ခရီးသည်တချို့ကအဖြေရှာချင်သော်လည်း ထိုမြင်ကွင်းကြောင့် လက်လျှော့လိုက်သည်။ သာမန်လူမဖြစ်နိုင်သောကြောင့် သူတို့ဒုက္ခသူတို့မရှာချင်။
သို့ရာတွင် ထိုအနံ့ကြောင့်သွားရည်ကျပြီး ဗိုက်ဆာသလိုလိုတောင်ရှိသည်။
"ရုတ်တရက်ကြီး အသားကင်စားချင်သလိုပဲ''
"အင်း.. စားထားတာတောင်မကြာသေးဘူး... ဗိုက်ဆာသလိုလိုဖြစ်လာပြီ''
"စားသောက်ဆိုင်သွားပြီး အသားကင်မှာစားရအောင်''
အထူးကြက်သား၏နှုတ်မြိန်ခြင်း +၃ အာနိသင်ကြောင့်ပင်။
ပန်းအိမ်မန်နေဂျာနှင့်အစောင့်များလည်း ထိုအာနိသင်ကိုခံစားရသည်။ သူတို့ဗိုက်ထဲအသံမြည်ပြီး ဆာလောင်သလိုဖြစ်လာသည်။
သို့သော် ဝန်ထမ်းဖြစ်၍ငြိမ်ငြိမ်နေရန် ကိုယ့်ကိုယ်ကိုယ်သတိပေးနေရသည်။
ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်က မတူ။ +၃ အရည်အသွေးကြောင့် သူတောင်းစားကြက်သားကို ချက်ချင်းမြည်းချင်လာသည်။
"ဥက္ကဌချင်.. ရှင်ချက်ရင် ကြက်သားတောင် ဆွဲဆောင်မှုရှိနေတာ... မယုံစရာပဲ!''
ထန်ရှိုးဝမ် မချီးကျူးဘဲမနေနိုင်တော့_
"ဒါဘယ်လောက်အရသာရှိမလဲမပြောတတ်ဘူး''
"ညီလေးချင်.. မြန်မြန်လုပ်ကွာ... အနံ့နဲ့တင် မခံနိုင်တော့ဘူး''
လီခိုင်က လောလိုက်သည်။
ချင်လင်ကပြုံးပြီး ဓားယူကာ ကြက်သားကိုစလှီးသည်။ လူတိုင်းကိုတပိုင်းစီပေးပြီး ထန်ရှိုးဝမ်သမီးကိုတောင် ကြက်ခြေထောက်တစ်ချောင်းပေးလိုက်သည်။
ရင်ပုံသားကိုမူ လင်းဖန်တို့ကရသည်။ အသားအရည်အသွေးကောင်းသော်လည်း လူကြီးသွားက လူငယ်လောက်မကောင်း။ ဒီအပိုင်းက လူကြီးများအတွက်သင့်တော်သည်။
လီခိုင်က အသားရရချင်းတန်းစားသည်။ သို့သော် တစ်ကိုက်ကိုက်ရုံနှင့် စားကောင်းခြင်း +၄၊ အထိအတွေ့ +၄ အရည်အသွေးကြောင့် မယုံနိုင်ပုံဖြစ်သွားပြီး_
"ညီလေးချင်.. အရသာရှိလိုက်တာ... မင်းက ကောင်းကောင်းဝှက်ထားတာပဲ... မင်းချက်တဲ့ကြက်သားက အရမ်းကောင်းတယ်... ငါတို့သိတာ ကြာလှပြီ... ဒါပေမဲ့ ငါ့ကိုအမြည်းတောင်မကျွေးဘူးနော်''
"ဥက္ကဌချင်လက်ရာက အံ့ဩစရာပါပဲ''
ထန်ရှိုးဝမ်က ချီးကျူးသည်_
"ကျွန်မလျှာကိုက်မိတော့မယ်''
ကျောက်မိုချင်းတောင် +၄ စားကောင်းသောက်ဖွယ်ကို တစ်ကြိမ်သာစားဖူးသည်။
စားသောက်ပွဲတုန်းက ချင်လင်သူမအတွက်ချက်ပေးသောအမဲသားပင်။
သူမယောက်ျားက အရောင်ထွက်သောအစားအစာလုပ်နိုင်မှန်းသိသောအချိန်ဖြစ်သည်။
ဒီလိုအရသာရှိတဲ့အစားအစာမျိုးပထမဆုံးအကြိမ်စားဖူးခြင်းလည်းဖြစ်သည်။
အခု သူတောင်းစားကြက်သားစားပြီး အမဲသားထက်လုံးဝမလျော့သလိုခံစားရသည်။ နူးနူးညံ့ညံ့ကြက်သားက အရင်ကအမဲသားထက်သာနေသလိုပင်။
ဘာရယ်မဟုတ်၊ ဒီလိုအရသာရှိတဲ့အစားအစာမျိုးချက်တတ်တဲ့ယောက်ျားကိုပိုင်ဆိုင်ထားတာ အရမ်းဂုဏ်ယူစရာကောင်းသည်ဟုခံစားရသည်။
ချင်လင်ကိုယ်တိုင်တောင် အရည်အသွေး ၄ စားကောင်းသောက်ဖွယ်ကိုမတွန်းလှန်နိုင်၊ သူကအတောင်ပံဖြတ်စားလိုက်သည်။
ထို့နောက် လီခိုင်က သူ့ကိုယ်ပိုင်ဓားပါယူလိုက်၏။
ကြက်ဖင်ကိုဖြတ်ပြီး ပါးစပ်ထဲတန်းထည့်လိုက်သောကြောင့် ချင်လင်အံ့ဩသွားသည်။
"ဒီနေရာမှာတောင် အစ်ကိုလီကဘာလို့ဒီလိုလုပ်နေတာလဲ?''
စားရင်းသောက်ရင်း ချင်လင်တစ်ခုသဘောပေါက်သွားသည်။ တခြားအစားအစာတွေက ဘာမှမဟုတ်၊ ဘယ်သူမှမစားတော့။ အားလုံးက သူတောင်းစားကြက်သားကိုသာအာရုံစိုက်နေကြသည်။
သူတောင်းစားကြက်သားကအနိုင်ပိုင်းထားပြီဖြစ်သော်လည်း တခြားအရည်အသွေး ၂ ဟင်းပွဲများကိုထိမည့်ပုံမရှိကြ။
နောက်ဆုံး ပန်းအိမ်မန်နေဂျာကိုသာ ထိုဟင်းပွဲများနှင့်မီးဖိုချောင်သုံးပစ္စည်းများပြန်ယူသွားခိုင်းလိုက်သည်။
တချိန်တည်းမှာ_
လင်းဖန်တို့တောင်အောက်ပြန်ဆင်းရန်မဖြစ်နိုင်၍ ပန်းအိမ်နှစ်အိမ်ရှင်းခိုင်းလိုက်သည်။
ကျောက်မိုချင်းနှင့်ချင်လင်က တစ်အိမ်နေသည်။
ချင်ဖုန်းလေးကိုမူ သူ့အဘွားလင်းဖန်လက်ထဲအပ်လိုက်သည်။
ညစာစားပြီးနောက် စကားစမြည်ပြောကြ၏။
အဓိကမှာ ကျောက်မိုချင်းနှင့်ထန်ရှိုးဝမ်၊ လင်းဖန်နှင့်ထန်ရှိုးဝမ်အမေဖြစ်သည်။ သက်တူရွယ်တူချင်းတွေ့ပါက စကားပြောစရာများသည်။
လီခိုင်က တင်းနေသောဗိုက်ကိုပွတ်နေသည်။ ချင်လင်နှင့်စကားပြောချင်သော်လည်း ချင်လင်ကငေးနေပြန်သည်။
ထို့ကြောင့် သူပျင်းသွားသည်။ ညီလေးချင်က အားလုံးကောင်းပေမဲ့ ခဏခဏငေးနေတတ်သည်။
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုအာရုံစိုက်နေသည်။ သူ့ဂိမ်းဇာတ်ကောင်အား ခြံပေါက်ဝသွားပြီး မြို့တော်ဝန်သောမတ်အပေါ်နှိပ်စေသည်။
စောစောကသူတောင်းစားကြက်သားကိုအာရုံစိုက်နေသော်လည်း အခုစားပြီးချိန်တွင် ဇာတ်ကွက်တာဝန်ကိုအရင်အပြီးသတ်ရမည်။
သောမတ်အပေါ်နှိပ်ပြီးနောက် စကားပြောပေါ်လာ၏:
(မင်းပြန်ရောက်လာတာ ကောင်းလိုက်တာ... မင်းနတ်ဘုရားမတောင်ပေါ်ခဏခဏသွားတယ်လို့ကြားတယ်... ငါ့မှာတောင်းဆိုစရာရှိတယ်... မြို့ထဲမှာ ကြီးကြီးမားမားဖြစ်နေပြီ... ကားတွေအများကြီးမြစ်ထဲကျသွားပြီး ဆီယိုစိမ့်တယ်)
(အခုမြစ်ထဲဆီယိုစိမ့်ပြီး ရေအရည်အသွေးမကောင်းတော့ဘူး... ဒါတို့သတ္တုမြို့တော်အပေါ်သက်ရောက်မှုကြီးလို့ ဖြေရှင်းဖို့နည်းလမ်းရှာရမယ်)
(နတ်ဘုရားမတောင်မှာ မြေအောက်မြစ်စောင့်မှင်စာတွေရှိတယ်လို့ လူပုလေးတစ်ယောက်ဆီကကြားဖူးတယ်... သူတို့မြေအောက်ရေတွင်းတွေမှာလည်း ဆီယိုစိမ့်ဖူးတယ်တဲ့)
(ဒါပေမဲ့ မိုးမခဘဲစားမှော်ပင်နဲ့ပြဿနာဖြေရှင်းခဲ့တယ်... မင်းကနတ်ဘုရားမတောင်ပေါ်မကြာခဏသွားတယ်ဆိုတော့ ရင်းနှီးမှာပေါ့... ငါ့ကိုမှင်စာကူရှာပေးဖို့တောင်းဆိုချင်တယ်!)
(မင်းကူညီမယ်ဆိုရင် မှင်စာရှိနိုင်တဲ့နေရာတွေကို မြေပုံလမ်းကြောင်းပေးမယ်!)
ချင်လင်ကတာဝန်ကိုကြည့်ပြီး ဂိမ်းထဲဝင်ရင်းတွေ့ခဲ့သောမှင်စာကိုသတိရသွားသည်။
နောက်ပိုင်း ဂိမ်းထဲအကြိမ်ကြိမ်ဝင်ခဲ့သော်လည်း ဘာမှင်စာမှမတွေ့တော့။ သောမတ်က ဒီလိုဇာတ်ကွက်တာဝန်ပေးလာမည်ဟုမထင်မိပေ။
နောက်ပြီး တာဝန်က သူရင်းနှီးနေသောအရာနှင့်ဆက်စပ်နေသည်။
မိုးမခဘဲစားမှော်ပင်။
သူအရင် ဂိမ်းထဲမှထုတ်ဖူးသောပစ္စည်းတစ်ခုပင်။
ရေပေါ်တံတားရှုခင်းနေရာတွင် မျောနေသောအပင်များက မိုးမခဘဲစားမှော်ဖြစ်သည်။ မိုးမခဘဲစားမှော်ကြောင့် ရေပေါ်တံတားကပိုနာမည်ကြီးခြင်းဖြစ်သည်။
မိုးမခဘဲစားမှော်၏ဓာတ်ပုံစားခြင်း +၁၊ ရေနှင့်ပတ်ဝန်းကျင်သန့်စင်ပေးခြင်း +၁၊ အလှ +၁၊ ဆွဲဆောင်မှု +၁ တို့ကြောင့်ပင်။
ဓာတ်ပုံစားခြင်း +၁ ကြောင့် ရေပေါ်တံတားရှုခင်းကိုပိုကောင်းစေသည်။
ရေသန့်စင်ခြင်း +၁ ကလည်း ရေပေါ်တံတားရှုခင်းနေရာမှရေအရည်အသွေးကို အလွန်ကောင်းစေသည်။ တခြားအရည်အသွေးသုံးမျိုးက ခရီးသည်များ၏အာရုံခံစားမှုအပေါ်တိုက်ရိုက်သက်ရောက်မှုရှိသည်။
သောမတ်ပေးသောတာဝန်က မိုးမခဘဲစားမှော်၏ ရေနှင့်ပတ်ဝန်းကျင်သန့်စင်စေခြင်း +၁ အာနိသင်ကိုအမှတ်ရစေသည်။
သို့သော် ဆီကြောင့်ဖြစ်သောရေညစ်ညမ်းမှုက ရေသန့်စင်ခြင်း +၁ အရည်အသွေးနှင့်ဖြေရှင်းနိုင်မည့်အရာမဟုတ်။
ဒီလိုညစ်ညမ်းမှုမျိုးက ဆိုးရွားသည်။ သာမန်ရေညစ်ညမ်းခြင်းမဟုတ်ဘဲ မိုးမခဘဲစားမှော်တောင် ရှင်နိုင်မည်မဟုတ်ပေ။
မောရိသျှမှဆီယိုစိမ့်မှုဘယ်လောက်ဆိုးလဲသာ စဉ်းစားကြည့်ပါ။
ဒီတော့ သောမတ်ပေးတဲ့တာဝန်ထဲက မိုးမခဘဲစားမှော်မှာ သူထုတ်လာတဲ့အမျိုးအစားမဖြစ်နိုင်။
အမျိုးအစားချင်းသာတူရင် မြို့ထဲကမျိုးစေ့ဆိုင်မှာရောင်းသည်။ သောမတ် သူ့ကိုလာရှာစရာမလို။
ချင်လင်ကချက်ချင်း တာဝန်ကိုလက်ခံပြီး မှတ်ချက်ကြည့်လိုက်သည်။
သူလက်မခံရင် ရူးနေလို့ပေါ့။
သောမတ်တာဝန်က မြေပုံပေးပြီးဘာမှမရနိုင်သော်လည်း အထူးမိုးမခဘဲစားမှော်ပင်ရရင် ဖြေသာသေးသည်။
အဲဒါနဲ့ ဆီယိုစိမ့်တာဖြေရှင်းနိုင်ရင် လက်တွေ့ဘဝမှာဘယ်လောက်အသုံးဝင်လိုက်မလဲ?
ကမ္ဘာ့လူနေထိုင်ရာအများစုတွင် ရေပြဿနာရှိပြီး ငါးမျိုးတုံးပျောက်ကွယ်မှုဖြစ်စေသောအကြောင်းရင်းတစ်ရပ်လည်းဖြစ်သည်။
အမေရိကတောင် ရေ ၆၅% တွင် စွန့်ပစ်အစားအစာ၊ သတ္တု၊ မြေဩဇာ၊ ပိုးသတ်ဆေးများရောနေသည်။
ဥရောပမြစ် ၅၅ စင်းတွင် မြစ် ၅ စင်းမှရေကိုသာအသုံးပြုနိုင်သည်။
အသုံးမဝင်သလောက်ဖြစ်ပြီး အလုပ်မဖြစ်ချေ။
ဒီအပင်ကို အပြင်သယ်သွားရင် အနောက်နိုင်ငံတွေဘယ်လောက်အားကျလိုက်မလဲ?
မဖြစ်မနေလိုချင်မှာပဲမလား?
ဒါပေမဲ့ သူတို့လိုချင်လည်း အသုံးမဝင်။ သူတို့ကို အသုံးပြုခွင့်မပေးနိုင်။
တစ်ခုခုနှင့်အလဲအလှယ်လုပ်ရမည်။
တွေးကြည့်ရုံနှင့်တင် သူဂုဏ်ယူမိသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား တာဝန်လက်ခံစေပြီးနောက် သူ့အတွေးနှင့်သူပြုံးလိုက်သည်။
လီခိုင်ကကြည့်နေရင်း မနေနိုင်ဘဲ_
"ညီလေးချင်.. ငေးတာတော့ ထားပါတော့... ဘာတွေရယ်နေတာလဲ? မဟုတ်မဟပ်တွေတွေးနေတာလား?''
ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် အနီရောင်အစက်များပါသောမြေပုံတစ်ခါပေါ်လာသည်။ တစ်နေရာချင်း သူရှာကြည့်ရမည်။
ကံကောင်းရင် တစ်နေရာရာမှာရှာတွေ့ပြီး ကံမကောင်းရင်တော့ အရပ်လေးမျက်နှာလိုက်ရှာရနိုင်သည်။
(မြေပုံသုံးပြီး နတ်ဘုရားမတောင်တက်လမ်းကြောအသစ်ဖွင့်ချင်ပါသလား?)
ချင်လင်ကမှတ်ချက်ဖတ်ပြီး 'ဖွင့်မည်' ကိုတန်းရွေးလိုက်သည်။
ခဏအကြာ နောက်ထပ်အသိပေးစာရသည်။
(နတ်ဘုရားမတောင်ပေါ်လမ်းသစ်တချို့ပေါ်နေပါပြီ... သွားကြည့်ရအောင်!)
ချင်လင်က ဂိမ်းဇာတ်ကောင်အား မြေပုံဖွင့်ကြည့်စေသည်။ နတ်ဘုရားမတောင်ပေါ်တွင် အမှန်ပင်လမ်းအသစ်များတွေ့ရသည်။
သို့သော် ယာယီပေါ်ခြင်းသာဖြစ်ပြီး တာဝန်ပြီးလျှင်ပျောက်သွားမည်ဟု မှတ်ချက်ပါသည်။
ထိုအတွေးနှင့် ချင်လင်ကအချိန်ဆွဲမနေဘဲ ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်ပေါ်ချက်ချင်းတက်စေသည်။
***