ထိုအရာက အံ့မခန်း မြန်ဆန်သည့် ထိုးချက်ပင်။ အံ့မခန်းလောက်သည့် လုပ်ကြံသတ်ဖြတ်မှုပင်။
လှံတံတစ်ချက်တည်းဖြင့် ရန်ချီက အနက်ရောင် ရေနဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့လေပြီ။ သက်ရှိတစ်ယောက်၏ စိတ်ဝိညာဉ်ကို ယူဆောင်ဖို့အတွက် ငရဲနတ်ဆိုး လှံတံက သေခြင်းကို အုပ်စိုးသည့် ငရဲနတ်သားတစ်ယောက် အမှန်တကယ် နိုးထလာသကဲ့သို့ ဖြစ်ပေါ်လာ၏။
ရန်ချီက ကြီးမားလှသည့်အလောင်းကြီးကိုကြည့်ကာ သူ့ နှလုံးသား၌ ယုံကြည်မှုနှင့် ဂုဏ်ယူသလို ခံစားလိုက်ရသည်။
ရန်ချီ၏ ချီတုံချတုံ ဖြစ်နေချိန် အတွင်းမှာ သူ့ စိတ်ထဲ၌ ပဋိပက္ခဖြစ်လာကာ အတွင်းနတ်ဆိုး ဖြစ်လာခဲ့သည်။ အကယ်၍ သူသာ နောက်ဆုတ်သွားခဲ့ပါက သူ့ ကျင့်စဉ်တိုးတက်ခြင်း လမ်းကြောင်း၌ ပြဿနာ ဖြစ်လာပေလိမ့်မည်။
သူရဲဘောကြောင်သူတစ်ယောက်က ခက်ထန်ပြီး ကျင့်ကြံရခက်ခဲသည့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မည်နည်း။ ထိုအရာက ငရဲကို ဖိနှိပ်နိုင်ဖို့အတွက် ရဲစွမ်းသတ္တိနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ လိုအပ်ပြီး ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ့ နှလုံးသားကသာ မိစ္ဆာနတ်ဘုရားများကို ကြောက်ရွံ့စေပြီး ထိန်းချုပ်နိုင်ပေလိမ့်မည်။ အကယ်၍ လူတစ်ယောက်က နောက်အနည်းငယ် ပြန်ဆုတ်လိုက်လျှင်ပင် ထိုလူက သူရဲဘောကြောင်သူ ဖြစ်လာပေလိမ့်မည်။
သို့သော် ရန်ချီက သူရဲဘောကြောင်သူ မဟုတ်ချေ။ သူက ကျင့်ကြံခြင်း၌ အဓိက မှတ်တိုင်တစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လေပြီ။
ထို့ကြောင့်ပင် သူက တော်တော်လေး အကျိုးရှိခဲ့သည်။
သူ့ စွမ်းအင်များကို စုဆောင်းပြီး အံ့မခန်း မြန်ဆန်စွာ တိုက်ခိုက်နိုင်ခဲ့လေရာ သူ့ အသက်ဓာတ်စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ သူ့ကိုသူ နက်ရှိုင်းစွာ ယုံကြည်မှု တိုးလာခဲ့သည်။
သူ့ အရှိန်အဝါက အခြေခံအဆင့်မှ စတင်၍ ပြောင်းလဲသွားခဲ့ပုံအရ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက သူ့ကို သစ္စာခံ အသိအမှတ် ပြုလိုက်ပုံ ရသည်။
အတိတ် တစ်ချိန်တုန်းက သူ့ အစစ်အမှန် စွမ်းအင်များက သူ့ကို ဆန့်ကျင်နေကာ အချိန်မရွေး ထဖောက်မည့်ပုံ ရှိနေခဲ့၏။ ထို့ကြောင့်ပင် ထိုစွမ်းအားများကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့သည်။ ယခုတော့ အရာရာက ကွဲပြားခြားနားသွားလေပြီ။ ဥပမာ သူက ယခုအချိန်၌ လေးရာသီ ဓားပညာကို မာကျောသည့် ပုံစံဖြစ်စေ၊ ပျော့ပျောင်းသည့် ပုံစံဖြစ်စေ အသုံးပြုနိုင်သည်။
သူက ယခုအချိန်၌ သံမဏိကို ထွင်းထုထားသည့် ပုံစံနှင့်ပင် တူညီနေသည်။
‘ဒီမိစ္ဆာအမြုတေက ဆိုးတော့ မဆိုးပါဘူး... ကံဆိုးတာက ဒါက ရေနဂါးတစ်ကောင်ရဲ့ ဟာလောက်ပဲဖြစ်ပြီး နဂါးတစ်ကောင်ရဲ့ဟာ မဟုတ်ရတာပဲ... နဂါးတွေဆို ဘယ်လောက်တောင် သန်မာလိုက်မလဲ...’
သူက မိစ္ဆာအမြုတေကို ငုံ့ကြည့်လိုက်ရာ ထိုအရာက ဖောက်ထွင်းမြင်နိုင်သည့် လတစ်စင်းနှင့် တူညီကာ နူးညံ့ညင်သာသော အလင်းရောင်များ ထွက်ပေါ်နေရာ သူ့အနီးရှိ အနက်ရောင် ရေထဲ အနီးအနားပင် မြင်နေရသည်။
သူ့အနီးရှိ အရာရာတိုင်းက ငြိမ်သက်နေရာ စွမ်းအင်လှိုင်း အနည်းငယ်မျှပင် ထမလာပေ။
အနက်ရောင်ရေနဂါး သေဆုံးသွားပြီးနောက် သူက ထိုကြီးမားသော အကောင်ကြီးထံမှ ရောနှော အစစ်အမှန် စွမ်းအင်များနှင့် အသက်ဓာတ်စွမ်းအားကို ငရဲမီးတောက် မီးပြင်းဖိုအတွင်း ထည့်သွင်းလိုက်ရာ ချက်ချင်းပင် ဆူပွက်လာသည်။
သူက တင်ပျဉ်ခွေထိုင်ကာ သူယူဆောင်ထားသည့် ရောနှော အစစ်အမှန်စွမ်းအင်များကို သူလိုအပ်နေသည့် အနှစ်သာရ ပြောင်းလဲဖို့အတွက် လုပ်ဆောင်လိုက်သည်။
ပုံမှန်အားဖြင့် အနက်ရောင် ရေနဂါး သေဆုံးခြင်းက အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲစေကာ အကွာအဝေး တစ်ခုထိ လှိုင်းများ ဖြစ်ပေါ်နိုင်သည်။
သို့သော်လည်း သူ့ ငရဲမီးတောက် မီးပြင်းဖိုကြောင့် ၎င်းကို ချက်ချင်း စုပ်ယူနိုင်လိုက်သည်။
အစစ်အမှန် စွမ်းအင်များက အနက်ရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သူ့ သွေးကြောများအတွင်း စီးဆင်းသွားပြီး သုံးကြိမ်လည်ပတ်ပြီးနောက် ၎င်းက ပြိုကွဲသွားကာ စုပ်ယူခံလိုက်ရသည်။
ရုတ်တရက် ရန်ချီက သူ့ သွေးများထဲ၌ နဂါးစွမ်းအားနှင့် ဆင်တူသည့် တစ်စုံတစ်ခု ရှိနေပြီး အချို့က သူ့ ကြွက်သားနှင့် အရိုးများတွင် ပျော်ဝင်နေသလို ခံစားလိုက်မိသည်။ ထိုအရာက ကောင်းကင်ဘုံ အမြင့်ဆုံးသို့ ပျံတက်နိုင်သည့် စွမ်းအားနှင့် တူညီကာ ပင်လယ်များ၏ အနက်ရှိုင်းဆုံး အောက်ခြေနှင့်လည်း ဆင်တူနေသည်။
သူ့၏ အရေပြားမှတစ်ဆင့် ရေထုထဲရှိ လေများကိုပင် စုပ်ယူနိုင်နေသည်။
ထိုအချက်အရ သူက ရေအောက်ထဲမှာ အသက်ရှူဖို့နှင့် နေထိုင်နိုင်ဖို့အတွက် အစစ်အမှန် စွမ်းအင်များကို အသုံးပြုဖို့ မလိုအပ်တော့ချေ။ သူက ပင်လယ်မျိုးနွယ်စုတစ်ယောက်နှင့်ပင် တူညီနေတော့သည်။
ထိုအရာက လူသားတစ်ယောက်အနေဖြင့် အနက်ရောင် ရေနဂါး၏ အစစ်အမှန် စွမ်းအင်များကို စုပ်ယူလိုက်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပေသည်။
အချိန်အတော်ကြာပြီးနောက် ရန်ချီက မတ်တပ်ရပ်လိုက်ကာ အားအင်ပြည့်၀သလို ခံစားလိုက်ရသည်။ သူက စွမ်းအင် ပြန်လည်ပြည့်၀လာရုံမကဘဲ ကျင့်ကြံခြင်းအခြေခံပါ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားလေပြီ။
မကြာသေးမီက သူထုတ်ဖော်ခဲ့သည့် ထိုးချက်က သူထုတ်ဖော် ပြုသမျှထဲမှ အစွမ်းတကာ အစွမ်းဆုံး ထိုးချက်တစ်ချက်ပင်။
‘မင်း ဘယ်လောက် သန်မာနေပါစေ ငါ ဂရုမစိုက်ဘူး ယွမ်ဟိုက်လန်... ငါ့ရဲ့ ထိုးချက်ကို မင်း တုံ့ပြန်ဖို့တောင် မီလိုက်မှာ မဟုတ်ဘူး... မင်း စောင့်နေပါ...’
ထို့ပြင် သူ့ ထိုးချက်ကို အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လက်ရွေးစင် ကျောင်းသား အနည်းငယ်လောက်သာ ခုခံကာကွယ်နိုင်မည်ဟု ယုံကြည်ထားသည်။
ယခုအချိန်မှာ သူက အဆင့် (၂) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း အကယ်၍ သူသာ လုံလုံလောက်လောက် မြန်မြန်ဆန်ဆန် တိုက်ခိုက်နိုင်ပါက လောကအုပ်ချုပ်ခြင်းအဆင့်ကို ခြောက်ကြိမ်တိုင်တိုင်အောင်မြင်ခဲ့သည့် အဆင့် (၆) လောကအုပ်ချုပ်သူကိုပင် သေလျှင်သေ မသေလျှင် ဒဏ်ရာ ရရှိစေနိုင်ပေလိမ့်မည်။
‘ငါ အနက်ရောင် ရေနဂါးတွေ ပိုရှာဖို့ လိုပြီ...’
ထို့နောက် သူက အနက်ရောင်ပင်လယ်ထဲမှ အနက်ရောင်အရိပ်တစ်ခု ဖြစ်လာသည်။ သူက ကမ္ဘာအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကဲ့သို့ အမျိုးမျိုးသောတောင်တန်းများနှင့် လျှိုမြောင်များ အတွင်း သွားလာကြည့်ရှုနေ၏။ သူက သူ့ စွမ်းအင်များကို စုစည်းကာ မူးဝေစေနိုင်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လေရာ မည်သည့် ရန်သူ့ အသက်ကိုဖြစ်ဖြစ် အဆုံးသတ်နိုင်သည်။
တစ်နာရီကြာပြီးနောက် သူက သလင်းကျောက်နန်းတော်နှင့် အရမ်းနီးကပ်လာခဲ့သည်။ တစ်ချိန်မှာတော့ နက်ရှိုင်းသော လျှိုမြောင်ကြီးတစ်ခု၌ လောကအုပ်ချုပ်ခြင်းအဆင့် ကြီးမားသော ရေနဂါးနှစ်ကောင်ကို တွေ့လိုက်ရသည်။
သူက ရေနဂါး တစ်ကောင်ကို လုပ်ကြံနိုင်သော်လည်း ရေနဂါးနှစ်ကောင်လုံး သတိမထားမိဘဲ သတ်ဖြတ်နိုင်ဖို့တော့ ယုံကြည်ချက်မရှိချေ။ ထိုအရာက မဖြစ်နိုင်သောကြောင့် သူက သူတို့ကို ကျော်ဖြတ်သွားခဲ့သည်။
သူက တဖြည်းဖြည်းနှင့် တစ်ယောက်တည်း ရှိနေသည့် မည်သူ့ကိုမဆို သတ်ဖြတ်ပစ်သည်။
မကြာသေးမီက ရရှိခဲ့သော ဉာဏ်အလင်းကြောင့် သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ ညင်သာသောအပိုင်းနှင့် ခက်ထန်သော အပိုင်းနှစ်ခုလုံးကို အသုံးပြုနိုင်လာလေရာ သတိပြုမိခြင်းမှ ကင်းလွတ်ဖို့က သူ့အတွက် ပိုမို လွယ်ကူလာခဲ့သည်။ အလားတူပင် သူ့ ငရဲနတ်ဆိုး ချပ်ဝတ်ကလည်း နူးညံ့ညင်သာလာကာ ရေထဲ၌ မသိသာစေဘဲ သွားလာလှုပ်ရှားနိုင်လာသည်။
မကြာမီမှာပင် သူက ရေအောက်မြစ်ထဲ၌ ကျင့်ကြံနေသည့် အနက်ရောင် ရေနဂါးအိုကြီးကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ၎င်းက လောကအုပ်ချုပ်သူ အဆင့် (၂)သို့ ရောက်ရှိနိုင်သည့် အလွန်အရေးကြီးနေသည့်အဆင့်သို့ ရောက်ရှိနေပုံရသည်။
တုန်လှုပ်စရာကောင်းသည်မှာ ထိုအနက်ရောင် ရေနဂါးကို ယင်မီးတောက် အလွှာများစွာက ကာကွယ်ထားခြင်းပင်။
၎င်းက အစစ်အမှန်စွမ်းအင် တိုးတက်လာစေဖို့ ယင်မီးတောက် ခန္ဓာသန့်စင်ခြင်းကို ကျင့်ကြံခဲ့ကာ လောကအုပ်ချုပ်သူ အဆင့် (၂) သို့ အဆင့်ချိုးဖောက် တက်လှမ်းနေခြင်း ဖြစ်ပေသည်။
‘ကောင်းကင်က ငါ့ကို တကယ်ကြီး ကူညီတာပဲ...’
ရန်ချီက မြစ်ထဲသို့ ဆင်းသွားကာ အကြီးအကျယ် ဖျက်ဆီးနိုင်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ဖို့ အတွက် စွမ်းအင်များကို စုစည်းလိုက်သည်။
အရာရာတိုင်းက အနည်းငယ် ရပ်ဆိုင်းသွားခဲ့သည်။
အနက်ရောင် ရေနဂါးက တိုက်ခိုက်ခံရပြီးနောက် ချက်ချင်းလဲကျသွားရာ အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုစွမ်းအင်များကို ငရဲမီးတောက် မီးပြင်းဖိုမှ စုပ်ယူလိုက်သည်။
နောက်ထပ် လတစ်စင်းနှင့်တူညီသည့် မိစ္ဆာအမြုတေက ရန်ချီလက်ဝါးထဲသို့ မျောလွင့်လာသည်။
၎င်းက အခြား အနက်ရောင် ရေနဂါးများထံမှ ရရှိခဲ့သော အမြုတေများထက် သာလွန်သည့် စွမ်းအင်အဆင့်၌ ရှိနေလေသောကြောင့် ၎င်းကို ထိန်းချုပ်ထားဖို့ ခက်ခဲလှ၏။
သို့သော်လည်း သူက ပြင်ဆင်ထားပြီး ဖြစ်လေရာ ၎င်းကို ချက်ချင်းထိန်းချုပ်ကာ သူ့ သွေးသား ခန္ဓာကိုယ်၌ ပျော်ဝင်စေဖို့ ကြိုးစားလိုက်သည်။
မကြာမီမှာပင် ရောနှော အစစ်အမှန် စွမ်းအင်များက သူ့အား ယခင်ထက် ပိုမိုသည့် စွမ်းအင်နှင့် စွမ်းအားကို ရရှိစေသည်။ သူ့ ရွှေဖြူရောင်သွေးများ၌ နဂါးနှင့်ဆင်တူသည့် ပုံရိပ်များကို မြင်တွေ့လာရသည်။
‘ဒါဆို ငါ အနက်ရောင် ရေနဂါးတွေကို သတ်ပြီး သူတို့ရဲ့ မိစ္ဆာအမြုတေကို စုပ်ယူလိုက်တိုင်း သူတို့ရဲ့ ရောနှော အစစ်အမှန်စွမ်းအင် အချို့ကို ရရှိနိုင်တာပဲ... ဒါက တော်တော်လေး အကျိုးရှိတယ်... ငါက လက်ရှိအချိန် အသေးစား စကြဝဠာကမ္ဘာမှာ ကျင့်ကြံလို့ မရပေမဲ့ မိစ္ဆာနဲ့ မကောင်းဆိုးဝါးတွေကို သတ်ပြီးတော့ တိုးတက်လာနိုင်တယ်...’
အစစ်အမှန် စွမ်းအင်အချို့ကို ထုတ်ဖော်ကာ အနက်ရောင် ရေနဂါး၏ ကြွက်သားများ၊ အရိုးများ၊ ဦးချိုတို့ကို သူ့ လက်စွပ်အတွင်း သိမ်းဆည်းလိုက်သည်။ ထိုပစ္စည်းများက ချပ်ဝတ်နှင့် လက်နက်များကို ပြုလုပ်နိုင်လေရာ ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် သူက ၎င်းတို့ကို လုပ်ဆောင်ချက် အမှတ်များနှင့် လဲလှယ်နိုင်ပေလိမ့်မည်။
သူက ထိုအရာတို့ကို အဆုံးရှုံးမခံလိုပေ။
‘ကျောင်းတော်မှာ ကျန်ခဲ့တဲ့ ငါ့ညီအစ်ကိုတွေက မိစ္ဆာအမြုတေကနေ ငါလုပ်သလို အကျိုးရှိအောင် မလုပ်ပေးနိုင်တာ ဆိုးဝါးလွန်းတယ်... ငါ အဲဒါတွေကို လုပ်ဆောင်ချက် အမှတ်တွေပြောင်းပြီး ဒဏ္ဍာရီအဆင့်တစ်ယောက်က သူတို့ကို ကူညီခွင့် ဝယ်ယူလိုက်ရင် ကောင်းမယ်...’
ထိုအနက်ရောင် ရေနဂါးများက နောက်ဆုံးမှာတော့ လောကအုပ်ချုပ်သူ အဆင့်များအတွက် ရတနာများပင်။
ထို့ပြင် ရန်ချီ၏ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကြောင့် ထိုရတနာများကို သူ အလိုရှိသမျှ ရယူနိုင်နေသည်။ အရိပ်တစ်ခုပမာနှင့် သူက ဆက်လက် ရွေ့လျားသွားလေတော့သည်။
သူ့ အရှိန်အဝါများက အနက်ရောင်ပင်လယ်နှင့် တော်တော်လေး တူညီနေလေရာ ရေအောက်နယ်မြေရှိ မည်သူတစ်ဦးမှ သူ့ကို နည်းနည်းလေးပင် သတိမထားမိကြချေ။
လောကအုပ်ချုပ်ခြင်းအဆင့် အနက်ရောင်ရေနဂါးနှစ်ကောင် သူ့လက်အတွင်း ကျရောက်ပြီးနောက် ရန်ချီက ယခင်ထက် ပိုမိုသန်မာလာကာ ယခင်ထက် ပိုမို အစွမ်းထက်လာခဲ့သည်။
“ဝှစ်…”
နောက်ထပ် ရေနဂါးတစ်ကောင်ကလည်း ဘာမှမသိလိုက်ရစဉ်ပင် ထပ်မံ အသတ်ခံလိုက်ရ ပြန်သည်။
“ပွမ်…”
ရေအောက်မြစ်ထဲရှိ နောက်ထပ် အနက်ရောင် ရေနဂါးအိုကြီးတစ်ကောင် အသတ်ခံလိုက်ရပြီး သွေးတစ်စက် မထွက်ခင်မှာပင် ပျောက်ကွယ်သွားပြန်ပြီ။ ရန်ချီ၏ အစစ်အမှန်စွမ်းအင်များက လုံးဝကုန်ဆုံးသွားမည့်ပုံ မရှိချေ။
သူက ယခုအချိန်၌ သူ့ အစစ်အမှန်စွမ်းအင်များကို အပြည့်အ၀ ထိန်းချုပ်နိုင်လေရာ သူအလိုရှိသလို အစစ်အမှန်စွမ်းအင်များကို အေးခဲစေနိုင်သကဲ့သို့ လောင်ကျွမ်းပစ်နိုင်သည်။ တောင်တန်းများကိုပင် ချော်ရည်များအဖြစ် ပြောင်းလဲနိုင်ကာ သာမန်လောက အုပ်ချုပ်သူများ အနေဖြင့် ထိုကဲ့သို့ မပြုလုပ်နိုင်ကြပေ။
တစ်ယောက်ပြီးတစ်ယောက် သူက လောကအုပ်ချုပ်ခြင်းအဆင့် အနက်ရောင် ရေနဂါးများကို မည်သူမျှ သတိမထားမိစေဘဲ သတ်ဖြတ်နိုင်ခဲ့သည်။
သူက အနက်ရောင်ရေများထဲမှ သေခြင်းနတ်ဘုရားနှင့်တူညီကာ ငရဲပြည်မှ ဘုရင်က သူအလိုရှိတာကို လာရောက် စုဆောင်းနေပုံ ဖြစ်နေသည်။ စွမ်းအားကြီးမားသည့် အနက်ရောင် ရေနဂါးငါးကောင်ကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် သူက အသက်ရှူဖို့ ခဏရပ်နားလိုက်သည်။
သူ့ ထိုခရီးက ကောင်းကင်ဘုံကို မည်မျှ ဆန့်ကျင်နေကြောင်း တွေးမိကာ တော်တော်လေး အံ့အားသင့်ခဲ့ရသည်။ အကယ်၍ မိစ္ဆာကြီးတစ်ကောင်က အင်မော်တယ်ခြေနင်း ကျောင်းတော်အတွင်း ဝင်ရောက်ကာ လက်ရွေးစင် ကျောင်းသားငါးယောက်ကို သတ်ခဲ့ပါက မည်သို့ဖြစ်သွားမည်နည်း။ ထိပ်သီးကျွမ်းကျင်သူများက ထိုမကောင်းဆိုးဝါးကို ကမ္ဘာမြေအဆုံးထိ လိုက်လံသတ်ဖြတ်ကြမှာ အသေအချာပင်။
အကယ်၍ အနက်ရောင် ရေနဂါးဘုရင်က ယခုကိစ္စ၌ သူ့ထံ တာဝန်ရှိကြောင်း ရှာတွေ့ခဲ့ပါက သူရော အလားတူ ဖြစ်ရပ်မျိုး မဖြစ်နိုင်ပေဘူးလား။
ရုတ်တရက် သူက အန္တရာယ်ကြီးတစ်ခု ကျရောက်တော့မလို ခံစားလိုက်ရသည်။
‘ငါ ယွမ်ဟိုက်လန်ကို တစ်နည်းနည်းနဲ့ အပြစ်ဖို့လိုက်မယ်ဆိုရင်ကော... သူမမှာ ပင်လယ်နတ်ဘုရား သွေးပိုင်ဆိုင်ထားတဲ့အတွက် သူမကို ငါ့လိုမျိုး ဒီနေရာမှာ အလွယ်တကူ သွားလာနိုင်မှာပဲ... ဟုတ်ပြီ ဒါက ပြီးပြည့်စုံတယ်...’
သူ့ စိတ်ထဲ၌ ထိုကဲ့သို့ ပြုလုပ်ရန် စဉ်းစားပြီးနောက် အနီးအနား၌ သလင်းကျောက်ဖြင့် တည်ဆောက်ထားသော အနက်ရောင် ရေနဂါးလိုဏ်ဂူကို ကြည့်လိုက်သည်။ အကယ်၍ သူသာ ထိုနေရာသို့ သွားပါက ကြိုးပေးတောင်တန်းနှင့် ပတ်သက်သော လျှို့ဝှက်ချက် အချို့ကို ရှာတွေ့နိုင်သည်။
သို့သော် ထိုနေရာ၌ ဒဏ္ဍာရီလာ အဆင့် မိစ္ဆာဘုရင်တစ်ပါး ရှိနေရာ အလွန် အန္တရာယ်များလှ၏။
သူ ဘာလုပ်သင့်သလဲ စဉ်းစားနေချိန်မှာပင် သူ့အနားရှိ ရေများ မြင့်တက် ပေါက်ကွဲလာတာကို ခံစားမိလိုက်သည်။
‘ဘာတွေ ဖြစ်နေတာလဲ...’
သူက တွေးလိုက်မိသည်။
‘တစ်စုံတစ်ယောက်က မိစ္ဆာမကောင်းဆိုးဝါးတွေကို သတ်ဖို့အတွက် အနက်ရောင် ပင်လယ်ထဲ ဝင်ရောက်လာတာလား...’
End
***