ချင်းလျန်နှင့် သူ၏လူများ ရောက်ရှိလာသောအခါ ပျက်စီးနေသော တောင်တန်းများနှင့် မြေပြင်ကိုကြည့်ပြီး ထိတ်လန့်သွားကြရသည်။ လုရိီဖျင် အလောတကြီး ထွက်ခွာသွားသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို မရှင်းလင်းခဲ့ပေ။ ထို့ကြောင့် ထိုဟင်းလင်းပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်ဧကရာဇ်တို့၏ စွမ်းအင်များ ဖုံးလွှမ်းနေဆဲဖြစ်သည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ၊ ဒါက ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်ဘုရင်ရဲ့ စွမ်းအားပဲ ဖြစ်မယ်” ဟု ချင်းမိသားစုခေါင်းဆောင် ချင်းလျန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သန်း ၁၁၀၀ ထက်ကျော်လွန်သော စွမ်းအားရှိသည့် သူေတာ်စင်ဧကရာဇ်များကို ထိပ်တန်းအဆင့်ဟု စုပေါင်းခေါ်ဆိုကြသည်။ ချင်းမိသားစုခေါင်းဆောင် ချင်းလျန်သည် လုမိသားစုမှ ကျီကျူးကဲ့သို့ပင် သန်း ၁၀၀၀စွမ်းအားအဆင့်မှာသာ ရှိနေသေးသည်။
ထိပ်တန်းအဆင့်စွမ်းအားဖြစ်ကြောင်း ချင်းလျန်ပြောသည်ကို ကြားသောအခါ ချင်းလု ၏ မျက်နှာ ပျက်ယွင်းသွားရသည်။ ထိပ်တန်းအဆင့် သူေတာ်စင်ဧကရာဇ်ဘုရင်ဆိုသည်မှာ ချောင်းနယ်ပယ်ထဲတွင် ဧကန်မုချ ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုပင်ဖြစ်သည်။
“ဝမ်ဟောက်ကျဲ့နဲ့ သူ့လူတွေ ဒီဘက်ကို ထွက်သွားကြတာ တွေ့ခဲ့တဲ့သူရှိတယ်၊ မျိုးနွယ်စုခေါင်းဆောင်... ဝမ်မိသားစုဝင်တွေနဲ့ အဲဒီထိပ်တန်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ယောက်က တိုက်ခိုက်နေကြတာများလား” ဟု ချင်းမိသားစုဝင်တစ်ဦးက စိုးရိမ်တကြီး ခန့်မှန်းလိုက်သည်။
ထိုစကားကို ကြားသောအခါ ချင်းမိသားစုဝင်အားလုံး တုန်လှုပ်သွားကြသည်။ အကယ်၍ပင် ဝမ်မိသားစုမှ ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်ဘုရင်တစ်ဦးတို့ ထိပ်တိုက်ရင်ဆိုင်နေရသည်ဆိုလျှင် ဝမ်မိသားစု၏ ကံကြမ္မာကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ေပသည်။
ချင်းလျန်ကိုယ်တိုင်လည်း ရင်တထိတ်ထိတ် ဖြစ်နေရသည်။ သူသည်လည်း သန်း ၁၀၀၀အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်ဘုရင်နှင့် ရင်ဆိုင်ရလျှင်မူ လွယ်ကူမည်မဟုတ်ပေ။
“အဲ့ဒီ ထိပ်တန်းသူတော်စင်ဧကရာဇ်ဘုရင်က ဘယ်သူများဖြစ်ေနမလဲ” ချင်းလုသည် ချောင်းနယ်ပယ်တွင်းရှိ ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်ဘုရင်အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။
“မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော်တို့ ရှေ့ဆက်သွားကြဦးမှာလား” ဟု ချင်းမိသားစုဝင်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
ချင်းလျန်သည် တွေဝေနေသော်လည်း “ဆက်သွားကြမယ်၊ ဒါပေမယ့် အားလုံးကို ဂရုတစိုက်ရှိဖို့မှာထားလိုက်” ဟု ပြောလိုက်သည်။
ရှေ့နားရှိ တောအုပ်တစ်ခုတွင် ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါ ထွက်ပေါ်လာသည်ဟု သတင်းရထားရာ ထိုအခွင့်အရေးကို သူ လက်မလွှတ်နိုင်ပေ။ ဂရုတစိုက် သွားမည်ဆိုလျှင် ဘာမှမဖြစ်နိုင်ဟု သူ ယူဆထားခဲ့သည်။
ထို့ကြောင့် ချင်းလျန်နှင့် အဖွဲ့သည် ရှေ့ရှိ တောအုပ်ဆီသို့ ဆက်လက် ပျံသန်းသွားကြသည်။
တစ်ဖက်တွင်မူ လုရိီဖျင်သည် ပင်လယ်နက်တောင်တန်းမှ ထွက်ခွာလာပြီးနောက် တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူသည် တောအုပ်ထဲတွင် အကာအကွယ်အစီရင်ခံ တစ်ခုကို တည်ဆောက်လိုက်ပြီး ဝမ်ဟောက်ကျဲ့နှင့် အဖွဲ့ကို ဒယ်အိုးထဲမှ ဆွဲထုတ်လိုက်သည်။
“ဒါ... ဒါက ကမ္ဘာဦးသစ်ပင်ပဲ” ဝမ်ဟောက်ကျဲ့နှင့် ဝမ်မိသားစု ကျွမ်းကျင်သူ ၂၀ ကျော်သည် လုရိီဖျင်၏ နောက်ကွယ်ရှိ သစ်ပင်ကြီးကို မြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
“ဟုတ်တယ်... ဒါ ကမ္ဘာဦးသစ်ပင်ပဲ”
လုရိီဖျင်သည် ဝမ်ဟောက်ကျဲ့တို့ကို ကြည့်ပြီး လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သစ်ပင်ကြီး၏ အမြစ်ပေါင်း ထောင်သောင်းချီ၍ လေထဲသို့ ထိုးထွက်လာပြီး ထက်မြက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအမြစ်များသည် ဝမ်ဟောက်ကျဲ့နှင့် အခြားသူများ၏ ရင်ဘတ်များကို ထိုးဖောက်ကာ သူတို့၏ စွမ်းအားများကို စတင်ဝါးမြို စုပ်ယူလေတော့သည်။
“ဟုတ်တယ် ... ကမ္ဘာဦးသစ်ပင်ပဲ”
လုရိီဖျင်သည် ဝမ်ဟောက်ကျဲ့နှင့် လူပေါင်း ၂၀ ကျော်ကို ကြည့်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ထောင်ပေါင်းများစွာသော သစ်မြစ်များသည် လေထုကို ဖောက်ထွက်လာပြီး ထက်မြက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဝမ်ဟောက်ကျဲ့တို့၏ ရင်ဘတ်များကို ထိုးဖောက်ကာ စွမ်းအားများကို စတင်ဝါးမြိုလေတော့သည်။
ဝမ်ဟောက်ကျဲ့သည် မိမိခန္ဓာကိုယ်ထဲမှ သူတော်စင်ဧကရာဇ်စွမ်းအားများ တောက်လျှောက် ဆုံးရှုံးနေသည်ကို ခံစားရသဖြင့် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားေတာ့သည်။ သူနှင့် ဝမ်မိသားစုဝင်များသည် ရူးသွပ်စွာဖြင့် ပြန်လည်တိုက်ခိုက်ခြင်း၊ ရုန်းကန်ခြင်းနှင့် အော်ဟစ်ခြင်းများ ပြုလုပ်ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
မကြာမီမှာပင် ဝမ်ဟောက်ကျဲ့တို့ထံမှ မဟာလမ်းစဉ်အသီးများနှင့် အခြားသော အဖြူရောင်အသီး ၂၀ ကျော်ကို ထုတ်ယူပြီးစီးသွားသည်။ လုရိီဖျင်သည် ဝမ်ဟောက်ကျဲ့ အပါအဝင် သူတော်စင်ဧကရာဇ် လေးဦး၏ အသီးများကို တစ်လုံးချင်းစီ စုပ်ယူသန့်စင်လိုက်သည်။
သို့သော် ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ စွမ်းအားတိုးတက်ရန်မှာ ပိုမိုခက်ခဲလာခဲ့သည်။ ဝမ်ဟောက်ကျဲ့တို့ လေးဦး၏ အသီးများကို သန့်စင်ပြီးနောက်တွင် လုရိီဖျင်၏ စွမ်းအားမှာ သန်း ၁၄၀၀ အထိသာ တိုးတက်သွားခဲ့သည်။
“သန်း ၃၀၀ ပဲ တိုးတာလား...”
မိမိခန္ဓာကိုယ်အတွင်းရှိ စွမ်းအားပြောင်းလဲမှုကို ခံစားရင်း လုရိီဖျင်မှ ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် ဝမ်ဟောက်ကျဲ့တို့မှာ မသေသေးပေ။ လုရိီဖျင်သည် သန်း ၃၀၀ တိုးရုံဖြင့် အားမရသေးဘဲ ခေါင်းခါပြသည်ကို မြင်သောအခါ ဝမ်ဟောက်ကျဲ့မှာ ဒေါသဖြင့် သွေးများပင် အန်ထွက်သွားတော့သည်။
သူတာ်စင်ဧကရာဇ်လေးဦး၏ စွမ်းအားကို ဝါးမြိုပြီးေနာက် သန်း ၃၀၀ ထိသာရှိလာသည်ကို လုရီဖျင် မကျေနပ်နိုင်ခဲ့ပေ။ ထို့နောက် လုရိီဖျင်သည် ဝမ်ဟောက်ကျဲ့တို့၏ မှတ်ဉာဏ်အပိုင်းအစများကို ဆွဲထုတ်စစ်ဆေးလိုက်သည်။
ထိုအခါ မြေပြင်ခွဲကြမ်းဓား၏ သတင်းကို မမျှော်လင့်ဘဲ ရရှိလိုက်သဖြင့် လုရိီဖျင် ဝမ်းသာသွားသည်။
မြေပြင်ခွဲကြမ်းဓား ဆိုသည်မှာ ကောင်းကင်ဖွင့်ပုဆိန်နှင့် တန်းတူညီမျှသော တိုက်ခိုက်ရေးရတနာပင်ဖြစ်သည်။
ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါ နှင့် ချောင်းခေါင်းလောင်းတို့မှာ ကာကွယ်ရေးတွင် အနှိုင်းမဲ့ဟု ဆိုကြသော်လည်း မြေပြင်ခွဲကြမ်းဓား သို့မဟုတ် ကောင်းကင်ဖွင့်ပုဆိန်တို့၏ တိုက်ခိုက်မှုကိုမူ လုံးဝခုခံနိုင်မည်မဟုတ်ပေ။
ထိုလက်နက်များသာ မရှိခဲ့လျှင် ကမ္ဘာဦးသစ်ပင်ကြီးမှာလည်း အပိုင်းပိုင်း အဖြတ်ခံရမည် မဟုတ်ပေ။
“ယွမ်ဟိုင် ...”
လုရိီဖျင် နာမည်တစ်ခုကို စဉ်းစားလိုက်သည်။ ထိုလက်နက်မှာ နက်ရှိုင်းသော ပင်လယ်အောက်ခြေသို့ နစ်မြုပ်နေခြင်းဖြစ်သည်။ ထိုပင်လယ်သည် စကြဝဠာ၏ အစွန်းအဖျားတွင် ရှိသော ကြောက်မက်ဖွယ်နေရာတစ်ခုဖြစ်ပြီး ရေပြင်မှာ အလွန်ထူးဆန်းေပသည်။
မည်သည့်အရာမဆို ထိုပင်လယ်ထဲ ကျသွားပါက အောက်ခြေသို့ နစ်မြုပ်သွားမည်ဖြစ်ကာ မည်သည့်အခါမျှ ပြန်ပေါ်လာနိုင်မည်မဟုတ်ပေ။ သူေတာ်စင်ဧကရာဇ်အဆင့်ရှိသူပင်လျှင် လွတ်မြှောက်အောင် မကူးခပ်နိုင်ချေ။ ကမ္ဘာကြီး ပျက်စီးသွားသည်အထိ ထိုပင်လယ်အောက်ခြေ၌သာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် ဝမ်ဟောက်ကျဲ့သည်လည်း ထိုသတင်းကိုကြိုတင်ရခဲ့သည်အချိန်တွင် သွားရောက်ယူဆောင်ရန် မဝံ့ရဲခဲ့ခြင်းဖြစ်သည်။
ထို့နောက် လုရိီဖျင် ထရပ်လိုက်သည်။
သူ့တွင် ကမ္ဘာဦးသစ်ပင်နှင့် ချောင်းခေါင်းလောင်း ရှိနေသော်လည်း ထိုပင်လယ်ထဲသို့ ယခုအချိန်ဝင်သွားလျှင် ပြန်ထွက်လာရန် ခက်ခဲနိုင်သည်။
မည်သို့ပင်ဆိုစေ မြေပြင်ခွဲကြမ်းဓား ရှိသည့်နေရာကို သိရခြင်းမှာ သတင်းကောင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုလက်နက်ကို ရရှိခဲ့ပါက ချောင်းနယ်ပယ်ဘုရင် လုံချိန်ပင်လျှင် သူ့ကို ယှဉ်နိုင်တော့မည်မဟုတ်ပေ။
လုရိီဖျင်သည် အကာအကွယ်အစီရင်ခံကို ရုပ်သိမ်းကာ တောအုပ်ထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် ဝေးလံသော ကောင်းကင်ယံမှ အံ့ဩဖွယ်ရာ အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသည့် အလင်းတန်းကြီးတစ်ခု သူရှိရာသို့ ပြေးဝင်လာခဲ့သည်။
“ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါလား”
လုရိီဖျင် မှင်တက်သွားခဲ့သည်။ သူသည် ထိုတာဝါတိုင်ကို ဖမ်းယူရန် ပြင်လိုက်စဉ်မှာပင် ဝေးလံသော ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ဓားလှိုင်းတစ်ခုသည် သူတော်စင်ဧကရာဇ်စွမ်းအားများနှင့်အတူ ဖြတ်ကျော်လာပြီး
“ဟေ့လူငယ်... ဒီရွှေရောင်တာဝါတိုင်က မင်းလိုကောင် ထိလို့ရတဲ့အရာမဟုတ်ဘူး၊ အဝေးကို ထွက်သွားလိုက်” ဟု ခက်ထန်သော အသံကြီး ဟိန်းထွက်လာခဲ့သည်။
ပြင်းထန်လှသော ဓားလှိုင်းကြီး ပြေးဝင်လာသည်ကို ကြည့်ပြီး လုရိီဖျင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် လက်သီးတစ်ချက် ဝေ့ယမ်းကာ ထိုဓားလှိုင်းကို ရိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်ဖြင့် ပြေးဝင်လာသော ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို လှမ်း၍ ဖမ်းချုပ်လိုက်လေသည်။
ထိုတာဝါတိုင်သည် အလင်းတန်းများစွာ ထုတ်လွှတ်ပြီး လုရိီဖျင်၏ ဖမ်းချုပ်မှုမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း လုံးဝရုန်းမထွက်နိုင်ခဲ့ပေ။
သူ၏ ဓားလှိုင်းများကို လုရိီဖျင်မှ ချေမှုန်းလိုက်သည်ကို မြင်သောအခါ ဝေးလံသော ကောင်းကင်ယံမှ အံ့ဩသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်း လုရိီဖျင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုသူရောက်ရှိလာချိန်မှာပင် ဝေးလံသောနေရာမှ အခြားကျွမ်းကျင်သူ အုပ်စုကြီးတစ်စုလည်း ပျံသန်းရောက်ရှိလာကြသည်။ ထိုသူများမှာ ချင်းမိသားစုခေါင်းဆောင် ချင်းလျန်နှင့် ချင်းလုတို့ပင် ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားကို မြင်သောအခါ ချင်းလျန်၏ မျက်နှာမှာ ချက်ချင်းပျက်သွားပြီး “အစိမ်းရောင်ဝတ် သူတော်စင်ဧကရာဇ်ဘိုးဘေးလား” ဟု ရေရွတ်လိုက်မိသည်။
အစိမ်းရောင်ဝတ် သူတော်စင်ဧကရာဇ်ဘိုးဘေး ဆိုသည်မှာ ချောင်းနယ်ပယ်ရှိ ကျွမ်းကျင်သူအားလုံးကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့် ဆိုးသွမ်းသော မျိုးနွယ်စုခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်သန်းပေါင်း တစ်ထောင်ကျော်ကပင် တာအိုလမ်းစဉ်ကို သက်သေထူခဲ့သူဖြစ်ပြီး ကမ္ဘာဦးကာလ ကတည်းက သူတော်စင်ဧကရာဇ် တစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။
ယခုအခါ သူသည် ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်တစ်ဦး ဖြစ်နေပြီဖြစ်ကာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက သန်း ၁၁၀၀ တိုက်ပွဲအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
ရှေ့မှ အမျိုးသားမှာ အစိမ်းရောင်ဝတ် သူတော်စင်ဧကရာဇ်ဘိုးဘေး ဖြစ်ကြောင်း သိလိုက်ရသောအခါ ချင်းမိသားစုဝင်အားလုံး၏ မျက်နှာများ ဖြူလျော်သွားကြသည်။
အစိမ်းရောင်ဝတ် သူတော်စင်ဧကရာဇ်ဘိုးဘေးသည် ခေါင်းကိုလှည့်ကာ ချင်းမိသားစုကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချင်းလုအပေါ် အကြည့်ရောက်သွားပြီး ယုတ်မာသော အပြုံးဖြင့် “မင်းက ချင်းမိသားစုက ကောင်မလေး ချင်းလုလား၊ ကြည့်ရတာ တကယ့်ကို ချောမောလှပတာပဲ” ဟု ပြောလိုက်ရာ ချင်းလုမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။
ထို့နောက် အစိမ်းရောင်ဝတ် ဘိုးဘေး၏ အကြည့်သည် လုရိီဖျင်ထံသို့ ပြောင်းသွားပြီး အကဲခတ်သည့်ပုံစံဖြင့် “လူငယ်... မင်းရဲ့အစွမ်းက မဆိုးဘူးပဲ၊ စောစောက ငါ့ရဲ့ဓားချက်ကို ခုခံနိုင်တယ်ပေါ့” ဟု ဆိုလိုက်သည်။
အစောပိုင်း သူ၏ဓားချက်မှာ စွမ်းအား ၁၀ ရာခိုင်နှုန်းပင် မပါဝင်သော်လည်း ၎င်းကို ခုခံနိုင်ခြင်းမှာ ချောင်းနယ်ပယ်လောကထဲတွင် တော်ရုံစွမ်းအားမဟုတ်ပေ။ သာမန်အဆင့်မြင့် သူတော်စင်ဧကရာဇ်ဘုရင်များပင်လျှင် ထိုဓားချက်ကို ခုခံနိုင်ရန် ခက်ခဲလှသည်။
ချင်းလျန်၊ ချင်းလုနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ လုရိီဖျင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူတို့သည် လုမိသားစု၏ အစည်းအဝေးတွင် လုရိီဖျင်၏ အစွမ်းကို မြင်ဖူးခဲ့ကြသော်လည်း ယခုကဲ့သို့ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ “သူက တကယ်ပဲ ငါတို့တွေ့ခဲ့တဲ့သူလား” ဟု သံသယဝင်စွာဖြင့်ေမးလိုက်သည်။
***