န်းအိမ်အစုအဝေးတွင် များစွာဖြည့်ဆည်းပေးထားသည်။ ပန်းအိမ်တစ်လုံးစီတွင်သန့်စင်ခန်းပါသည့်အပြင် အပြင်မှာအများသုံးသန့်စင်ခန်းကြီးတစ်ခုရှိသည်။
နောက်ပြီး စားသောက်ဆိုင်များ၊စျေးဆိုင်များရှိသည်။
သို့ရာတွင် ပန်းအိမ်အစုအဝေးအလှမပျက်စေရန် ထိုဖြည့်စွက်ချက်အားလုံးကို သစ်သားနှင့်ဆောက်ထားသည်။ အရောင်ပုံစံက ပန်းအိမ်နှင့်ဆင်သည်။ ထိုဆိုင်များကိုလည်း မျိုးပြောင်းအာကာသနွယ်ပင်များဖုံးအုပ်ထားသည်။
ထို့ကြောင့် ညပိုင်းမျိုးပြောင်းအာကာနွယ်အရောင်ထွက်ပုံက ပန်းအိမ်ထက်မလျော့ပေ။
ချင်လင်က လီခိုင်အား ပန်းအိမ်အစုအဝေးနားလမ်းလျှောက်ခေါ်သွားသည်။ ပထမလာခါစနှင့်ယှဉ်လျှင် ပန်းအိမ်အစုအဝေးကဖွင့်ပြီးမှ တမျိုးထူးခြားနေသလို ချင်လင်ခံစားရသည်။
သူတို့နှစ်ဦးနောက်တွင် ပန်းအိမ်အစုအဝေးမန်နေဂျာက ညွှန်ကြားချက်စောင့်ရင်းတိတ်တဆိတ်လိုက်လာသည်။
အပြင်လူတွေက ရှောင်ချင်ဘယ်သူမှန်းမသိသော်လည်း မန်နေဂျာတစ်ဦးဖြစ်သောသူမက ကောင်းကောင်းသိသည်။
လီခိုင်မှာ ချင်းလင်ဓာတ်ခွဲခန်းတွင်နေနေကျဖြစ်ပြီး ပန်းအိမ်အစုအဝေးသို့ပထမဆုံးရောက်ဖူးခြင်းပင်။ မျက်စိကျစေခြင်း +၂၊ အလှအပ +၂ အရည်အသွေးကြောင့် သူစိတ်ဝင်စားနေသည်။
"ညီလေးချင်.. ငါလည်း မင်းရဲ့ပန်းအိမ်ဗီဒီယိုကိုကြည့်ပြီးပြီ... ညပိုင်းအရမ်းလှတာမှန်ပေမဲ့ နေ့ပိုင်းလည်း ချီးကျူးချင်စရာဖြစ်နေတာပဲ... ငါတကယ်ပြောစရာမရှိတော့ဘူး... ဒီရှုမျှော်ခင်းနေရာမှာ မင်းဖန်တီးတဲ့ပရောဂျက်တွေကို တခြားနေရာတွေမယှဉ်နိုင်ဘူး''
ဝန်ဆောင်မှုမန်နေဂျာက ထောက်ခံသည်။
သူတို့ချင်းလင်ရှုမျှော်ခင်းနေရာက ပြည်တွင်းမှာအကောင်းဆုံး၊ ဒါကိုလည်း ပြည်သူကအသိအမှတ်ပြုထားသည်။
ဒီအတွက် သူမဂုဏ်ယူသည်။ ဘာပဲဖြစ်ဖြစ် သူမက ချင်းလင်ရှုမျှော်ခင်းနေရာမှာကြီးကြပ်သူတစ်ဦးပင်။
"အရင်ဆုံး ကျွန်တော်တို့အတွက်အခန်းပြင်ပေးပါ!''
ချင်လင်ကမှာသည်။
"ကောင်းပါပြီ ဥက္ကဌချင်''
ဝန်ဆောင်မှုခေါင်းဆောင်က ချက်ချင်းခေါင်းညိမ့်ပြီး သူမကိုယ်တိုင်စီစဉ်ရန်ထွက်သွားသည်။
ပန်းအိမ်မှာလည်း သတို့သမီးခန်းနှင့်အတူတူပင်၊ ချန်ထားသောအခန်းများရှိသည်။
သို့သော် ချန်ထားသောပန်းအိမ်များက ပန်းအိမ်အစုအဝေးထဲမပါဘဲ သက်သက်တစ်နေရာဖြစ်သည်။
ထိုနေရာတွင် ပန်းအိမ်များများစားစားမရှိ၊ ၁၀ လုံးဝန်းကျင်သာရှိသော်လည်း တည်နေရာပိုကောင်းပြီး အပြင်အဆင်က ပိုသေသပ်လှပသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ရှုမျှော်ခင်းနေရာက အကျယ်ကြီးဖြစ်သည်။ ချင်လင်နှင့်ကျောက်မိုချင်းအပြင် စီနီယာမန်နေဂျာများစွာရှိသည်။ ချင်းလင်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းမှစီနီယာမန်နေဂျာများလည်းရှိသည်။
သူတို့မိသားစုတွေ ရှုမျှော်ခင်းနေရာလာရင် သူတို့တည်းခိုနေထိုင်ရန်တောင်းဆိုနိုင်သည်။ သူတို့အဆက်အသွယ်၊လုပ်ပိုင်ခွင့်သုံးပြီး ချန်ထားသောအခန်းတွင်နေထိုင်ရန်လည်းစီစဉ်နိုင်သည်။
သတို့သမီးခန်း၊ ရွက်ဖျင်တဲ၊ ပန်းအိမ် အားလုံးအတူတူပင်။
ဥပမာ ပန်းအိမ်တစ်အိမ်တွင် မိသားစုဝင်သုံးယောက်လောက်နေဖို့ပြဿနာမရှိ။ လူများရင် ပန်းအိန်နှစ်အိမ်သုံးအိမ်ယူနိုင်သည်။
ဒါကလည်း လူ့သဘာဝပင်။
ဘယ်ကုမ္ပဏီမှာဖြစ်ဖြစ် စီမံရေးထိပ်ပိုင်းရောက်ရင် အပိုခံစားခွင့်ရှိသည်။ စာသံပေသံနှင့်ပြောရလျှင် အထူးခံစားခွင့်ဟုခေါ်သည်။
ဒီနေ့လည်း ပန်းအိမ်အစုအဝေးမှာစည်ကားနေသည်။
ဖွင့်ပွဲနှင့်ယှဉ်လျှင် ပန်းအိမ်အစုအဝေးတွင်အခန်းယူရန်ပိုခက်လာသည်။
ပန်းအိမ်အစုအဝေး၏လှပသောရှုခင်းကိုကြော်ငြာပြီးနောက် စာရင်းသွင်းစာမျက်နှာတွင် လူပိုအုံသွားပြီး ရနိုင်ခြေနည်းလာသည်။
ချင်လင်နှင့်လီခိုင်က လမ်းသွယ်တစ်ခုဖြတ်သွားသောအခါ ခရီးသည်တချို့စုပြီးဆွေးနွေးနေသံကြားရသည်။
"အရင်က ထမ်းစင်စီးတာ ပြဿနာမရှိဘူးထင်တာပဲ... အခုရော မင်းဘယ်လိုထင်လဲ?''
"ဟုတ်တယ်.. လိုင်းပေါ်ကမြင့်မြတ်သူတွေအကုန် တားမြစ်ခံလိုက်ရပြီ... သူများအလုပ်အကိုင်ကိုဖျက်ဆီးပြီး သူတို့ကိုယ်သူတို့မှန်တယ်ထင်နေတာ''
"ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာ ရှက်စရာမဟုတ်ပါဘူး... ထမ်းစင်ကလည်း ဝန်ဆောင်မှုတစ်မျိုးပဲလေ''
သူ့အကြံအစည်အလုပ်ဖြစ်သောကြောင့် ချင်လင်ရယ်လိုက်သည်။
ကောင်းတယ်!
"ညီလေးချင်.. ငါစောစောကဗီဒီယိုကြည့်ပြီးမှ မင်းထမ်းစင်စီးဖို့ခေါ်လာတဲ့ရည်ရွည်ချက်ကိုသိတယ် ဟုတ်တယ်မလား?''
လီခိုင်ကပြုံးပြုံးနှင့်ပြောသည်။
"အင်း.. အဲဒါကျွန်တော့်ရည်ရွည်ချက်ပဲ''
ချင်လင်ကပြုံးပြီးပြန်ဖြေသည်။
"ငါမင်းကိုအလကားကူညီပေးတာ ဆုမချသင့်ဘူးလား? ချက်ချင်ပြုတ်ချင်စိတ်မရှိဘူးလား?''
လီခိုင်လည်းအခွင့်အရေးယူပြီးငေါ့သည်။
"နောက်မှစကားပြောရအောင်!''
ချင်လင်ကပြုံးပြီး ငြင်းသည်။
"ညီလေးချင်.. မင်းဘောင်းဘီဆွဲတင်ပြီးမှ မပေးလို့မရဘူး!''
လီခိုင်ကလောလိုက်သည်။
ချင်လင်ဆွံ့အသွားပြီး_
"အစ်ကိုလီ.. စကားပြောတာ သတိထားနော်... ကျွန်တော့်မှာမိန်းမရှိတယ်''
လိုင်းပေါ်အခြေအနေက လုံးဝပြောင်းပြန်လှန်သွားသည်။ လိုင်းပေါ်အကြမ်းဖက်မှုမှတဆင့် မြင့်မြတ်သည်ဆိုသူများ၊ တရားမျှတမှုတမန်တော်များက လူယုတ်မာများအဖြစ်ပြောင်းလဲရှုတ်ချခံရသည်။
ဗီဒီယိုတွေ၊မှတ်ချက်တွေကို အလောတကြီးပြန်ဖျက်သူတွေ ဘယ်လောက်များလိုက်မလဲ?
ဒါကြောင့် ထမ်းစင်စီးဖို့ ခရီးသည်တွေတွန့်ဆုတ်ခဲ့သည်။ အရင်က လိုင်းပေါ်မှာအပြောခံရမှာကြောက်၍မစီးရဲသော်လည်း အခုပျော်ပျော်ကြီးစီးကြသည်။
တောင်တက်လမ်းတလျှောက်တွင် ခရီးသည်များကိုတင်လာသောထမ်းစင်များတွေ့နိုင်သည်။
တဖြည်းဖြည်း မိုးချုပ်သွား၏။
နတ်သမီးပုံပြင်တောင်မှာ ညပိုင်းအချိန်ဖွင့်လှစ်လိုက်ပြန်သည်။
နတ်သမီးပုံပြင်တောင်အထမ်းသမားအားလုံး ချွေးတလုံးလုံးနှင့် အဝတ်အစားများစိုရွှဲနေသည်။
သို့သော် အားလုံးပြုံးနေကြ၏။
တစ်ခုခုရရှိပြီးကျေနပ်သည့်အပြုံးမျိုးပင်။
ခရီးသည်အများစုက သူတို့အနီးကပ်ပုံကိုဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ကြသည်။
ဒီလိုအပြုံးမျိုးကကူးစက်တတ်ပြီး လူတွေကိုပိုအတွေးများစေသည်။
ထို့ကြောင့် လိုင်းပေါ်တွင် ကိုယ်မှန်ကန်သည်အထင်နှင့်၊ကိုယ့်အတွေးနှင့် လိုင်းပေါ်မတင်သင့်။
အကြောင်းရင်းမသိ၊အမှန်တရားမသိရင် ကိုယ့်ထင်ရာမြင်ရာကြောင့် သူများဒုက္ခရောက်နိုင်သည်။
အထမ်းသမားများ တကယ်ဝမ်းသာနေကြသည်။
တစ်နေ့ယွမ် ၅၀၀ ကျော်ရသောကြောင့်ပင်။ အပြောကောင်းသူတချို့က ဘောက်ဆူးပိုရကြသည်။
သူတို့အင်အားနည်းသည်ကိုသာ မကျေမနပ်ဖြစ်မိသည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီးအားဖြည့်ရင်တောင် ကုန်သွားတဲ့အားနဲ့မျှပါ့မလား?
သူတို့ဝင်ငွေများမှာ သံသယဖြစ်ဖွယ်မရှိ။
အနာဂတ်အတွက်မျှော်လင့်ချက်အပြည့်ပင်။
ပန်းအိမ်အစုအဝေး_
***