ဘန်း...
ကြီးမားကာ သင်တုန်းဓားပုံစံ ဦးချိုရှိသည့် ရွှေရောင်ကြံ့ကြီးတစ်ကောင်က ရန်ချီထံ တိုးဝင်လာခဲ့သည်။
တစ်ခဏအကြာတွင် သူ့လက်ထဲ၌ ရွှေရောင်အမြုတေတစ်ခု ရရှိလာ၏။ ရွှေရောင်ကြံ့ကြီးများမှာ သတ္တုများကို စားသောက်သည့် မိစ္ဆာသားရဲများ ဖြစ်ကြရာ သူတို့၏ အရိုးများ၊ သွေးများနှင့် ကြွက်သားများမှာ သဘာဝ တွင်းထွက်သတ္တုများကဲ့သို့ ဖြစ်နေပေသည်။
သူတို့၏ ခန္ဓာကိုယ်များက သတ္တုနှင့်ဆိုင်သည့် စိတ်ဝိညာဉ်ဆေးဝါးများ ဖော်စပ်ရာတွင် အလွန် ကောင်းမွန်သည့် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ သူတို့၏ မိစ္ဆာအမြုတေများကလည်း စိတ်ဝိညာဉ် လက်နက်များ၌ ထည့်သွင်း အသုံးပြုရန်အတွက် ပြည့်စုံလှ၏။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ကြံ့ မိစ္ဆာအမြုတေက သူ့ပင်လယ်နှလုံးသား လက်စွပ်အတွင်း ဝင်ရောက်သွားလေတော့သည်။
လက်ရှိအချိန်တွင် သူက မြင့်မားသော တောင်တစ်ခုအပေါ်၌ရပ်ကာ အဝေးသို့ လှမ်းကြည့် လိုက်သည်။ အနက်ရောင် တိမ်များ စုဝေးပြီး ဖုတ်ကောင်များ ရွေ့လျားနေသည်ကို မြင်လိုက်ရ၏။ ယခုအချိန်၌ သူ့အဓိက ရည်မှန်းချက်မှာ အနက်ရောင် အလောင်းတောင်တန်းရှိ ဒဏ္ဍာရီသဖွယ် ဖြစ်နေသော ကောင်းကင်အလောင်းကောင် ဒိုင်းမင်းရှင်းကို ရှာဖွေဖို့အတွက်ပင်။
အမှန်စင်စစ် အင်မော်တယ်ခြေနင်း ကျောင်းတော်အနီး မကောင်းဆိုးဝါး အလောင်းတောင်တန်း၌ ဒိုင်းမင်းရှင်း ကူးသည့် လမ်းကြောင်းတစ်ခု ရှိသည်။
အနက်ရောင် အလောင်းတောင်တန်းတွင်လည်း ကောင်းကင်အလောင်းကောင် ဒိုင်းမင်းရှင်းမှ အလောင်းကောင် စွမ်းအင်များ ရှိနေလေရာ သွားလာသည့် လမ်းကြောင်းတစ်ခု ရှိနေနိုင်ပေသည်။
ထို့ပြင် သူက ထိုဒိုင်းမင်းရှင်းမှ ဒဏ္ဍာရီဆန်သည့် အသက်ဓာတ် စမ်းရေကို ရှာဖွေချင်နေခဲ့သည်။ သူ့ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အသက်ဓာတ် စမ်းရေပင်ဖြစ်၏။ ထိုအရာသာမရှိပါက အဆင့်ချိုးဖောက် တက်လှမ်းနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
"ဆောင်ဟေရှမ်း သေတာကို ယွမ်ဟိုက်လန် မသိခင် အချိန်နည်းနည်းတော့ရလိမ့်မယ်... ငါ သူမ ဖြစ်ပျက်သွားမယ့် မျက်နှာကို မမြင်နိုင်တာ ဆိုးတာပဲ... ယန်ကောင်းကင်မှာရှိတဲ့ သူမရဲ့ သူလျှိုက ငါ ဘာလုပ်ထားလဲဆိုတာ သူမဆီ အကြောင်းကြားမှာပဲ... သူမက ငါ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ မရှိဘူးဆိုတာ သိသွားမှာပါပဲလေ..."
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကိစ္စများကို စဉ်းစားရင်းဖြင့် သူက တောင်တန်းများဆီ ပြေးလွှားသွားခဲ့သည်။
ဝှစ်...
တဖြည်းဖြည်းနှင့် အဆိပ်သင့်သည့် အလောင်းကောင် စွမ်းအင်များက သူ့မျက်နှာကို ရိုက်ခတ်လာကာ ဖုတ်ကောင်များ၏ အော်ဟစ်သံများကိုလည်း သူ့နားထဲတွင် ကြားနေရသည်။ မကြာခင်မှာပင် ဖုတ်ကောင်များ၊ အရိုးစုများနှင့် အချို့ ဖုတ်ကောင် သားရဲကြီးများ ရှိနေသည့် ချိုင့်ဝှမ်းသို့ ရောက်ရှိသွားတော့သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သည့် အစစ်အမှန် စွမ်းအင်များက သူတို့ကို ပြာအဖြစ် ပြောင်းလဲသွားစေပြီး အလောင်းကောင် စွမ်းအင်များ ထွက်ပေါ်လာလေတော့သည်။
နှစ်ထောင်ချီ အနက်ရောင် အလောင်းတောင်တန်းက လှုပ်ရှားမှုများနှင့် အသက်ဝင်နေ၏။ အလောင်းကောင် စွမ်းအင်များက များပြားလွန်းလေရာ ၎င်းနှင့် ထိမိသည့် သားရဲများ၊ လူသားများ အားလုံး ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားပြီး မြင်မြင်သမျှ သက်ရှိတိုင်းကို စားသောက်ကြသည်။
ထို့ကြောင့် သူတို့တွေများစွာ ရန်ချီ သတ်လိုက်လေလေ တောင်တန်းအတွက် ဘေးအန္တရာယ် ပိုမို နည်းပါးလာလေလေ ဖြစ်သည်။
သူ့ အစစ်အမှန် စွမ်းအင်ပမာဏက များပြားလွန်းကာ ပြိုင်ဘက်ကင်းလုနီးနီး ဖြစ်နေသဖြင့် သူတွေ့မိသည့် မည်သည့် ဖုတ်ကောင်နှင့် အရိုးစုမဆို သုတ်သင်ခံရသည်။ သူက ငရဲပြည်မှ တမန်တော်တစ်ပါးနှင့် ဆင်တူနေပေ၏။
ထိုအချိန်အတွင်း သူ့စွမ်းအားပင်လယ် အနက်ပိုင်းရှိ ငရဲမီးတောက် မီးပြင်းဖိုအတွင်း မိစ္ဆာတစ္ဆေများကို ကိုယ်စားပြုသည့် အဆိပ်သင့် စွမ်းအင်များက ဒေါသတကြီး အော်ဟစ်နေကြသည်။
ထိုအရာက အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာမှ ရန်ချီ စုပ်ယူခဲ့သည့် စွမ်းအင်များဖြစ်ကာ ထိုလူ၏ အသက်ဓာတ်အမြုတေပင် ပါဝင်နေသည်။ ရန်ချီက ယခုအချိန်၌ သူ့ ရွှေဖြူရောင် သူတော်စင် မီးလျှံကို အသုံးပြုကာ အဆိပ်သင့် စွမ်းအင်များကို ချေဖျက်၍ အစစ်အမှန် စွမ်းအင်များကို ထုတ်ယူနေခြင်း ဖြစ်သည်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအား၌ ငရဲမှ အရှိန်အဝါများ ပြည့်နှက်နေသည်။
ငရဲပြည်က ဘယ်လိုနေရာမျိုးလဲ။ ထိုနေရာက မိစ္ဆာနတ်ဘုရားများ ခိုအောင်းနေသည့် နက်ရှိုင်းသော မိစ္ဆာနယ်မြေဖြစ်သည် မဟုတ်ပါလား။ ရက်စက်လွန်းသည့် မိစ္ဆာနတ်ဘုရားများကို ငရဲပြည်၏ အနက်ရှိုင်းဆုံး နေရာရှိ ကြီးမားသော မီးပြင်းဖိုအတွင်း မြင်တွေ့နိုင်သည်။
ထို့ကြောင့်ပင် သဘာဝအားဖြင့် ရန်ချီက ရောနှော အစစ်အမှန်စွမ်းအင် အချို့ကို ရရှိနိုင်ခြင်းမှာ သဘာ၀ ကျပေသည်။
ထိုအဆိပ်သင့် စွမ်းအင်များကိုအသုံးပြုကာ သူက ဖုတ်ကောင်များနှင့် အရိုးစုများကို မီးကိုမီးဖြင့် တိုက်သကဲ့သို့ ဖျက်ဆီးကာ တစ်ချိန်တည်းမှာပင် အသက်ဓာတ် အမြုတေ၏ အသန့်စင်ဆုံး ပုံစံကို တတ်နိုင်သမျှ ရရှိခဲ့လေတော့သည်။
ယခုအခါ သူ့စွမ်းအင်ပညာရပ်က အထွတ်အထိပ်သို့ ရောက်ရှိနေကာ လောကအုပ်ချုပ်သူ အဆင့်(၄)နှင့် နီးကပ်လာလေပြီ။
တစ်ချိန်တည်းမှာပင် သူက နှစ်ထောင်ချီ အလောင်းဘုရင်များကို ရှာဖွေကာ အဆင့်ချိုးဖောက် တက်လှမ်းရာ၌ အသက်ဓာတ် အမြုတေအဖြစ် အသုံးပြုရန် မျှော်လင့်ချက်ဖြင့် ပြင်ဆင်ထားချင်နေသည်။
အနက်ရောင် အလောင်းတောင်တန်းအတွင်းသို့ ပိုမို ဝင်ရောက်လာသောအခါ ဖုတ်ကောင်များနှင့် အရိုးစုများက ပိုမို များပြားလာသည်။
တစ်ချိန်တည်းမှာပင် သူကြုံတွေ့လာသည့် သက်ရှိများက ပိုမို သန်မာလာ၏။ အဆင့်(၇)၊ အဆင့်(၈)၊ အဆင့်(၉) ရန်သူများပင် ပေါ်လာလေတော့သည်။ သူတို့ထဲမှ အချို့က မသေဆုံးမီ နှစ်ပေါင်းရာချီက ထိပ်သီး ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ရန်ချီက ယန်ကောင်းကင်၌ အတိတ်တစ်ချိန်တုန်းက ကျော်ကြားသော ထိပ်သီးများနှင့်ပါ တွေ့ခဲ့ရသည်။
အမှန်စင်စစ် စွမ်းအားပညာရှင်များက နှစ်တစ်ရာကျော် အသက်ရှင်နိုင်သော်လည်း အနက်ရောင် တောင်တန်းရှိ သင်္ချိုင်းဂူများအတွင်း ရောက်ရှိသောအခါ အလောင်းကောင် စွမ်းအင်များက သူတို့ကို ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားစေပြီး တောင်တန်းများရှိ အလောင်းကောင် ဘုရင်များထံ ခစားရလေတော့သည်။ ထိုကဲ့သို့ အကြောင်းမျိုး ဘယ်နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ပြောပြဖို့ပင် ခက်ခဲလှသည်။
ထို့ကြောင့် အနက်ရောင် အလောင်းတောင်တန်းတွင် အစွမ်းထက်သည့် အင်အားစုများ မည်မျှ ရှိသနည်းဟု ခန့်မှန်းရန်ပင် ခက်ခဲပေလိမ့်မည်။
ထို့ပြင် ထိုနေရာရှိ ဖုတ်ကောင်များက မကောင်းဆိုးဝါး အလောင်းတောင်တန်းထက်ပင် များပြားသည်။
အကြောင်းမှာ မကောင်းဆိုးဝါး အလောင်းတောင်တန်းက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများအနေဖြင့် လေ့ကျင့်ရန်နှင့် အတွေ့အကြုံ ရရှိဖို့အတွက် လူကြိုက်များသည့် နေရာတစ်ခုဖြစ်သောကြောင့်ပင်။ ဆန့်ကျင်ဘက်အားဖြင့် အနက်ရောင် အလောင်းတောင်တန်းကတော့ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသဘက်တွင် တည်ရှိနေသည်။ မည်သူတစ်ဦးမှ လေ့ကျင့်ဖို့အတွက် ထိုနေရာသို့ မသွားလေရာ မိစ္ဆာအင်အားစုများက လွတ်လွတ်လပ်လပ်ဖြင့် ပိုမို သန်မာလာကြလေတော့သည်။
ရန်ချီက သူ့နှလုံးသားထဲမှ ဆန္ဒအတိုင်း ထိုနေရာရှိ မိစ္ဆာများကို စိတ်တိုင်းကျ သတ်ဖြတ်နေရာ မိစ္ဆာအမြုတေများက သူ့ငရဲမီးတောက် မီးပြင်းဖိုအတွင်း အဆက်မပြတ် စုပ်ယူနေလေတော့သည်။
မိစ္ဆာအမြုတေများက ရွှေဖြူရောင် သူတော်စင်မီးလျှံကြောင့် ချက်ချင်း အရည်ပျော်ကာ သန့်စင်သည့် အသက်ဓာတ် အဆီအနှစ်များ ဖြစ်လာသည်။
အာဝူး...
အား... ဝူး...
ရုတ်တရက် သင်္ချိုင်းနှင့် တူညီသည့် တောင်တစ်ခုက လှုပ်ယမ်းသွားကာ များပြားလွန်းသည့် အလောင်းကောင် အရှိန်အဝါက လေထဲသို့ ထွက်ပေါ်လာသည်။ ထိုအတွက်ကြောင့်ပင် အနီးနားရှိ အရိုးစုများနှင့် အလောင်းကောင်များက သစ္စာရှိစွာ ဦးညွှတ်လိုက်ကြလေတော့သည်။
နှစ်တစ်ထောင် အလောင်းဘုရင် ထွက်ပေါ်လာပြီ။
ရန်ချီက မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို သုတ်သင်နေရင်း ထိုကဲ့သို့ ထိပ်သီး ကျွမ်းကျင်သူ တစ်ယောက်၏ တည်နေရာ ထွက်ပေါ်လာရာ စိတ်အားထက်သန်လာသည်။ အလောင်းဘုရင်က ရွှေနှင့် ပြုလုပ်ထားကာ ရွှေရောင်တောင်ပံများရှိနေသဖြင့် သူက လူသားတစ်ဦးလား မိစ္ဆာတစ်ကောင်လား ဆိုသည်ကိုပင် မသေချာချေ။
ရွှေရောင် အလောင်းဘုရင် ထွက်ပေါ်လာသည်နှင့် ရွှေများနှင့် ပြည့်နှက်နေသည့် လေပြင်းများ တိုက်ခတ်လာတော့သည်။
ထိုအရာက သတ္တုအမျိုးအစား အစစ်အမှန်စွမ်းအင်ဖြစ်ကာ အလွန်အမင်း အစွမ်းထက်လှသည်။ ထိုစွမ်းအင်က အရာရာတိုင်းကို ထိုးဖောက်နိုင်သည့် အမျိုးအစားပင်။
"မြင့်မြတ်တဲ့ နတ်ဘီလူး ကြယ်သတ္တု ရောင်စဉ်..."
သူက ကြုံးဝါးလိုက်သည်။ သူ့ထံမှ ထွက်ပေါ်လာသည့် စွမ်းအင်ပညာရပ် လှိုင်းများက နက်မှောင် အေးစက်နေပြီး အသေသတ်ကွက်တစ်ခု ဖြစ်လာသည်။
"အနက်ရောင် အလောင်းတောင်တန်း အနက်ပိုင်းမှာ တစ်စုံတစ်ယောက် ပြဿနာ လာမရှာတာ တော်တော်ကြာခဲ့ပြီ... ကောင်စုတ်လေး... မင်းက ဝါးနိုင်တာထက် ပိုဝါးချင်နေတာပဲ..."
"ဒါဆို ဒီအလောင်းကောင်က နတ်ဘီလူး တာအိုကို ကျင့်ကြံတာပေါ့..."
နတ်ဘီလူး စွမ်းအင်ပညာရပ်က မိစ္ဆာပညာရပ် ဟူ၍ သတ်မှတ်၍ရကာ ထိုပညာရပ်ကို ကျင့်ကြံပြီးပါက သူတို့၏ သွေးသားခန္ဓာကိုယ်မှ အတောင်ပံများ ကြီးထွားလာပြီး ကျင့်ကြံသူကို လေထဲ၌ အမှန်တကယ် ပျံသန်းနိုင်သည့် နတ်ဘီလူးတစ်ကောင် ဖြစ်စေသည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ထိုပညာရပ်က တားမြစ်ထားသည့် မိစ္ဆာပညာရပ် ဖြစ်သည်။
အမှန်စင်စစ် ထိုအရာကို လူမဟုတ်သည့် သူများသာ ကျင့်ကြံကြသည်။
အလင်းတန်းများ နီးကပ်လာသောအခါ ရန်ချီက စွမ်းအင်နယ်ပယ်ကို ထုတ်ဖော်လိုက်ရာ အရာရာတိုင်းက လှုပ်ယမ်းကုန်ပြီး တောင်များပင် ကွဲအက်လာသည်။ မြေပြင်ပင်လျှင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေတော့သည်။
ကြယ်သတ္တု ရောင်စဉ် လှိုင်းများကတော့ ပျက်စီးသွားလေပြီ။
"ငါက ငရဲကို ထိန်းချုပ်ပြီးတော့ ငရဲ နတ်ဘုရားတွေကို ကိုယ်စားပြုတယ်... ဒါကြောင့် မင်းရဲ့ စွမ်းအားကို ဖယ်ရှားဖို့ ငရဲက မှော်ပညာ နိယာမကို အသုံးပြုနိုင်တယ်..."
ရန်ချီ ပြောလိုက်သည့် စကားများက ငရဲချေမှုန်း နတ်ဆင်ကြီး ပြောလိုက်သည်နှင့် တူညီကာ ကောင်းကင်နှင့် မြေပြင်မှ အရိုင်းဆန်သည့် သက်စောင့် စွမ်းအင်များက ဆင်းသက်လာပြီး ပျံသန်းနေသည့် အလောင်းဘုရင်ကို လွှမ်းမိုးသွားလေတော့သည်။
အလောင်းဘုရင်က အလွန်အမင်း လွှမ်းမိုးခံရကာ သူအနေဖြင့် ချက်ချင်း ပျောက်ကွယ်သွားနိုင် သကဲ့သို့ ခံစားလိုက်ရသည်။
သူက ကောင်းကင်ပေါ်မှ ကျဆင်းပြီးနောက် သူ့ခန္ဓာကိုယ်က ပြိုလဲသွားကာ ကြောက်လန့်တကြား ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ... ဘယ်လိုလုပ်ပြီး မှော်ပညာနိယာမကို ထိန်းချုပ်နိုင်ရတာလဲ... ဒါက ဘယ်လို မိစ္ဆာပညာရပ်မျိုးလဲ... အဲဒီမှာ မိစ္ဆာ မကောင်းဆိုးဝါးတွေကို ဖျက်ဆီးနိုင်တဲ့ ငရဲပြည်ရဲ့ စွမ်းအားတွေပါနေတယ်... မင်းက လူလား နတ်ဆိုးလား..."
မျက်လုံးများ အရောင်လက်သွားပြီးနောက် ရန်ချီက သူ့ကို သတ်ပစ်လိုက်သည်။
သူ့ ကြီးမားသော မိစ္ဆာအမြုတေကို ထုတ်ယူပြီးနောက် သူက ရွှေဖြူရောင် သူတော်စင် မီးလျှံအတွင်း ပစ်ထည့်လိုက်ရာ ၎င်းက စတင် အရည်ပျော်လာလေတော့သည်။
ရွှေဖြူရောင် သူတော်စင် မီးလျှံက နတ်ဘုရား နယ်မြေမှ ကောင်းချီးပေးခြင်း တစ်ခုနှင့် တူညီကာ ၎င်းက မိစ္ဆာများ၊ နတ်ဆိုးများနှင့် မကောင်းသည့် စွမ်းအင် အမျိုးမျိုးကို သန့်စင်ပေးနိုင်သည်။
ထိုအချက်ကြောင့် ရန်ချီက အနက်ရောင် အလောင်းတောင်တန်း အနက်ပိုင်း ဝင်ရောက်ကာ ကောင်းကင်အလောင်းကောင် ဒိုင်းမင်းရှင်းကို ဝင်ရောက်ရှာဖွေခြင်း ဖြစ်သည်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအားက အမျိုးမျိုးသော မိစ္ဆာမကောင်းဆိုးဝါးများကို ဖျက်ဆီးနိုင်လေရာ ၎င်းတို့ကို အလွယ်တကူ နင်းခြေနိုင်ခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။
ရွှေရောင် အလောင်းဘုရင်ကို သတ်ဖြတ်ပြီးနောက် ရန်ချီအနေဖြင့် ရှေ့သို့ ဆက်သွားခဲ့သည်။
ဝုန်း...
ရုတ်တရက် တောင်ထိပ်တစ်ခုက ပေါက်ကွဲကာ များပြားလွန်းသည့် ကျောက်တုံးများက နေရာအနှံ့ လွင့်စင်သွားပြီး တိမ်များပင် ကင်းစင်သွားလေတော့သည်။ အတွင်းဘက်၌ သင်္ချိုင်းတစ်ခု ပေါ်လာကာ သင်္ချိုင်းအနက်ပိုင်း၌ ကြေးရောင် ခေါင်းတလား တစ်ခု ရှိနေသည်။
ခေါင်းတလား အတွင်းမှ မျက်လုံးများ ဖွင့်လာကာ တောင်ထိပ်မှ ပျက်စီးမှုများကို အံ့ဩတကြီး ကြည့်လိုက်၏။
ထိုအရာက လောကအုပ်ချုပ်သူ အဆင့်(၁)ထက် သာလွန်သည့် စွမ်းအားများ ဖြစ်ကြောင်း သိသာလှသည်။
မျက်လုံးများ ဖွင့်ပြီးနောက် လက်တစ်ဖက်က ခေါင်းတလား အပေါ်၌ ပေါ်လာကာ နှစ်ထောင်ချီ အလောင်းတစ်ကောင်က အပြင်သို့ ဆွဲကိုင်ထုတ်လိုက်သည်။
ထိုအလောင်းက လူသွေးများ စုပ်ယူကာ ကျင့်ကြံခြင်းအလယ်တစ်ခု၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ယခုအချိန်မှာတော့ သူက လူငယ်တစ်ကောင်၏ ချုပ်ကိုင်ထားမှုကို ခံရလေပြီ။ သူက အစွယ်များကို ထုတ်ကာ ရန်ချီ၏ လက်ကို သွေးစုပ်ဖို့ ပြင်ခိုက်သည်။
သို့သော်လည်း သူ့ အစွယ်များက ရန်ချီ၏ အရေပြားကို ထိမိသောအခါ ကျိုးပဲ့ကုန်ပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။ တစ်ခဏကြာပြီးနောက် ရန်ချီက နောက်ထပ် မိစ္ဆာအမြုတေတစ်ခု ထပ်ရသည်။ ထိုအရာက သွေးနီရောင် တစ်ခု ဖြစ်၏။
ထိုအရာက သူတစ်ချိန်တုန်းက သတ်ဖြတ်ခဲ့သည့် သွေးစုတ်ဖုတ်ကောင်များ၏ သွေးမိစ္ဆာ အမြုတေနှင့် တော်တော်လေး တူညီသည်။
ထိုအရာက အလွန်အစွမ်းထက်သည့် သွေးစုတ်ဖုတ်ကောင် အလောင်းဘုရင်တစ်ကောင် ဖြစ်ပေသည်။ သူက နေ့ဘက်၌အိပ်ကာ ညဘက်၌ အမဲလိုက်လေ့ရှိသည်။ ၎င်းက အနက်ရောင် အလောင်းတောင်တန်း ဝန်းကျင်ဒေသများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ယခုတော့ ရန်ချီက သူ့ကို အဆုံးသတ်ခဲ့လေပြီ။
ထို့ကြောင့် သူက ၎င်းကို သတ်ဖြတ်ခြင်းက အကျိုးရှိသည်။
အနက်ရောင် အလောင်းတောင်တန်းကို သန့်ရှင်းဖို့ အချိန်ရောက်လာသဖြင့် သူက နှစ်တစ်ထောင် အလောင်းဘုရင်များကို တတ်နိုင်သမျှ သတ်ဖို့ အချိန်ကျလာလေပြီ။
End
***