ချင်းလံုပင်လယ်သည် ချောင်းနယ်ပယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး စကြဝဠာတောင်ဘက်ရှိ စွန့်ပစ်ခံမြို့တော်သို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။
လုရီဖျင်သည် လုမိသားစုနေအိမ်မှ ထွက်ခွာလာပြီးနောက် ခရီးတောက်လျှောက်နှင်လာခဲ့ရာ မကြာမီမှာပင် ချွန်းလုံတောင်တန်းသို့ ရောက်ရှိလာခဲ့သည်။ ချွန်းလုံတောင်တန်းနှင့် မလှမ်းမကမ်းတွင် ချင်းလံု ပင်လယ်တည်ရှိသည်။
ထိုညတွင်…
ချိုင့်ဝှမ်းတစ်ခု၏ တစ်နေရာ၌ လုရီဖျင်သည် မီးပုံဖိုကာ နေမင်းဟိဗစ်စကပ်ပင်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ပြင်ဆင်ထားသော သားကောင်အသားများကို အပိုင်းပိုင်းဖြတ်ကာ သစ်ပင်ဆီသို့ အဆက်မပြတ် ပစ်ထည့်လိုက်သည်။
ပြီးပြည့်စုံသော ကွေးညွှတ်မှုပုံစံဖြင့် ပျံတက်သွားသော ထိုအသားစများသည် သစ်ပင်၏ နေမင်းအစစ်အမှန်မီးလျှံကို ဖြတ်သန်းသွားပြီးနောက် ပြန်လည်ကျလာသည့်အခါတွင် အလွန်မွှေးကြိုင်လှသော အသားကင်များအဖြစ် ပြောင်းသွားခဲ့ပြီဖြစ်သည်။
နေမင်းဟိဗစ်စကပ်ပင်ပေါ်မှ တောက်လျှောက်ကျလာသော ထိုအသားကင်များကို ကြည့်ရင်း လုရီဖျင်သည် နွားသိုးလုံကျောင်းကို မလွဲမသွေ သတိရမိသွားခဲ့သည်။ နေမင်းမီးလျှံဖြင့် အသားကင်ခြင်းနှင့် သစ်ပင်ရိပ်တွင် အပန်းဖြေခြင်းတို့မှာ နွားသိုးလုံကျောင်းကြံဆခဲ့သော အကြံဉာဏ်များ ဖြစ်သည်။ အောက်ကမ္ဘာတွင် သူ မည်သို့နေထိုင်နေမည်ကိုတော့ တွေးရင်း လုရီဖျင်မှာ အနည်းငယ်သတိရနေမိသည်။
လုရီဖျင်၏ ရှည်လျားလှသော ကျင့်ကြံခြင်းနှစ်ကာလများတစ်လျှောက်တွင် နွားသိုးလုံကျောင်းသည် သူနှင့်အတူ အချိန်အကြာဆုံး ရှိနေပေးခဲ့သူဖြစ်သည်။ သူ၏ ညီမငယ်ပင်လျှင် ထိုမျှ မကြာခဲ့ပေ။ သူ၏ မိဘများပင်လျှင် နွားသိုးလုံကျာင်းကဲ့သို့ သူနှင့်အတူ အချိန်မကုန်ဆုံးခဲ့ဖူးချေ။
လုရီဖျင်သည် သားကောင်၏အသားကို စားရင်း ဝမ်လုံ မြတ်စွာအရက်ကို သောက်သံုးနေစဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံကို ဖြတ်သန်းလာသည့် လေတိုးသံတစ်ခုကို ကြားလိုက်ရသည်။
သို့သော်လည်း ချိုင့်ဝှမ်းအတွင်း၌ သူသည် အကာအကွယ် အစီအရင် တစ်ခုကို ကြိုတင် ချထားပြီးဖြစ်သောကြောင့် တစ်စုံတစ်ယောက် ရှာတွေ့သွားမည်ကိုတော့ စိုးရိမ်ခြင်းမရှိပေ။
"သခင်လေး... ရှေ့နားလေးဆို ချင်းလုံပင်လယ်ကို ရောက်ပါတော့မယ်"
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုသည် အဝေးဆီမှ ပျံ့လွင့်လာခဲ့လေသည်။
ချမ်းဒဲ့လူ၏ အသံကို ကြားလိုက်ရသည့်အခါ လုရီဖျင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ကဲ... မြန်မြန်သွားကြစို့။ လုရီဖျင် မရောက်ခင် ချင်းလုံပင်လယ်ကို အမြန်သွားပြီး နတ်ဆိုးဘုရားသုံးထောင် အစီအရင်ကို အမြန်ချထားရမယ်" အခြားအသံတစ်ခုကလည်း ထပ်မံထွက်ပေါ်လာပြီး "လုရီဖျင်ရဲ့ အရှိန်နဲ့ဆိုရင် နောက်ထပ် သုံးလေးရက်အတွင်း ချင်းလုံပင်လယ်ကို ရောက်လာလိမ့်မယ်" ဟု ဆိုလိုက်သည်။
ထိုစဉ် ကောင်းကင်ယံထက်၌ လုံချင်း ၊ ချမ်းဒဲ့လူနှင့် ချောင်းနင် တို့သည် ချိုင့်ဝှမ်းပေါ်မှ ဖြတ်ကျော်ပျံသန်းသွားကြသည်။ ၎င်းတို့ထဲမှ သူတော်စင်ဧကဂာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည် အောက်ရှိ ချိုင့်ဝှမ်းကို တစ်ချက်ငဲ့ကြည့်လိုက်သော်လည်း သူ၏မျက်စိထဲတွင် ချိုင့်ဝှမ်းမှာ လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေသည်ဟုသာ မြင်တွေ့ရသည်။
လုံချင်းတို့ လူစု ပျောက်ကွယ်သွားသည်အထိ ကြည့်နေသော လုရီဖျင်၏ မျက်လုံးများမှာ အေးစက်စက် ဖြစ်နေခဲ့သည်။
"ချင်းလုံပင်လယ်...နတ်ဆိုးဘုရား သုံးထောင် အစီအရင်လား..."
လုရီဖျင်သည် ခနဲ့သလိုပြောကာ ပြုံးလိုက်သည်။ သူ ချင်းလုံပင်လယ်သို့ ရောက်ရန် သုံးလေးရက် ကြာဦးမည်ဟု လုံချင်းက ထင်မှတ်ထားသော်လည်း လုရီဖျင် စောစောစီးစီး ရောက်နှင့်နေကြောင်းကို မသိပေ။ လုဖေလင်း၏ တာအိုအသီးကို သန့်စင်ပြီးနောက် သူ၏အရှိန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
လုရီဖျင်သည် ကောင်းကင်သို့ ပျံတက်ကာ လုံချင်းတို့အဖွဲ့ကို ရှောင်ကွင်းပြီး ချင်းလုံပင်လယ်သို့ အစွမ်းကုန် အရှိန်တင်ကာ သွားလိုက်သည်။ လုံချင်းတို့သည်သူ့ကို ချောက်ချရန် ချင်းလုံပင်လယ်တွင် အစီအရင် ချထားမည်ဟု ကြံရွယ်နေပါက အရင်ဦးအောင်သွားကာ မသေဆုံးနိုင်သည့်ကောင်းကင်သစ်သား
အတတ်ပညာ အစီအရင် ကို ကြိုတင် ပြင်ဆင်ထားမည် ဖြစ်သည်။
ထိုအစီအရင်သည် လုရီဖျင်မီ ကျန့်မု တည်ဆောက်သစ်ပင်၏ တာအိုပုံစံများမှတစ်ဆင့် ဆင်ခြင်မိထားသော ကမ္ဘာဦးအဆင့် အစီအရင်ဖြစ်ပြီး လောကအားလုံးတွင် အစွမ်းထက်ဆုံး သစ်သားဓာတ် အစီအရင်ဟု ဆိုနိုင်သည်။ သို့သော် ထိုအစီအရင်ကို ခင်းကျင်းရန်အတွက် ကျန့်မုသစ်ပင်ကို အစီအရင်၏ ဗဟိုချက်အဖြစ် ထားရှိရန် လိုအပ်ေပသည်။ ထိုအစီအရင်ကို ခင်းကျင်းပြီးသည်နှင့် လုံချင်းတို့အဖွဲ့ ဝင်ေရာက်လာပါက အားလုံးမှာသေတွင်းသို့ ကိုယ်တိုင်ဝင်ရောက်သလိုသာဖြစ်သွားပေလိမ့်မည်။
၎င်းတို့ ၈ ဦးလုံးသည် ကျန့်မုသစ်ပင်ကို ချေဖျက်နိုင်မှသာ လွတ်မြောက်နိုင်မည် ဖြစ်သည်။
လုရီဖျင်သည် ချင်းလုံပင်လယ်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မိနစ် ၃၀ အတွင်း အစီအရင်ကို အပြီးသတ်ရန် အားထုတ်တော့သည်။ သူတစ်ယောက်တည်းဆိုလျှင် ခက်ခဲနိုင်သော်လည်း ကျန့်မုသစ်ပင်၏ အကူအညီဖြင့် အရာအားလုံး အဆင်ပြေသွားခဲ့သည်။ သစ်ရွက်တိုင်းမှ တာအိုသင်္ကေတများ ကုဋေကုဋာ ချီ၍ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် လေဟာနယ် အတွင်း ပုန်းကွယ်သွားကြသည်။
မိနစ် ၂၀ ခန့်အကြာတွင် လုံချင်းတို့အဖွဲ့ ရောက်ရှိလာခဲ့သည်။ လုံချင်းက “ချင်းလုံပင်လယ်မှာရှိတဲ့ ရေတွေက အမြဲကြည်လင်နေတာဘဲ။ ဒါပေမဲ့လည်း မကြာခင်မှာတော့ သွေးတွေနဲ့ စွန်းထင်ရတော့မယ်" ဟု လုရီဖျင်၏ သွေးကို ရည်ရွယ်ကာ ပြောလိုက်သည်။
ထိုစဉ် လုရီဖျင်က စတင်တိုက်ခိုက်တော့သည်။
ဘုန်း…*
ထိုအချိန် ကောင်းကင်ထက်မှ ရွှေရောင်ခေါင်းလောင်းကြီး တစ်ခု ကျဆင်းလာကာ အသံကျယ်လောင်စွာ မြည်ဟည်းသွားခဲ့သည်။ အသံလှိုင်း၏ ဒဏ်ကြောင့် ချမ်းဒဲ့လူ နှင့် ချောင်းနင်တို့ သွေးအန်သွားရသည်။
"ဒါ… ကမ္ဘာ့ဦးခေါင်းလောင်းဘဲ"
"ဒါလုရီဖျင်လက်ချက်ဘဲ….."
လံုချင်းက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း လေဟာနယ်ထဲမှ သစ်ကိုင်းပေါင်း သန်းချီ၍ ၎င်းတို့ထံသို့ ရိုက်ခတ်လာခဲ့သည်။ သူတော်စင် ၆ ဦးနှင့် သူတော်စင်ဧကရာဇ် အဆင့် ၂ ဦးတို့သည် အစွမ်းကုန် ပြန်လည်ခုခံသော်လည်း ခေါင်းလောင်းသံနှင့် သစ်ကိုင်းများ၏ ဖိအားအောက်တွင် နစ်မြုပ်နေရသည်။
ထိုအချိန်တွင် အပြာရောင်ဝတ်စုံနှင့် လုရီဖျင် ပေါ်လာခဲ့သည်။ လုံချင်းက "လုရီဖျင်... မင်း သေချင်နေတာလား" ဟု ဟိန်းဟောက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သို့သော် လုရီဖျင်၏ ပြန်လည်ထိုးနှက်ချက်ကြောင့် လုံချင်းသည် မိုင်ပေါင်းများစွာ နောက်သို့ လွင့်ထွက်သွားရသည်။
"ဘာဖြစ်တာလဲ…." ကျန်ရှိနေသောသူများမှာ အံ့အားသင့်သွားကြသည်။ လုံချင်းသည်ပင် မိမိကိုယ်မိမိ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ လုရီဖျင်၏ အစွမ်းမှာ သူ ခန့်မှန်းထားသည်ထက် များစွာ ပိုမို အားကောင်းနေခဲ့ပြီ ဖြစ်သည်။
***