ရွှယ်ကျူးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး “ဘယ်လို... ရီဖျင်တို့ မောင်နှမကို လုမိသားစုကနေ နှင်ထုတ်မယ် ဟုတ်လား၊ ကျွန်တော် သဘောမတူဘူး”ဟုပြောလိုက်သည်။
ကျီကျူးသည်လည်း ရွှယ်ကျူးကို ကြည့်ကာ “ရှောင်ရွှယ်... မင်းကို ငါနားလည်တယ်။ ဒါပေမဲ့ လုရီဖျင်ကို နှင်ထုတ်ပြီး လုမိသားစုနဲ့ ပတ်သက်မှုမရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ကြော်ငြာမှ ငါတို့မိသားစုကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိမှာ”ဟုပြောလိုက်သည်။
“ပြီးတော့ လုမိသားစုရဲ့ သူေတာ်င်အစည်းအဝေးမှာ လုရီဖျင်က လုမိသားစုရဲ့ သူတော်စင်ဘုရင်တစ်ပါးကို သတ်ခဲ့တာကိုလည်း မျက်ကွယ်ပြုထားလို့မရဘူး။ဒီအချက်တစ်ခုတည်းနဲ့တင် သူ့ကို မိသားစုကနေ နှင်ထုတ်ဖို့ လုံလောက်နေပြီ”
ရွှယ်ကျူးမှ စကားပြန်ပြောရန် ဟန်ပြင်သော်လည်း မပြောထွက်နိုင်ခဲ့ပေ။ “ဒါပေမဲ့...”
“ဒါပေမဲ့တွေ လုပ်မနေနဲ့တော့” ကျိီကျူးက ခေါင်းခါယမ်းကာ “ငါ ဆုံးဖြတ်ပြီးပြီ” ထို့နောက် သူက လုကန်းကို လှည့်ပြောလိုက်သည် “သွားတော့... လုမိသားစုရဲ့ အစွမ်းအထက်ဆုံး အစီရင်ခံကို ဖွင့်လိုက်၊ ပြီးတော့ အရပ်ရပ်က လာကြမယ့် ပညာရှင်တွေကို ကြိုဆိုဖို့ ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့ပါ အရှင်ကျိီကျူး” လုမိသားစုခေါင်းဆောင် လုကန်းသည် ခပ်မြန်မြန်ပင် ပြန်ေဖြပြီး အမိန့်ကို ဆင့်ဆိုလိုက်တော့သည်။
ချမ်လင်းချောင်၊ လုကျန်း၊ ဒုလီ၊ ကျူးမိသားစုခေါင်းဆောင် ကျူးခွန်းနှင့် ချောင်းနယ်ပယ်တစ်ခုလုံးမှ ထိပ်သီးပညာရှင်များ လုမိသားစုဌာနချုပ်သို့ ရောက်ရှိလာချိန်မှာပင် လုရီဖျင်သည် ယင်ဖုန်းနှင့် ဝတ်ရံုစိမ်းသူတော်စင်တို့၏ ကျင့်စဉ်လမ်းအသီးများကို သန့်စင်ခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ လုရီဖျင်သည် သူတော်စင်ဧူကရာဇ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်၊
သူ၏ ဦးခေါင်းထက်တွင် ၁၉ ဧက ကျယ်ဝန်းသော ချင်းယွမ် တိမ်တိုက်အလင်းတန်းများ လှိုင်းထနေပြီး သူတော်စင်ဘုရင်၏ အရှိန်အဝါမှာ သမုဒ္ဒရာကြီးသဖွယ် ဟိန်းဟောက်နေခဲ့ကာ ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးထားတော့သည်။
လုရီဖျင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တိုးတက်လာသော စွမ်းအားများကို ခံစားရင်း အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်သည်။ သူသည် နောက်ဆုံးတွင် သူတော်စင်ဘုရင် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီဖြစ်သည်။ ထိုအဆင့်ထက် ကျော်လွန်သွားပါက သူသည် ကျင့်စဉ်၏ မူလအစ ဖြစ်လာပေတော့မည်။
လုရီဖျင်သည် ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို ထုတ်ယူကာ သူတော်စင်ဘုရင်၏ စွမ်းအားများကို အသုံးပြု၍ စတင်သန့်စင်လေသည်။ သူတော်စင်ဧကရာဇ် အထွတ်အထိပ်အဆင့်၏ စွမ်းအားဖြင့် လုရီဖျင်သည် ထိုတာဝါကို နာရီဝက်မပြည့်မီမှာပင် အပြီးသတ် သန့်စင်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် လုရိီဖျင်သည် တာဝါကို အသုံးပြကာ ကောင်းကင်ယံသို့ ပျံတက်စေခဲ့ပြီး ဝေးကွာသော တောင်တန်းကြီးတစ်ခုဆီသို့ ဖိချလိုက်သည်။ ရွှမ်ဟွမ်းကျောက်မျက်တာဝါသည် အဓိကအားဖြင့် ခံစစ်လက်နက် ဖြစ်သော်လည်း ၎င်း၏ တိုက်စစ်စွမ်းအားပင် ပြိုင်ဘက်ကင်းလှသည်။
လုရီဖျင်သည် ရွှမ်ဟွမ်း ကျောက်မျက်ရတနာ ၏ စွမ်းအားကို ခဏတာ စမ်းသပ်ကြည့်ပြီးနောက် စေတီတော်ကို ပြန်သိမ်းကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး လူသူကင်းမဲ့သော တောင်ကုန်းမှ ထွက်ခွာလာခဲ့သည်။
“ဘိုးဘေး... ကျွန်တော်တို့ တကယ်ပဲ လုမိသားစုဌာနချုပ်ကို မသွားတော့ဘူးလား”
လုရီဖျင် တောင်ကုန်းမှ ထွက်လာပြီး မကြာမီမှာပင် ရှေ့နားမှ လူအချို့ စကားပြောနေသံကို ကြားလိုက်ရသည်။
“အခု ချောင်းနယ်မြေ တစ်ခုလုံးက လူတွေ လုမိသားစုဌာနချုပ်ဆီကို အပြေးအလွှား သွားနေကြပြီ။ တာဝါကကလည်း တစ်ခုတည်းရှိတာ။ ငါတို့သွားလည်း ငါတို့အတွက် ဝေစုရမှာမဟုတ်ဘူး။ အဲဒီအစား ဒီနားတစ်ဝိုက်မှာပဲ လုရီဖျင်ကို ရှာကြည့်တာ ပိုကောင်းမယ်”
ထိုစကားကို ကြားလိုက်သည်နှင့် လုရီဖျင်သည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ထိုသူတို့ရှေ့သို့ ရောက်သွားပြီး စစ်မေးလိုက်သည်။
မေးမြန်းပြီးနောက်တွင် တာဝါကို ရရှိထားသည့်သတင်း ပေါက်ကြားသွားပြီဖြစ်ကြောင်းနှင့် ချောင်းနယ်ပယ်မှ ပညာရှင်များ လုမိသားစုဆီသို့ ချီတက်နေကြောင်း သိလိုက်ရကာ လုရီဖျင်၏ မျက်နှာမှာလည်း ပျက်သွားခဲ့သည်။
ထိုစဉ်က တာဝါအကြောင်းကို ချင်မိသားစု သာ သိရှိခြင်းဖြစ်သည်။ ယခု သတင်းပေါက်ကြားသွားသည်မှာ သေချာပေါက် ချင်မိသားစု၏ လက်ချက်ပင် ဖြစ်ရမည်။
သူသည် စိတ်ပျော့သွားခဲ့ပြီး လွတ်ပေးခဲ့သည့်အတွက် နောင်တရမိသွားခဲ့သည်။ ယခင်ကတည်းက ချင်မိသားစုကိုပါ တစ်ပါတည်း အပြတ်ရှင်းခဲ့သင့်သည်ဟု တွေးလိုက်မိသည်။ ထို့နောက် လုရီဖျင်သည် လုမိသားစုဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။
ပညာရှင်များသည် နန်ဟွမ်းမြို့မှ ထွက်ခွာသွားသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း ယခုအခါ သူသည် သူတော်စင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်ကိုက် လုမိသားစုဆီသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
လုရိီဖျင်သည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ ကျင့်စဉ်လမ်းကို အစွမ်းကုန် အသုံးချလိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် အချိန်နှင့် နေရာလပ်များမှာ တရစပ် ပြောင်းလဲနေတော့သည်။
ထို့နောက် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ချမ်လင်းချောင်၊ လုကျန်းနှင့် ဒုလီတို့အဖွဲ့ လုမိသားစုဆီသို့ ပထမဆုံး ရောက်ရှိလာကြသည်။ ၎င်းတို့နောက်တွင် ကျူးမိသားစုခေါင်းဆောင် ကျူးခွန်းနှင့် ပညာရှင်များ ရောက်လာကြသည်။
ထို့နောက်တွင် နဂါးဆိုးမျိုးနွယ်စု၊ နတ်ဆိုးနန်းတော်နှင့် အခြားသော အင်အားစုများမှာလည်း လုမိသားစုဌာနချုပ်၏ ခန်းမဆောင်ကြီးအတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စုရုံးရောက်ရှိလာကြတော့သည်။
ချမ်လင်းချောင်သည် ကျီကျူးကို ကြည့်ကာ “စကားတွေကို လှည့်ပတ်ပြောမနေတော့ဘူး လုခုံ၊ ငါတို့ ဒီကို ဘာအတွက် လာသလဲဆိုတာ မင်းသိမှာပါ”ဟုပြောလိုက်သည်။လုခုံသည် ကျီကျူး၏ အမည်ရင်းြဖစ်သည်။
“လုရိီဖျင်ကိုခေါ်ပြီး ကောင်းနဲ့မြေကြီးရဲ့ ရွှမ်ဟွမ်းကျောက်မျက်တာဝါကို ငါတို့ဆီအပ်ခိုင်းလိုက်”
ကျိီကျူးသည် မတ်တတ်ရပ်ကာ လက်သီးဆုပ် ဂါရဝပြုပြီး ပြောလိုက်သည် “သခင်လေးချမ်... လွန်ခဲ့တဲ့ ရက်ပိုင်းက လုမိသားစုရဲ့ သူေတာ်စင်အစည်းအဝေးမှာ လုရီဖျင်က လုမိသားစုရဲ့ သူတော်စင်ဘုရင် လုယုိချောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်ုပ်တို့ လုမိသားစုရဲ့ ဘိုးဘေးများအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချပြီး လုရီဖျင်တို့ မောင်နှမကို မိသားစုဝင်အဖြစ်ကနေ နှင်ထုတ်လိုက်ပါပြီ”
ချမ်လင်းချောင်၊ ကျူးခွန်းနှင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။
ကျိီကျူးသည် ခန်းမအတွင်းရှိ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိနေသော ပညာရှင်များကို ဝေ့ကြည့်လိုက်ပြီး
“အခုအချိန်ကစပြီး လုရီဖျင်တို့ မောင်နှမက ကျွန်ေတာ်တို့ လုမိသားစုဝင်တွေ မဟုတ်တော့ပါဘူး။ လုရီဖျင်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကလည်း ကျွန်ေတာ်တို့ လုမိသားစုနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ပါဘူး” ဟု ဆက်လက် ပြောကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ လုကျန်းက အေးစက်စွာ ပြုံးလိုက်ပြီး “လုရီဖျင်ကို မိသားစုက နှင်ထုတ်လိုက်ရုံနဲ့ မင်းတို့ လုမိသားစုက ဘေးထွက်နေလို့ ရမယ် ထင်နေတာလား” ဟု မေးလိုက်သည်။ ခေတ္တရပ်ပြီးနောက် သူက ဆက်ပြောခဲ့သည် “ငါတို့ရဲ့ စတုတ္ထညီလေး ပျောက်ဆုံးနေတာ ရက်အတော်ကြာပြီ။ စုံစမ်းကြည့်တော့ စတုတ္ထညီလေး ပျောက်ဆုံးသွားတာဟာ လုရီဖျင်နဲ့ ပတ်သက်နေတယ်လို့ ငါတို့ သိလိုက်ရတယ်”
လုကျန်း၏ စကားကြောင့် ခန်းမအတွင်းရှိ ပညာရှင်များကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
“ဘာ...”
“သခင်လေး လုံချင်း ပျောက်ဆုံးနေတယ် ဟုတ်လား”
ကျူးခွန်း၊ နဂါးဆိုးမျိုးနွယ်စု ခေါင်းဆောင်၊ နတ်ဆိုးနန်းတော် သခင်၊ လုခုံနှင့် လုယုံကျိီတို့အားလုံးလည်း အံ့အားသင့်သွားကြသည်။
လုကျန်းက ထပ်မံပြောကြားခဲ့သည် “ငါ့ညီလေးရဲ့ အစွမ်းနဲ့ဆိုရင် လုရီဖျင်က သူ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းတို့ လုမိသားစု ဘိုးဘေးတွေက သူ့ကို ဝိုင်းကူခဲ့ကြတယ်လို့ ငါတို့ သံသယရှိထားတယ်”
လုခုံ၊ လုကန်း၊ လုယုံကျိီ၊ လုဖုန်းတို့၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားသည်။
“သခင်လေး လုကျန်း... ကျွန်ေတာ်တို့ သခင်လေးလုံချင်းရဲ့ ကိစ္စကို ဘာမှ မသိပါဘူး”
လုခုံက အလောတကြီး ခုခံကာကွယ်ပြောဆိုခဲ့သည် “ကျွန်ေတာ်တို့လည်း အခုမှ သိရတာပါ”
လုကျန်းက အေးစက်စွာ ပြုံးလျက် “ဘာမှ မသိဘူး ဟုတ်လား၊ဘယ်လိုဘဲပြောပြော အခြေအနေကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးမှပဲ မင်းတို့ကို ပြန်လွှတ်ပေးမယ်။ အခုတော့... မင်းတို့ လုမိသားစု ဘိုးဘေးတွေ အားလုံး ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်”
လုခုံနှင့် လုကန်းတို့အဖွဲ့သည် ထိုစကားကို ကြားသောအခါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ချမ်လင်းချောင်က စကားဖြတ်ပြောလိုက်သည်။ “လုရီဖျင်ရဲ့ ညီမကိုပါ တစ်ခါတည်း ခေါ်ခဲ့ကြ”
ထို့နောက် သူ၏ ဘေးနားရှိ သူတော်စင်ဧကရာဇ် တစ်ပါးကို “သွား... လုရီဖျင်ရဲ့ ညီမကို သွားခေါ်ခဲ့စမ်း” ဟု အမိန့်ပေးလိုက်သည်။
ထိုသူတော်စင်ဧကရာဇ်လည်း အမိန့်အတိုင်း အပြင်သို့ ထွက်သွားခဲ့သည်။ သို့သော် အတော်ကြာသည်အထိ ပြန်မလာခဲ့ပေ။
ချမ်လင်းချောင်နှင့် လုကျန်းတို့ ထူးဆန်းသည်ဟုေတွးနေစဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ပေါ်လာပြီး ခန်းမဆောင်အတွင်းသို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ရောက်လာခဲ့သည်။
လူတိုင်း ကြည့်လိုက်သည့်အခါ ထိုသူမှာ ချမ်လင်းချောင် အမိန့်ကိုနာခံ၍ အပြင်ထွက်သွားသော သူတော်စင်ဧကရာဇ် ဖြစ်နေခဲ့သည်။ သူ၏ စွမ်းအားများအားလုံး ပိတ်ဆို့ ခံထားရပြီး ခွေးသေတစ်ကောင်ကဲ့သို့ အသက်ငင်နေသည်ကို မြင်လိုက်ရသည်။
ထိုအရာကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ထိုသူတော်စင်ဧကရာဇ်သည် အားမနည်းလှပေ။ သူသည် အလယ်အလတ်အဆင့် သူတော်စင်ဘုရင်ဖြစ်ပြီး စွမ်းအား သန်းပေါင်း ၆၀၀ ရှိေပသည်။ သူ့ကို အနိုင်ယူနိုင်ရန်မှာ အဆင့်မြင့် သူတော်စင်ဧကရာဇ်ဘုရင်တစ်ပါး ဖြစ်ရန်လိုအပ်သည်။ လုမိသားစုတွင် လုခုံအပြင် အခြားသော အဆင့်မြင့် သူတော်စင်ဘုရင်များ ရှိနေသေးသလားဟု တွေမိသွားကြသည်။
အားလုံး အံ့ဩနေစဉ်မှာပင် အပြာရောင် ဝတ်စုံဖြင့် လူတစ်ယောက်သည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာခဲ့သည်။
“လုရီဖျင်….” လုယုံကျိီက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အရပ်မျက်နှာအသီးသီးမှ ပညာရှင်များအားလုံး မတ်တတ်ရပ်လိုက်ကြပြီး လုရီဖျင်ကို လောဘဇောများဖြင့် စိုက်ကြည့်နေကြသည်။ သို့သော်လည်း မည်သူမျှ စတင်တိုက်ခိုက်ရန် မဝံ့ရဲကြသေးပေ။
ချမ်လင်းချောင်သည် ခန်းမအပြင်ဘက်သို့ ဦးစွာ လမ်းလျှောက်ထွက်လာပြီး လုရီဖျင်ကို အေးစက်စွာ ကြည့်ကာ “မင်းက လုရီဖျင်လား၊ ငါ့ညီ လုံချင်း အခု ဘယ်မှာလဲ”ဟုမေးလိုက်သည်။
“သေသွားပြီ…” လုရီဖျင်သည် တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ချမ်လင်းချောင်၊ လုကျန်းနှင့် ဒုလီတို့ပင်လျှင် နားကြားမှားသလားဟုတွေး၍ မယုံနိုင်အောင် ဖြစ်သွားကြသည်။
“မင်း ဘာပြောလိုက်တာ….” လုကျန်းက ဒေါသတကြီးဖြင့် “ငါ့ညီလေး သေပြီ ဟုတ်လား”ဟု ထပ်မေးလိုက်သည်။
“ဟုတ်တယ်၊ ငါကိုယ်တိုင် သတ်လိုက်တာ” လုရီဖျင်သည်လမ်းဆက်လျှောက်လာရင်း ပြောလိုက်သည်။
“ဘာ…မင်း သတ်လိုက်တာ ဟုတ်လား” လုကျန်းက ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး ဟားတိုက် အော်ဟစ်ရယ်ေမာလေတာ့သည်။
***