ချင်လင်က သူတောင်းစားကြက်သားချက်နည်းမှတ်ချက်ဖတ်ပြီးနောက် 'လေ့လာသင်ယူမည်'ကိုတန်းရွေးလိုက်သည်။
ဟင်းချက်နည်းစာလိပ်က တခဏချင်းအလင်းရောင်များအဖြစ်ပြောင်းပြီး သူ့ကိုယ်ထဲဝင်လာသည်။
သူ့စိတ်ထဲတွင် ဟင်းချက်နည်းနှင့်အထူးလျှို့ဝှက်ပါဝင်ပစ္စည်းအပါအဝင် သူတောင်းစားကြက်သားချက်နည်းအချက်အလက်အားလုံးရလိုက်သည်။
တချိန်တည်းမှာ သူတောင်းစားကြက်သားချက်နည်းကိုအကြိမ်ကြိမ်ချက်ဖူးသလို ကြွက်သားမှတ်ဉာဏ်ကိုလည်း စနစ်ကပေးသည်။
သို့သော် အထူးပါဝင်ပစ္စည်းများနှင့်ချင်လင်ရင်းနှီးနေပြီ။
ဒါသူအမဲသားချက်ရင်သုံးတဲ့ပါဝင်ပစ္စည်းတွေမလား?
ဒီပါဝင်ပစ္စည်းများနှင့်စနစ်လက္ခဏာကြောင့် အမဲသားကအရောင်ထွက်သည်။
အခုသူတောင်းစားကြက်သားကလည်း ချက်နည်းတူသည်။ တထပ်တည်းနီးပါးတူသော်လည်း အမဲသားချက်နည်းထက်ပါဝင်ပစ္စည်းနည်းသည်။
သူတောင်းစားကြက်သားချက်နည်းကိုလေ့လာပြီးနောက် ချင်လင်ကသိုလှောင်ခန်းထဲအမြန်ပြန်လာပြီး အရည်အသွေး ၃ အထူးကြက်သားကိုရှာလိုက်သည်။
ကြက်သားက သေးသေးမဟုတ်။ သာမန်ကြက်သားထက်နှစ်ဆရှိပြီး အရမ်းကြီးသည်ဟုဆိုရမည်။
(အထူးပါဝင်ပစ္စည်းကြက်သား: အရည်အသွေး ၃)
(စားသုံးရန်အထူးမွေးမြူထားသောပြည်တွင်းကြက်သားဖြစ်သည်။ အလွန်အရသာရှိသောကြက်သားဟင်းပွဲဖန်တီးနိုင်သည်။
အာနိသင်: အရသာ +၃၊ စားကောင်းခြင်း +၃၊ အနံ့ +၃၊ နှုတ်မြိန်စေခြင်း +၃၊ အာဟာရဖြစ်စေခြင်း +၃၊ ပရိုတင်းဓာတ် +၂!)
အထူးပါဝင်ပစ္စည်းကြက်သားမှတ်ချက်ကိုဖတ်ပြီး ဘာကြောင့်အထူးမွေးမြူထားသောပြည်တွင်းကြက်သားဟုပြောမှန်း ချင်လင်သဘောပေါက်သည်။
အရသာ +၃၊ စားကောင်းခြင်း +၃၊ အနံ့ +၃ ထိုအရည်အသွေးသုံးမျိုးနှင့်တင် ဟင်းချက်တတ်သောဘယ်စားဖိုမှူးမဆို၊ မဲတူးနေအောင်မကြော်ရင် ဟင်းချက်နတ်ဘုရားလက်ရာမျိုးပြနိုင်သည်။
နှုတ်မြိန်စေခြင်း +၃ အရည်အသွေးကလည်း သွားရည်ကျစေသည်။ အစားပျက်သူတောင် အစားကြီးသူဖြစ်လာမည်။
အာဟာရဖြစ်စေခြင်း +၃၊ ပရိုတင်းဓာတ် +၂ အရည်အသွေးက ပြောစရာမလို။
လူတွေဘာကြောင့်ကြက်သားစားလဲ?
အာဟာရဖြစ်လို့မလား?
ဒီအရည်အသွေးနှစ်မျိုးက +၂ ပဲရှိပေမဲ့ အံ့ဩစရာကောင်းနေပြီဟုတ်?
အထူးသဖြင့် အစားတလိုင်းက သူ့ကိုသူတောင်းစားကြက်သားချက်နည်းပေးထားသောကြောင့် အရသာ +၁၊ စားကောင်းခြင်း +၁၊ အနံ့ +၁ ရှိသည်။
ဒီတော့ +၄ စားကောင်းသောက်ဖွယ်ထပ်လုပ်နိုင်တဲ့သဘောမလား?
ချင်လင်က အရည်အသွေး ၃ ကြက်သားယူပြီး ဂိမ်းထဲမှထွက်ကာ ပန်းအိမ်ပြန်ရောက်လာသည်။
တံခါးဖွင့်လိုက်သောအခါ အစ်ကိုလီပြန်မရောက်သေး၍ သက်ပြင်းချပြီး ကြက်သားကိုဘေးမှာချိတ်ထားလိုက်သည်။
ခဏအကြာ ပန်းအိမ်အစုအဝေးမန်နေဂျာနှင့်အတူ အစ်ကိုလီပြန်ရောက်လာပြီး ဟင်းချက်စရာတန်ဆာပလာမျိုးစုံသယ်လာသောအစောင့်များလည်းပါသည်။
ပန်းအိမ်အစုအဝေးတွင် ကိုယ်တိုင်ချက်ပြုတ်စားနိုင်သောဝန်ဆောင်မှုမရှိ။ အားလုံးက ပန်းအိမ်အစုအဝေးစားဖိုဆောင်အတွက်ဆောင်ထားသောအိုးခွက်ပစ္စည်းများဖြစ်သည်။
သူဌေးကသုံးချင်ရင် ချက်ချင်းယူလာပေးရမည်။ အထူးသဖြင့် စားဖိုဆောင်ကလည်းစိတ်ချသည်။ ဘာပဲဖြစ်ဖြစ် သူတို့သူဌေးက'မာစတာချက်ဖ်'မှန်းသူတို့သိသည်။
"ညီလေးချင်.. ဟင်းချက်စရာတွေယူလာပြီ''
လီခိုင်ကရှေ့ရောက်လာပြီး နာမည်ကောင်းယူသည်။
ချင်လင်ကမတတ်သာပုံနှင့် ဟင်းချက်စရာများကိုကြည့်လိုက်သည်။
အစားတလိုင်းကပေးထားတဲ့ သူတောင်းစားကြက်သားချက်နည်းကို သူမသိ။
ဒီဟင်းချက်စရာအများစုက သူတောင်းစားကြက်သားဟင်းချက်မရပေ။
ပန်းအိမ်မန်နေဂျာက ပစ္စည်းများချပြီး ချင်လင်ကိုတရိုတသေမေးသည်_
"ဥက္ကဌချင်.. တခြားမှာစရာရှိသေးလား?''
ချင်လင်ကခေါင်းခါပြီး_
"ခင်ဗျားတို့လုပ်စရာရှိတာ သွားလုပ်ကြပါ... လိုရင်ဖုန်းဆက်လိုက်မယ်''
"ကောင်းပါပြီ ဥက္ကဌချင်''
ပန်းအိမ်မန်နေဂျာကခေါင်းညိမ့်ပြီး ချက်ချင်းသူ့လူများခေါ်သည်။
သို့သော် မသွားသေးဘဲ အပြင်မှာသူ့လူများနှင့်စောင့်နေ၏။
ဘာပဲဖြစ်ဖြစ် သူဌေးကအထဲမှာ၊ မှာစရာရှိရင် တန်းမှာနိုင်သည်။
လီခိုင်လည်း ဘေးမှကြက်သားကိုကြည့်ပြီး တန်းမေးသည်_
"ညီလေးချင်.. မင်းဒီည ကြက်သားချက်မှာလား? ဒီကြက်က နည်းနည်းကြီးတယ်နော်''
ချင်လင်ကခေါင်းညိမ့်ပြီး တဆက်တည်း ကျောက်မိုချင်းကိုဖုန်းဆက်လိုက်သည်။
အရည်အသွေး ၄ ဟင်းပွဲလုပ်နိုင်မှတော့ သူ့မိန်းမနဲ့အမေကိုမေ့ထားလို့ရမလား?
ကျောက်မိုချင်းကိုဖုန်းဆက်ပြီး အမေကိုခေါ်လာခိုင်းသည်။ အစ်ကိုလီ၏ဇနီးဒေါက်တာထန်ကိုပါ အတူတူစားရန်ခေါ်လိုက်သည်။
ဒါကို ညလယ်စာလိုသဘောထားမည်။
နောက်ပြီး ကျောက်မိုချင်းကို အထူးပါဝင်ပစ္စည်းတချို့ယူလာခိုင်းလိုက်သည်။
သူအမဲသားချက်တုန်းက ပါဝင်ပစ္စည်းအများကြီးဝယ်ပြီး အပန်းဖြေစံအိမ်စားဖိုဆောင်ထဲသိမ်းထားသည်။ အဲဒီအတိုင်း ယူချက်ရုံပင်။
အချိန်ကျရင် သူတောင်းစားကြက်သားအတွက်လိုတဲ့ပါဝင်ပစ္စည်းတချို့ရွေးယူလိုက်မည်။
အဲဒီအပြင် တခြားပါဝင်ပစ္စည်းများလည်းယူရမည်။ တခြားဟင်းများနှင့်တွဲစားမည်။
မကြာမီ ကျောက်မိုချင်းက ချင်ဖုန်းလေးနှင့်ရောက်လာသည်။
သူမဘေးတွင် သမီးလေးချီထားသောထန်ရှိုးဝမ်လည်းပါသည်။
သူတို့နောက်တွင် အမျိုးသမီးကြီးတစ်ဦးနှင့်ဝမ်းသာအားရစကားပြောနေသောလင်းဖန်ပါသည်။ အမျိုးသမီးကြီးက ထန်ရှိုးဝမ်အမေပင်။ သူမက ကလေးမလေးတစ်ယောက်ကိုလက်ဆွဲထားသည်။
ဒီကလေးမလေးအတွက် လီခိုင်က SMA ဆေးဝါး၏ပါဝင်ပစ္စည်းကိုသုတေသနလုပ်ခဲ့ခြင်းပင်။
သို့သော် လီခိုင်ကအရှုံးမပေး။ ဘာပဲဖြစ်ဖြစ် 'တစ်ခုဝယ် တစ်ခုရ'စနစ်။
ကျောက်မိုချင်းနောက်တွင် ချင်လင်လိုအပ်သည့်ပါဝင်ပစ္စည်းများနှင့်တခြားပစ္စည်းများသယ်လာသောလူသုံးယောက်ပါသည်။
သူတို့ရောက်သောအခါ လူကြီးနှစ်ယောက်က ကလေးချီလိုက်ကြသည်။
ကျောက်မိုချင်းက ချင်လင်ဆီလျှောက်လာပြီး စူးစမ်းမေးသည်_
"ယောက်ျား.. ဘယ်လိုဖြစ်ပြီး ဒီအပေါ်မှာဟင်းချက်ဖို့စိတ်ကူးပေါက်တာလဲ?''
ချင်လင်ကဆင်ခြေပေးလိုက်သည်_
"ပန်းအိမ်အစုအဝေးကဖွင့်ခါစလေ... ပတ်ဝန်းကျင်က အရမ်းကောင်းတာ... လက်ရှိရုံချန်းရာသီဥတုနဲ့ဆို ဒီမှာညပိုင်းစားသောက်ရင် ရှားရှားပါးပါးပျော်စရာပဲ... ပြီးတော့ အစ်ကိုလီက ဒီနေ့အားနေတာဆိုတော့ တို့မိသားစုနှစ်စုပေါင်းလို့ရတာပေါ့''
ကျောက်မိုချင်းကခေါင်းညိမ့်ပြီး ဘာသံသယမှမရှိတော့။
သီးသန့်နေရာပတ်ဝန်းကျင်က တကယ်ကောင်းသည်။ ဒီမှာညစာစားရမှာ တကယ်ပျော်စရာပင်။ နောက်ပြီး မိသားစုနှစ်စုပေါင်းနိုင်သည်ဟုချင်လင်ပြောတာ သဘာဝကျသည်။
ချင်လင်က သူတောင်းစားကြက်သားအတွက်လိုအပ်သောပစ္စည်းတချို့ကိုရွေးထုတ်လိုက်သည်။
ထိုပါဝင်ပစ္စည်းများနှင့် သူတောင်းစားကြက်သားအရည်အသွေးပြနိုင်၊ အရောင်ထွက်နိုင်သည်။
သူ့မှာပါဝင်ပစ္စည်းတွေပဲရှိပြီး စနစ်ကပေးတဲ့သူတောင်းစားကြက်သားလျှို့ဝှက်ချက်နည်းမရှိရင် အာနိသင်ပြနိုင်မည်မဟုတ်။
ချင်လင်က ပါဝင်ပစ္စည်းများကိုခွဲခြမ်းပြီး ကြက်သားပေါ်စမ်းရန်ဆော့စပ်သည်။
ဆော့ပြင်ဆင်နည်းကိုလည်း အစီအစဉ်တကျလုပ်ရန်လိုသည်။ နောက်ပြီး ထည့်ရမည့်ပါဝင်ပစ္စည်းအချိုးအစားလည်းမတူသောကြောင့် လျှို့ဝှက်နည်းအတိုင်းလုပ်ရသည်။
စနစ်၏လျှို့ဝှက်နည်းအချက်အလက်က သူ့စိတ်ထဲစွဲထင်နေသည်။
ကြွက်သားမှတ်ဉာဏ်ကလည်း ပါဝင်ပစ္စည်းများနှင့်အသားကျစေသည်။
ဆော့ရသည်နှင့် ဘေးတွင်ချိတ်ထားသောအထူးကြက်သားကိုဖြုတ်ပြီး ဆော့အရသာဝင်အောင် အတုံးသေးသေးလေးများတုံးလိုက်သည်။
တကယ်တော့ သူတောင်းစားကြက်သားပေါ်လာတာကြာပြီဖြစ်သည်။ တရုတ်ပြည်တွင် ချက်နည်းအမျိုးမျိုးရှိသည်။ နိုင်ငံခြားမှာတောင်ရှိသည်။
သို့သော် ဟင်းချက်နည်းက အနည်းနှင့်အများတော့ အတူတူပင်။ အရင်ဆုံး ကိုင်ထားသောကြက်သားကို ပါဝင်ပစ္စည်းများနှင့်နယ်ပြီး ဆီသုတ်၊ကြာရွက်ပတ်၊ရွှံ့နှင့်ထုပ်ကာ မီးနှင့်နှပ်သည်။
ကွာခြားချက်က ပါဝင်ပစ္စည်းပင်။
ကြက်သားကျက်သောအခါ ရွှံ့နှင့်ကြာရွက်များဖယ်ပြီး အရသာရှိသောကြက်သားရလာသည်။
ချင်လင်က ကြက်သားပေါ်ဆော့စမ်းလိုက်သည်။ ဆော့အနည်းအများချိန်ဆရန် အတော်အာရုံစိုက်ရသည်။
မဟုတ်ရင် သူတောင်းစားကြက်သား၏အရသာနှင့်အသားအပေါ် အများကြီးသက်ရောက်မှုရှိနိုင်သည်။
တချိန်တည်းမှာ လီခိုင်ကိုလည်းညွှန်ကြားလိုက်သည်_
"အစ်ကိုလီ.. ထိုင်မနေနဲ့လေ... ရွှံ့လုပ်ဖို့မြေကြီးနည်းနည်းတူးပေးဦး... ပြီးရင် အသုံးလိုတယ်.. ဒီမှာကြာရွက်မရှိတော့ အသားကင်ခဲပတ်သုံးရမယ်''
လီခိုင်လည်း ချင်လင်၏လက်ရာကိုစောင့်စားနေသည်။ ချင်လင်စကားကြောင့် တုံ့ဆိုင်းမနေ။ ချက်ချင်းပေါက်ပြားလေးကိုင်ပြီးထွက်လာကာ စတူးသည်။
မြေကြီးအိတ်လေးတစ်အိတ်တူးပြီးနောက် ပန်းအိမ်ပြန်လာသည်။ ရေဇလုံထဲတွင်ရေထည့်ပြီး ရွှံ့ဖြစ်အောင်မွှေသည်။
"ခစ် ခစ်!''
လီခိုင်ရွှံ့လုပ်နေသောကြောင့် ချင်ဖုန်းလေးကတခစ်ခစ်ရယ်ပြီး သူလည်းရွှံ့နှင့်ဆော့ချင်သလိုလက်လှမ်းသည်။
သန္ဓေအားဆေးကြောင့် ဖွံ့ဖြိုးမြန်သော်လည်း ရွှံ့နှင့်ဆော့ချင်သောအဆင့်ကိုမကျော်လွှားနိုင်။
လင်းဖန်ကမူခွင့်မပြုဘဲ တင်းတင်းဖက်ထားသည်။
ခဏအကြာ_
ချင်လင်က ကြက်သားကိုဆော့စမ်းပြီး ကြာရွက်အစား အသားကင်ခဲပတ်နှင့်ပတ်သည်။ ထို့နောက် ကြိုးနှင့်တင်းတင်းချည်သည်။
လီခိုင်က ချက်ချင်းရွှံ့ယူလာပြီး_
"ညီလေးချင်.. ငါရွှံ့သုတ်ပေးမယ်... မင်းလက်တွေမညစ်ပတ်တော့ဘူးပေါ့... ရွှံ့သုတ်တာ ဘာနည်းစနစ်မှမလိုဘူးမလား?''
"နည်းစနစ်အများကြီးလိုတာပေါ့''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
"အာ.. လိုသေးတာလား?''
လီခိုင်က ရှက်ကိုးရှက်ကန်းနှင့်အလိုက်တသိဘေးဖယ်လိုက်သည်။
ချင်လင်ကမြေကြီးယူပြီး အလုပ်စသည်။
သူနောက်နေတာမဟုတ်။ စနစ်ကပေးတဲ့သူတောင်းစားကြက်သားချက်နည်းက ဒီလိုပင်။ ရွှံ့သုတ်ရင် အထူအပါးလိုအပ်ချက်ရှိသည်။
ထူလွန်းရင် မီးအရနည်းပြီး ပါးလွန်းရင် အပူများကာ သက်ရောက်မှုရှိနိုင်သည်။
ဒီတော့ ရိုးရိုးသူတောင်းစားကြက်သားဆိုရင်တောင် လုပ်ဖို့မလွယ်။ ဘာပဲဖြစ်ဖြစ် အရည်အသွေး ၄ သူတောင်းစားကြက်စားဟင်းဖြစ်သည်။
အားလုံးပြင်ဆင်ပြီးနောက် ချင်လင်ကမီးဖိုပေါ် သူတောင်းစားကြက်သားတင်လိုက်သည်။
ဒီအဆင့်မှာတောင် အပူချိန်ထိန်းချုပ်ရန်လိုသေးသည်။ သို့ရာတွင် အပူချိန်ထိန်းညှိနိုင်သောအထူးမီးဖိုလေးကြောင့် ဒီအပိုင်းမှာ သူသိပ်အားမစိုက်ရ။
ထို့ကြောင့် တခြားပါဝင်ပစ္စည်းများကိုစပြင်ဆင်သည်။
အားလုံး အရည်အသွေး ၂ ပါဝင်ပစ္စည်းများဖြစ်သည်။ သက်ဆိုင်ရာဟင်းချက်လက်ရာမရှိရင် စားကောင်းခြင်း +၂၊ အထိအတွေ့ +၂ သာရနိုင်သည်။
သူတောင်းစားကြက်သားဟင်းနှင့်လိုက်ဖက်သောဟင်းများပင်။
ချင်လင်က ပါဝင်ပစ္စည်းအားလုံးကို အရသာရှိဟင်းပွဲလုပ်ပြီးနောက် ဘေးမှစားပွဲပေါ်တင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လီခိုင်ကစားပွဲနားချက်ချင်းလျှောက်လာပြီး ပြုံးပြုံးနှင့်_
"ညီလေးချင်.. ငါအရင်မြည်းပေးမယ်''
ချင်လင်ခေါင်းခါလိုက်သည်။
စားချင်ရင် စားချင်တယ်ပေါ့။ ဒီလိုအသံကောင်းဟစ်ရတယ်လို့။
ထို့နောက် ပြန်လှည့်ပြီး သူတောင်းစားကြက်သားကိုအာရုံစိုက်လိုက်သည်။
သို့သော် ဒီတစ်ခါ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး အံ့ဩသွားသည်။
သူ့ခြံပေါက်ဝတွင် နောက်တစ်ယောက်ရောက်နေပြန်သည်။ မြို့တော်ဝန်သောမတ်ပင်။
နောက်ထပ်ဇာတ်ကွက်တာဝန်လား?
ချင်လင် မအံ့ဩဘဲမနေနိုင်တော့။
တစ်နေ့တည်း ဇာတ်ကွက်နှစ်ခုကြုံတာ ဒါပထမဆုံး။
ဒီနေ့ဥရောပဘုရင်ဖြစ်လာတာလား?
ကံကောင်းတဲ့နေ့လား?
***