"အခုချက်ချင်း ဒူးထောက်လိုက်စမ်း ရန်ချီ"
ဆောင်ဟေရှမ်းက ဟိန်းဟောက်လိုက်သည်။
"မင်းရဲ့ လျှို့ဝှက်ချက်တွေကို အခုချက်ချင်း ပြောစမ်း။ မဟုတ်ရင် မင်း ကောင်းကောင်း နောင်တရလိမ့်မယ်။ ဒီနေ့တော့ မင်းသေဖို့သာ ဆုတောင်းထားပေတော့။ ငါတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့က အင်မော်တယ်ခြေနင်း ကျောင်းတော်မှာသာ မဟုတ်ဘူး... ချမ်းသာကြွယ်၀ တိုက်ကြီး တစ်ခုလုံးမှာပါ အင်အားအကြီးမားဆုံးအဖွဲ့ပဲ။ တခြား ကျောင်းတော်တွေမှာတောင် ငါတို့ရဲ့ အထောက်တော်တွေရှိတယ်။ ငါတို့ကိုသာ အပြစ်လုပ်မိရင် မင်း ကမ္ဘာမြေ အဆုံးထိ ပြေးရင်တောင် နောက်ဆုံး သေရမှာပဲ။ သေခြင်းတရားမှလွဲရင် မင်းမှာ ရွေးချယ်စရာ မရှိဘူး"
"မင်းက ခွေးတစ်ကောင်ထက် မပိုပါလား ဆောင်ဟေရှမ်း"
ရန်ချီက ပြန်ပြောလိုက်ပြီး လက်ကို စိတ်ပျက်ဖွယ် ပုံစံဖြင့် ဝှေ့ယမ်းလိုက်၏။
"မင်းလို အရှုံးသမားက ငါ့ရှေ့မှာ ဒီလိုပြုမူရဲတယ်လား။ ငါ မင်းကို တစ်ခါလေး ရိုက်မိတာကို ကလဲ့စားချေချင်လို့ မပြီးတော့ဘူး။ ဒီဘဝမှာတော့ မင်း ငါ့ကို နိုင်မှာ မဟုတ်တော့ဘူး။ မင်းဝမ်းကွဲ ယွမ်ဟိုက်လန်က ငါ့ကို တစ်ချိန်က လှည့်စားခဲ့တယ်။ တစ်ခါတည်းပါပဲ။ ဒါကြောင့် ငါ့ကို နောက်ထပ် တစ်ခုခု ထပ်လုပ်ဖို့ တွေးနေတယ်ဆိုရင် မေ့ထားလိုက်တော့"
"မင်း ဘာပြောလိုက်တယ်"
ဆောင်ဟေရှမ်းက ကြုံးဝါးလိုက်ရာ မျက်လုံးများပင် ပြူးကျယ်လာသည်။ သူက ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ ဓားတစ်လက် ပေါ်လာ၏။ ထိုအရာမှာ စွမ်းအင်လက်နက်ပင်။
ထိုအရာက ရှည်လျားကာ သွေးစွန်းနေသည့် ဆေဘာဓားတစ်လက်ဖြစ်ပြီး ဖြောင့်မတ် မှန်ကန်မှုနှင့် ဆိုးယုတ်ခြင်းပေါင်းစပ်ထားသည့် စွမ်းအင်ပညာရပ်တစ်ခု၏ ပုံသဏ္ဌာန် ပြောင်းလဲခြင်းပင်။
၎င်းထံမှ တော်ဝင် အရှိန်အဝါများ ထွက်ပေါ်နေလေရာ တော်ဝင်အဆင့် စွမ်းအင်ပညာရပ် ဖြစ်မှာ အသေအချာပင်။
"မိစ္ဆာသတ်ဖြတ်ခြင်း ဆေဘာပညာရပ်"
ဆောင်ဟေရှမ်းက ရက်စက်သည့်အသွင်ဖြင့် ကြုံးဝါးလိုက်သည်။
"ဒီနေ့တော့ ရန်ချီ... မင်း ပြီးခဲ့တဲ့လတွေမှာ မိစ္ဆာသုတ်သင်ခြင်း မျှော်စင်မှာ ငါ ကြိုးစားပမ်းစား အားထုတ် ကျင့်ကြံခဲ့တဲ့ ပြီးပြည့်စုံတဲ့ စွမ်းအင်ပညာရပ်ကို မြည်းစမ်းစေရမယ်"
"ဖြည်းဖြည်းပေါ့"
ကျန်းဖန်က ကြားဖြတ်ကာ တားဆီးလိုက်သည်။
"နားထောင်ဦး ရန်ချီ... မင်း ခေါင်းအရမ်း မမာနဲ့။ ငါ မင်းကို အခွင့်အရေး ပေးနေတာနော်။ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ထဲကိုဝင်ပြီး မင်းရဲ့ ပြစ်မှုတွေအတွက် မင်းရဲ့ လျှို့ဝှက်ချက်ကို အပ်နှံလိုက်ပါ။ တကယ်လို့ မင်းက ဆက်ပြီး ခေါင်းမာနေရင် ငါတောင် မင်းကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့က မင်းကို အပြစ်နည်းနည်းလောက်ပဲ ပေးတာပါ။ မင်းသာ ဆက်ပြီး ငြင်းဆန်နေရင် မင်းသေတွင်း မင်းတူးသလို ဖြစ်သွားလိမ့်မယ်။ ငါ မင်းကို မသတ်သရွေ့ အင်မော်တယ်ခြေနင်း ကျောင်းတော်က မသိချင်ယောင်ဆောင်နေလိမ့်မယ်။ ကျောင်းတော်က မင်းကို ကယ်မှာပဲလို့ ထင်မနေနဲ့။ နှစ်ပေါင်းထောင်ချီ ယခုလိုမျိုးပဲ ဖြစ်ခဲ့ကြတာပဲ။ တစ်ယောက်ယောက် မသေသရွေ့ သူတို့က ဂရုစိုက်နေမှာ မဟုတ်ဘူး။ အလွန်ဆုံး နှစ်အနည်းငယ်လောက် အကျဉ်းချခံရုံပဲ ရှိတယ်"
ကျန်းဖန် ပြောနေသည်မှာ အမှန်တရားပင်။ ကျောင်းတော်၏ စည်းမျဉ်းများက ရန်ချီ၏ လက်ရှိ အခြေအနေကို ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ကျောင်းတော်၌ မယုံနိုင်စရာ ကောင်းလောက်အောင် ဩဇာအာဏာ ရှိသည်။
တော်ဝင်အိမ်ရှေ့စံ အဖွဲ့နှင့် ပြဿနာတက်သည့် ကျောင်းသားများမှာ သူတို့၏ သေခြင်းရှင်ခြင်းကို သူတို့ မပိုင်ဆိုင်ကြတော့ချေ။
ရန်ချီအနေဖြင့် ထိုအရာအားလုံးကို သိရှိထားသော်လည်း သူ့ကိုသူ ယုံကြည်မှုရှိသည်။ ကျန်းဖန်ကို အေးစက်စွာကြည့်ကာ သူက ပြောလိုက်၏။
"မင်းနာမည်က ကျန်းဖန် မဟုတ်လား။ မင်းရဲ့ ကျင့်ကြံခြင်းက အတော်လေး ကောင်းမွန်တာပဲ။ မင်းက ကျောင်းတော်မှာ ကျင့်ကြံတာ နှစ်အနည်းငယ် ကြာနေတော့ မင်းက ရှေးယခင်က ပညာရှင်တွေနဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာပေတွေ အများအပြား သင်ယူလေ့လာနိုင်ခဲ့မှာပဲလေ။ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငါတို့ကျောင်းတော်က လူတွေက ကမ္ဘာကြီးပေါ်က မိစ္ဆာတွေ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ပြီး သာမန်လူသားတွေကို ကူညီဖို့၊ ကုန်းမြေတစ်လျှောက် ငြိမ်းချမ်းရေး ရရှိဖို့ကို သင်ကြားပေးခဲ့တယ်။ အခုတော့ မင်းတို့က အခြားကျောင်းသားတွေကို အနိုင်ကျင့်နေပါလား။ ပြီးတော့ မင်းတို့ရဲ့ ခွန်အားကို အသုံးချပြီး သူတစ်ပါးရဲ့ ပစ္စည်းတွေကို လုယူဖို့တောင် ကြိုးစားနေကြသေးတယ်။ မင်းတို့ကလည်း မကောင်းဆိုးဝါးတွေနဲ့ ဘာများ ကွာတော့လို့လဲ"
"မင်းပါးစပ်ကို ပိတ်ထားစမ်း"
ကျန်းဖန်က အော်လိုက်ကာ သူ့ မျက်နှာက နီရဲသွားသည်။ ထို့အပြင် သူ့ အော်သံကြောင့် အထက်ရှိ တိမ်များပင် လှုပ်ခတ်ကာ ပြိုကွဲသွားတော့သည်။
"မင်းကိုမင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းက ငါ့ကို သင်ခန်းစာ ပေးချင်နေတာလား"
သူ့ အသံတွင် သတ်ဖြတ်ချင်စိတ်များ သိသိသာသာ ပါဝင်လာ၏။
"ဂူဖန်းရှန်း... သူ့ကို ဖမ်းလိုက်စမ်း။ ငါ သူ့ကို စိတ်ဝိညာဉ် ရှာဖွေပြီး နာကျင်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သိအောင် လုပ်ပေးရတာပေါ့။ ငါ အဲဒီလိုလုပ်ရင် ဒီကောင် ငရဲကျသလို ခံရမှာပဲ"
"ကောင်းပြီ အစ်ကိုကြီးကျန်း"
ဂူဖန်းရှန်းက ရှေ့ကို တိုးသွားကာ ရန်ချီကို ခြိမ်းခြောက်သလို စိုက်ကြည့်လိုက်သည်။
"မင်း ဘာလို့ အခုလိုတွေ လုပ်နေလဲတော့ မသိဘူး။ မင်း ရူးနေတာလားတောင် မသိဘူးလေ။ မင်းကို တစ်ယောက်ယောက်က လာကူညီမယ် ထင်နေတာလား။ ငါထင်တာတော့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေ မင်းကို ကာကွယ်ပေးမယ်လို့ ယုံကြည်နေပုံပဲ။ ကဲကဲ... စကားကြောရှည်မနေတော့ဘူး။ မင်း ငါ့ရဲ့ အင်မော်တယ် သုတ်သင်ခြင်း စွမ်းအင်ပညာရပ်၊ အင်မော်တယ် သုတ်သင်ခြင်း ပန်းချီကို တွေ့ဖို့ အချိန်ကျပြီ"
ရုတ်တရက် သူ့ အနောက်၌ အစစ်အမှန် စွမ်းအင်များ စုဝေးလာကာ ပန်းချီတစ်ချပ် ဖြစ်လာသည်။
ထိုအရာက သူတော်စင် သင်ကြားရေး အကယ်ဒမီ၌ ထုတ်ဖော်ခဲ့သည်ထက် ပိုမိုကြီးမားကာ ထိုနယ်မြေရှိ အရာရာတိုင်းက တုန်ခါနေကြ၏။ အင်မော်တယ် သုတ်သင်ခြင်း စွမ်းအားများက ပန်းချီကားမှ ထွက်ပေါ်လာကာ ဂူဖန်းရှန်းကို ဝန်းရံသွားတော့သည်။
"မင်းသေချင်လား"
သူက ပြောကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ အင်မော်တယ် သုတ်သင်ခြင်း ပန်းချီကားက ရန်ချီထံ ချက်ချင်း တိုးဝင်လာကာ သူ့ကို ချည်နှောင် ရစ်ပတ်လိုက်၏။
သို့သော်လည်း ဂူဖန်းရှန်း တိုက်ကွက် ထုတ်ဖော်သည်နှင့် တစ်ချိန်တည်း ရန်ချီကလည်း တုံ့ပြန်လိုက်သည်။
ရန်ချီက လက်ချောင်းကို ဓားကဲ့သို့ ညွှန်လိုက်ရာ အကန့်အသတ်မဲ့ ဓားစွမ်းအင်များက လေထုကို လှီးဖြတ်ကာ ထွက်ပေါ်လာတော့သည်။
ထိုအရာက ပြီးပြည်စုံသည့်အဆင့် ရောက်ရှိနေသော ဓားသမားထက် သာလွန်သည့် ဓားစွမ်းအင်များဖြစ်ကာ ခုတ်ချက်တစ်ချက်က ရှေးဟောင်းတောင်တန်းများကိုပင် ဖျက်ဆီးပစ်နိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင်သုတ်သင်ခြင်း ပန်းချီကားက လုံးဝ ဖျက်ဆီးခံလိုက်ရ၏။
ဂူဖန်းရှန်း မတုံ့ပြန်နိုင်သေးမီမှာပင် သူ့ အစစ်အမှန်စွမ်းအင် အကာအကွယ်က ပျက်စီးသွားကာ ဓားစွမ်းအင်များက သူ့ သွေးကြောများအတွင်း ဝင်ရောက်သွားသည်။ သူက ဘာမှ မလုပ်နိုင်ခင်မှာပင် ကြယ်တွေလတွေမြင်ကာ ပါးစပ်အပြည့် သွေးများ အန်ထွက်လာတော့သည်။
ထို့နောက် ကြယ်တွေကို ခူးဆွတ်ကာ လတွေကို ဆွဲငင်နိုင်ပုံ ပေါ်သည့် ကြီးမားသော အစစ်အမှန် လက်ကြီးတစ်ခု ပေါ်လာသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလက်ကြီးက သူ့လည်ပင်းအား ဆွဲကာ ရန်ချီထံ ဆွဲခေါ်လာ၏။
တစ်ယောက်မှ မလှုပ်ရှားနိုင်သေးမီမှာပင် ဂူဖန်းရှန်းက ရန်ချီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ သူ့အတွက်တော့ ထိုအရာက ထမင်းစား ရေသောက်ကဲ့သို့ အေးဆေး ဖြစ်နေသည်။
ထိုနေရာရှိ အစစ်အမှန် စွမ်းအင်များ ရပ်တန့်သွားပြီးနောက် ဂူဖန်းရှန်းက ရန်ချီရှေ့ လေထဲတွင် ကြက်ပေါက်လေးလို အကူအညီမဲ့စွာ ဆွဲထားခံရသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရ၏။
ရန်ချီ၏ အောက်ဘက်၌ အစစ်အမှန် စွမ်းအင်လက်ကြီး ခြောက်ချောင်း ရှိနေသည်။
"မင်း"
ဂူဖန်းရှန်းတစ်ယောက် ကြောက်လန့်သွားသည်။ သူ့ဘေးမှ အစစ်အမှန် စွမ်းအင်လက်များကို ကြည့်ကာ ယခင်ကထက် သူ့ နှလုံးသားထဲ၌ အရှက်ရလာကာ သတိလစ်လုဆဲဆဲ ဖြစ်သွားတော့သည်။
သို့သော်လည်း သူ သတိလစ်လုဆဲဆဲ၌ ရန်ချီက အစစ်အမှန် စွမ်းအင်များ သူ့ထံ စေလွှတ်ကာ နိုးထစေခဲ့သည်။
"ထစမ်း ဂူဖန်းရှန်း... အခု မင်းက ငါ့လက်ထဲ ရောက်နေပြီ။ မင်းကိုမင်း သေဖို့ ကြိုးစားရင်တောင် ငါ့လက်ထဲက လွှတ်မှာ မဟုတ်ဘူး။ မင်း ဘာတွေ တွေးနေလဲ ဟမ်... မင်းပြောတော့ ငါသေဖို့တောင် ဆုတောင်းနေရအောင် မင်းလုပ်မှာပါဆို... အခုတော့ မင်းကမှ သေတွင်းတူးတဲ့ကောင်နဲ့ တူမနေဘူးလား"
"ရန်ချီ..."
ဂူဖန်းရှန်းက ကြုံးဝါးလိုက်သည်။ သူက ရူးသွပ်လုမတတ် ခံစားလိုက်ရ၏။
"ငါက ထိပ်တန်း အရည်အချင်းရှိတဲ့ ကလန်တွေထဲက တစ်ခုဖြစ်တဲ့ ဂူကလန်က သခင်လေးပဲကွ။ မင်းက ငါ့ကို အရှက်ခွဲရဲတယ်လား။ မင်းက ငါ့ကလန် တစ်ခုလုံးနဲ့ ရန်သူ ဖြစ်ချင်နေတာပဲ။ အဲဒီ အဓိပ္ပာယ်က ဘာလဲ သိလား"
ရန်ချီ ပြန်မပြောသေးမီမှာပင် ကျန်းဖန်က ဝင်ပြောလိုက်သည်။
"ဂူဖန်းရှန်းကို လွှတ်လိုက်စမ်း"
သူ့ မျက်လုံးများထဲ၌ ထိတ်လန့်ပုံ ပေါ်နေသည်။
"မင်း ဒီလောက်ထိ သန်မာမယ်လို့ ငါ မထင်ထားဘူး။ မင်းက ဂူဖန်းရှန်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တာပဲ။ ဒါကြောင့် မင်းက မာနကြီးနေတာကိုး။ ဒါပေမဲ့ မင်းရဲ့ ဒီအင်အားလောက်လေးနဲ့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ရှေ့မှာ မာန်တက်ခွင့် ပေးထားမယ် ထင်နေတာလား။ ကောင်းပြီလေ... ကြည့်ရတာ ငါကိုယ်တိုင် မင်းကို ဦးချိုးအောင် လုပ်ပေးမှနဲ့ တူတယ်"
သူ ပြောပြီးသည်နှင့် သူ့ အစစ်အမှန် စွမ်းအင်များက တုန်ခါလာကာ ကြောက်မက်ဖွယ် အရှိန်အဝါက ဖြာထွက်လာတော့သည်။
ထိုအချိန်မှာပင် တိတ်ဆိတ်နေသည့် လွင်ပြင်တစ်ခုလုံး၌ ကြီးမားသော စွမ်းအင်နယ်ပယ်က ကျန်းဖန်ကို ဗဟိုပြုကာ ထွက်ပေါ်လာသည်။
"လူတိုင်း နောက်ဆုတ်ကြဟေ့... အစ်ကိုကြီးကျန်းဖန် တိုက်ကွက်ထုတ်တော့မယ်။ ရန်ချီက သူ့ကို ဆန့်ကျင်နိုင်မှာ မဟုတ်လောက်ဘူး။ အစ်ကိုကြီးကျန်းက ၁၂ရာသီခွင် ကြယ်မြစ် လေဆင်နှာမောင်း ပညာရပ်ကိုကျင့်ကြံတယ်။ အဲဒါက တောင်တန်းတွေကိုတောင် ဖျက်ဆီးပစ်နိုင် တာလေ"
"ဒီကောင်စုတ်လေးက အစ်ကိုကြီးကျန်းဖန် ကိုယ်တိုင်တိုက်ရအောင် တွန်းအားပေးနိုင်မယ်လို့ ထင်တောင် မထင်ထားဘူး။ သူတို့ တိုက်ခိုက်တာ မြင်တွေ့ဖို့တောင် ခက်တယ်"
"အစ်ကိုကြီးကျန်းဖန်က ဂူဖန်းရှန်း ထိခိုက်မှာ မစိုးရိမ်ဘူးလား။ ဂူဖန်းရှန်းက ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိနိုင်လောက်ဘူး"
"အင်း... အစ်ကိုကြီးကျန်းဖန်က သူ့အတိုင်းအဆ သူသိပါတယ်။ အကယ်၍ ဂူဖန်းရှန်း အသတ်ခံရရင်တောင် ရန်ချီမှာ တာဝန်ရှိတာပဲလေ"
"အမှန်ပဲ... ရန်ချီက ဂူဖန်းရှန်း လုံခြုံအောင် ထားဖို့လိုတယ်။ တကယ်လို့ သူသာ ဒဏ်ရာရတာ ဖြစ်ဖြစ်၊ အသတ်ခံရတာဖြစ်ဖြစ် ကျောင်းတော်က သူ့ကို အပြစ်ပေးမှာပဲ"
ချက်ချင်းပင် တော်ဝင်အိမ်ရှေ့စံအဖွဲ့မှ အခြားကျောင်းသားများက နောက်ဆုတ်သွားကြသည်။
ဆောင်ဟေရှမ်းကလည်း သူတို့နှင့် ပူးပေါင်းဆုတ်ခွာကာ တစ်ချိန်တည်းမှာပင် တွေးမိလိုက်၏။
‘ဒီတိရစ္ဆာန်ကောင် ရန်ချီက ဘယ်လိုလုပ် ဒီလောက်သန်မာလာရတာလဲ။ ငါ ဒီလောက် ကြိုးစားအားထုတ်နေတာတောင် သူ့ကို မယှဉ်နိုင်ပါလား။ သူ အသက်ရှင်လို့ မဖြစ်ဘူး။ ကျန်းဖန် တိုက်ကွက်ထုတ်တာကို ကျေးဇူးတင်ရမယ်။ တကယ်လို့ သူသာ သူ့ကို ဖမ်းဆီးနိုင်ရင် နောက်ဆုံး ငါ သူ့ကို သတ်ဖို့ အခွင့်အရေး ရဦးမှာပဲ’
သူ့ နှလုံးသားထဲ၌ အမုန်းတရားနှင့် သတ်ဖြတ်ချင်စိတ်များက အမြင့်ဆုံးထိ ရောက်ရှိနေလေရာ သူက ရှေ့ထွက်ပြီးတောင် ရန်ချီကို ကိုယ်တိုင် သတ်ချင်နေသည်။
ကျန်းဖန်က မိစ္ဆာနတ်ဘုရား တစ်ပါးလို လေထဲ ပျံဝဲနေသည်။
"ဒါကို ယူလိုက်စမ်း ရန်ချီ... မင်းရဲ့ စွမ်းအင်ပညာရပ် ဘယ်လောက် သန်မာလဲ ကြည့်ရအောင်..."
"မင်းက အပြောကြီးလွန်းတာပဲ"
ရန်ချီကပြောကာ မျက်လုံးများ အရောင်တောက်သွားသည်။ ရုတ်တရက် သူက တိုက်ခိုက်လိုက်ရာ ကြောက်မခန်း တလိလိ အမြန်နှုန်းဖြင့် ရွေ့လျားသွားသဖြင့် မည်သူတစ်ဦးမှ သူတို့ မျက်လုံးဖြင့် ရန်ချီကို မမြင်နိုင်တော့ချေ။
သူက ဝိညာဉ်လောကမှ ထွက်ပေါ်လာသည့် ဝိညာဉ်နတ်ဘုရားတစ်ပါးနှင့် တူညီကာ လက်ထဲ၌ လှံတစ်ချောင်း ကိုင်ထားသည်။
လှံတံတစ်ချက်က ကျန်းဖန်၏ စွမ်းအင်နယ်ပယ်ကို ဖျက်ဆီးပစ်ကာ အစစ်အမှန် စွမ်းအင်များကို ချက်ချင်း စုပ်ယူလိုက်၏။
ထို့နောက် ရန်ချီက သူ ရှေ့တည့်တည့်၌ ပေါ်လာသည်။
ကျန်းဖန်တစ်ယောက် ဘာတွေဖြစ်နေလဲ နားမလည်နိုင်သေးမီမှာပင် ရန်ချီလက်ဝါးက သူ့ရင်အုပ်ပေါ်သို့ ကျရောက်လာတော့သည်။
"ဘုန်း..."
သူက အဆင့် ၄ လောက အုပ်ချုပ်သူတစ်ယောက်ဖြစ်ကာ ကျော်ကြားသည့် အစ်ကိုကြီးကျန်းဖန်လေ။ သို့သော်လည်း လက်ဝါးချက် တစ်ချက်က သူ့ကို လွင့်ထွက်သွားစေကာ မြက်ခင်းပေါ် ကျသွားသည်။
"ဝုန်း"
ရန်ချီက သူ့အပေါ်ဘက် လေထဲမှ ဆင်းသက်ကာ သူ့ မျက်နှာကို ခြေထောက်ဖြင့် နင်းထားလိုက်၏။
ကျန်းဖန်က အလွန်မူးဝေနေကာ သူ့တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေပြီး အသက်ပင် အသည်းအသန် ရှူနေရသည်။
"မင်းက တကယ် အပြောကြီးတာပဲ ကျန်းဖန်။ ဒါကြောင့် မင်းပါးစပ်ကို ပိတ်ပေးဖို့ ဆုံးဖြတ်လိုက်ရတာ။ ငါ ဘယ်လောက် သန်မာလဲ မြင်ချင်တယ် မဟုတ်လား။ မင်း ဘယ်လို ထင်လဲ"
ရန်ချီက ပြောကာ သူ့ အစစ်အမှန် စွမ်းအင်များကို ပြန်လည် ရုပ်သိမ်းလိုက်သဖြင့် စွမ်းအင်ပညာရပ် မတတ်သည့် သာမန်လူ တစ်ဦးကဲ့သို့ ဖြစ်သွားသည်။ သို့သော်လည်း ကျန်းဖန်က သူ့ကို ယခင်ထက်ပင် ပိုမို ကြောက်လန့်သွားသည်။
ဂူဖန်းရှန်းကလည်း အဝေးတစ်နေရာ၌ လဲကျနေကာ ကြောက်မက်ဖွယ် လှိုင်းများကြောင့် ခက်ခက်ခဲခဲ ကြည့်ရှုနေရသည်။ ကောင်းကင်ကြီးနှင့် တူသည့် သူတို့အစ်ကိုကြီးက တိုက်ကွက် တစ်ကွက်ဖြင့် ရှုံးနိမ့်ကာ ပြန်လည် မတိုက်ခိုက်ခွင့်ပင် မရရှိခဲ့ချေ။ သူ့ စွမ်းအင်နယ်ပယ်ပင် ရန်ချီကို မခုခံနိုင်ခဲ့ပေ။ ထိုအရာက လုံး၀ မယုံကြည်နိုင်စရာပင်။
"မဖြစ်နိုင်ဘူး"
ကျောင်းသားတစ်ယောက်က တုန်လှုပ်သွားသည်။
သူတို့က ကျန်းဖန်တစ်ယောက် ရန်ချီကို ချေမှုန်းတာ ကြည့်ဖို့ ပြင်ခဲ့ကြသော်လည်း ရန်ချီက သူ့ကို တစ်ကွက်တည်း အနိုင်ယူခဲ့ကာ အမှိုက်တစ်ခုကဲ့သို့ နင်းထားသည်။ ထိုအရာက သူတို့ နားမလည်နိုင်သည့် သန်မာမှု အဆင့်ပင်။
တိုက်ကွက်တစ်ကွက်တည်းဖြင့် ကျန်းဖန်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားတာပဲ။ ရန်ချီက ဘယ်လောက်တောင် သန်မာတာလဲ။
ဆောင်ဟေရှမ်း တစ်ယောက် သူ့ စိတ်ကူးအားလုံး ပျက်စီးသွားသည်။
‘မကောင်းတော့ဘူး... ငါ ဒီက ထွက်မှ ဖြစ်မယ်’
ယခုအချိန်မှာ သူ စဉ်းစားနိုင်တာက ထွက်ပြေးဖို့ပင်။ သို့သော်လည်း သူက နောက်လှည့်လိုက်သည်နှင့် အစစ်အမှန် စွမ်းအင်လှိုင်းက သူ့ကို မြေပေါ် လဲကျအောင် ထိမှန်သွားသည်။ ထို့နောက် စွမ်းအင်လက်ကြီးတစ်ချောင်း ပေါ်လာကာ သူ့ကို ကျန်းဖန်နှင့် ဂူဖန်းရှန်းရှိရာ အရပ်သို့ ဆွဲခေါ်လာ၏။
"ဆောင်ဟေရှမ်း... မင်းက ငါ့လက်ချောင်းလေးနဲ့ တောက်ရင်တောင် အကြိမ်တစ်ရာလောက် သေအောင်ကို အားနည်းလွန်းတယ်"
ထို့နောက် သူက အခြား ကျောင်းသားများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့... ထွက်သွားဖို့ ကြိုးစားသူတိုင်း ဒီမှာ မြှုပ်နှံခံရမယ်"
End
***