"ဒီအစီရင်စုကြီးက ဘယ်ကထွက်လာတာလဲ…"
တစ်လမပြည့်ခင်မှာတင် လုရီဖျင်၏ စွမ်းအားများသည် ချမ်းဒဲ့လူနှင့်ဘချောင်းတင်တို့သိသည်ထက်ပို၍ တိုးတက်လာခဲ့သည်။ ရုတ်တရက်ပင် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
လုံချင်း တစ်ယောက် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပဲ၊ လုရီဖျင်၏ နောက်ကျောဘက်မှ စိတ်ကူးကြည့်လို့ပင် မရနိုင်အောင် ကြီးမားလွန်းသည့် သစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
လုံချင်း၊ ချမ်းဒဲ့လူ၊ ချောင်းနင်နှင့် တခြားလူများသည် တိုက်ကြီးတစ်ခုစာလောက်ထိ ထုထည်ကြီးမားသော ထိုသစ်ပင်ကြီးကို မြင်လိုက်ရပြီး မှင်သက်သွားကြေလသည်။
“ကျန့်မု ကမ္ဘာဦးသစ်ပင်လား”
ကျန့်မုသစ်ပင်ကို မြင်လိုက်ရချိန်တွင် လုရီဖျင်၏ စွမ်းအားများ ရုတ်တရက် အဆမတန် ခုန်တက်သွားရသသည်ကို လုံချင်း နားလည်သွားခဲ့သည်။
"ဒါကြောင့်ကိုး…"
ကျန့်မုသစ်ပင်၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည့် ဟုန့်မုန်အရှိန်အဝါများကို ကြည့်ပြီး လုံချင်း၏ မျက်လုံးများသည် ထိန်းသိမ်းမရ တောက်ပလာခဲ့သည်။
ချမ်းဒဲ့လူနှင့် ချောင်းနင်တို့သည် လုရိီဖျင်မှာ ဟုန့်မုန်ချီးွမ်းအင် အနည်းငယ် သို့မဟုတ် သောင်းနဲ့ချီ၍သာ ရှိလိမ့်မယ်လို့ ထင်ခဲ့ကြသည်။ ယခုအခါ သန်းပေါင်းရာနှင့်ချီသည့် ဟုန့်မုန်ချီစွမ်းအင်များကို မြင်လိုက်ရေသာအခါ အားလုံးလည်း ထပ်မံတုန်လှုပ်သွားကြရသည်။
ထိုအချိန်မှာပင် လုံချင်း၏ လက်အောက်ငယ်သားဖြစ်သူ သူတော်စင်အဆင့် ငါးယောက်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ပြီး လုရီဖျင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
၎င်းတို့မှ လုရီဖျင်အား တိုက်ခိုက်တော့မည့်အချိန်တွင် ၊ လုရီဖျင်၏ ဦးခေါင်းအထက်မှ ခေါင်းလောင်းကြီးသည် အလင်းတန်းများနှင့်အတူ တုန်ခါသွားပြီး နေ၊ လ၊ တောင်တန်းနဲ့ မြစ်ချောင်းများ ရွေ့လျားသွားကာ ခေါင်းလောင်းပုံစံ ကာကွယ်ရေး အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့ေလသည်။
သူတော်စင်အဆင့် ငါးယောက်၏ စွမ်းအားများစည် ထိုကာကွယ်ရေးအတားအဆီးကို အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်။
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခေါင်းလောင်းပုံစံ အတားအဆီးမှာ ပျက်ပြယ်သွားေသာ်လည်း လုရီဖျင်မှာ မည်သည့်ဒဏ်ရာမျှပင်မရဘဲ မတ်တပ်ရပ်လျက်သာရှိေနခဲ့သည်။ သူ၏ဦးခေါင်းပေါ်တွင် ချင်းယွမ်တိမ်တိုက်များရှိနေပြီး တစ်ကိုယ်လုံးတွင် လမ်းစဉ်စွမ်းအားများဖြင့် ပတ်နွယ်ကာ တုန်လှုပ်ခြင်းပင်မရှိေပ။
ထိုရလဒ်ကို မြင်လိုက်ရတဲ့အခါ သူေတာ်စင်အဆင့် လူငါးယောက်လုံး အံ့အားသင့်သွားကြေလသည်။ လုရီဖျင်၏ ခေါင်းပေါ်တွင် သုံးဧကစာလောက်ရှိသည့် ချင်းယွမ်တိမ်တိုက်ကို မြင်လိုက်ရေသာအခါ လုံချင်း၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။
ရုတ်တရက် လုရီဖျင်မှာ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူတော်စင်ဧကရာဇ်တစ်ပါးရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် ထိုးချလိုက်ေလသည်။ ထိုသူတော်စင်ဧကရာဇ်သည် လုဖေလင်းထက်ပင် များစွာ အားနည်းသည့်အတွက် လုရီဖျင်၏ လက်သီးချက်အား ခံနိုင်ရည်မရှိခဲ့ပေ။ ထိုလူသည် တစ်ချက်တည်းဖြင့်ပင် လွင့်ထွက်သွားခဲ့ေလသည်။
“သတ်ကြစမ်း…”
“လုရီဖျင်ကို သတ်စမ်း၊ အောင်မြင်မှုက ငါတို့အတွက်ပဲ၊ ဟုန့်မုန်ချီတွေအားလုံးကို ငါတို့ အညီအမျှ ခွဲယူကြမယ်” လုံချင်းက အသိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးေနာက် လက်ထဲမှ ဓားဖြင့် လုရိီဖျင်ကို ပိုင်းချလိုက်ေလသည်။
ဓားကို ပိုင်းချလိုက်ချိန်တွင် တုနှိုင်းမရသည့် ရွှေရောင်မီးလျှံဓားအလင်းများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး လုရီဖျင်၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်လာေတာ့သည်။ ထိုဓားကို ရွှေရောင်မီးလျှံဓားလို့ ခေါ်ဆိုပြီး လုံချင်း၏ဆရာဖြစ်သူ ချောင်းနယ်ပယ်၏ဘုရင် လုံချိန်မှ ပေးထားသည့် ရတနာတစ်ခု ဖြစ်သည်။
ထိုရွှေရောင်မီးလျှံဓားသည် ချောင်းခေါင်းေလာင်း၏ ရွှေရောင်ကာကွယ်ရေးအတားအဆီးအား အမှန်တကယ်ပင် ဖြတ်တောက်နိုင်ခဲ့သည်။ သို့သော် ထိုအချိန်မှာပင် လုရီဖျင်သည် လက်နှစ်ဖက်နှင့် ဓားအလင်းကို ပုတ်ထုတ်လိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် ထိုးနှက်လိုက်ေလသည်။
လုရီဖျင် လက်ညှိုးကို ဝေ့ယမ်းလိုက်သည်နှင့် ဘူကျိုးတောင်မှာ သူ့လက်ညှိုးထဲမှ လုံချင်းဆီသို့ ပြေးထွက်လာပြီး လုံချင်းနားသို့ရောက်ချိန်တွင် ချက်ချင်းပင်ကြီးမားလာခဲ့သည်။
လုံချင်းလည်း ထိတ်လန့်သွားခဲ့ပြီး လက်ထဲမှ ရွှေရောင်မီးလျှံဓားဖြင့် ခုခံလိုက်သည်။ထိုအခါ
လုရီဖျင်၏ တစ်ကိုယ်လုံးမှ လမ်းစဉ်စွမ်းအားများ အဆမတန် မြင့်တက်လာခဲ့ပြီး လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ေတာ့သည်။ တစ်ချိန်တည်းမှာပင် လုရီဖျင်၏ စိတ်အာရုံထိန်းချုပ်မှုအောက်မှ မသေဆံုးနိုင်ေသာ ကောင်းကင်သစ်သားအစီရင်စုမှာ စတင်လည်ပတ်လာပြီး ကောင်းကင်ယံမှ ရေတွက်၍မရနိုင်သည့် ကောင်းကင်သစ်ပင်များသည် လုံချင်းတို့ထံသို့ ပြိုကျလာခဲ့သည်။
ထိုသစ်ပင်တွေအားလုံးသည် ကျန့်မုသစ်ပင်၏ လမ်းစဉ်သင်္ကေတ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည်။ သင်္ကေတတစ်ခုဆီ၏ စွမ်းအားမှာ သာမာန်သာဖြစ်သော်လည်း သန်းပေါင်းများစွာသော သင်္ကေတများ ပေါင်းစည်းလိုက်သည့်အချိန်တွင် အလွန်ကြောက်မက်ဖွယ်ေကာင်းသည့် စွမ်းအင်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ယံမှ ရိုက်ချလိုက်သည့် စွမ်းအားများသည် ချင်းလုံပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လုံချင်းတို့လူစုမှာ ခုခံတိုက်ခိုက်ရာမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
မိုးစက်များပမာများပြားလှသည့် ကောင်းကင်သစ်ပင်များ၏ တိုက်ခိုက်မှုအောက်တွင် လုံချင်းတို့သည် ဆုတ်ခွာသွားခဲ့ရပြီး အလွန်အမင်း အရှက်ရဖွယ် အခြေအနေသို့ ရောက်သွားေတာ့သည်။ ချမ်းဒဲ့လူနှင့် ချောင်းနင်တို့သည် လုံးဝမခုခံနိုင်ဘဲ ခဏချင်းမှာတင် သစ်ပင်များ၏ ရိုက်ချခြင်းကို ခံလိုက်ရသည်။
၎င်းတို့နှစ်ယောက်၏ ရင်ဘတ်များမှာ သစ်ပင်သစ်ခက်များ၏ ထိုးစိုက်မှုကို ခံလိုက်ရပြီး လွင့်ထွက်သွားကာ ကောင်းကင်ယံမှ သွေးမိုးများ ရွာသွန်းသလိုပင် ချင်းလုံပင်လယ်ပြင်တစ်ခုလုံး သွေးနီရောင် ပြောင်းသွားခဲ့တော့သည်။
လုရီဖျင်သည် ခြေလှမ်းတစ်လှမ်းဖြင့် ၎င်းတို့နှစ်ယောက်ဆီသို့ ရောက်သွားခဲ့ပြီး ၎င်းတို့၏ ရင်ဘတ်များကို လက်ဝါးဖြင့် ရိုက်ချကာ စွမ်းအားများကို ချိတ်ပိတ်လိုက်ေလသည်။ ထို့နောက် ၎င်းတို့ကို ချင်းကွမ်ဒယ်အိုးကြီးထဲသို့ ပစ်ထည့်လိုက်ေလသည်။
ချမ်းဒဲ့လူနှင့် ချောင်းနင်တို့သည် သူတော်စင်အဆင့် အထွတ်အထိပ်တွင် ရှိတဲ့သူများဖြစ်သောကြောင့် ၎င်းတို့၏သေဆုံးမှုကို လွယ်လွင့်တကူဖြစ်စေမည်မဟုတ်ပေ။ ၎င်းတို့ဆီမှ ရရှိလာမယ့် လမ်းစဉ်သစ်သီးများကို ညီမဖြစ်သူ လုကျီချင်းအတွက် အသုံးချနိုင်မည်ဖြစ်သည်။
“ဒဲ့လူ…ချောင်းနင်…" လုံချင်းသည် သူ၏တပည့်များ ဖမ်းဆီးခံလိုက်ရသည်ကို မြင်ပြီး ဒေါသတကြီး အော်ဟစ်ကာ လုရီဖျင်ကို အပြင်းထန် တိုက်ခိုက်လေတာ့သည်။ သို့သော် လုရိီဖျင်နားသို့ ရောက်သွားသည်နှင့် ဘူကျိုးတောင်ကြီးမှ ပိတ်ဆို့ထားလိုက်ေလသည်။
ထာဝရကုန်သွယ်ရေးအသင်း မှ ဖုန်းဒံုယွမ် လက်ထဲရှိ ဘူကျိုးတောင်ကျောက်တုံး နှင့် ပေါင်းစပ်ပြီးနောက် ဘူကျိုးတောင်သည် အမြင့်ပေ ၁၄၀,၀၀၀ အထိ ရှိလာခဲ့ပြီး အံ့ဩဖွယ်ကောင်းသော အရှိန်ဝါများ ထွက်ပေါ်နေခဲ့သည်။ ရွှေရောင်မီးလျှံဓားဖြင့် ခုတ်ပိုင်းချလိုက်သော်လည်း ဘူကျိုးတောင်ပေါ်တွင် အပေါက်သေးသေးလေးတစ်ခုသာ ဖြစ်သွားခဲ့သည်။
ဧရာမဘူကျိုးတောင်ကြီးအတွက်မူ ထိုအမာရွတ်လေးမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်ပြီး မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။
လုံချင်းသည် မိမိ၏ ရွှေရောင်မီးလျှံဓားမှာ ဘူကျိုးတောင်၏ ခံစစ်ကိုပင် မဖောက်နိုင်သည်ကို မြင်သောအခါ ထိတ်လန့်ဒေါသထွက်သွားခဲ့သည်။
"သခင်လေး ... အမြန်ပြေးတော့" လုံချင်း၏ လက်အောက်ခံ သူေတာ်စငဧကရာဇ် တစ်ပါးမှ ရုတ်တရက် အော်ဟစ်လိုက်သည်။ "ချောင်းဘုရင်ကို အကြောင်းကြားပြီး ကျွန်တော်တို့ကို လာကယ်ခိုင်းပါ"
"ဟုတ်ပါတယ် သခင်ေလး၊ ကျွန်တော်တို့ လုရီဖျင်ကို တားထားပါ့မယ်၊ သခင်လေး အရင်လွတ်အောင်ပြေးပါ" ဟု နောက်ထပ် တစ်ဦးကလည်း ဆိုလာသည်။
လုံချင်းသည် ဘူကျိုးတောင်၏ ခံစစ်အား မဖျက်နိုင်သည်ကို သိမြင်လိုက်ပြီး မိမိ၏ စွမ်းအားဖြင့် လုရီဖျင်ကို မည်သို့မျှ အနိုင်မရနိုင်ကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် မဆိုင်းမတွဘဲ ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်တော့သည်။ သူ၏ လက်အောက်ခံ သူတော်စင်ဧကရာ္ငါးဦးမှာ လုရီဖျင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ကျန်ရစ်ခဲ့သည်။
လုံချင်း ထွက်ပြေးရန် ကြိုးစားနေသည်ကို လုရီဖျင်မြင်သော်လည်း မတားခဲ့ပေ။
ယခုအခါ ချင်းလုံပင်လယ်ပြင်တစ်ခုလုံးသည် သူ၏ မသေဆံုးတိုင်ေသာ ကောင်းကင်သစ်သားအစီရင်စု အောက်တွင် ရောက်ရှိနေပြီဖြစ်သဖြင့် လုံချင်းအနေဖြင့် မည်သို့မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုသို့ဖြင့် လုံချင်းနှင့် သူ၏လူများ လူစုကွဲသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် လူငါးယောက်အား ကိုင်တွယ်ရန် လုရီဖျင်အတွက် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။ ထိုလူငါးယောက်ကို ရှင်းလင်းပြီးမှသာ နောက်ဆုံး လုံချင်းကို ကိုင်တွယ်ရန် သူ ဆုံးဖြတ်လိုက်သည်။
သူ့ကို ဝိုင်းရံတိုက်ခိုက်ေနသော သူေတာ်စင်ဧကရာဇ်ငါးဦးကို ကြည့်၍ လုရီဖျင်သည် ကိုယ်ယောင်ဖျောက်ကာ အားအနည်းဆုံးလူ၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက်သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ ကြွေကျလာသော ကြယ်တာရာများကဲ့သို့ အလင်းတန်းများသည် ရန်သူ့ထံသို့ တိုးဝင်သွားေတာ့သည်။
ထိုလူသည် ထိတ်လန့်တကြား ဆုတ်ခွာနေစဉ်မှာပင် လုရီဖျင်သည် သူ၏လက်ထဲမှ ဝိညာဉ်ဆွဲထုတ်ခြင်းဆူးချွန် ကို ပစ်လွှတ်လိုက်သည်။ ထိုသူေတာ်စင်ဧကရာဇ်သည် မရှောင်တိမ်းနိုင်ဘဲ ရင်ဘတ်တွင် ထိုးစိုက်ခံလိုက်ရသည်။ ဝတ်ဆင်ထားသော သူရဲကောင်းချပ်ဝတ်ပင် ရင်ဘတ်ထဲသို့ ကျွံဝင်သွားတော့သည်။
ထို့နောက် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး...
"ဒါ... ဝိညာဉ်ဆွဲထုတ်ခြင်း ဆူးချွန်ဘဲ" သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။
ထိုမိစ္ဆာလက်နက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းသိထားကြသည်။
"ချမ်းပိုင်…" ထိုအခြေနေကို မြင်လိုက်ရသောအခါ ကျန်ရှိေနသည့် သူတော်စင်ဧကရာဇ်ေလးယောက်စလုံးသည်လည်း ထိတ်လန့်တကြား အော်ဟစ်ပြီး လုရီဖျင်ဆီသို့ ပြေးဝင်လာကြသည်။
သို့သော် ၎င်းတို့ လေးယောက် အနားမကပ်နိုင်ခင်မှာပင် ကောင်းကင်သစ်ပင်များ၏ တားဆီးမှုကို ခံလိုက်ရပြီး နောက်သို့ ပြန်လည် ဆုတ်ခွာသွားရတော့သည်။
လုရီဖျင်သည် ထိုသူေတာ်စင်ဧကရာဇ်၏ စွမ်းအားများကို ချိတ်ပိတ်ပြီး ချင်းကွမ်ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်ေလသည်။
အားအနည်းဆုံးတစ်ယောက်ကို ရှင်းလင်းပြီးနောက်၊ လုရီဖျင်သည် ကျန်ရှိနေသော လေးယောက်ထဲမှ အားအနည်းဆုံး နောက်တစ်ယောက်ကို ထပ်မံရွေးချယ်ကာ တိုက်ခိုက်လေတော့သည်။
တစ်ဖက်တွင်မူ ထွက်ပြေးနေသော လုံချင်းသည် သူမည်မျှပင် ပြေးလွှားနေေစ သူ၏ရှေ့မှောက်တွင် အဆုံးမရှိသော ကောင်းကင်သစ်ပင်များသာ ပေါ်လာနေသည်ကို တွေ့ရှိခဲ့ရသည်။ လမ်းစဉ်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ထိုသစ်ပင်များသည် အဆုံးသတ်ရှိမည်မဟုတ်ပေ။
သူ၏လက်ထဲရှိ ရွှေရောင်မီးလျှံဓားဖြင့် မည်မျှပင် ခုတ်ပိုင်းဖြတ်တောက်ေစ မည်သို့ပင် ထွက်ပြေးေစ ချင်းလုံပင်လယ်၏ အပြင်ဘက် ကောင်းကင်ယံအား သူ လုံးဝမြင်တွေ့နိုင်မည်မဟုတ်ပေ။ ထိုအခြေနေကြောင့် ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားရန် ကြိုးစားသော်လည်း ထိုသစ်ပင်များဖုံးလွှမ်းထားသော ဟင်းလင်းပြင် ထဲမှ ရုန်းထွက်၍ပင် မရနိုင်ခဲ့ပေ။
"ဒါ… ဘယ်လိုစီရင်စုကြီလဲကွ၊ ငါကိုထွက်ခွင့်ပေးစမ်း…" လုံချင်းသည်
အံကြိတ်ကာ အော်ဟစ်လေတော့သည်။
***