မျှော်လင့်ချက်မဲ့သွားသော လုံချင်း ဟိန်းဟောက်သံသည် ချင်းလုံပင်လယ် တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး ပင်လယ်ကြမ်းပြင်ရှိ ငါးများ နှင့် ပုစွန်ငယ်များစွာကိုလည်း သေကျေပျက်စီးစေခဲ့သည်။
သို့သော် သူ့ရှေ့ရှိစီရင်စုကြီးမှာ အုတ်တံတိုင်းသဖွယ် ခိုင်မာစွာရပ်တည်နေခဲ့သည်။
အမှန်တကယ်တွင် လုံချင်းသာမက သူ၏ဆရာဖြစ်သူ ချောင်းနယ်ပယ်၏ဘုရင်လုံချိန် ကိုယ်တိုင်ပင် ယခုနေရာတွင် ရှိနေပါက အစီရင်စုကြီးသည် မည်သို့သော အမျိုးအစားဖြစ်ကြောင်းကို သိရှိနိုင်မည်မဟုတ်ပေ။
ထိုအစီရင်စုသည် လုရိီဖျင်ကိုယ်တိုင် သူ၏ ကျင့်စဉ်အောင်မြင်မှုများမှတစ်ဆင့် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ယခုမှာ ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခြင်း ဖြစ်သည်။ ထိုအစီရင်စုအကြောင်းကို လုရိီဖျင်တစ်ဦးတည်းသာ သိရှိနားလည်ေပသည်။
အခြားတစ်ဖက်တွင်မူ လုရီဖျင်သည် အခြား သူေတာ်စင်ဧကရာ္တစ်ပါးကို လျင်မြန်စွာပင် ရှင်းလင်းလိုက်သည်။
ယခုအခါ သူတော်စင်ဧကရာဇ်သုံးပါးသာ ကျန်ရှိတော့သည်။
ကျန်ရှိနေသော သူတော်စင်ဧကရာဇ် သုံးပါးထဲတွင် ချင်းယွမ်တိမ်တိုက် သုံးဧကကျော် စုစည်းထားနိုင်သူများ ပါဝင်ပြီး တစ်ဦးချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မူလ လုဖေလင်းထက်ပင် သာလွန်ကြသည်။ သို့သော်လည်း လုရီဖျင် အလောတကြီး မလုပ်ဆောင်ခဲ့ပေ။ သူ၏ ခံစစ်စွမ်းအားမှာ မည်သူမျှ မထိုးဖောက်နိုင်လောက်အောင် ခိုင်မာလှသဖြင့် ထိုလူအနည်းငယ်သည် သူ့ကို ထိခိုက်မည်မဟုတ်ေပ။
ထို့ပြင် မသေဆံုးနိုင်ေသာကောင်းကင်သစ်သား စီရင်စု ရှိနေသောကြောင့် မည်သူမျှ လွတ်မြောက်သွားမည်ကိုလည်း စိုးရိမ်စရာ မရှိပေ။
ယခင်အတိုင်းပင် လုရိီဖျင်သည် ကျန်ရှိနေသော လူသုံးယောက်ထဲမှ အားအနည်းဆုံးလူကို ရွေးချယ်ကာ တိုက်ခိုက်လိုက်သည်။
နာရီဝက်ပင် မပြည့်ခင် လုရိီဖျင်သည် နောက်ထပ် တစ်ယောက်ကို ရှင်းလင်းနိုင်ခဲ့သည်။
သူတော်စင်ဧကရာဇ် နှစ်ယောက်သာ ကျန်ရှိတော့ချိန်တွင် အစောပိုင်း ထွက်ပြေးသွားသော လံုချင်းသည်လည်း မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျန်ရှိနေသော သူတော်စင်ဧကရာဇ်နှစ်ဦးသည် လုံချင်း ပြန်လည်ရောက်ရှိလာပြီး လွတ်အောင်မပြေးနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားပြီးနောက် မျှော်လင့်ချက်မဲ့စွာဖြင့် စိတ်ပျက်သွားကြတော့သည်။
မူလက ၎င်းတို့သည် လုံချင်းအပေါ်တွင်သာ မျှော်လင့်ချက်ထားခဲ့ကြပြီး လုံချင်းအနေဖြင့် ချောင်းဘုရင်ထံသို့ အဆက်အသွယ်လုပ်ကာ သူတို့အား ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ခုင်ချင်းကိုယ်တိုင်ပင် ထွက်မပြေးနိုင်ခဲ့ပေ။
သူပြန်ရောက်လာချိန်တွင် သူခေါ်ဆောင်လာခဲ့သော သူတော်စင်ဧကရာဇ် ငါးဦးအနက် နှစ်ဦးသာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသောအခါ လုံချင်းသည် ရင်ထဲတွင် အေးစက်သွားပြီး လုံးဝ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
လုရိီဖျင်ည် သူ့ကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူ မြင်နိုင်လိုက်သည်။
လုံချင်းသည် လုရီဖျင်ကို စိတ်ဓာတ်ကျစွာဖြင့် လှမ်းကြည့်လိုက်ပြီး ပြန်လည်တိုက်ခိုက်ခြင်း မပြုတော့ဘဲ. "လုရီဖျင်... မင်း တကယ်ပဲ ဒီလိုလုပ်တော့မှာလား" ဟု မေးလိုက်သည်။
လုရီဖျင်သည် တစ်ဖက်လူထံမှ ဟာသတစ်ခု ကြားလိုက်ရသည့်အလား ကြည့်နေခဲ့သည်။
လုံချင်းသည် မျက်နှာပျက်သွားခဲ့ပြီး အသက်ကို ပြင်းပြင်းရှူထုတ်ကာ "ငါ့တစ်ခုခုဖြစ်သွားခဲ့ရင် ငါ့ဆရာက ချောင်းနယ်မြေရဲ့ စွမ်းအားအားလုံးကို သုံးပြီး အကြောင်းရင်းကို ရှာဖွေမှာပဲ၊ အဲဒီအခါ သူ မင်းကို သေချာပေါက် ရှာတွေ့သွားလိမ့်မယ်" ဟု ပြောလိုက်လေသည်။
"ဒီလိုလုပ်ကြရင် ဘယ်လိုလဲ… ငါတို့ စကားပြောကြည့်ရအောင်။ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် နောင်အနာဂတ်မှာ ငါ မင်းရဲ့ မဟာမိတ်ဖြစ်လာပေးမယ်။ ငါက ချောင်းနယ်ပယ်ရဲ့ အကြီးဆုံး သတ္တုတွင်းလုပ်ငန်းကို ထိန်းချုပ်ထားတာ။ ငါတို့ ပူးပေါင်းပြီး အနာဂတ်မှာ အတူတူ ချမ်းချမ်းသာသာလို့ရတယ်"
ထိုစကားကြားသောအခါ လုရီဖျင်က လှောင်ပြုံးပြုံးလိုက်ပြီး... "မင်းတို့ရဲ့ အခုအစီအစဉ်ကို မင်းတို့လူ အနည်းငယ်ပဲ သိကြတာ မဟုတ်လား" ဟု မေးလိုက်သည်။
လုံချင်းလည်း စကားဆို့သွားခဲ့သည်။ အမှန်တကယ်ပင် ထိုလျှို့ဝှက်လုပ်ဆောင်မှုကို အခြားသူများ မသိရှိကြပေ။ ထို့ကြောင့် လုရီဖျင်အနေဖြင့် ချောင်းနယ်ပယ်၏ဘုရင် လိုက်ရှာလာမည်ကို စိုးရိမ်နေစရာ မလိုပေ။
"ချောင်းနယ်ပယ်ရဲ့ အကြီးဆုံး သတ္တုတွင်းလုပ်ငန်း ဟုတ်လား၊ မင်းတို့အထင် ငါဒီလိုလုပ်နေတာ ငွေကြောင့်လို့ထင်နေတာလား"လုရိီဖျင်မှ ပြောခဲ့သည်။
လုံချင်းသည် တုန်ခါနေသော ကျန့်မုသစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုသစ်ပင်မှ ထွက်ပေါ်နေသော သန်းပေါင်းရာချီသည့် ဟုန့်မုန်ချီ ဓာတ်များကို မြင်လိုက်ရသောအခါ သူ ထပ်မံ၍ စကားဆို့သွားရသည်။
ထိုမျှလောက်များပြားသော ဟုန့်မုံစွမ်းအင်များရှိနေသည့် လုရိီဖျင်အတွက် ငွေဆိုသည်မှာ တကယ်ပင် မလိုတော့ပေ။ ထို့အပြင် ကျန့်မုသစ်ပင်ကြီးသည် နေ့စဉ်နေ့တိုင်း ဟုန့်မုန်ချီများကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်စွမ်း ရှိသည်။ လုရီဖျင်သည် ယခုအခါ ချောင်းနယ်မြေတွင် အချမ်းသာဆုံးသူ ဖြစ်နေပြီဟု ပြောလျှင်ပင် မမှားနိုင်ေပ။
ချောင်းနယ်ပယ်၏ နာမည်ကြီး စားသောက်ဆိုင်ပိုင်ရှင် ယဲ့ဝူချန်းပင် လုရိီဖျင်ထက်ပို၍ ချမ်းသာတော့မည်မဟုတ်ပေ။ စကားအဆုံးတွင် လုရီဖျင်သည် မသေဆံုးနိုင်ေသာ ကောင်းကင်သစ်သားစီရင်စုကို ထပ်မံ လှုံ့ဆော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်သစ်သားအစုအဝေးကြီးသည် လုံချင်းနှင့် ကျန်ရှိသူများထံသို့ ပြေးဝင်သွားတော့သည်။
လုံချင်းသည် သည်းထန်စွာ ကျရောက်လာသော သစ်ပင်များကို ကြည့်ပြီး မျက်နှာပျက်ကာ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ သူတို့ ပိတ်မိနေသည်မှာ နှစ်နာရီပင် မပြည့်သေးသော်လည်း ထိုကောင်းကင်သစ်ပင်များကို ၎င်းတို့ တကယ်ပင် ကြောက်လန့်နေကြပြီဖြစ်သည်။ ယခုအခါ ထိုကြောက်စိတ်မှာ အရိုးထဲအထိ စိမ့်ဝင်နေပြီ ဖြစ်သည်။
ထိုသစ်ပင်များသည် အဆုံးမရှိသလို၊ စွမ်းအားမှာလည်း ထိတ်လန့်ဖွယ်ကောင်းပြီး တိုက်စစ်မှာ အလွန်ပြင်းထန်လှသည်။ အနည်းငယ်မျှ သတိလွတ်လိုက်သည်နှင့် အဝေးသို့ လွင့်ထွက်သွားမည်ဖြစ်သည်။
လုံချင်းသည် ထိတ်လန့်တကြား ဆုတ်ခွာရင်း... "လုရီဖျင်၊ ဒါ... ဒါက ဘာအစီရင်စုကြီးလဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
သူသည် အစီရင်စုအတတ်ပညာကို လေ့လာရသည်မှာ ဝါသနာပါပြီး မိမိကိုယ်ကိုယ်လည်း ကျွမ်းကျင်သူဟု ယူဆထားသူဖြစ်သည်။ သို့သော် ယခုရှေ့မှောက်ရှိ အစီရင်စုမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ သို့သော် ထိုအစီရင်စုမှာ သံသယဖြစ်ဖွယ်မရှိ ကောင်းကင်-နေမင်းအဆင့်တွင် ရှိနေသည်။
"ဒါက မသေဆံုးနိုင်တဲ့ ကောင်းကင်သစ်သား စီရင်စုလေ" လုရီဖျင်သည် လုံချင်းတို့ လွတ်မြောက်သွားမည်ကို မစိုးရိမ်သဖြင့် ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။ "ဒါကို ငါ ကျန့်မု ကမ္ဘာဦးသစ်ပင် ဆီကနေ သင်ယူခဲ့တာ၊ မင်း ဒီအစီရင်စုကို ဖျက်ချင်တယ်ဆိုရင် ငါ့ရဲ့ ကျင့်စဉ်အောင်မြင်မှုတွေကို အရက်ဖျက်ဆီးရလိမ့်မယ်၊ ဒါမှမဟုတ်... မင်း ငါ့ကို အရင်သတ်နိုင်ရင်ပေါ့"
နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားသောအခါတွင် လုံချင်းတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
မူလက လုံချင်းအပါအဝင် ရှစ်ယောက်ရှိပြီး ၎င်းတို့ထဲတွင် သူရဲကောင်းဘုရင်ခြောက်ဦး ပါဝင်သော်လည်း ယခုအခါတွင်မူ လုံချင်းတစ်ဦးတည်းသာ အပြင်းထန် ခုခံနေရတော့သည်။
လုံချင်းတစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခါ လုရီဖျင်အတွက် ပိုမိုသက်သာသွားခဲ့ပြီး ချောင်းခေါင်းလောင်း၊ ဘူကျိုးတောင် နှင့် ကျန့်မု သစ်ပင် တို့ကို အလှည့်ကျ အသုံးပြုကာ တိုက်ခိုက်လေသည်။ မကြာမီမှာပင် လုံချင်းသည် တစ်ကိုယ်လုံး သွေးချင်းချင်းနီရဲသွားတော့သည်။
သေလုမြောပါး ဖြစ်နေသည့် အချိန်တွင် လုရိီဖျင် ရပ်တန့်လိုက်သည်။
လုံချင်းကလည်း ရုတ်တရက် ဝမ်းနည်းကြေကွဲဖွယ် အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး... "ငါ လုံချင်းတစ်ယောက် တစ်သက်လုံး လောကကို စိုးမိုးနိုင်ခဲ့တယ်လို့ ထင်ခဲ့တာ၊ လုမိသားစုရဲ့ မျိုးဆက်သစ်လေးတစ်ယောက် လက်ထဲမှာ အဆုံးသတ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး" ဟု ဆိုလိုက်သည်။
လုံချင်းသည် ရှေးဟောင်းခေတ်ကတည်းက နာမည်ကျော်ခဲ့သူဖြစ်ပြီး နှစ်သန်းပေါင်းရာချီ ကျင့်ကြံခဲ့သူဖြစ်သည်။ သူ့အတွက်မူ လုရီဖျင်မှာ အမှန်တကယ်ပင် မျိုးဆက်သစ် လူငယ်လေးမျှသာ ဖြစ်သည်။
"မင်းရဲ့ လောဘကြီးမှုက မင်းကို ဖျက်ဆီးလိုက်တာပဲ" လုရိီဖျင်သည် လုံချင်းအနားသို့ လျှောက်သွားပြီး လက်သီးဖြင့် ထိုးချလိုက်ရာ လံုချင်းသည် ချင်းလုံပင်လယ် ထဲသို့ လွင့်စင်သွားေတာ့သည်။
ထို့နောက် လုရီဖျင်သည် လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ကာ ပင်လယ်ကြမ်းပြင်မှ လုံချင်းကို ပြန်လည် ဆွဲတင်လိုက်နိုင်ခဲ့သည်။ ယခုအချိန်တွင် လုံချင်းသည် လုံးဝပင် ခုခံနိုင်စွမ်း မရှိတော့ပေ။
လုရီဖျင်သည် လုံချင်း၏ စွမ်းအားများကို ချိတ်ပိတ်ကာ ချင်းကွမ်ဒယ်အိုးကြီး ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ၏ ကျင့်စဉ်အာနိသင်များကို ပြန်လည်ရုပ်သိမ်းကာ မသေဆံုးနိုင်ေသာ ကောင်းကင်သစ်သားစီရင်စုကို ဖျက်သိမ်းလိုက်ပြီး တိုက်ပွဲခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်၍ ထွက်ခွာခဲ့လေသည်။
ယခုအခါ လုရိီဖျင်သည် ကောင်းမွန်စွာ ကျင့်ကြံအားထုတ်ရန် နေရာတစ်ခု ရှာဖွေရမည်ဖြစ်သည်။ လုံချင်းအပါအဝင် သူေတာင်စင် ဧကရာဇ်ခြောက်ဦး၏ လမ်းစဉ်သစ်သီး များကို စုပ်ယူလိုက်ပါက သူ၏စွမ်းအားက မည်မျှအထိ တိုးတက်လာမည်ကို ေတွးေတာေနမိသည်။
ရက်အနည်းငယ်အကြာတွင် လုရီဖျင်သည် အပျိုစင်တောအုပ်တစ်ခုသို့ ရောက်ရှိလာပြီး အစီရင်စုတစ်ခု ပြုလုပ်ကာ လုံချင်းအပါအဝင် လူရှစ်ယောက်ကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ ကျင့်စဉ်စွမ်းအားများကို အသုံးပြုကာ ထိုလူရှစ်ယောက်၏ သူတော်စင်စွမ်းအား၊ လမ်းစဉ်စွမ်းအားနှင့် ခန္ဓာကိုယ်အရင်းခံစွမ်းအားများကို စုပ်ယူလေတော့သည်။
မကြာမီမှာပင် သစ်ပင်၏ထိပ်ဖျား၌ လမ်းစဉ်သစ်သီး ရှစ်လုံး ဖြစ်ပေါ်လာသည်။
အဖြူရောင် အသီးနှစ်လုံးမှာ ချမ်းဒဲ့လူ နှင့် ချောင်းနင်တို့၏ အသီးများဖြစ်သည်။
အဝါရောင် အသီးခြောက်လုံးမှာ လုံးချင်းနှင့် သူတော်စင်ဧကရာဇ် ငါးဦးတို့၏ အသီးများဖြစ်သည်။
လုရီဖျင်သည် ဦးစွာ လုံချင်း၏ လမ်းစဉ်သစ်သီးကို စုပ်ယူလိုက်ရာ သူ၏ ချင်းယွမ် တိမ်တိုက်သည် ငါးဧကအထိ ကျယ်ပြန့်သွားပြီး သူရဲကောင်းဘုရင်စွမ်းအားမှာ သန်း ၅၀၀ အထိ ရောက်ရှိသွားသည်။
ထို့နောက် လုံချင်းနှင့် စွမ်းအားနီးစပ်သော အခြားသူများ၏ အသီးများကို ဆက်တိုက် စုပ်ယူလေသည်။သူတော်စင်ဧကရာဇ်အဆင့်ရှိ အသီးလေးလုံးကို ဆက်တိုက် စုပ်ယူပြီးနောက်တွင် လုရိီဖျင်၏ ချင်းယွမ်တိမ်တိုက်သည် ကိုးဧကကျော်အထိ ဖြစ်လာပြီး ၁၀ ဧကသို့ ရောက်ရှိရန် အလွန်နီးကပ်သွားခဲ့သည်။
ပဉ္စမမြောက် အသီးကို စုပ်ယူပြီးချိန်တွင် ချင်းယွတိမ်တိုက်သည် ၁၀ ဧကအထိ ပေါက်ကွဲထွက်လာပြီး ၁၁ ဧကသို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်သည်။
သူတော်စင်အဆင့်တွင်ဖြစ်စေ၊ သူေတာ်စင်ဧကရာဇ်အဆင့်တွင်ဖြစ်စေ ၁၁ ဧက ဆိုသည်မှာ အလွန်အရေးပါသော နယ်နိမိတ်တစ်ခုဖြစ်သည်။ ကျင့်ကြံသူအများစုမှာ ၁၀ ဧကတွင်သာ ရပ်တန့်နေတတ်ကြပြီး ၁၁ ဧကသို့ ရောက်ရန် အလွန်ခက်ခဲလှသည်။ လုမိသားစု၏ ဘိုးဘေးများပင်လျှင် ၁၀ ဧက အတားအဆီးတွင် နှစ်ပေါင်း သန်း ၁၀၀ နီးပါး ရပ်တန့်နေခဲ့ပြီး ၁၁ ဧကသို့ တစ်ခါမျှ မရောက်ရှိနိုင်ခဲ့ကြပေ။
သို့သော်လည်း လုရီဖျင်သည် နောက်ဆုံး သူေတာ်စင်ဧကရာဇ်အဆင့် အသီးကိုပါ စုပ်ယူပြီးနောက်တွင် မူလ ၁၁ ဧကသို့ နီးကပ်နေသော ချင်းယွမ်တိမ်တိုက်အလင်းတန်းသည် ရုတ်တရက် ထိုးတက်သွားပြီး ၁၁ ဧက နယ်နိမိတ်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေတော့သည်။
လုမိသားစု၏ ပထမဆုံး အင်အားအကြီးဆုံးဖြစ်သူ ကျီကျူးပင်လျှင် ၁၁ ဧကသို့ မရောက်နိုင်ခဲ့သော်လည်း ယခုအခါ လုရီဖျင်မှာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ယနေ့မှစ၍ လုရီဖျင်သည် လုမိသားစု၏ အတုမရှိ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့လေသည်။
***