ရန်ချီက လောကအုပ်ချုပ်ခြင်းအဆင့် အနက်ရောင် ရေနဂါးငါးကောင်ကို သတ်ဖြတ်ခဲ့ပြီး မိစ္ဆာအမြုတေငါးခုကို ရရှိခဲ့သည်။ ထိုအရာများက သူ့ ညီအစ်ကိုသုံးယောက်ကို လောကအုပ်ချုပ်သူ အဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်ပေသည်။
အပိုနှစ်ခုကိုမူ သူ့၏ ငရဲမီးတောက် မီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်သည်။
သူက သူသတိပြုမိသည့် စွမ်းအင်လှိုင်းများကို လျစ်လျူရှုကာ အမြုတေများ၏ စွမ်းအားများ စုပ်ယူခြင်း အပေါ်၌သာ အာရုံစိုက်လိုက်သည်။
အမြုတေ တစ်ခုစီက လူခေါင်းအရွယ်အစာ ရှိကြကာ လရောင်များ တောက်ပနေပြီး ၎င်းပေါ်၌ အနက်ရောင် ရေနဂါးက လကို စားသောက်နေသည့် ပုံပေါ်နေ၏။ ထိုအမြုတေများ၏ စွမ်းအားများက မြို့ငယ်လေး တစ်မြို့စာနှင့် ညီမျှသည်။
သို့သော် ယခုအချိန်မှာတော့ ထိုအမြုတေများကို ငရဲမီးတောက်မီးပြင်းဖို၌ ပြောင်းလဲပြီး ရန်ချီအတွက် စွမ်းအင်များဖြစ်စေရာ သူ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား ပညာရပ်နှင့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားများအတွင်း ပျော်ဝင်သွားသည်။ ထိုအချိန်မှာပင် သူ့ကိုယ်တွင်းမှ အမှုန် ငါးဆယ်မြောက် အစိတ်အပိုင်းက နိုးထလာကာ သူ့အား ဆင်ရိုင်းအကောင်ငါးဆယ်စွမ်းအားကို ရရှိစေ၏။ ထိုအဓိပ္ပာယ်ကား သူက လက်ရှိအချိန်၌ လောကအုပ်ချုပ်သူ အဆင့် (၃) သို့ ဝင်ရောက်လာသည်ကို ဆိုလိုခြင်းပင်။
သို့သော် အနက်ရောင် ရေနဂါးနှစ်ကောင်၏ အမြုတေကို စုပ်ယူပြီးနောက် သူက အဆင့်တက်ဖို့ တစ်ဆို့နေကာ အချိန်အနည်းငယ် ပိုယူဖို့လိုအပ်ကြောင်း နားလည်လိုက်သည်။ သူ့ ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးပြီးနောက် သူက မတ်တပ်ရပ်ကာ သူသတိပြုမိသည့် စွမ်းအားလှိုင်းများ ဖြာထွက်ရာ ရေမျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုလှိုင်းများကြောင့် အမျိုးမျိုးသော ပင်လယ်လျှိုမြောင်များမှ စွမ်းအားကြီးမားသည့် သတ္တဝါအချို့ပင် နိုးထလာကြလေတော့သည်။
ရန်ချီက ရေအောက်မြစ် အနက်ပိုင်းများမှ လောကအုပ်ချုပ်ခြင်းအဆင့် အနက်ရောင် ရေနဂါး တစ်ရာခန့် ထွက်ပေါ်လာသည်ကို ကြည့်နေမိသည်။ ထိုသူများထံမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေကာ စွမ်းအင်လှိုင်း အရင်းအမြစ် နေရာသို့ ဦးတည်သွားကြသည်။
တစ်ချိန်တည်းမှာပင် ရေမျက်နှာပြင် အလယ်ရှိ ကြီးမားသော သလင်းကျောက် နန်းတော်ကြီး ဖြစ်သည့် အနက်ရောင် ရေနဂါးလိုဏ်ဂူက အလင်းရောင်များ ဖြာထွက်လာ၏။ ကြီးမားသော စွမ်းအင် အစီအရင်တစ်ခု အသက်ဝင်လာပုံပေါ်သည်။
‘ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်လဲ...’
ရန်ချီက ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
‘ငါ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ဘူး...’
ယခုအချိန်၌ သူ့အတွက် အနက်ရောင် ရေနဂါးလိုဏ်ဂူထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းက ရူးသွပ်ရာ ကျပေလိမ့်မည်။
‘ဘယ်လို ကျွမ်းကျင်သူတစ်ယောက် ရောက်လာတာပါလိမ့်... အဲဒီလူက တကယ်ကြီး အနက်ရောင် ရေနဂါးလိုဏ်ဂူကို တိုက်ဖို့ ကြိုးစားနေတာလား... သူက အနက်ရောင် ရေနဂါးဘုရင်ကို တကယ်ကြီး မကြောက်တာလားဟ... ငါ ခိုးကြောင်ခိုးဝှက်နဲ့ ရေမျက်နှာပြင်ပေါ် အရင်တက်သွားပြီး ဘာတွေဖြစ်နေလဲ ကြည့်ရမယ်... ရေထဲမှာဆိုရင် အနက်ရောင် ရေနဂါးတွေအတွက် အားသာချက် ရှိပေမဲ့လည်း အပေါ်ဘက်မှာဆိုရင်တော့ ပတ်ဝန်းကျင်ကြောင့် တစ်မျိုး ပြောင်းလဲသွားလိမ့်မယ်...’
မငြိမ်မသက် ဖြစ်နေခြင်းများကို အခွင့်ကောင်းယူကာ သူက ရေမျက်နှာပြင်ထက်သို့ ဦးတည်ကာ ထွက်ပြေးသွားလိုက်သည်။
သူက ရေထဲမှာ အရိပ်တစ်ခုကဲ့သို့ ထွက်လာသည်နှင့် တပြိုင်နက် အတောင်ပံများကို ခတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ရေထဲသို့ ကြည့်လိုက်သောအခါ ကြီးမားသော ရေလှိုင်းများ မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရ၏။ အမျိုးမျိုးသော စွမ်းအင်ပညာရပ်များကြောင့် ကြီးမားသော ရေလှိုင်းများက လေထဲ၌ မီတာရာနှင့်ချီ မြင့်တက်သွားကြကာ မိုးရွာသကဲ့သို့ တစ်ဖန် ပြန်လည် ကျဆင်းလာသည်။
ထင်ရှားသော ကျွမ်းကျင်သူနှစ်ယောက် ရေထဲ၌ တိုက်ခိုက်နေကြပုံ ပေါ်သည်။
ယခုအချိန်၌ သူ ကြောက်ရွံ့မနေတော့ချေ။ သူသာ အနက်ရောင် ပင်လယ်မှ ထွက်သွားချင်ပါက သူ့ ငရဲနတ်ဆိုး တောင်ပံနှင့်ဆိုလျှင် မည်သည့်ရန်သူမှ သူ့ကို လိုက်တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။
သူ အလိုရှိသလို သွားလာနိုင်သည်။
ရုတ်တရက် ရေပူဖောင်းကြီး တစ်ခုက ပေါက်ကွဲလာကာ လက်ထဲ၌ ရှည်လျားသော မှိန်းတစ်ခု ကိုင်ထားသည့် အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ ထိုလက်နက်က စွမ်းအင်လက်နက်မဟုတ်ဘဲ အစစ်အမှန် လက်နက်တစ်ခုဖြစ်ကာ စိတ်ဝိညာဉ် စွမ်းအင်များ ဝန်းရံနေပုံအရ စိတ်ဝိညာဉ်လက်နက် တစ်ခုဖြစ်ကြောင်း ဖော်ပြနေ၏။
ရန်ချီ အပြီးသတ်ထားသည့် သုံးခွခက်ရင်းထက်ပင် ထိုလက်နက်က ပိုမို အစွမ်းထက်ကာ ထိုအပြာရောင် ကိုယ်ကျပ်ဝတ် လူငယ်ကလည်း သူ့ လက်နက်ထက်ပင် ပိုမို အစွမ်းထက်နေသေးသည်။ ရုတ်တရက် သူ့ အစစ်အမှန်စွမ်းအင်များက ထွက်ပေါ်လာကာ အပြာရောင်အကာအကွယ် ချပ်ဝတ်တစ်ခုနှင့် အံ့ဩဖွယ် ကောင်းသည့် အတောင်ပံတစ်စုံ ဖြစ်လာသည်။
ထို့ပြင် သူ့ထံမှ ထွက်ပေါ်နေသည့် အစစ်အမှန်စွမ်းအင်လှိုင်းများကြောင့် သူက ကောင်းကင်အောက်ရှိ ရေစီးကြောင်းများကို ထိန်းချုပ်ထားနိုင်ပုံ ရသည်။
အနက်ရောင် ပင်လယ်အတွင်းမှ တိမ်များနှင့် မိုးရေများသာမက မြူနှင်းများကိုပါ ထိုလူငယ်က ထိန်းချုပ်နိုင်ပုံ ပေါ်၏။
သူ့ အရှိန်အဝါက ပန်းပေါင်းစုံတောင်ထွတ်၌ ရန်ချီ ကြုံတွေ့ခဲ့ရသည့် အဆင့် (၃) လောကအုပ်ချုပ်သူ တစ်ယောက်ဖြစ်သည့် လုံရွမ်ရီထက် သာလွန်နေသည်။ သူ့ပုံစံ ကြည့်ရခြင်းအားဖြင့် လောကအုပ်ချုပ်ခြင်း ငါးခါလောက် ပြုလုပ်ခဲ့ပြီးပုံ ပေါ်သည်။
ထို့ကြောင့်လည်း သူက အနက်ရောင် ပင်လယ်အတွင်းလာရောက်ကာ အနက်ရောင် ရေနဂါးများကို တိုက်ခိုက်ရဲခြင်းဖြစ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
‘ဒီကောင်က ဘယ်သူလဲ... သူက ရေအမျိုးအစား စွမ်းအင်ပညာရပ်ကို သုံးနိုင်တာတော့ သေချာတယ်...’
ရန်ချီက သူ့ကို အကဲခတ်နေစဉ်မှာပင် ထိုအပြာရောင် ကိုယ်ကျပ်ဝတ် လူငယ်က အနက်ရောင် ရေနဂါးကိုးကောင်နှင့် ရင်ဆိုင်နေသည်။
သူတို့ကို ခေါင်းဆောင်လာသည့် ရေနဂါးတစ်ကောင်၏ အကြေးခွံများက အလင်းရောင်များ တောက်ပနေ၏။ ၎င်း၌ လက်သည်းငါးခုပါရှိကာ ဦးချိုများကို ဝှေ့ယမ်းနေပုံက အနက်ရောင် နဂါးတစ်ကောင်နှင့်တူညီနေသည်။ ၎င်း၏ ဦးခေါင်းထက်၌ အနက်ရောင်အင်္ကျီနှင့် ဘောင်းဘီ ဝတ်ဆင်ထားသည့် ကောင်လေးက လခြမ်းကွေး ဓားနှစ်ဖက်ပါ လှံရှည်ကို ကိုင်ထားသည်။
ထိုလူငယ်လေးက လူပုံသဏ္ဍာန် အစစ်အမှန်စွမ်းအင်မဟုတ်ဘဲ အနက်ရောင် ရေနဂါး၏ စိတ်ဝိညာဉ်မှ ဖန်တီးထားသော နေဆန့်နတ်တစ်ပါး ဖြစ်လေရာ သူ့ကို ပိုမို အစွမ်းထက်စေသည်။
‘အနက်ရောင် ရေနဂါးခေါင်းဆောင်က ကြောက်စရာ ကောင်းလွန်းတာပဲ...’
ထိုလူက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးထက် အားမနည်းကြောင်း ရန်ချီ သိလိုက်သည်။
“မင်းကိုမင်း အနက်ရောင်ရေနဂါး လိုဏ်ဂူကို ဆောင့်ကြွားဆောင့်ကြွားနဲ့ လာလို့ရမယ် ထင်နေတာလား ကောင်စုတ်လေး ...” ရေနဂါးကြီးက မေးလိုက်သည်။
“လိုဏ်ဂူ (၇၂) ဂူက မိစ္ဆာဘုရင်တွေ ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကော သိလို့လား... မင်းက ရေဘုရင်ရဲ့ ဆူနာမီကို ကျင့်ကြံထားတာ မဟုတ်လား... အဲဒါက ပင်လယ်နတ်ဘုရား ကျောင်းတော်ရဲ့ ပြီးပြည့်စုံတဲ့ နည်းစနစ်တစ်ခုဖြစ်ပြီးတော့ မင်းကို ပင်လယ်ရဲ့ ဘုရင်တစ်ပါး ဖြစ်စေတယ်... မင်းအတွက် ကံမကောင်းတာက ငါက အနက်ရောင် ရေနဂါးလိုဏ်ဂူက ထိပ်သီး ပါရမီရှင်တွေထဲက တစ်ယောက်ပဲ... ငါမင်းကို အရင်ဖမ်းရမယ်... ပြီးမှ မင်းရဲ့ စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီး မင်းရဲ့ နည်းစနစ်တွေ အားလုံးကို ထုတ်ယူပစ်ရမယ်...”
“အိပ်မက် ဆက်မက်နေစမ်း မကောင်းဆိုးဝါးကောင်...”
အပြာရောင်ဝတ် လူငယ်က ချက်ချင်းပင် အကွာအဝေး တစ်ခုသို့ ပြေးသွားသည်။
အနက်ရောင်ရေနဂါး ကိုးကောင်ကလည်း နောက်မှနေ၍ ချက်ချင်း လိုက်လံ ဖမ်းဆီးကြလေတော့သည်။
မကြာမီမှာပင် သူတို့က ပင်လယ်၏ အစွန်ဆုံးနားသို့ ရောက်လာကာ သဲကန္တာရဆီ ရောက်ရှိသွားကြသည်။
ရန်ချီက ထိုအုပ်စု တစ်ခုလုံး သဲကန္တာရအတွင်း ဝင်ရောက်သွားသည်ကို ကြည့်နေမိသည်။
တစ်ချိန်လုံး၌ သူက အနက်ရောင် ပင်လယ်အနက်ပိုင်းထဲကို ဒဏ္ဍာရီလာ အနက်ရောင် ရေနဂါးဘုရင် ပေါ်လာမလားဟု အာရုံစိုက်ထားခဲ့သည်။ သို့သော် သူက ဒဏ္ဍာရီအဆင့် အရှိန်အဝါကို အာရုံမခံမိပေ။
သူက ဂိုဏ်းအုပ် တိမ်တိုက်နှင့် လေပြေဆိုသည့် ဒဏ္ဍာရီအဆင့်များနှင့် တွေ့ဆုံခဲ့ဖူးရာ ထိုကဲ့သို့ အရှိန်အဝါမျိုးကို သိထားသည်။ အကယ်၍ သူသာ ထိုကဲ့သို့ အရှိန်အဝါကို အာရုံခံမိပါက အမြန်ဆုံး ထွက်ပြေးပေလိမ့်မည်။ သို့သော် အနက်ရောင် ရေနဂါးဘုရင်က လုံး၀ ပေါ်မလာခဲ့ချေ။ သူက အဝေးရောက်နေတာ ဖြစ်လျှင်ဖြစ်၊ ကျင့်ကြံနေခြင်း ဖြစ်လျှင်ဖြစ်နိုင်ကာ သို့မဟုတ်ပါက လူငယ်မျိုးဆက်၏ ကိစ္စရပ်များကို လျစ်လျူရှုထားတာ ဖြစ်ပေလိမ့်မည်။
အနက်ရောင် ပင်လယ်က မြောက်ဘက်နယ်စပ် သဲကန္တာရအလယ်၌ တည်ရှိကာ ရေတွက်မရနိုင်သည့် သဲသောင်များ၊ သဲတောင်တန်းများနှင့် မုန်တိုင်းများ ဝန်းရံထားသည်။
တစ်ချိန်မှာတော့ အပြာရောင်ဝတ် လူငယ်က သဲသောင်တစ်ခုပေါ် ရပ်နားလိုက်သည်။
ခဏအကြာတွင် အနက်ရောင်မြူများ ဝန်းရံထားသည့် အနက်ရောင်ရေနဂါးများ ရောက်လာကြသည်။ ခေါင်းဆောင်ဖြစ်သည့်လူက ထိုလူငယ်ကို အေးစက်စွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ငါတို့ကို သဲကန္တာရထဲ ခေါ်လာလို့ ငါတို့ အားနည်းသွားမယ်လို့ ထင်နေတာလား... မင်းက ရေအမျိုးအစား စွမ်းအင်ပညာရပ်ကို ကျင့်ထားတာကို မမေ့နဲ့... မင်းလည်း ဒီနေရာမှာ ငါတို့လို စွမ်းအားတွေ ကန့်သတ်ခံထားရတာပဲလေ...”
“အဲဒီတော့ ဘာဖြစ်လဲ... ငါက လောကအုပ်ချုပ်ခြင်း များစွာ အောင်မြင်ပြီးပြီ... ဒီနေရာမှာလည်း ငါ့စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်တယ်... မင်းတို့က ဘယ်သူတွေလဲ... မင်းတို့ နာမည်တွေ ငါ့ကို ပြောထားလိုက်လေ... ဒါမှ ငါမင်းတို့ကို သတ်ပြီး အကြီးအကဲတွေဆီ တင်ပြရင် မင်းတို့ နာမည်ကိုပါ ပြန်ပြောပေးနိုင်မှာ...”
“ကျောင်းဝူဖန်...” ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
“မင်းကရော ...”
“ငါက ပင်လယ်နတ်ဘုရား ကျောင်းတော်ရဲ့ တပည့်ရင်း ဖြစ်တဲ့ ကျွင့်ထျန်းချုံပဲ...”
ကျွင့်ထျန်းချုံက အလွန်ဩဇာအာဏာကြီးမားပုံ ပြောဆိုလိုက်ရာ သူ့ပုံစံက အလွန် ကြည့်ကောင်းနေလေတော့သည်။
ကျောင်းဝူဖန်က ရယ်မောလိုက်သည်။
“ကြည့်ရတာ ငါတော့ အနက်ရောင် ရေနဂါးဘုရင်အတွက် အကျိုးအမြတ် အကြီးကြီး ဖြစ်စေပြီနဲ့ တူတယ်... သူက ကြိုးပေးတောင်တန်းက တမန်တော်ကို လက်ရင်းတပည့်တစ်ယောက် လက်ဆောင် ပေးရတာကို သဘောကျတယ်... ငါ့အတွက် ဆုလာဘ်ကြီး ရတာပေါ့ကွာ...”
ကျွင့်ထျန်းချုံ၏ မျက်လုံးများက အရောင်လက်သွားကာ ပြောလိုက်သည်။
“ကြိုးပေးတောင်တန်းက တမန်တော်က အနက်ရောင် ရေနဂါးလိုဏ်ဂူမှာ ရောက်နေတာလား... ပြီးတော့ အနက်ရောင် ရေနဂါးဘုရင်နဲ့လည်း အတူတူရှိနေတယ် ဟုတ်လား... ငါ ဘာလို့ ဘာအရှိန်အဝါမှ မခံစားမိရတာလဲ...”
“ငါ့ဆီကနေ သတင်းအချက်အလက်တွေ ရချင်နေတာလား... ကောင်းပြီလေ... ကိစ္စ မရှိပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေတော့မှာပဲကို... အနက်ရောင် ရေနဂါးဘုရင်က ကြိုးပေးတောင်တန်းက တမန်တော်ကို ဧည့်ခံနေရတယ်... သူတို့တွေက ရေအောက်မြစ် အနက်ပိုင်းမှာ ရှိနေပြီးတော့ နဂါးချုပ်နှောင်ခြင်း ကြီးမြတ်တဲ့ စွမ်းအင် အစီအရင်နဲ့ ခွဲခြားထားတယ်လေ... မင်း ဒီကိုရောက်လာတာ တမန်တော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရှာဖွေဖို့ ပင်လယ်နတ်ဘုရား ကျောင်းတော်ရဲ့ အမိန့်ကြောင့် မဟုတ်လား... စိတ်မကောင်းစရာက မင်း ရှာတွေ့ခဲ့တာက သေခြင်းတရားပဲ...”
“ကောင်းပြီလေ ကျောင်းဝူဖန်... မင်းက နတ်ဆိုးမျိုးနွယ်စုက ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် မဟုတ်လား... လာပါ... တိုက်ကြရအောင်...”
ကျောင်းဝူဖန်က အေးစက်စက် နှာတစ်ချက်မှုတ်ကာ သဲကန္တာရဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။
“မင်းက ငါတို့နောက်ကို လိုက်နေတုန်းပဲလား ကောင်စုတ်လေး... မင်းက ကျွင့်ထျန်းချုံရဲ့ သူငယ်ချင်းလား... အဲဒီမှာ ပုန်းနေစရာ မလိုဘူး... ငါမင်းကို သတိပြုမိတာ ကြာပြီကွ...”
ရန်ချီက အနည်းငယ် အံ့အားသင့်သွားပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။ သူက အဆင့် (၂) လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လေရာ ကျွင့်ထျန်းချုံနှင့် ကျောင်းဝူဖန်လို အဆင့် (၅) လောကအုပ်ချုပ်သူများကို မယှဉ်နိုင်ချေ။
သို့သော်လည်း သူက သူ့ အစစ်အမှန် ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။
“ညီအစ်ကို... မင်းရဲ့ ဝတ်စုံအရ မင်းက အင်မော်တယ်ခြေနင်း ကျောင်းတော်ကပဲ ဖြစ်မယ်... ငါ့ဘက်က တိုက်ခိုက်ပေးနိုင်မလား... ငါလည်း မင်းကို ပြန်ကူညီပေးမယ်... ငါတို့ နှစ်ယောက်လုံးက ဖြောင့်မတ်တဲ့ အဖွဲ့အစည်းကပဲလေ... ငါတို့တွေ ပူးပေါင်းလိုက်ရင် ဒီမကောင်းဆိုးဝါးတွေ ထိခိုက်အောင် လုပ်ဖို့ မဖြစ်နိုင်တော့ဘူး...”
ရန်ချီက ကျွင့်ထျန်းချုံ၏ စကားများမှ ကြင်နာမှုကို ခံစားမိကာ အနည်းငယ် အံ့အားသင့်သွားသည်။ ယွမ်ဟိုက်လန်နှင့် ဂူချီလို လူစားမျိုးနှင့်သာ ကြုံတွေ့ခဲ့ဖူးခြင်းကြောင့် ရန်ချီက ပင်လယ်နတ်ဘုရား ကျောင်းတော်အပေါ် အမြင်မကောင်းခဲ့ပေ။ သို့သော် ကျွင့်ထျန်းချုံက သူ့ကို ချက်ချင်း ကာကွယ်ပေးဖို့ ကမ်းလှမ်းလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အဆင့် (၅) လောကအုပ်ချုပ်သူများအနေဖြင့် အဆင့် (၂) လောကအုပ်ချုပ်သူ တစ်ယောက်ကို ကာကွယ်ပေးနိုင်ဖို့က အမှန်တကယ်ပင် ဖြစ်နိုင်သည်။
ရန်ချီက ထိုကျွင့်ထျန်းချုံကို သဘောကျသွားမိသည်။
“ညီအစ်ကိုကျွင့်... မင်းမှန်တယ်... ငါက အင်မော်တယ်ခြေနင်း ကျောင်းတော်ကပဲ... ဒီကိုလာပြီး အနက်ရောင် ရေနဂါးလိုဏ်ဂူက မကောင်းဆိုးဝါးတွေကို လာရောက် သတ်ဖြတ်တာပဲ...”
ထို့နောက် သူက အရိပ်တစ်ခုကဲ့သို့ ကျွင့်ထျန်းချုံ၏ ဘေးသို့ ပျံသန်းသွားကာ သူ့ဘေး၌ ရပ်လိုက်သည်။
“ကောင်းလိုက်တဲ့ စွမ်းအင် ပညာရပ်ပဲ...” ကျွင့်ထျန်းချုံက ပြောကာ ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။
“မင်း ငါ့နောက်မှာနေပါ... ဒီသားရဲကောင်တွေက ပေါ့သေးသေးမဟုတ်ဘူး... သူတို့ ကိုးယောက်က နဂါးကိုးကောင် ဖျက်ဆီးခြင်းအစီအရင်လို့ ခေါ်တဲ့ မှော်အစီအရင်ကို အသင့် ပြင်ထားကြတယ်... ငါတောင် အဲဒီ အစီအရင်ထဲ ဝင်သွားရင် ပြင်းပြင်းထန်ထန် ထိခိုက်စေမှာပဲ... သတိထားပါ... တစ်ခုခု မှားသွားတာနဲ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... သဲကန္တာရထဲမှာတောင် မင်းထွက်ပြေးရင် ဒီကိုးကောင်က မင်းကို ဖမ်းဆီးနိုင်မှာပဲ...”
End
***