ရောက်ရှိလာသူများသည် ချောင်းနယ်ပယ်အတွင်းရှိ အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။ လူတိုင်းရောက်ရှိလာပြီးနောက် အမှတ်အသားမထင်ကျန်တော့လောက်သည်ထိ ပျက်စီးယိုယွင်းနေသော ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရသောအခါ အားလုံးပင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
“မျိုးနွယ်စုခေါင်းဆောင် ချင်း... ကျုပ် သိချင်တာရှိတယ်၊ ခင်ဗျား ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါ ကို မြင်လိုက်မိေသးလား” ဟု လူတစ်ယောက်က ချင်းလျန်ကို ကြောင်ကြည့်ရင်း ရုတ်တရက် မေးမြန်းလိုက်သည်။
ထိုသို့ပြောဆိုလိုက်သူမှာ ကျူးမိသားစု၏ အကြီးအကဲ ကျူးခွန်း ဖြစ်သည်။
ကျူးမိသားစုသည် ထိပ်သီးမိသားစုကြီးလေးစု၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်းတို့၏အင်အားမှာ အံ့မခန်းပင်ဖြစ်သည်။ ယခင်က ဝတ်ရံုစိမ်းဖြင့် သူတော်စင်ဧကရာဇ်ဘိုးေဘးနှင့် ယင်ဖုန်း ကဲ့သို့ပင် သူသည်လည်း ရေှးယခင်ကာလကတည်းက ကျော်ကြားသူဖြစ်ခဲ့သည်။ သူ၏အစွမ်းမှာ ဝတ်စုံစိမ်းသူတော်စင်ဧကရာဇ်ဘိုးေဘးထက် သာလွန်ကာ သူတော်စင်ဧကရာဇ်ဘိုးေဘးအဆင့်တွင် ရှိနေသည်။
ချင်းလျန်ကလည်း အားယူပြုံးလိုက်ပြီး “ကျွန်ေတာ်တို့လည်း ခုလေးတင် ရောက်လာတာပါ” ဟု ပြောလိုက်သည်။
ကျူးခွန်းသည် ချင်းလျန်ကို စူးစိုက်ကြည့်နေဆဲဖြစ်ပြီး သံသယဖြစ်ဖွယ် လေသံဖြင့် “မျိုးနွယ်စုခေါင်းဆောင် ချင်းက ကျွန်ုပ်တို့ထက် အနည်းငယ်စောပြီး ရောက်ေနတာ မဟုတ်လား” ဟု ထပ်မံမေးမြန်းလိုက်သည်။
ချင်းလျန်က ပြုံးလျက် “ခင်ဗျားတို့ထက် ခြေလှမ်းအနည်းငယ်တော့ စောရောက်တာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်ေတာ်တို့ရောက်တဲ့အချိန်မှာ ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါက ပျောက်ကွယ်သွားပါပြီ” ဟု ဖြေကြားခဲ့သည်။
ကျူးခွန်း မျက်မှောင်ကြုတ်သွားသော်လည်း ချင်းလျန်သည် စေတီတော်ကို မမြင်ခဲ့ဟု အခိုင်အမာ ပြောဆိုနေသဖြင့် ဆက်လက်မေးမြန်းရန် ခက်ခဲသွားခဲ့သည်။ နောက်ဆုံးတွင် ချင်မိသားစုသည် သူစိတ်ကြိုက် ခြယ်လှယ်နိုင်သည့် အင်အားစုမျိုး မဟုတ်ခဲ့ပေ။
လူများ ပိုမိုရောက်ရှိလာကာ လူတိုင်းသည် သစ်တောတစ်ခုလုံးကို အနှံ့အပြား ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ကြပေ။ နောက်ဆုံးတွင် အားလုံး လူစုခွဲသွားကြတော့သည်။
လုရီဖျင်သည် သစ်တောမှ ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူသည် အစီရင်ခံတစ်ခုကို ခင်းကျင်းကာ အပင်ကို ဆင့်ခေါ်လိုက်ပြီးနောက် ဝတ်စုံစိမ်းသူတော်စင်ဘိုးဘေးနှင့် ယင်ဖုန်းတို့ကို အပြင်သို့ ဆွဲထုတ်လိုက်သည်။
“ကမ္ဘာဉီးသစ်ပင်ပဲ…” ဝတ်စုံစိမ်းသူတော်စင်ဧကရာဇ်ဘိုးဘေးနှင့် ယင်ဖုန်းတို့သည် ကမ္ဘာဦသစ်ပင်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏ တုံ့ပြန်မှုမှာ လုံချင်းနှင့် အခြားသူများအတိုင်းပင် ဖြစ်သည်။
“ဟုတ်တယ်၊ ဒါ ကမ္ဘာဦးသစ်ပင်ပဲ” လုရီဖျင်ကသည် ၎င်းတို့နှစ်ဦးကို ကြည့်ကာ “မင်းတို့ရဲ့ ကျင့်စဉ်လမ်း အသီးအပွင့်တွေကို သန့်စင်ပြီးရင် ငါက သူတော်စင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်လောက်ပြီ” ဟု ဆိုလိုက်သည်။
ဝတ်စုံစိမ်းသူတော်စင်ဘိုးဘေးနှင့် ယင်ဖုန်းတို့၏ မျက်နှာများမှာ ပြာနှမ်းသွားကြသည်။ ထိုအချိန်၌ လုရီဖျင်သည် ၎င်းတို့အား ဖြေရှင်းပြီးနောက် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်သို့ ရောက်နိုင်သည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို သူတို့ နားလည်သွားကြတော့သည်။
လုရီဖျင်သည် ၎င်းတို့နှင့် အပိုစကားများ မပြောတော့ဘဲ ကမ္ဘာဦးသစ်ပင်ကို ထိန်းချုပ်ကာ ၎င်းတို့နှစ်ဦးကို စတင်ဝါးမြိုစေလိုက်သည်။
ချက်ချင်းပင် သူတော်စင်ဘုရင်နှစ်ဦး၏ အင်အားများ၊ ကျင့်စဉ်လမ်းစွမ်းအင်များနှင့် ခန္ဓာကိုယ်၏ မူလအစွမ်းများသည် ဓားသစ်ပင်အတွင်းသို့ စီးဝင်သွားခဲ့ပြီး ခဏအကြာတွင် ရွှေဝါရောင် ကျင့်စဉ်လမ်း အသီးအပွင့် နှစ်လုံးသည် ကမ္ဘဦးသစ်ပင်၏ ခက်လက်များကြား ထွက်ပေါ်လာခဲ့သည်။
ထိုအသီးနှစ်လုံးမှ ထွက်ပေါ်လာသော အလင်းရောင်သည် လုံချင်၏ အသီးများထက် ပိုမိုတောက်ပနေခဲ့သည်။ လုရီဖျင်သည် ပထမဆုံးအဖြစ် ယင်ဖုန်း၏ အသီးကို ခူးယူကာ စတင်သန့်စင်စားသုံးလိုက်သည်။
ယခုအခါ သူ၏စွမ်းအားမှာ သန်းပေါင်း ၁,၄၀၀ ရှိနေပြီဖြစ်သည်။ ယင်ဖုန်း၏ အသီးကို စားသုံးပြီးနောက် စွမ်းအားမှာ သန်းပေါင်း ၁,၅၀၀ သို့ လျင်မြန်စွာ တိုးတက်သွားခဲ့ပြီး အံ့ဩဖွယ်အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်နေခဲ့သည်။
လုရီဖျင်သည် ယင်ဖုန်းနှင့် ဝတ်စုံစိမ်းသူတော်စင်ဧကရာဇ်ဘိုးေဘးတို့၏ အသီးများကို သန့်စင်နေစဉ်အတွင်း နန်ဟွမ်းမြို့တော် မှ သတင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို လုမိသားစုက လုရီဖျင် ရသွားပြီတဲ့”
“ဘာ... လုရီဖျင်ရသွားတာလား ”
ထိုသတင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို ရည်ရွယ်၍ ရောက်ရှိနေကြသည့် ရေတွက်မရနိုင်ေသာ ထိပ်သီးပညာရှင်များအားလုံး တုန်လှုပ်သွားကြသည်။
နန်ဟွမ်းမြို့တော်ရှိ စံအိမ်တစ်ခုအတွင်း လုံချိန်၏ တပည့်ကြီး ချမ်းလင်းချောင်၊ ဒုတိယတပည့် လုကျန်း နှင့် တတိယတပည့် ဒုလီတို့သည် ထိုသတင်းကို ကြားသိလိုက်ရသည်။
“လုမိသားစုက လုရီဖျင်လား” ဒုလီက သံသယဖြင့် “ဒီသတင်းက အတုကြီးတော့ မဟုတ်ပါဘူးနော်” ဟု မေးလိုက်သည်။
ထိုစဉ် လုကျန်း၏ အသိပေးစာချပ် တုန်ခါသွားသဖြင့် စာကိုဖွင့်ဖတ်ကြည့်ရာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လုကျန်း၏ အမူအရာကို မြင်သောအခါ ချမ်းလင်းချောင်က “ဘာဖြစ်လို့လဲ” ဟု မေးမြန်းလိုက်သည်။
လုကျန်းက “စတုတ္ထညီလေးတို့ အဖွဲ့ မကြာခင်က ဘယ်သူနဲ့ ပြဿနာတက်ခဲ့လဲဆိုတာ စုံစမ်းခိုင်းထားတယ် မဟုတ်လား၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ထာဝရကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်မှာ ချမ်းဒဲ့လူ နဲ့ ချောင်းနင်းတို့က လုရီဖျင်နဲ့ ပဋိပက္ခဖြစ်ခဲ့ကြတာ၊ အဲဒီတုန်းက ချမ်းဒဲ့လူရဲ့ လက်ကို လုရီဖျင်က လက်ဖဝါးကို ရိုက်ချိုးလိုက်ပြီး နောက်တစ်ခါဆို သေရမယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်”ဟုပြာလိုက်သည်။
“အဲ့ဒါ့အပြင် လုရီဖျင် လုမိသားစုကနေ ထွက်သွားပြီး မကြာခင်မှာပဲ စတုတ္ထညီလေးနဲ့ တခြား လူရှစ်ယောက်က ဂူဗိမာန်ထဲကနေ ထွက်သွားခဲ့ကြတာဘဲ”
ဒုလီက အံ့သြသွားပြီး “ဒါက တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ၊ စတုတ္ထညီလေးရဲ့ အစွမ်းနဲ့ဆိုရင် လုရီဖျင်က သူ့ပြိုင်ဘက် ဖြစ်နိုင်စရာ မရှိဘူးလေ” ဟု ဆိုလိုက်သည်။
ချမ်းလင်းချောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး “တိုက်ဆိုင်မှုတွေ အများကြီး စုနေရင်တော့ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘူး။ စတုတ္ထညီလေးတို့ ရှစ်ယောက် ပျောက်ဆုံးသွားတာက ဒီလုရီဖျင်နဲ့ တကယ်ပဲ ပတ်သက်နေနိုင်တယ်”
“လုရီဖျင်က စတုတ္ထညီလေးကို မယှဉ်နိုင်ရင်တောင် တခြားသူတွေနဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့ရင်ရော”
လုကျန်းက “ဒါပေမဲ့ အခု လုရီဖျင် ဘယ်မှာလဲဆိုတာ ကျွန်တော်တို့ မသိဘူးလေ” ဟု ပြောလိုက်သည်။
သို့သော် ချမ်းလင်းချောင်က “ကျူးလွန်သူက ပြေးနိုင်ပေမဲ့ ဌာနချုပ်ကတော့ ကျန်နေခဲ့မှာပဲ၊ အခုချက်ချင်း လုမိသားစုဆီ သွားကြမယ်”ဟုပြောလိုက်သည်။
လုကျန်း၏ မျက်လုံးများလည်း တောက်ပသွားခဲ့ပြီး ချမ်းလင်းချောင် ဆိုလိုသည်ကို သူ နားလည်သွားခဲ့သည်။
ချက်ချင်းပင်
ချမ်းလင်ချောင်၊ လုကျန်း၊ ဒုလီနှင့် အခြားသူများသည် နန်ဟွမ်းမြို့တော်မှ ထွက်ခွာပြီး လုမိသားစုဌာနချုပ်သို့ ဦးတည်လာခဲ့ကြသည်။
၎င်းတို့အဖွဲ့ လုမိသားစုဌာနချုပ်သို့ လာနေချိန်မှာပင် သတင်းကြားသိရသော နန်ဟွမ်းမြို့ရှိ အခြားသော ထိပ်သီးပညာရှင်များအားလုံးသည်လည်း မြို့တော်မှထွက်ခွာကာ လုမိသားစုဌာနချုပ်သို့ အပြေးအလွှား လာရောက်ကြတော့သည်။
ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါ၏ ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှသဖြင့် ချောင်းနယ်ပယ်ရှိ ပထမတန်းစား အင်အားစုအများအပြားပင် သတင်းကြားသည်နှင့် လုမိသားစုဆီသို့ တဟုန်ထိုး လာနေကြပြီဖြစ်သည်။
ခဏချင်းအတွင်းမှာပင် လုမိသားစုဌာနချုပ်သည် လူတိုင်း၏ ပစ်မှတ်ဖြစ်သွားတော့သည်။
ထိုအချိန်တွင် လုမိသားစု၏ အိမ်တော်ကြီး၌ လုကန်း၊ လုယုံကျိီ၊ လုဖုန်း နှင့် ရွှယ်ကျူးတို့သည် ကျိီကျူး ပြန်လာပြီဖြစ်ကြောင်း ကြားသိရသဖြင့် ခန်းမဆောင်အပြင်ဘက်တွင် စုရုံးကာ ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်။
“မျိုးနွယ်စုခေါင်းဆောင်ကြီး... အခြေအနေ မကောင်းတော့ဘူး” လုကန်းတို့အဖွဲ့ ကျိီကျူးကို စောင့်ဆိုင်းနေစဉ် လုမိသားစု၏ အကြီးအကဲတစ်ဦးသည် အထိတ်တလန့်ဖြင့် ပြေးဝင်လာကာ အလောတကြီး အော်ဟစ်လိုက်သည်။ “နန်ဟွမ်းမြို့တော်က ထိပ်သီးပညာရှင်တွေ အားလုံး... ကျွန်တော်တို့ လုမိသားစုဌာနချုပ်ဆီကို ချီတက်လာနေကြပြီ”
လုကန်းမှာ ဇဝေဇဝါဖြစ်သွားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည် “နန်ဟွမ်းမြို့က ပညာရှင်တွေအားလုံးက ငါတို့ဆီ လာနေကြတယ်ဆိုတာ ဘာကိစ္စ ေကြာင့်လဲ”
လုမိသားစု၏ အကြီးအကဲက အလောတကြီး ရှင်းပြခဲ့ရသည် “သခင်လေး လုရီဖျင်က ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို ရရှိသွားလို့ပါ”
ထိုစကားကြောင့် လုယုံကျီ နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါလား”
အကြီးအကဲက ဆက်လက်ပြောကြားခဲ့သည် “ဟုတ်ပါတယ်၊ ဒီသတင်းက နေရာအနှံ့အပြားကို ပျံ့သွားပြီ၊ အခုဆိုရင် ချောင်းနယ်ပယ်ရဲ့ ထိပ်သီးပညာရှင်တွေအားလုံးနီးပါး ကျွန်တော်တို့ လုမိသားစုဌာနချုပ်ဆီကို အပြေးအလွှား လာနေကြပြီ”
လုကန်းနှင့် လုယုံကျိီတို့၏ မျက်နှာများ ရုတ်ခြည်းပျက်ယွင်းသွားပြီး အကြီးအကဲ ဆိုလိုသည့်အချက်ကို သူတို့ နားလည်သွားကြသည်။ ချောင်းနယ်ပယ်တွင် ထိုကဲ့သို့ အဖိုးတန်ရတနာတစ်ခုကြောင့် တစ်မိသားစုလုံး မျိုးတုံးသတ်ဖြတ်ခံရသည့် ဖြစ်ရပ်များမှာ မရှားပေ။
လုမိသားစုမှာ အားမနည်းလှသော်လည်း ချောင်းနယ်ပယ်တစ်ခုလုံးရှိ အင်အားစုများကိုတော့ ရင်ဆိုင်နိုင်စွမ်း မရှိပေ။ ထိပ်သီးမိသားစုကြီး လေးစုထဲတွင်လည်း လုမိသားစုမှာ အားအနည်းဆုံး ဖြစ်သည်။
“ဘယ်လို အင်အားစုတွေ လာနေကြတာလဲ” လုကန်းက တုန်ရီနေသော အသံဖြင့် ခက်ခဲစွာ မေးမြန်းလိုက်သည်။
အကြီးအကဲက “ေချာင်းဘုရင်ရဲ့ တိုက်ရိုက်တပည့် သုံးယောက်စလုံး လာနေကြတာပါ”ဟု ပြန်ဖြေလိုက်သည်။
“ပြီးတော့ ဝမ်မိသားစုရဲ့ ခေါင်းဆောင်နဲ့ သူတော်စင်ဧကရာဇ်ငါးပါး၊ နဂါးဆိုးမျိုးနွယ်စုနဲ့ နတ်ဆိုးနန်းတော်ကလည်း ပါပါတယ်”
အကြီးအကဲသည် အမည်တစ်ခု ရွတ်ဆိုလိုက်တိုင်း လုကန်းနှင့် လုယုံကျိီတို့၏ မျက်နှာများမှာ ပို၍ ပြာနှမ်းလာခဲ့ပြီး နောက်ဆုံးတွင် ခြေဖျားလက်ဖျားများပါ တုန်ရီလာတော့သည်။
“အခု လုရီဖျင် ဘယ်မှာလဲ” လုယုံကျိီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“သခင်လေးလု တာဝါကိုရပြီးကတည်းက ဘယ်ရောက်သွားလည်းဆိုတာ စံုစမ်းလို့ မရတော့ပါဘူး” ဟု အကြီးအကဲက အသံတိုးတိုးဖြင့် ဖြေခဲ့သည်။
လုယုံကျိီ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာပြီး “လုရီဖျင်… မင်းက ပြဿနာရှာပြီးတော့ ပုန်းနေတာပေါ့လေ၊ ကြည့်ကြတာေပါ့ကွာ၊ ချမ်းလင်ချောင်တို့ ရောက်လာရင် သူ့ညီမနဲ့ေတွ့ခိုင်းလိုက်” ဟု အော်ဟစ်လိုက်သည်။
“ဒီကိစ္စက ရီဖျင်နဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား” ဟု ရွှယ်ကျူးက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစဉ် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာေလသည်။ လူတိုင်း ထိုသူကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ပြုံးလိုက်ကြသည် “သခင်ကျီကျူး…”
ဆံပင်ဖြူဖြူနှင့် ကျိီကျူးသည် လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည် “လုရီဖျင်ရဲ့ ကိစ္စကို ငါ သိပြီးပြီ။ သူက ပြဿနာကို စတင်ခဲ့တာပဲ၊ အဲ့တော့ အဖွဲ့အစည်းအသီးသီးက ပညာရှင်တွေ ရောက်လာတဲ့အခါ ကျေညာချက်တစ်ခု ထုတ်ပြန်မယ်။ လုရီဖျင်နဲ့ သူ့ညီမကို လုမိသားစုဝင်အဖြစ်ကနေ နှင်ထုတ်လိုက်ပြီ လို့ အားလုံးကို အသိပေးလိုက်ကြ”
***