ချင်လင်က ဂိမ်းထဲမှသောမတ်ကိုကြည့်ရင်း ရုတ်တရက်သိနေသလိုခံစားရသည်။
ဥရောပဘုရင်ဖြစ်လာရင် ဝမ်းမသာတဲ့သူရှိမလား?
အခုမှအစားတလိုင်းဆီက သူတောင်းစားကြက်သားချက်နည်းရခါစ။ သိပ်အသုံးမတည့်ပေမဲ့ တစ်ခါတလေ နှုတ်မြိန်စားကောင်းနိုင်သည်။
အခုသောမတ်ထပ်ရောက်လာတော့ မအံ့ဩရင် ထူးဆန်းနေမယ်မလား?
ဥရောပဘုရင်ဖြစ်စေချင်မှတော့ ပိုပြီးဥရောပဆန်ရတာပေါ့။
ချင်လင်တွေးတောနေစဉ် သူ့ရှေ့ရှိသူတောင်းစားကြက်သားမှ ကြွပ်ရွသံထွက်လာသည်။ ရွှံ့ဖုတ်ပြီး နည်းနည်းအက်လာခြင်းပင်။
သူတောင်းစားကြက်သား ရပြီ။
သူကချက်ချင်း အသိပြန်ဝင်လာသည်။
တာဝန်က ပြီးမှလုပ်လို့ရသည်။ သူတောင်းစားကြက်သားကို အရင်လတ်စသတ်ရမည်။
သူတောင်းစားကြက်သားအပေါ်မှရွှံ့ကွဲလာသောအခါ မီးအပူချိန်ပြန်ထိန်းရသည်။ သူက မီးနည်းနည်းလျှော့လိုက်၏။
ထိုမြင်ကွင်းကို ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်ကစိတ်ဝင်စားနေသည်။
သူတို့လည်းအမျိုးသမီးများဖြစ်၍ ချက်တတ်ပြုတ်တတ်သည်။ ဘာပဲဖြစ်ဖြစ် လူအများစုအမြင်မှာ မိသားစုတစ်စုသာယာဖို့ အမျိုးသမီးကချက်တတ်ပြုတ်တတ်ရမည်ဟူ၍။
မချက်ပြုတ်တတ်သူက သူဌေးသမီးဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူဌေးကတော်ဖြစ်မည်။ ဒါမှမဟုတ် သူတို့ဘဝမှာ အခက်အခဲသိပ်မရှိခဲ့သောကြောင့်ပင်။
ချက်ပြုတ်နည်းသိနေ၍ သူတို့အံ့ဩခြင်းဖြစ်သည်။
သူတောင်းစားကြက်သားလုပ်နည်းက ဒီလောက်အသေးစိတ်မည်ဟု သူတို့မထင်မိ။ မီးအပူချိန်တောင် သေချာစောင့်ကြည့်ရသည်။
သို့ရာတွင် အသည်းအသန်ချက်နေသောအမျိုးသားတစ်ယောက်က အလွန်ခန့်ညားပြီးဆွဲဆောင်မှုရှိသည်ဟုဆိုရမည်။
ထန်ရှိုးဝမ် အားမကျဘဲမနေနိုင်_
"မိုချင်း.. နင့်ကိုအားကျလိုက်တာ... ဥက္ကဌချင်က အရမ်းဟင်းချက်ကောင်းတာပဲ''
မိန်းမဖြစ်သူက သူများကိုချီးကျူးနေသောကြောင့် လီခိုင်ချက်ချင်းရောက်လာပြီး_
"ဂျူနီယာညီမ.. ကိုယ်ကမချက်တတ်ပေမဲ့ အရသာကောင်းကောင်းမြည်းတတ်ပါတယ်... ညီလေးချင်က သူတောင်းစားကြက်သားဟင်းလေ့လာပြီး ငါ့ကိုမြည်းခိုင်းတာ မင်းအမြင်ပဲ... မဟုတ်ရင် ဒီလိုညလယ်စာစားရပါ့မလား?''
သူကပြောရင်းဆိုရင်း ချင်လင်ကိုအော်ပြောလိုက်သေးသည်_
"ညီလေးချင်.. မင်းရော အဲလိုမထင်ဘူးလား?''
တကယ်တော့ သူကမေးရင်း အချက်ပြပြီးသား။
ချင်လင်မှာ EQ ကောင်းသူဖြစ်၍ ချက်ချင်းပင်_
"အင်း.. အစ်ကိုလီပြောတာမှန်တယ်''
လီခိုင်ကချက်ချင်း ထန်ရှိုးဝမ်ဘက်လှည့်ကာ_
"ဂျူနီယာညီမ.. မင်းရော အဲလိုမထင်ဘူးလား?''
ထန်ရှိုးဝမ်က မျက်စောင်းထိုးလိုက်သည်။
သူမစီနီယာအစ်ကိုလီက နာမည်ကြီးသုတေသနသမားဆိုပေမဲ့ တစ်ခါတလေ ရူးသလိုလိုကြောင်သလိုလို။
နောက်ဆုံး...
သူတောင်းစားကြက်သားဟင်းရပြီဖြစ်၍ ချင်လင်ကမီးပိတ်ပြီး မီးဖိုလေးပေါ်မှချလိုက်သည်။
ထိုအချိန်တွင် သူတောင်းစားကြက်သားကိုအုပ်ထားသောရွှံ့မှာအလွန်ပူနေသောကြောင့် ကိရိယာများသုံးပြီးသာ စားပွဲပေါ်ချလိုက်သည်။ မဟုတ်လို့ ရွှံ့အေးတဲ့အထိစောင့်ရင် အထဲကကြက်သား အရသာလျော့သွားမည်။
သူတောင်းစားကြက်သားကိုစားပွဲပေါ်တင်ပြီးနောက် လီခိုင်ချက်ချင်းရောက်လာသည်။
ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်လည်း စူးစမ်းပြီးရောက်လာ၏။
ချင်လင်၏လက်ရာကို သူတို့သိသည်။ စားသောက်ပွဲအပြီးမှာ သူ့ကိုကမ္ဘာ့အတော်ဆုံးစားဖိုမှူးလို့ပြောလည်းကိစ္စမရှိတော့။
ချင်လင်ချက်တဲ့သူတောင်းစားကြက်သားဟင်းက ဘယ်လိုများနေမလဲ သူတို့သိချင်နေသည်။
အပြင်မှာရပ်နေသောပန်းအိမ်အစုအဝေးမန်နေဂျာနှင့်အစောင့်များတောင် လှမ်းစပ်စုကြသည်။ သူတို့သူဌေးလက်ရာဘယ်လောက်ကောင်းမှန်း သူတို့လည်းသိသည်။
သူဌေးအကြာကြီးချက်နေတဲ့သူတောင်းစားကြက်သားဟင်းက အဓိကဟင်းပွဲပင်။ အစောင့်တစ်ယောက်က မနေနိုင်ဘဲ ဖုန်းနှင့်ဓာတ်ပုံရိုက်ထားသည်။
ချင်လင်ကတူလေးတစ်လက်ကိုင်ပြီး သူတောင်းစားကြက်သားပေါ်မှရွှံ့ကိုစထုသည်။ ခြောက်ပြီးမာနေသောရွှံ့များအားလုံးခွာပြီးနောက် ကြိုးကိုကတ်ကြေးနှင့်ညှပ်သည်။
အသားကင်ခဲပတ်နောက်ဆုံးအလွှာဖွင့်လိုက်သောအခါ မွှေးပျံ့သောအနံ့နှင့်အတူ အငွေ့ထွက်လာသည်။
ထို့နောက် အားလုံးအံ့ဩသွား၏။
အငွေ့ထွက်လာသောခဏတွင် အလင်းရောင်ပါထွက်လာပြီး အားလုံးမျက်စိကျိန်းသွားသည်။
"အရောင်ထွက်ပြန်ပြီ''
အပြင်မှအစောင့်တစ်ယောက်က တအံ့တဩပြောသည်။
ပန်းအိမ်အစုအဝေးမန်နေဂျာက အစောင့်များကိုစိုက်ကြည့်လိုက်သော်လည်း သူမမျက်နှာမှာ အံ့ဩမှုကအတိုင်းသား။
ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်လည်းအတူတူပင်။
ချင်လက်လက်ရာအရမ်းကောင်းကြောင်း၊ အရင်က အရောင်ထွက်သောအစားအစာချက်ဖူးကြောင်း သူတို့သိသည်။
စားသောက်ပွဲတွင် အရောင်ထွက်သောအစားအစာကိုရှောင်ချင်ချက်ခဲ့မှန်း ပြည်တွင်းကလူအများစုသိကြသည်။ ရုပ်ရှင်၊ကာတွန်းထဲမှာသာရှိသောမြင်ကွင်းမျိုးက အပြင်မှာတကယ်ဖြစ်ခဲ့သည်။
အစားအသောက်အကဲဖြတ်သူများကြောင့် နိုင်ငံခြားမှအစားကောင်းကြိုက်သူများပါ အရှေ့တိုင်းမှာ 'မာစတာချက်ဖ်' ရှိမှန်းသိသွားသည်။ သူ့အစားအစာက တခြားစားဖိုမှူးများထက်ပိုကောင်းသည်။
ဒါပေမဲ့ အမဲသားက အိုးထဲမှာချက်တာ။
အခုရွှံ့နဲ့အုပ်ထားတဲ့ချင်လင်ရဲ့သူတောင်းစားကြက်သားက အရောင်ထွက်လာမယ်လို့ ကျောက်မိုချင်းတို့မထင်ခဲ့။
အရင်တစ်ခါချက်တဲ့အမဲသားထက်တောင် မယုံချင်စရာကောင်းနေသေးတော့။
နောက်ပြီး သူတောင်းစားကြက်သားဖွင့်လိုက်သောအခါ အနံ့ပြင်းပြင်းထွက်လာပြီး သူတို့စိတ်မထိန်းနိုင်။
အနံ့ +၄ အရည်အသွေးကြောင့်ပင်။
အသားနံ့ကမြန်မြန်ဆန်ဆန်ပြန့်သွားပြီး အပြင်မှပန်းအိမ်အစုအဝေးမန်နေဂျာနှင့်အစောင့်များတောင် အနံ့ရသည်ဟုဆိုနိုင်သည်။
နောက်ပြီး +၄ အရည်အသွေးက ထိုနေရာတင်မရပ်။ အမွှေးနံ့ကသိပ်သည်း၍ပျောက်ကွယ်မသွားဘဲ လျှောက်လည်နေသောခရီးသည်များတောင် အနံ့ရသည်။
နည်းလမ်းတကျပြောရရင် အစားအစာအနံ့က ဒီလောက်ဝေးဝေးမရောက်နိုင်။
သို့သော် ခရီးသည်များသွားရင်းလာရင်း ထိုအနံ့ကိုစွဲသွားပြီး_
"အနံ့ကမွှေးလိုက်တာ... ဘယ်သူချက်နေတာလဲ?''
"အသားချက်တာလားလို့!''
"ဒီဘက်ကလာတာပဲ!''
ခရီးသည်များက ထိုနေရာလှမ်းကြည့်လိုက်ရာ သီးသန့်ပန်းအိမ်များကိုတွေ့ရသည်။ အပြင်မှာ ပန်းအိမ်မန်နေဂျာနှင့်ဝန်ဆောင်မှုပေးသောဝန်ထမ်းများကိုလည်းတွေ့ရသည်။
***