ချင်းလျန်၊ ချင်းလုနှင့် အခြားသူများမှာ သူတို့ေတွ့ခဲ့သည့်လူနှင့် ယခုတွေ့နေသည့်သူ နှစ်ယောက်သည် လူတစ်ယောက်တည်းမဟုတ်ဟု သံသယဝင်မိခြင်းမှာ မထူးဆန်းပေ။ အကြောင်းရင်းမှာ လုရီဖျင်သည် ခွန်အားတိုးတက်လာပြီး အရင်ချိန်ထက် ပိုမိုသန်မာနေသောကြောင့်ဖြစ်သည်။
လုမိသားစု၏ မြင့်မြတ်သောအစည်းအဝေး ကျင်းပခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသည်။
လုရီဖျင်သည် အစိမ်းရောင်ဝတ်ရုံနှင့် သူတော်စင်ဧကရာဇ်ဘိုးေဘးကို တည်ငြိမ်သောမျက်နှာထားဖြင့် ကြည့်ကာ "အစိမ်းရောင်ဝတ်ရုံနဲ့ သူတော်စင်ဧကရာဇ်ဘိုးဘး ဟုတ်လား၊နေပါအုံး…ငါကြားသလောက်တော့ မင်းလက်ထဲမှာ သေဆုံးသွားတဲ့ လူသားမျိုးနွယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးရှိနေတာဘဲ" ဟု ဆိုလိုက်သည်။ အစိမ်းရောင်ဝတ်ရုံဝတ် သူတော်စင်ဧကရာဇ်ဘိုးေဘးသည် ချောင်းနယ်ပယ်ရှိ မိစ္ဆာလမ်းစဉ်၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထူးဆန်းသော စရိုက်ရှိကာ စိတ်သဘောထားမတိုက်ဆိုင်ပါက တစ်ဖက်လူ၏ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်တတ်သူဖြစ်သည်။ သူ၏လက်ထဲတွင် သေဆုံးခဲ့ရသူပေါင်းမှာလည်း မရေတွက်နိုင်အောင် များပြားလှသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးသည် မိမိလက်ထဲတွင် လူသားအင်အားစုများစွာ သေဆုံးခဲ့သည်ဟု လုရီဖျင် ရုတ်တရက်ပြောလိုက်သည်ကို ကြားသောအခါ ပြုံးလိုက်ပြီး လုရီဖျင်ကို စိုက်ကြည့်ကာ "ကောင်လေး၊ မင်း ဘာပြောချင်တာလဲ" ဟု မေးလိုက်သည်။
"ပြောချင်တာကတော့ မင်းလည်း သေခြင်းတရားကို မြည်းစမ်းကြည့်သင့်တယ် ဆိုတဲ့စကားဘဲ" ဟု လုရီဖျင်က ပြောလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးသည် ခဏမျှ ကြောင်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ၏ရယ်သံမှာ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း သူ၏ရယ်သံကြောင့်ပင် လွင့်စင်ပျက်စီးကုန်ေတာ့သည်။
ချင်းလျန်နှင့် အခြားသူများသည် လုရီဖျင်မှ အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးအား သတ်မည်ဟု ပြောသည်ကို ကြားသောအခါ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။
"ငါ့ကို သတ်မလို့ ဟုတ်လား" အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်မှာ ဆက်တိုက်ရယ်မောနေဆဲ ဖြစ်သည်။
ထိုစဉ် ရုတ်တရက် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ မိစ္ဆာစွမ်းအင်များမှာ ကောင်းကင်သို့ ထိုးတက်နေခဲ့သည်။ သူ ကောင်းကင်မှ ဆင်းသက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သစ်ပင်အားလုံးမှာ မည်းမှောင်သွားခဲ့ကြသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်သည် ထိုသူလာသည်ကို မြင်သောအခါ ရယ်မောခြင်းကို ရပ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ "ယင်ဖုန်း…" ဟု ရေရွတ်လိုက်ေလသည်။
ချင်းလျန်သည်လည်း ထိုသူကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားခဲ့သည်။
ယင်ဖုန်းသည် မိစ္ဆာဘိုးဘေး လော့ဟူ ၏ လက်အောက်ခံ စစ်သည်တော်ဖြစ်ပြီး ထိပ်တန်း သူတော်စင်ဧကရာဇ်ဘိုးေဘးတစ်ဦးဖြစ်သည်။
သူသည် တိုက်ခိုက်ရေးစွမ်းအင် ၁.၁ ဘီလီယံ ၏ စွမ်းအားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
သို့သော် ယင်ဖုန်းသည် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ထက် ၁.၁ ဘီလီယံစွမ်းအားကို စောစီးစွာ ရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသန်းနှင့်ချီ၍ စောခဲ့ခြင်းဖြစ်သည်။
ယင်ဖုန်းသည် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "ညီအစ်ကို သူတော်စင်ဝတ်ရုံ ဖြစ်နေတာကိုး" ဟု ပြောလိုက်သည်။
သူသည် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ထက် စွမ်းအားအဆင့်ကို စောစီးစွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်မှာ သူထက်ပင် သက်တမ်းပို၍ ရင့်သူဖြစ်သည်။
ယင်ဖုန်း၏ မျက်နှာမှာ အလွန်ပင် ဖြူဖျော့နေပြီး အနည်းငယ် ကြောက်စရာကောင်းလှသည်။ ထို့ကြောင့် သူရယ်မောလိုက်သည့်အခါ လူများကို ချမ်းစိမ့်သွားစေခဲ့သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ကလည်း ပြုံးလိုက်ပြီး "ညီအစ်ကို ယင်ဖုန်း ဖြစ်နေတာကိုး၊ ဘယ်လိုလဲ... ညီအစ်ကို ယင်ဖုန်းလည်း ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါ အတွက် ရောက်လာတာလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်လည်းေပြာလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်" ယင်ဖုန်းသည် ထိုစကားကိုပြောရင်း သူ၏မျက်လုံးများမှာ လုရီဖျင်ထံသို့ ကျရောက်သွားခဲ့သည်။ "မင်းက လုမိသားစုက လုယီဖင်လား" ထို့နောက် သူက ပြုံးကာ "မင်းတို့ လုမိသားစုက လုဖေလင်းဆိုတာ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ အစေခံ ခွေးတစ်ကောင်ပဲ။ ကြည့်ရတာ မင်းက သတ္တိမသေးဘူးပဲ၊ ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ခွေးကိုတောင် သတ်ရဲတယ်ပေါ့။ ပြီးတော့ ငါတို့မျိုးနွယ်စုရဲ့ အဖိုးတန်ရတနာ ဝိညာဉ်ဆွဲထုတ်ခြင်းဆူးချွန် ကိုတောင် ခိုးယူသွားသေးတာဘဲ"
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်မှာ ကျင့်ကြံပြီးဆုံး၍ ပြန်လည်ပေါ်ထွက်လာသည်မျာ အကြာသေးသဖြင့် လုရီဖျင်၏ သတင်းများကို မကြားမိသေးပေ။ သို့သော် လုရီဖျင်သည် မိစ္ဆာမျိုးနွယ်၏ ဝိညာဉ်ဆွဲထုတ်ခြင်းဆူးချွန်ကို သိမ်းပိုက်ထားသည်ဟု ကြားလိုက်ရသောအခါ သူ အံ့အားသင့်သွားမိသည်။
"အဲဒီဆူးချွန်လက်နက်ကို ငါတို့ဆီ ပြန်အပ်စမ်း" ယင်ဖုန်းသည် လုရီဖျင်ကို အေးအေးဆေးဆေးသာ ပြောလိုက်သည်။ "အဲဒီလိုသာလုပ်ရင် ငါက မိစ္ဆာဘိုးဘေးကြီးကို တောင်းပန်ပြီး မင်းရဲ့အလောင်းကိုတော့ အကောင်းအတိုင်း ချန်ထားပေးမယ်"
"ငါ့အလောင်းကို ချန်ထားပေးမယ် ဟုတ်လား" လုရီဖျင်က ပြုံးလိုက်သည်။
လုရီဖျင် ပြုံးနေသည်ကို မြင်သောအခါ ယင်ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့သော် လုရီဖျင် မိမိဘာသာ ရေရွတ်လိုက်သည်မှာ "တကယ်လို့ မင်းတို့အားလုံးကိုသာ ရှင်းပစ်လိုက်ရင် ငါ့ရဲ့အဆင့်က သူတော်စင်ဧကရာဇ်ဘုရင်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ နီးစပ်သွားမှာပဲ"
စွမ်းအင်ပေါင်း ၁.၁ ဘီလီယံ ပိုင်ရှင် နှစ်ယောက်ကြားရှိ တာအိုအသီးကို သန့်စင်နိုင်မည်ဆိုပါက ချင်းယွမ်တိမ်တိုက်မှာ ၁၉ ဧကအထိ ထိုးဖောက်ရောက်ရှိနိုင်မည်ဖြစ်သည်။
ယင်ဖုန်းနှင့် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးတို့သည် မိမိတို့နှစ်ယောက်အား ရှင်းပစ်လိုက်ပါက သူတော်စင်ဧကရာဇ်ဘိုးဘေး အထွတ်အထိပ်အဆင့်သို့ ရောက်မည်ဟု လုရီဖျင် ရေရွတ်နေသည်ကို ကြားသောအခါ အံ့ဩမဆုံး ဖြစ်သွားကြသည်။
ထိုခဏ၌ပင် အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
လုရီဖျင်သည် ကိုယ်ယောင်ဖျောက်ကာ တစ်ခဏချင်းအတွင်း အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး ပြင်းထန်စွာကန်ထုတ်လိုက်သည်။ လုရီဖျင်၏ အရှိန်မှာ အလွန်မြန်လွန်းလှသဖြင့် အစိမ်းရောင်ဝတ်ရုံဖြင့်င့် သူတော်စင်ဧကရာဇ်ဘိုးေဘးသည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ အားအပြည့်ပါသော ကန်ချက်ကို ခံလိုက်ရသည်။
ထိုအခါ အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်မှာ လုရီဖျင်၏ ကန်ချက်ကြောင့် လွင့်ထွက်သွားရပြီး မရေမတွက်နိုင်သော သစ်ပင်များကိုပင် ဝင်တိုက်မိကာ တောအုပ်အဆုံး၌ ပြုတ်ကျသွားရသည်။ထို့နောက် လုရီဖျင်သည် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးဘေး၏ အနီးသို့သွားကာ ခေါင်းကိုဖိနင်းလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးဘေး၏ ခေါင်းမှာ လုရီဖျင်၏ နင်းခြေမှုကြောင့် မြေကြီးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ချင်းမိသားစုမှ လူတိုင်းမှာလည်း မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ သွေးပျက်သွားရသည်။
ယင်ဖုန်း အပါအဝင် လူတိုင်းမှာ အလွန်အမင်း တုန်လှုပ်သွားကြရသည်။ သူရောက်မလာခင် လုရီဖျင်နှင့် ပတ်သက်သမျှကို အကုန်စုံစမ်းခဲ့သော်လည်း လုရီဖျင်၏ ခွန်အားမှာ ယခုမျှအထိ ပြင်းထန်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
လုရီဖျင်သည် သူ၏လက်ချောင်းများကို တစ်ချက်တောက်လိုက်ရာ တာအိုသင်္ကေတ တစ်ခု ပေါ်လာခဲ့ပြီး ရွှမ်ဟွမ်းစွမ်းအင်ကို လုံးဝ ပိတ်ဆို့လိုက်သည်။
မြေကြီးထဲသို့ ခေါင်းစိုက်ဝင်နေသော အစိမ်းရောင်ဝတ်ရုံဖြင့်င့် သူတော်စင်ဧကရာဇ်ဘိုးေဘးမှာလည်း သူ၏တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူတော်စင်ဧကရာဇ်ဘုိးေဘး၏ ၁.၁ ဘီလီယံ စွမ်းအားများကို အစွမ်းကုန်ထုတ်ကာ ရုန်းထွက်ရန် ကြိုးစားသော်လည်း မည်မျှပင် ရုန်းကန်စေ လုရီဖျင်သည် ကျောက်တုံးတစ်တုံးကဲ့သို့ပင် မလှုပ်နိုင်အောင် နင်းခြေထားခဲ့သည်။
လုရီဖျင်သည် သူ၏ညာခြေဖြင့် အစိမ်းရောင်ဝတ်ရုံဝတ် သူတော်စင်ဘိုးေဘး၏ ခေါင်းကို ဖိနင်းထားရင်း ယင်ဖုန်းကို ကြည့်လိုက်သည်။ သူ ခြေထောက်ကို အားစိုက်လိုက်သည်အချိန်တိုင်း သူတော်စင်ဘိုးေဘး၏ ခေါင်းမှာ မြေကြီးထဲသို့ တဖြည်းဖြည်း ပို၍ နစ်ဝင်သွားရသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်မှာ ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း မကြာမီမှာပင် နာကျင်လွန်းသဖြင့် အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားရသည်။
ချင်းလျန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းကြောင့် ပို၍ပင် သွေးပျက်ထိတ်လန့် သွားကြရသည်။
ရုတ်တရက် လုရီဖျင်သည်လည်း အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘး၏ ဂုတ်ကိုကိုင်ကာ ဆွဲမလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘး၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး လုရီဖျင်ကို လက်သီးဖြင့် အားကုန်ထိုးနှက်လိုက်သည်။သို့သော် လုရီဖျင်သည် ထိုလက်သီးချက်ကို လက်တစ်ဖက်ဖြင့် ဖမ်းလိုက်ပြီးနောက် တစ်ဖက်လူ၏ လက်ဖဝါးကို လိမ်ချိုးပစ်လိုက်လေသည်။
ချင်းလျန်နှင့် ချင်းလုတို့၏ မျက်နှာများမှာလည်း ထိုအခြေနေကြောင့် ဖြူလျော်သွားကြသည်။ လုမိသားစု၏ မြင့်မြတ်သောအစည်းအဝေးတွင် လုရီဖျင်သည် လုရီမင်၏ လက်ဖဝါးကို ယခုကဲ့သို့ပင် လိမ်ချိုးပစ်ခဲ့ဖူးသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘး၏ လက်ဖဝါးကို လိမ်ချိုးပြီးနောက် လုရီဖျင်သည် တစ်ဖက်လူနှင့် ဆက်ကစားရန် စိတ်မပါတော့ပေ။ သူသည် တစ်ဖက်လူ၏ နှလုံးသားတည့်တည့်ကို လက်သီးဖြင့် တိုက်ရိုက်ထိုးနှက်လိုက်ပြီးနောက် အခြားသောထိုးနှက်ချက်များဖြင့် တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထိုးေလတော့သည်။
လက်သီးချက်အနည်းငယ်အပြီးတွင် အစိမ်းရောင်ဝတ်ရုံဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးမှာ အသားများစုတ်ပြတ်ကာ သေလုမျောပါး ဖြစ်သွားရသည်။ လုရီဖျင်သည် တစ်ဖက်ရန်သူ၏ စွမ်းအားများကို ချိပ်ပိတ်လိုက်ပြီးနောက် ချင်းကွမ်ဒယ်အိုးကြီးထဲသို့ ပစ်ထည့်လိုက်သည်။
ထိုခဏ၌ပင် ယင်ဖုန်းသည် ရုတ်တရက် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြား ပျံ့လွင့်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားေတာ့သည်။ ၎င်းကိုမြင်သောအခါ လုရီဖျင်သည်လည်း အေးစက်စွာပြုံးကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်နှင့် ဟင်းလင်းပြင် လမ်းစဉ်တို့သည်လည်း ဘီလီယံနှင့်ချီသော နဂါးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်အနှံ့ ပျံ့နှံ့သွားေလသည်။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် ဟင်းလင်းပြင်တစ်ခုပြီးတစ်ခု ပိတ်ဆို့ခံလိုက်ရတော့သည်။
ထိုအချိန် ယင်ဖုန်းသည်လည်း ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာခဲ့သည်။
ယင်ဖုန်း ပြုတ်ကျလာသည်နှင့် လုရီဖျင်သည် လေဟာနယ်ကို ဖမ်းယူလိုက်ရာ မမြင်နိုင်သော လက်ဝါးကြီးတစ်ခုသည် ယင်ဖုန်းကို ညှစ်ထားပြီးနောက် မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ေလသည်။
ကျယ်လောင်သော အသံနှင့်အတူ ဖုန်မှုန့်နှင့် သဲများမှာ ကောင်းကင်သို့ လွင့်စင်သွားခဲ့သည်။
လုရီဖျင်သည် မိမိရှေ့ရှိ မြေကြီးထဲ စိုက်ဝင်နေသော ယင်ဖုန်းကို အေးစက်စွာ ကြည့်ကာ "ငါ့အတွက်လည်း မင်းက ခွေးတစ်ကောင်သက်သက်ပါပဲ" ဟု ဆိုလိုက်သည်။
ယင်ဖုန်းသည် တုန်လှုပ်မှုနှင့် ဒေါသတို့ဖြင့် လုရီဖျင်ကို ကြည့်ကာ ပါးစပ်ထောင့်ရှိ သွေးများကို သုတ်ရင်း ခြိမ်းခြောက်သော အပြုံးဖြင့် "မင်းတို့ လုမိသားစု တစ်ခုလုံး အသတ်ခံရဖို့ကိုသာ စောင့်နေလိုက်တော့" ဟု ပြောလိုက်သည်။
"အဲဒါကို နောက်မှပဲ ဆက်ပြောတာပေါ့" လုရိီဖျင်သူ၏လက်ညိုးကို ဝှေ့ယမ်းလိုက်ရာ ယင်ဖုန်းမှာ လွင့်ထွက်သွားရေတာ့သည်။
လုရီဖျင်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သာမန် ၁.၄ ဘီလီယံ စွမ်းအားရှိသော သူတော်စင်ဧကရာဇ်ဘုရင်များပင် သူ့ကို မတားဆီးနိုင်ချေ။
ခဏအကြာတွင် လရီဖျင်သည် သေလုမျောပါး ဖြစ်နေသော ယင်ဖုန်းကို ဆွဲခေါ်လိုက်ပြီး ချင်းကွမ်ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် ချင်း" လုရီဖျင်သည် အဝေးတွင်ရှိနေသော ချင်းလျန်ကို ကြည့်ကာ "ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ မပေါက်ကြားစေချင်ဘူး" ဟု ဆိုလိုက်သည်။
ချင်းလျန်၏ ကိုယ်ခန္ဓာမှာ တောင့်တင်းသွားခဲ့ပြီး "စိတ်ချပါ သခင်လေးလု၊ ဒီနေ့ကိစ္စကို ကျုပ်တို့ ချင်းမိသားစုက ဘယ်သူမှ အပြင်လူေတွဆီ စကာတစ်ခွန်းတောင် ပေါက်ကြားမသွားအောင် ဂရုစိုက်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် လုရိီဖျင်လည်းထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ၌ ပျောက်ကွယ်သွားတော့သည်။
အချိန်တော်တော်ကြာသည်အထိ ချင်းလျန်နှင့် အဖွဲ့သားများမှာ ထိုနေရာမှ မလှုပ်ရဲကြပေ။
"မျိုးနွယ်စုခေါင်းဆောင်... သခင်လေးလု ထွက်သွားပါပြီ" ဟု ချင်းလုက ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
"အဲဒီလူက တကယ်ပဲ လုယီဖင်လား" ချင်းမိသားစုမှ သူတော်စင်ဧကရာဇ်ဘုရင်တစ်ဦးက တိုးတိုးလေးပင် ရေရွတ်လညမိသည်။
ချင်းလျန် စကားပြောမည့်အချိန်တွင် အရပ်မျက်နှာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များ အုပ်စုလိုက် ရောက်ရှိလာကြသည်ကို မြင်လိုက်ရလေသည်။
***