တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သတိထားမိလိုက်တဲ့ ကျုံ့းမု က နောက်ဆုတ်နေတာကို ရပ်တန့်လိုက်ပါတယ်။
"ရှင့် အလိုကျက ဘာလဲ"
ကျုံးမု က အေးစက်စက် လေသံနဲ့ မေးလိုက်ပါတယ်။
"မင်းက အရှေ့ရောင်ခြည် ဂိုဏ်း ကို ဝင်ချင်တာ မဟုတ်ဘူးလား။ ရိုးရှင်းပါတယ်။ သခင်လေး ငါ ကူညီပေးလိုက်ရင်၊ ဒါက အသေးအဖွဲ ကိစ္စလေးပါပဲ။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ရယ်မောလိုက်ပါတယ်။
"ဒီတိုင်းလေးနဲ့ပဲ ကျွန်မကို အရှေ့ရောင်ခြည် ဂိုဏ်း ထဲ ဝင်ခွင့်ပေးမယ်ပေါ့"
သေချာတာပေါ့... ကျုံးမု ဟာ ဒီလို စကားမျိုးကို ထပ်ယုံရလောက်အောင် အရူး တစ်ယောက် မဟုတ်ပါဘူး။
"သခင်လေးဖြစ်တဲ့ ငါက အလကားတော့ အလုပ်မလုပ်ပေးနိုင်ပါဘူး။ ပြီးတော့ ဒီတစ်ယောက်ကတော့ ငါ အချစ်ဆုံး မောင်းမငယ်လေးပဲ။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက မြေပြင်ပေါ်က အလောင်းကို ခြေထောက်နဲ့ တစ်ချက် ကန်လိုက်ပါတယ်။ အဲဒီနောက် သူက ဆက်ပြောပါတယ်။
"မင်းက သူမကို သတ်လိုက်ပြီ ဆိုတော့၊ သူမ နေရာကို မင်း အစားထိုး ဝင်ယူပေးရလိမ့်မယ်။"
"အဲဒါ လုံးဝမဖြစ်နိုင်ဘူး။"
ကျုံးမု က တုံ့ဆိုင်းမနေဘဲ ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် သူမက ပြောလိုက်ပါတယ်။
"အရှေ့ရောင်ခြည် ဂိုဏ်း က ကျွန်မနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ဒီနေ့တော့ ရှင့်အလိုကို ကျွန်မ မလိုက်လျောနိုင်ဘူး။"
"ဟီးဟီး။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ရယ်မောလိုက်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းလိုက်ပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာတင်၊ သူ့နောက်က တြိဂံပုံစံ မျက်လုံးတွေနဲ့ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအို ဟာ ကျုံးမု ရဲ့ ရှေ့ မလှမ်းမကမ်းမှာ ပေါ်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ၊ လှိုင်းလုံးကြီး တစ်ခုလို ပြင်းထန်တဲ့ ကီ စွမ်းအင်တွေက သူ့ခန္ဓာကိုယ် ကနေ ဖြာထွက်လာပါပြီ။
အဘိုးအိုရဲ့ လက်ထဲမှာ ကြီးမားတဲ့ တံဆိပ်တုံးကြီး တစ်ခု ပေါ်လာပြီး၊ အဲဒီ တံဆိပ်တုံးကြီး ဆီက ထွက်ပေါ်နေတဲ့ ကြောက်မက်ဖွယ် ကီ စွမ်းအင်တွေကြောင့် ကျုံးမု တစ်ယောက် မသိစိတ်ကနေ ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်မိပါတယ်။
"ဝမ်ရှင်းသူတော်စင် အဆင့်"
ကျုံးမု က သွားကြိတ်လိုက်ပြီး၊ သူမရဲ့ နှလုံးသားက အနည်းငယ် အောက်ဆုံးကို ထိုးဆင်းသွားတော့ပါတယ်။
"ဒီနေရာက အင်မော်တယ် အရက်သမား စားသောက်ဆိုင် လေ။ ရှင်က ဒီနေရာမှာ ပြဿနာ ရှာရဲတယ်ပေါ့"
ကျုံးမု က ခြိမ်းခြောက်လိုက်ပါတယ်။
"ဟားဟားဟားဟား။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက အားရပါးရ ရယ်မောလိုက်ပါတယ်။
"ဒီ အင်မော်တယ် အရက်သမား စားသောက်ဆိုင် နောက်ကွယ်က ပိုင်ရှင်က အရှေ့ရောင်ခြည် ဂိုဏ်း က လေပြင်းတစ်ထောင် အင်မော်တယ်ပဲ။ ပြီးတော့ ငါတို့ရဲ့ သခင်လေး က လေပြင်းတစ်ထောင် အင်မော်တယ် ရဲ့ တစ်ဦးတည်းသော သားလေ။"
အဘိုးအိုက အေးစက်စက် အပြုံးနဲ့ ရှင်းပြလိုက်ပါတယ်။
"..."
ကျုံးမု တိတ်ဆိတ်သွားပါတယ်။ ဒီနေ့ သူမ လွတ်မြောက်ဖို့ မျှော်လင့်ချက်က သိပ်မရှိတော့ဘူး ဆိုတာကို သူမ သိလိုက်ပါပြီ။
"ကျွန်မ သေရင်တောင်၊ အရှုံးပေးမှာ မဟုတ်ဘူး။ အိပ်မက် မမက်နဲ့။"
ကျုံးမု က အဘိုးအိုရဲ့ နောက် မလှမ်းမကမ်းမှာ ရှိနေတဲ့ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားကို စိုက်ကြည့်လိုက်ပါတယ်။ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားကို ဓားစာခံ အဖြစ် ဖမ်းထားနိုင်မှသာ သူမအတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရှိနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ကျုံးမု ဒီလို တွေးနေတုန်းမှာပဲ၊ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ရုတ်တရက် ပြောလိုက်ပါတယ်။
"ကျုံးမု... မင်းက သေရမှာကို မကြောက်ဘူး ဆိုပေမဲ့၊ မင်းရဲ့ သာမန်လူ ခင်ပွန်း ကရော သေရမှာကို ကြောက်မလား မသိဘူးနော်"
"ရှင် ဘာပြောချင်တာလဲ"
ကျုံးမု က ချက်ချင်းကို စိုးရိမ် ထိတ်လန့်သွားပါတယ်။
"ဒီလောကကြီးထဲမှာ စိတ်ဝိညာဉ် ရှာဖွေတဲ့ ကျင့်စဉ် တွေကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူ တွေ အများကြီး ရှိတယ် ဆိုတာ မင်း သိလား။ တကယ်လို့ မင်းက ငါ့ကို အညံ့မခံဘူးလို့ ခေါင်းမာနေမယ် ဆိုရင်တော့၊ ငါ မင်းကို ဖမ်းပြီး မင်းရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေရလိမ့်မယ်၊ အဲဒီအခါကျရင် ငါ့ကို အပြစ်မတင်နဲ့နော်။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက လှောင်ပြောင်လိုက်ပါတယ်။
"မင်းရဲ့ သာမန်လူ ခင်ပွန်း ကို ငါ ရှာတွေ့တာနဲ့ တစ်ပြိုင်နက်၊ သေချင်ပေမဲ့ သေလို့ မရဘူး ဆိုတာ ဘာလဲ ဆိုတာကို သူ သိသွားအောင် ငါ သေချာပေါက် လုပ်ပေးမယ်။"
"ယုတ်မာလိုက်တာ။"
ကျုံးမု က ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီလောကကြီးထဲမှာ ဒီလို လူမျိုး ရှိနေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပါဘူး။
"မင်းက မြှောက်ပြောလွန်းနေပါပြီ။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ရယ်မောလိုက်ပြီး အမျိုးသမီးရဲ့ အလောင်းကို နောက်တစ်ကြိမ် ကန်ရင်း မေးလိုက်ပါတယ်။
"သူမက ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးသွားလဲ ဆိုတာ မင်း သိလား"
ကျုံးမု က ဘာမှ မပြောပါဘူး။
" သူမရဲ့ မိသားစု ဆယ့်နှစ်ယောက်စလုံး ရဲ့ အသက်တွေက ငါ့လက်ထဲမှာ ရှိနေလို့လေ။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ပြောပြီးတဲ့နောက် အားရပါးရ ရယ်မောလိုက်ပါတော့တယ်။
ဒီအချိန်မှာပဲ။
ဝှစ်။
ကျုံးမု က ရုတ်တရက် လှုပ်ရှားလိုက်ပါတယ်။ သူမရဲ့ ပုံရိပ်က မျက်တောင်တစ်ခတ် အတွင်းမှာတင် အနက်ရောင် မျဉ်းကြောင်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး၊ ဝမ်ရှင်းသူတော်စင် အဆင့် ကျင့်ကြံသူကြီး တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ခင်မှာပဲ၊ ကျုံးမု ဟာ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားရဲ့ ဘေးကို ရောက်ရှိသွားပါပြီ။
ကျုံးမု က အဖြူရောင် ဝတ်ရုံရှင် အမျိုးသားရဲ့ လည်ပင်းကို ဆွဲညှစ်ဖို့ လက်လှမ်းလိုက်ပေမဲ့၊ အဖြူရောင် ဝတ်ရုံရှင် အမျိုးသား ကတော့ လုံးဝ ထိတ်လန့် တုန်လှုပ်ခြင်း မရှိပါဘူး။ အရောင်ငါးမျိုး ပါတဲ့ အကာအကွယ်လွှာ တစ်ခုက သူ့ပတ်လည်မှာ ရုတ်တရက် ပေါ်လာပြီး၊ သူ့ကို အလယ်ဗဟိုမှာ ခိုင်မာစွာ ကာကွယ်ပေးထားပါတယ်။
တစ်ချိန်တည်းမှာပဲ၊ အနက်ရောင် အလင်းတန်း တစ်ခုက အဖြူရောင် ဝတ်ရုံရှင် အမျိုးသားရဲ့ ခန္ဓာကိုယ် ကနေ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ကျုံးမု ဆီကို ဦးတည် တိုက်ခိုက်လာပါပြီ။
ကျုံးမု ဟာ အနက်ရောင် အလင်းတန်း ကို သီသီလေး ရှောင်တိမ်းပြီးသွားချိန်မှာ အနက်ရောင် အလင်းတန်း က ဆက်ပြီး လိုက်မတိုက်ခိုက်တော့ပါဘူး။ အဲဒီအစား အဖြူရောင် ဝတ်ရုံရှင် အမျိုးသားရဲ့ လက်ထဲကို ဖြည်းညင်းစွာ ပြန်လည် ပျံသန်းသွားပါတယ်။
"မင်းဆီမှာ ဒီလို လှည့်ကွက် မျိုး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ၊ မင်းက သခင်လေးဖြစ်တဲ့ ငါ့ကို အရမ်း အထင်သေးလွန်း နေတယ်။"
ကျုံးမု က နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်ပါတယ်။ ဒီအချိန်မှာ၊ မျှော်လင့်ချက် ကင်းမဲ့မှု အရိပ်အယောင်လေး တစ်ခုက သူမရဲ့ နှလုံးသားထဲမှာ ထင်ဟပ်နေပါပြီ။
"သေသေချာချာ စဉ်းစားပါ။ ငါသခင်လေးရဲ့ တောင်းဆိုမှုကို မင်း သဘောတူသရွေ့၊ မင်း အရှေ့ရောင်ခြည် ဂိုဏ်း ကို ဝင်လို့ ရပြီ။ ငါ မင်းကို ကတိပေးတယ်၊ မင်းရဲ့ သာမန်လူ ခင်ပွန်း ကို ဇင်တျန် သက်ရှိ တစ်ယောက် ဖြစ်လာအောင်၊ ပြီးတော့ ဇီဖူ အဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ဖြစ်လာအောင် ငါ ကူညီပေးနိုင်သေးတယ်။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ဆက်ပြောပါတယ်။
"ဒါပေမဲ့ မင်းက အဆုံးထိ ဆန့်ကျင်နေမယ် ဆိုရင်တော့၊ မင်း သေရုံတင် မကဘူး၊ မင်းရဲ့ သာမန်လူ ခင်ပွန်း လည်း သေရလိမ့်မယ်၊ ပြီးတော့ သူက ကောင်းကောင်းမွန်မွန် သေရမှာ မဟုတ်ဘူး။ ဝိညာဉ် ပျက်စီးပြီး သေဆုံးသွားတာက သူ့အတွက် အသေးအဖွဲလေး ဖြစ်သွားလိမ့်မယ်။"
နောက်ဆုံးမှာတော့ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
"မင်း စဉ်းစားဖို့ ငါ ဆယ့်ငါးမိနစ် အချိန်ပေးမယ်။ မင်းဘာသာ ရွေးချယ်လိုက်။"
...
တစ်ချိန်တည်းမှာပဲ အရှေ့ရောင်ခြည် တောင်တော် ပေါ်မှာ။
"ဒီလေ့ကျင့်မှု က တကယ်ကို ရက်စက်လွန်း ပါတယ်။ ဒါပေမဲ့ သူမသာ ဒီနှလုံးသား လေ့ကျင့်မှု ကို ကိုယ်ပိုင် စွမ်းအားနဲ့ ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်၊ တာအိုရောင်းရင်းရဲ့ တာအိုလက်တွဲဖော် အနာဂတ် အောင်မြင်မှု တွေက တိုင်းတာလို့တောင် ရနိုင်တော့မှာ မဟုတ်ဘူး။"
အရှေ့ရောင်ခြည် ကောင်းကင်အင်မော်တယ် က ဖြည်းညင်းစွာ ပြောလိုက်ပါတယ်။
ဂျူဟွာက ဘာမှ မပြောပါဘူး။ သူ မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်။ ခဏအကြာမှာတော့၊ ဂျူဟွာရဲ့ ပုံရိပ်က ရုတ်တရက် မှုန်ဝါးသွားပြီး ဒီနေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
"ဟူး... ဒီ တာအိုရောင်းရင်း ရဲ့ နှလုံးသား က လုံလောက်အောင် မရက်စက်နိုင်သေးပါလား။ ကျင့်ကြံခြင်း လမ်းစဉ်က မိုးကောင်းကင်ကို တက်ရတာထက် ပိုခက်ခဲတယ် ဆိုတာကို သူ မသိဘူးလား"
အရှေ့ရောင်ခြည် ကောင်းကင်အင်မော်တယ် က ခေါင်းခါလိုက်ပါတယ်။
အချိန်တွေက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားပါတယ်။ ကျုံးမု အတွက်ကတော့ စက္ကန့်တိုင်းက နာကျင်မှု တစ်ခုပါပဲ။ မရေမတွက်နိုင်တဲ့ အတွေးတွေက သူမရဲ့ ခေါင်းထဲမှာ ဖြတ်သန်းသွားပါတယ်။ တချို့အချိန်တွေမှာ ဘာမှ တွေးမရတော့လောက်အောင် ဖြစ်သွားပြီး၊ တချို့အချိန်တွေမှာတော့ အနှစ်သုံးဆယ် တိုင်တိုင် ချစ်ချစ်ခင်ခင် ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပါတယ်။
ရုတ်တရက်ဆိုသလို။
ဂျူဟွာရဲ့ ပုံရိပ်က ကျုံးမု ရဲ့ ရှေ့မှာ ပေါ်လာပါတယ်။ သူက ကျုံးမု ရဲ့ ပခုံးပေါ်ကို လက်တစ်ဖက် တင်လိုက်ပါတယ်။
ကျုံးမု က လန့်သွားပေမဲ့၊ ဘာကြောင့်မှန်း မသိဘဲ ဒီအချိန်မှာ သူမရဲ့ နှလုံးသားက ရုတ်တရက် ငြိမ်သက်သွားပါပြီ။
"ဇနီးလေး... ဒီတစ်ခါတော့၊ နောက်ဆုံးမှာ ကိုယ် မှားသွားခဲ့ပါတယ်။"
ဂျူဟွာက တိုးတိုးလေး ပြောလိုက်ပါတယ်။
ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတော့၊ ကျုံးမု က အနည်းငယ် ဇဝေဇဝါ ဖြစ်စွာနဲ့ မော့ကြည့်လိုက်ပါတယ်။ ရင်းနှီးသလို၊ စိမ်းသက်သလို ခံစားရတဲ့ ဂျူဟွာရဲ့ မျက်နှာကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့ အခါ၊ သူမရဲ့ စိတ်က ချက်ချင်း ဟာလာဟင်းလင်းဖြစ်သွားပါတော့တယ်။
ကျုံးမု အိမ်က ထွက်လာတုန်းက၊ ဂျူဟွာက လူလတ်ပိုင်း အရွယ်ကို ရောက်နေပြီလေ။ အခု ဂျူဟွာက သူ့ရဲ့ ငယ်ရွယ်တဲ့ ပုံစံကို ပြန်ပြောင်းထားတော့၊ ကျုံးမု တစ်ယောက် အနည်းငယ် စိမ်းနေခဲ့တာပါ။
ဒါပေမဲ့ ကျုံးမု ဘာမှ မပြောရသေးခင်မှာပဲ၊ ဒေါသတကြီး အော်ဟစ်သံ တစ်ခုက သူတို့ နှစ်ယောက်စလုံးရဲ့ နားထဲမှာ ပဲ့တင်သံထပ် ကြားလိုက်ရပါပြီ။
"မင်းက ဘယ်သူလဲ။ အင်မော်တယ် အရက်သမား စားသောက်ဆိုင် ထဲကို ဘယ်လိုများ ကျူးကျော် ဝင်ရောက်လာရဲတာလဲ"
"ငါလား"
ဂျူဟွာက လှည့်ကြည့်လိုက်ပါတယ်။ ဒေါသထွက်နေတဲ့ အဖြူရောင် ဝတ်ရုံရှင် အမျိုးသားကို ကြည့်ပြီး မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
"ငါက မင်း ပြောနေတဲ့ 'ကျုံးမု ရဲ့ သာမန်လူ ခင်ပွန်း' ဆိုတာပဲ။"
"ကောင်းတယ်... အရမ်း ကောင်းတယ်။"
အဖြူရောင် ဝတ်ရုံရှင် အမျိုးသားက မောက်မာ ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး သူ့လက်ထဲက အမိန့်ပေး တံဆိပ်တော် တစ်ခုကို ပြင်းပြင်းထန်ထန် ချေမွပစ်လိုက်ပါတယ်။
ဂျူဟွာ ရုတ်တရက် ပေါ်လာတာက အရမ်းကို ရုတ်တရက် ဆန်လွန်းတာကြောင့်၊ အဖြူရောင် ဝတ်ရုံရှင် အမျိုးသား အနေနဲ့ ပေါ့ပေါ့ဆဆ မနေရဲပေမဲ့၊ သူက လုံးဝ ကြောက်ရွံ့နေတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီနေရာက အင်မော်တယ် အရက်သမား စားသောက်ဆိုင် လေ။
ပြီးတော့ ဒီနေရာက အရှေ့ရောင်ခြည် မြို့တော် အတွင်းမှာ ဖြစ်နေလို့ပဲ။
ဝုန်း။
မျက်တောင်တစ်ခတ် အတွင်းမှာတင်၊ မူလတာအိုသူတော်စင် တစ်ပါး ဦးဆောင်တဲ့ ဝမ်ရှင်းသူတော်စင် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် က တံခါးကို ချိုးဖျက်ပြီး ဝင်ရောက်လာပါတယ်။
ဒီလူတွေက ကြီးမားတဲ့ ဝင်္ကပါ တစ်ခုကို သိမ်မွေ့စွာ ဖွဲ့စည်းလိုက်ပါပြီ။ အဲဒီ ဝင်္ကပါ ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြီးမားသလဲ ဆိုရင်၊ တားမြစ်အစီအရင် တွေ အများကြီး ရှိနေတဲ့ ချန်းအဆောင် အခန်း နံပါတ် (၁) တောင် အဆက်မပြတ် တုန်ခါသွားပါတယ်။
"ငါ့ရဲ့ အင်မော်တယ် အရက်သမား စားသောက်ဆိုင် မှာ ဘယ်သူကများ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတာလဲ"
ဦးဆောင်လာတဲ့ မူလတာအိုသူတော်စင် က အေးစက်စက် အော်ဟစ်လိုက်ပါတယ်။
"ငါပဲ။"
ဂျူဟွာက ခေါင်းလှည့်ပြီး အဲဒီဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ ဓားစိတ်ဆန္ဒတွေက သူ့မျက်လုံးတွေထဲမှာ လှိုင်းထနေပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာတင်၊ ကျူးကျော် ဝင်ရောက်လာတဲ့ မူလတာအိုသူတော်စင် နဲ့ သူ့နောက်က ဝမ်ရှင်းသူတော်စင် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ဟာ ခန္ဓာကိုယ် တောင့်တင်းစေတဲ့ ဂါထာ တစ်ခု အမိခံလိုက်ရသလိုမျိုး၊ လေထဲမှာ အေးခဲသွားပါတော့တယ်။
ခဏအကြာမှာတော့၊ ဒီအစွမ်းထက် ကျင့်ကြံသူ ဆယ်ယောက်ကျော် ဟာ မုန့်ဖက်ထုပ်တွေလိုမျိုး ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာကြပါပြီ။
သံသယ ဝင်စရာ မလိုပါဘူး... သူတို့ သေသွားကြပြီလေ။
***