ကျောင်းဝူဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"လောကအုပ်ချုပ်သူ အဆင့် (၂) က ကောင်စုတ်လေး တစ်ကောင်ပါလား... မင်းတို့နှစ်ယောက်က ဘာများလုပ်နိုင်မှာလဲ... မင်းတို့က ပင်လယ်နတ်ဘုရားကျောင်းတော်နဲ့ အင်မော်တယ်ခြေနင်း ကျောင်းတော်ကဆိုတော့ အကောင်းဆုံး နည်းစနစ်တွေ ရှိကြမှာပဲ... မင်းတို့ ဘာတွေ တတ်မြောက်ကြလဲ... အဲ့ဒီနည်းစနစ် အကုန်လုံး ငါလိုချင်တယ်"
ထိုအခိုက်အတန့်၌ အနက်ရောင် ရေနဂါး တစ်ကောင်က ဝင်ပြောလိုက်၏။
"ဒီကောင်လေးတွေနဲ့ လေကုန်ခံ မနေပါနဲ့ သခင်ကြီးဝူဖန်... ငါတို့ရဲ့ နဂါးကိုးကောင် ဖျက်ဆီးခြင်း အစီအရင်နဲ့ တိုက်ခိုက်ရင် သူတို့ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး"
"မင်းပြောတာ မှန်တယ်... အစီအရင်ကို ဖွဲ့စည်းကြ"
ဝုန်း...
ကျောင်းဝူဖန်၏ အနောက်မှ အနက်ရောင် ရေနဂါး ရှစ်ကောင်က ပါးစပ်များ ဟကာ စစ်မှန်သော စွမ်းအင်လှိုင်းများ ထုတ်ဖော်လိုက်သည်နှင့် ၎င်းတို့က အလံတိုင်များစွာအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအလံတိုင်များ၌ နတ်ဆိုးများ ကခုန်နေသည့် ပုံရိပ်များ ပါရှိနေကြ၏။
စစ်မှန်သော စွမ်းအင်အလံတိုင်များက သဲများအတွင်း စိုက်ဝင်သွားသောအခါ ငါးစတုရန်း ကီလိုမီတာ အကျယ်အဝန်းကို ခွဲခြား ပိတ်လှောင်လိုက်သည်။ ထိုနေရာ တစ်ဝိုက်ရှိ ထွက်ပေါက် အားလုံးက ပိတ်ပင်ခံလိုက်ရသည် မဟုတ်ပါလား။
"ညီအစ်ကို သတိထားပါ"
ကျွင့်ထျန်းချုံက သတိပေးလိုက်သည်။
"ဒီနဂါးကိုးကောင် သတ်ဖြတ်ခြင်း အစီအရင်က အရာရာကို ပိတ်ဆို့နိုင်ပြီးတော့ ဖောက်ထွက်ဖို့ ခဲယဉ်းတယ်"
သို့သော် သူပြောပြီးပြီးချင်းမှာပင် ရန်ချီက လှုပ်ရှားလိုက်သည်။
ဝှစ်...
သူ့ထံမှ စွမ်းအင်များ ဖြာထွက်ပြီးနောက် လေထဲ၌ ပုံရိပ်ပင်မကျန်အောင် ပျောက်ကွယ်သွားသည်။
ကျွင့်ထျန်းချုံပင် တုန်လှုပ်ကာ ရေရွတ်မိတော့သည်။
"ဘာတွေ ဖြစ်နေတာလဲဟ"
တစ်ခဏကြာပြီးနောက် ဝိညာဉ် ပရလောကမှ ဝိညာဉ်နတ်ဘုရားတစ်ကောင်ကဲ့သို့ လှံတံတစ်ချောင်းက ကျောင်းဝူဖန်ထံ ဦးတည် ထိုးခွင်းသွားသည်ကို မြင်တွေ့လိုက်ရ၏။
ကျောင်းဝူဖန်ကို အကာအကွယ် စွမ်းအင်စက်ကွင်းက ဝန်းရံထားကာ သံကဲ့သို့ မထိုးဖောက်နိုင်လောက်အောင် မာကျောနေသည်။ သို့သော် ရန်ချီ၏ တိုက်ခိုက်မှုက အဆုံးစွန်သော သေဆုံးခြင်းနှင့် တူညီနေကာ သူ့ အကာအကွယ်ကို ရေခဲတုံးအား တူနှင့် ထုခွဲလိုက်သလို အလွယ်တကူ ကွဲကြေသွားစေသည်။
စွမ်းအင်စက်ကွင်းက ပြိုကွဲသွားပြီးနောက် တစ်ချိန်တည်းမှာပင် ဆင်ခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် သတ္တဝါကြီး၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်း၏ နှာမောင်းက ကောင်းကင်မှ ကြယ်တာရာများကိုပင် စုပ်ယူနိုင်သည် မဟုတ်လော။
အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ထိုသတ္တဝါကြီးက ကွဲကြေ ပျက်စီးသွားသည့် စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။
ရန်ချီက လောကအုပ်ချုပ်ခြင်းအဆင့်ရှိ အနက်ရောင် ရေနဂါးငါးကောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။
ထို့ကြောင့် ယခု သူတိုက်ခိုက်ပုံအရ ထိုနည်းလမ်းကို အလွန်ကျွမ်းကျင် ပိုင်နိုင်နေကြောင်း သိသာလှ၏။ ကျောင်းဝူဖန်က အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း ပြဿနာတစ်ရပ် မဟုတ်ချေ။ ထိုလှံတံ ထိုးချက်မျိုးကို သူ တစ်ခါမျှ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။ အဆင့် (၂) လောက အုပ်ချုပ်သူတစ်ယောက်က သူ့ အကာအကွယ် စွမ်းအင်စက်ဝန်းကို ယခုလို ချက်ချင်း ဖျက်ဆီးနိုင်မည်ဟု မည်သို့ တွေးထင်မိမည်နည်း။
ထိုအရာက ငရဲမှ ဝိညာဉ် နတ်ဘုရားမှ ထုတ်လွှတ်လိုက်သလို၊ ကောင်းကင်ဘုံမှ အကျင့်ပျက် နတ်ဘုရားများကို ပြစ်ဒဏ် စီရင်သလို ထိုးချက်မျိုး ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ အကာအကွယ် စွမ်းအင်စက်ကွင်းက ပျက်စီးသွားကာ လှံတံက ကျောင်းဝူဖန် ခြေထောက်အောက်ရှိ အနက်ရောင်ရေနဂါးကို ထိုးဖောက်သွားပြီး သွေးတိမ်များအဖြစ် ပေါက်ကွဲသွား တော့သည်။
ထို့နောက် လှံတံက အပေါ်သို့ ထောင်တက်လာကာ ကျောင်းဝူဖန်၏ နေနတ်သားထံသို့ ဦးတည်ကာ ထိုးဖောက်သွားခဲ့၏။
ထိုနေနတ်သားက ကျောင်းဝူဖန်၏ အနာဂတ် လူသားပုံစံ ဖြစ်လာမည့် အခြေတည်ခါစ ပုံစံဖြစ်ကာ သူ့ မိစ္ဆာအမြူတေ ပါဝင်နေသည်။ နာကျင်စွာ အော်ဟစ်သံတစ်ခုနှင့်အတူ လကဲ့သို့ မိစ္ဆာအမြူတေက ထွက်ပေါ်လာကာ လွတ်မြောက်စေဖို့ မျှော်လင့်ချက်ဖြင့် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
ငွေရောင်အလင်းများက နေရာအနှံ့ ဖြာထွက်သွားကာ ထိုအရာက စစ်မှန်သော လမင်းကဲ့သို့ ဖြစ်ပေါ်လာပြီး သူတို့ အနီးနား ကမ္ဘာကြီးတစ်ခုလုံး သန့်စင်သော ငွေရောင်များအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအမြူတေက ရန်ချီ ရရှိခဲ့ဖူးသည့် အမြူတေများနှင့် ကွဲပြားခြားနားလောက်အောင် ကြီးမားသည်။
နှိုင်းယှဉ်ကြည့်ပါက အခြားအမြူတေများက အမှိုက်များနှင့် တူညီနေပြီး ယခုတစ်ခါက ကြီးမားသော ရတနာတစ်ခုနှင့်ပင် တူညီနေသည် မဟုတ်ပါလား။
ဒါက လောကအုပ်ချုပ်သူ အဆင့် (၅) မိစ္ဆာ အမြူတေပဲ။
ရန်ချီက အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်နိုင်ကြောင်းသာ ကမ္ဘာပေါ်မှ စွမ်းအားကြီးမားသည့် ကျွမ်းကျင်သူများ သိရှိသွားပါက အံ့ဩတုန်လှုပ်သွားကြပေလိမ့်မည်။
"သေစမ်းကွာ... မင်း အဲ့လောက်ထိ သန်မာလိမ့်မယ်လို့ မထင်ထားဘူး... မိစ္ဆာလေး၊ မင်းက ငါ့ကို လှည့်စားခဲ့တာပဲ"
ထိုအသံက ကျောင်းဝူဖန်၏ အသံပင်။ မမျှော်လင့်ဘဲ သူက အမှန်တကယ် မသေဆုံးခဲ့ချေ။
ရန်ချီ၏ တိုက်ခိုက်မှုက အဖျက်စွမ်းအား ကြီးမားလွန်းသဖြင့် ၎င်းကို ခုခံဖို့က မဖြစ်နိုင်ချေ။ ထိုတိုက်ခိုက်မှုက လောကအုပ်ချုပ်သူ အဆင့် (၁) နှင့် အဆင့် (၂) မည်သည့် အနက်ရောင် ရေနဂါးကို မဆို အမြစ်ပြတ် သုတ်သင်ပစ်နိုင်သည့် အမျိုးအစားပင် ဖြစ်ပေသည်။
သို့သော် ကျောင်းဝူဖန်က တစ်ချက်တည်း သတ်၍ မသေနိုင်လောက်အောင် စွမ်းအားကြီးမားသည်။ ထိုအရာက သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေရုံလောက်သာ တတ်နိုင်သည်။ သူ့လို ကျွမ်းကျင်သူများက အပိုင်းပိုင်း ဖြတ်ခံရလျှင်ပင် ရှင်သန်နိုင်သေးသည့် လူမျိုး ဖြစ်သည် မဟုတ်လော။ သူ့ စစ်မှန်သော စွမ်းအင်များက လူပုံသဏ္ဌာန် ပြန်လည် ဖွဲ့စည်းပြီးနောက် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ အကယ်၍ သူသာ အလိုရှိလျှင် သူ့ခန္ဓာကိုယ် စွန့်ခွာကာ အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို ရယူနိုင်သည်။
ဘုန်း...
နေနတ်သားမှ အပျက်အစီးစွမ်းအင်များ ထွက်ပေါ်လာကာ စွမ်းအားအရှိန်အဟုန်က တုန်လှုပ်စရာ ကောင်းလွန်းသဖြင့် ငရဲနတ်ဆိုးလှံတံပင် လှုပ်ယမ်းသွားတော့သည်။
ထို့နောက် နေနတ်သားနှင့် မိစ္ဆာအမြူတေက ကြွင်းကျန်နေသည့် အနက်ရောင် ရေနဂါး ခန္ဓာကိုယ်နှင့် ပြန်လည် ပေါင်းစပ်သွားသည်။
ကျောင်းဝူဖန်၏ စစ်မှန်သောပုံစံက ကြီးမားသော အနက်ရောင် ရေနဂါးကြီးဖြစ်သည်။ သူက များသောအားဖြင့် လူသားပုံစံကို ထိန်းသိမ်း ပြောင်းလဲထားခြင်းသာ။ ထိုအရာက အဆင့်မြင့်နတ်ဆိုးများ အကြားရှိ အားနည်းချက် တစ်ခုပင်။ နတ်ဆိုး မျိုးနွယ်စုမှ ကျွမ်းကျင်သူများက လူသားအသွင် ပြောင်းလဲထားခြင်းဖြင့် ရိုသေလေးစား ခံကြရမည်ဟု ယုံကြည်ထားကြသည် မဟုတ်ပါလား။
အမှန်စင်စစ် မိစ္ဆာမျိုးနွယ်စုတွေထဲမှာ အများဆုံး လေးစားအားကျတာက လူသားများပင် ဖြစ်ပေသည်။
ကံမကောင်းချင်တော့ ကျောင်းဝူဖန်၏ နေနတ်သားက ထိခိုက်ပျက်စီးသွားကာ သူ့ အနက်ရောင် ရေနဂါး ခန္ဓာကိုယ်ကလည်း လုံးဝနီးနီး ဖျက်ဆီးခံလိုက်ရသည်။ ယခုအချိန်မှာတော့ သူက ပြန်လည် မတိုက်ခိုက်ခင် ပြန်လည် ကောင်းမွန်ဖို့အတွက် ကျင့်ကြံရပေတော့မည်။
"ညီအစ်ကိုကျွင့်... စလိုက်ကြရအောင်" ရန်ချီက ပြောလိုက်သည်။
"တကယ်လို့ ငါတို့သာ ကျောင်းဝူဖန်ကို အပြတ်ရှင်းနိုင်ရင် ကျန်တဲ့ မကောင်းဆိုးဝါးတွေကို လွယ်လွယ်လေး သတ်လို့ရပြီ"
သူ့ခန္ဓာကိုယ် တစ်ခုလုံး ချပ်ဝတ်တစ်ခုက ဖုံးအုပ်သွားကာ နောက်ကျော၌ ငရဲနတ်ဆိုးတောင်ပံ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ငရဲနတ်ဆိုးလှံတံက သူ့ လက်ထဲ၌ ပိုမိုရှည်လျား ကြီးမားလာခဲ့သည်။
ယခုအချိန်မှာတော့ ထိုလှံတံက လမင်းများကို ထိုးဖောက်နိုင်လောက်အောင်ကို အင်အား ကြီးမားလာခဲ့လေပြီ။
ထို့ပြင် လှံတံ၏ ထိပ်ဖျား၌ သေးငယ်သော တွင်းနက်တစ်ခု ဖြစ်ပေါ်လာကာ ထိုနေရာရှိ အလင်းများကို ဝါးမျိုသွားလေတော့သည်။
နောက်တစ်ကြိမ် တိုက်ခိုက်မှုက ဆင်ရိုင်းကြီး၏ စွမ်းအားများ ထောက်ပံ့မှုကြောင့် ပိုမို ပြင်းထန်လာခဲ့သည်။
လှံတံ ထိုးချက်တစ်ချက်။ တကယ်ကိုမှ လှံတံ ထိုးချက်တစ်ချက်တည်းပင်။
ကျောင်းဝူဖန်က မိစ္ဆာသားရဲများ၏ ပြိုင်ဘက်ကင်း သိုင်းပညာရပ်များကို အသုံးပြုကာ ရေနဂါး လက်သည်းကြီးဖြင့် တိုက်ခိုက်လိုက်သည်။ သို့သော် ရန်ချီ၏ လှံတံမှ အဆက်မပြတ် တုန်ခါမှုများ ထွက်ပေါ်လာသည်။
လှံတံက သူ့ လက်သည်းကြီးနှင့် ရင်ဆိုင်မိသည်နှင့် နာကျင်စွာ အော်သံကြီးက ထပ်မံ ထွက်ပေါ်လာသည်။ ထို့နောက် ကျောင်းဝူဖန်က ပြောလိုက်၏။
"ချိုးဖောက်ဖို့ အချိန်ရောက်ပြီ... ရေနဂါးမိစ္ဆာကြီးက နတ်ဘုရားတွေကိုတောင် တိုက်ခိုက်နိုင်တယ်... အင်မော်တယ်တွေကိုရော နတ်ဆိုးတွေပါ သတ်ဖြတ်ပစ်နိုင်တယ်... နဂါးမင်းရဲ့ ကုတ်ချက် ကိုးမျိုး"
အဆင့် (၅) လောကအုပ်ချုပ်သူဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ ရေနဂါးကြီးထံမှ များပြားလွန်းသည့် စွမ်းအင်ပမာဏ ထွက်ပေါ်လာသည်။
"ပထမ ကုတ်ချက် မြစ်များကို ဖြတ်ပိုင်းခြင်း၊ ဒုတိယ ကုတ်ချက် ပင်လယ်များကို ပိုင်းခြားခြင်း၊ တတိယကုတ်ချက် တောင်တန်းများ ဖျက်ဆီးခြင်း၊ စတုတ္ထကုတ်ချက် ကြယ်တာရာများကို ကွဲကြေစေခြင်း၊ ပဉ္စမကုတ်ချက် လေဟာနယ်ကို ဖျက်ပိုင်းခြင်း၊ ဆဋ္ဌမ ကုတ်ချက် အင်မော်တယ်ကို သတ်ဖြတ်ခြင်း၊ သတ္တမကုတ်ချက် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်း၊ အဋ္ဌမကုတ်ချက် စကြဝဠာကို ချိုးဖျက်ခြင်း၊ နဝမကုတ်ချက် ကြီးမြတ်သော တာအိုကို ဖန်တီးခြင်း"
တစ်ခဏအတွင်းမှာပင် ကျောင်းဝူဖန်က ရုတ်တရက် ပုံသဏ္ဌာန်ကိုးမျိုး ပြောင်းလဲသွားကာ စစ်မှန်သော စွမ်းအင်များဖြင့် ကြီးမားသော ပုဆိန်ကြီးကို ဖန်တီးလိုက်သည်။ ထိုပုဆိန်ကြီးက နောက်ဘက်သို့ တစ်ချက်ယိမ်းကာ အရှိန်ယူပြီး ရန်ချီထံ တိုးဝင်သွားသည်။ ထိုပုဆိန်က အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ပါဝင် သယ်ဆောင်ထားပုံ ပေါ်နေသည် မဟုတ်ပါလား။
"သေစမ်း"
ရန်ချီ ကြုံးဝါးလိုက်သည်။ သူက ပုဆိန်၏ စွမ်းအား အပြည့်အဝကို သိရှိနေသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့သွားခြင်း မရှိချေ။
လောကအုပ်ချုပ်သူ အဆင့် (၃) အဆင့်မြှင့်တင်လိုက်စမ်း...
ထိုအရာက ကျောင်းဝူဖန်၏ နောက်ဆုံးတိုက်ကွက်ဆိုတာ သူနားလည်သည်။ ထို့ကြောင့်လည်း သူက ဘာမှ ထိမ်ချန်မထားဘဲ အကုန်လုံးကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေပြင်ကြားမှ ပင်ကိုယ်သဘာဝစွမ်းအင်များက လှုပ်ရှား ပေါက်ကွဲလာသည်။ ထို့နောက် သေးငယ်သော လေပွေမုန်တိုင်းများဖြစ်ပေါ်လာကာ မှတ်သားလွယ်သည့် ပုံသဏ္ဌာန်များ ဖြစ်လာကြသည်။ ထိုအရာက မကောင်းဆိုးဝါး နတ်ဘုရားများ၊ ကြမ်းတမ်းခက်ထန်သည့် သားရဲကြီးများ၊ မီးတောက်များ၊ လျှပ်စီးမိုးကြိုးများ၊ ဧရာမ စိတ်ဝိညာဉ်ကြီးများ အစရှိသဖြင့် ဖြစ်ပေါ်လာကြသည်။ ထိုအရာက ငရဲပြည်၏ ဂိတ်တံခါးများကို ဖွင့်လှစ်လိုက်ခြင်းနှင့် တူညီကာ မကောင်းဆိုးဝါးများ၊ နတ်ဆိုးများ၊ မိစ္ဆာ သားရဲမျိုးစုံ ထွက်ပေါ်လာသလို အခြား ဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် မီးတောက်မီးလျှံများပါ ထွက်ပေါ်လာသည် မဟုတ်လော။
ထိုနေရာ တစ်ဝိုက်၌ ချက်ချင်းပင် အဖျက်အဆီး စွမ်းအင်များ ပြည့်နှက်လာသည်။
ထိုအရာများ ထွက်ပေါ်လာဖို့အတွက် ရန်ချီက သူ့ကိုသူ လောကအုပ်ချုပ်ခြင်း တတိယ အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေးနိုင်ခဲ့လေပြီ။
ထို့ကြောင့်လည်း ကောင်းကင်နှင့်မြေပြင်က သူ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်လာကြသည်။ မရေမတွက်နိုင်အောင် များပြားသည့် ပျက်စီးစွမ်း ပြင်းထန်သော ပင်ကိုယ်သဘာဝ စွမ်းအင်များက သူ့ကို တိုက်ခိုက်ဖို့ ဖွဲ့စည်းလာကြသည်။
ထိုဖျက်ဆီးခြင်း စွမ်းအင်များက ကျောင်းဝူဖန်ကိုပါ သက်ရောက်စေသည်။
ပင်ကိုယ်သဘာဝစွမ်းအင်များ ပေါက်ကွဲမှုကြောင့် နဂါးဘုရင်၏ ကုတ်ချက်ကိုးမျိုးမှ ဖန်တီးထားသည့် ကြီးမားသော ပုဆိန်ကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
သူ့ ကြီးမားသော ရေနဂါးခန္ဓာကိုယ်ကြီးကလည်း ပြိုကွဲလာသည်။
အရာအားလုံးက တစ်ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လောက်တောင် ပျက်စီးနိုင်စွမ်း ပြင်းထန်တဲ့ တိုက်ခိုက်မှုလည်း... ဒုတိယအဆင့် လောကအုပ်ချုပ်သူ တစ်ယောက်က ဒီလိုမျိုး ပြုလုပ်နိုင်တာလား... သူက လူသားရော ဟုတ်ရဲ့လားဟ...
ကျောင်းဝူဖန်က ဖြစ်ပျက်သမျှကြောင့် တစ်ခဏတာ စိတ်လှုပ်ရှားသွားခဲ့သော်လည်း ခဏကြာပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ရန်ချီက နဂါးမင်း၏ ကုတ်ချက်ကိုးမျိုးကို ဂရုစိုက်နေခဲ့ပြီး နောက်မှာတော့ သူက လောကအုပ်ချုပ်ခြင်း တတိယအဆင့်၏ ပျက်စီးခြင်းစွမ်းအင်များက သူ့ကို ရုတ်တရက် ဝန်းရံလာကြတာကို မြင်တွေ့လိုက်ရသည်။
ငါ ဒီရေနဂါး ရှစ်ကောင်ကို သတ်ပစ်ဖို့ လိုတယ်...
ကျွင့်ထျန်းချုံက ပင်လယ်နတ်ဘုရား ကျောင်းတော်၏ လက်ရင်းတပည့်တစ်ယောက် ဖြစ်သောကြောင့် သူ့ အဆင့်အတန်းက လက်ရွေးစင် ကျောင်းသားများထက် မြင့်မားသည်။ သူ့ ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းကာ ဆန်းကြယ်လွန်းသဖြင့် သူက တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ပင်လယ်ဘုရင်၏ ပုံသဏ္ဌာန်ဖြစ်ပေါ်လာကာ စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။
ထို့နောက် ထိုအရာက မည်သည့် သက်ရှိသတ္တဝါဖြစ်ကြောင်း ပြောပြရန် ခက်ခဲသော်လည်း ထိုပုံရိပ် ပေါ်လာပြီးနောက် ကျွင့်ထျန်းချုံက စတင် တိုက်ခိုက်တော့သည်။
ပထမအဆင့် လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သည့် အနက်ရောင် ရေနဂါးတစ်ကောင်က ချက်ချင်း ပေါက်ကွဲသွားသည်။ အမှန်စင်စစ် ကျွင့်ထျန်းချုံက အဆင့် (၅) လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လေရာ သူ့ ပြိုင်ဘက်များမှာ သူနှင့်ယှဉ်လျှင် အောက်စည်း လုံးလုံး ရောက်နေသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ကျွင့်ထျန်းချုံက သူ့ မိန်းဖြင့် အနက်ရောင် ရေနဂါးတစ်ကောင်ကို ထိုးခွဲကာ သတ်ဖြတ်ပစ်လိုက်ပြန်သည်။
သူတို့က နဂါးကိုးကောင် ဖျက်ဆီးခြင်း အစီအရင်ကို ထုတ်ဖော်ဖို့ အခွင့်အရေး မရရှိခဲ့ချေ။ သိပ်မကြာခင်ကမှ သူတို့၏ ခေါင်းဆောင်က ရန်ချီကြောင့် ဒဏ်ရာ ရရှိခဲ့သည်နှင့် တစ်ပြိုင်နက် သူတို့က သဲသောင်ထက်၌ စုရုံးလိုက်ကြသည်။
ဝေါ...
ရန်ချီက မရေမတွက်နိုင်သည့် ဖျက်ဆီးနိုင်သော ပင်ကိုယ်သဘာဝစွမ်းအင်များကို ရင်ဆိုင်နေရသော်လည်း သူက အားမနည်းသွားချေ။ ထိုအစား သူက ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ မြင့်မြတ်သည့် ရွှေဖြူရောင် အလင်းများက သူ့ကို ဝန်းရံနေလေရာ သူ့ပုံစံက ကောင်းကင်ဘုံမှ နတ်ဘုရားများ ရောက်ရှိကာ ကောင်းချီး ပေးကြသည့်ပုံ ဖြစ်လာခဲ့သည်။
ထို့နောက် ရွှေဖြူရောင်အလင်းများ တောက်ပလာပြီးနောက်မှာတော့ ဖျက်ဆီးစွမ်း ပြင်းထန်သည့် ပင်ကိုယ်သဘာဝ စွမ်းအင်များက ပျောက်ကွယ်သွားသည်။
သူ့ ငရဲနတ်ဆိုး လှံတံအနေဖြင့် ပိုမိုကြီးမားကာ စွမ်းအားကောင်းလာခဲ့ပြီး မြင့်မြတ်သည့် ရတနာတစ်ခုကဲ့သို့ ဖြစ်လာသည်။ ထို့နောက် လှံတံထိုးချက်တစ်ခုနှင့်အတူ သူက ကျောင်းဝူဖန်ကို ထိုးဖောက်လိုက်သည်။
"အား..."
ကျောင်းဝူဖန်က လှည့်ကာ ထွက်ပြေးသွားသောကြောင့် သွေးများက နေရာအနှံ့ ပြန့်ကျဲ နေခဲ့သည်။ ထိုရန်သူက သူ့အတွက် ရင်ဆိုင်နိုင်စွမ်းမရှိကြောင်း သိသောကြောင့် အကယ်၍ သူသာ မလွတ်မြောက်ပါက ဤနေရာက သူ့ သင်္ချိုင်း ဖြစ်သွားမှာကို သူသိနေသည် မဟုတ်ပါလား။
ယခုအခါ ရန်ချီက အဆင့် (၃) လောက အုပ်ချုပ်သူတစ်ယောက် ဖြစ်လာသောကြောင့် ယခင်ထက် ပိုမို လျင်မြန်ကာ စွမ်းအားပိုကြီးလာခဲ့သည်။ ကျောင်းဝူဖန်က တိမ်ပင်လယ်များအတွင်း ဝင်ရောက်သွားလေရာ အခြား ဒိုင်းမေးရှင်းအတွင်း ဝင်ရောက်သွားသကဲ့သို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
သို့သော် တစ်ခဏ ကြာပြီးနောက် ရန်ချီက သူ့ ရှေ့၌ ပေါ်လာသည်။ ရန်ချီ၏ လက်ထဲ၌ မီတာ သုံးရာ ရှည်လျားသည့် လှံရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူက ရုတ်တရက် လှံရှည်ဖြင့် ကျောင်းဝူဖန်ကို ဆောင့်ထိုးလိုက်ရာ အောက်ဘက်သို့ ပြန်လည် ကျဆင်းလာပြီး မြေပြင်ပေါ်၌ စိုက်ဝင်နေသည်။
"ဒါ..."
ကျွင့်ထျန်းချုံက လုံးဝ အံ့ဩ တုန်လှုပ်သွားခဲ့သည်။
End
***