်''
တည်းဖြတ်သူခေါင်းဆောင်ကပြောသည်။
ဒါရိုက်တာကဒေါသပြေသည်အထိ ကြိမ်းမောင်းပြီးမှ_
"ဒါမျိုးထပ်မဖြစ်စေနဲ့... ငါစာချုပ်ကိစ္စဆွေးနွေးရဦးမယ်''
ထိုသို့ပြောပြီး ဒါရိုက်တာကအလောတကြီးထွက်သွားသည်။
သူကြော်ငြာချင်တဲ့အင်တာနက်ဆယ်လီကရေချိုးပြီးပြီဆိုတော့ ဒီမှာဘာလို့အချိန်ဖြုန်းချင်မလဲ?
စာချုပ်အကြောင်းဆွေးနွေးတာ ရေချိုးစရာလိုလား? ဒါကတော့ အသန့်အရှင်းကြိုက်၍လော၊ အခမ်းအနားပီသရန်လော...
ဒါရိုက်တာထွက်သွားမှ ခေါင်းဆောင်တည်းဖြတ်သူလည်း သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် ဒေါသလက်ကျန်နှင့် ဌာနပြန်သွားသည်။ ပယ်ပယ်နယ်နယ်အပြောခံရပြီး ဘယ်သူမှစိတ်မကြည်နိုင်။
ဒီအချိန်မှာ ဘယ်သူမှသူ့ကိုဝင်မတိုးတာ အကောင်းဆုံးပင်။
ဌာနပြန်ရောက်ရောက်ချင်း လက်အောက်ငယ်သားတစ်ယောက်က အစီရင်ခံသည်_
"ကြီးကြပ်သူ.. ခင်ဗျားညွှန်ကြားချက်အတိုင်း ရှောင်ချင်နဲ့ပါမောက္ခလီခိုင်ကိုနာမည်ဖျက်ထားတဲ့ဗီဒီယိုတွေဖျက်ပြီးပါပြီ... ဒါပေမဲ့ ပြန်တင်တဲ့သူတွေရှိနေသေးတယ်''
ထိုစကားကြောင့် ကြီးကြပ်သူဒေါသထွက်သွားပြီး_
"ဘယ်သူပဲဖြစ်ဖြစ် အကောင့်ကိုဖျက်ချပစ်လိုက်... ပြီးတော့ ထမ်းစင်စီးတဲ့အမျိုးသမီးနှစ်ယောက်ဗီဒီယိုပါဖျက်... ပြီးရင် မရိုးမသားဗီဒီယိုတင်တဲ့အကောင့်ကို သက်ဆိုင်ရာစည်းမျဉ်းအတိုင်းဖျက်ချရလိမ့်မယ်လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ပါ''
"ကောင်းပါပြီ ကြီးကြပ်သူ!''
ဝန်ထမ်းကနားလည်ပုံနှင့်ခေါင်းညိမ့်ပြီး ချက်ချင်းသူ့လုပ်ဖော်ကိုင်ဖက်များကိုညွှန်ကြားသည်။
တဖက်တွင်_
ဗိုက်ရွှဲရွှဲအမျိုးသမီးနှင့်တသိုက်ကလည်း မီဒီယာတစ်ခုတွင် ဗီဒီယိုတင်ပြန်သည်။
ဗီဒီယိုတင်ရသောအခါ သူတို့ဝမ်းသာကြပြန်သည်။
ဒါကိုစာရင်းကနေ ဖျက်မရဘူးမလား?
သို့သော် ကြာကြာမပျော်လိုက်ရ။ ဖန်သားပြင်မှာ ၄၀၄ ဟုပြောင်းပြီး လက်ရှိဖန်သားပြင်စာမျက်နှာကိုမမြင်ရတော့ချေ။
“???”
ဗိုက်ရွှဲရွှဲအမျိုးသမီး ချက်ချင်းဇဝေဇဝါဖြစ်သွားသည်။
ဘာလဲဟ?
ထို့နောက် အဓိကစာမျက်နှာကိုအမြန်သွားလိုက်ရာ အသိပေးစာတက်လာသည်:
'တရားမဝင်လုပ်ရပ်ကြောင့် သင့်အကောင့်ကိုတားမြစ်လိုက်ပါပြီ'
"ငါ့အကောင့်ကိုပိတ်လိုက်ပြီ... ဘယ်လိုဖြစ်တာလဲ?''
ဗိုက်ရွှဲရွှဲအမျိုးသမီး ချက်ချင်းစိတ်ပူသွားသည်။
ဒီအကောင့်မှာပရိသတ်သိပ်မရှိသောကြောင့် အကြာကြီးသုံးခဲ့ရသည်။ အရင်တစ်ခါ အမျိုးသမီးနှစ်ဦးကိုနာမည်ဖျက်ပြီးမှ ပရိသတ်အများကြီးရခဲ့သည်။
အခုအကောင့်ကိုရုတ်တရက်တားမြစ်ခံရတာ ဘယ်လိုလုပ်လက်ခံနိုင်မလဲ? ဝမ်းနည်းတာပေါ့။
သူမမိတ်ဆွေများ မျက်နှာပျက်သွားပြီး_
"ငါ့အကောင့်လည်း ဖျက်ခံရပြီ''
"ငါရောပဲ... ဘာဖြစ်တာလဲ?''
"ရှောင်ချင်နဲ့လီခိုင်ဗီဒီယိုကိုတင်လို့ဖြစ်မယ်... ဗီဒီယိုဖျက်ပစ်လိုက်တာ သတိပေးတာပဲ!''
ဒီတစ်ခါ ဗိုက်ရွှဲရွှဲအမျိုးသမီးနှင့်တခြားသူများလည်း တုံ့ပြန်ပြီးမျက်နှာပိုပျက်သွားကြသည်။
ဘယ်လောက်တောင်လက်မခံချင်စရာကောင်းလဲ?
သူတို့ကိုထောက်ခံတဲ့သူတွေဒီလောက်များတာ Tiktok က ဘာလို့ဖျက်ပစ်တာလဲ?
သူတို့တင်မဟုတ်။ လိုင်းပေါ်ကအတော်များများလည်း အကောင့်အဖျက်ခံရသည်။
ပထမအချက်၊ ကိုယ့်ကိုယ်ကိုယ်အမှန်ထင်သူတွေများနေသည်။
ဒုတိယအချက်၊ နာမည်ကြီးချင်သူတွေများနေ၏။ တချို့ကမှန်မှန်မှားမှားဂရုမစိုက်ဘဲ နာမည်ကြီးဖို့သာကြည့်သည်။
ထို့ကြောင့် သူတို့အကောင့်အားလုံး တခါတည်းပါသွားသည်။
ထိုဗီဒီယိုများ ကြက်ပျောက်ငှက်ပျောက်ပျောက်သွား၏။ ပြည်သူအာရုံစိုက်သော ပရိသတ်များများနှင့်အကောင့်တချို့တောင်ပါသွားသည်။
***