နဂါးမျိုးနွယ်စု၏ ခေါင်းဆောင် ကျူးခွန်း၊ နတ်ဆိုနန်းတော်၏ နန်းတော်သခင်နှင့် အခြားသူများအားလုံးသည်လည်း ခေါင်းခါယမ်းကာ ပြုံးလိုက်ကြသည်။
လုရီဖျင်၏ စကားကို မည်သူမျှ မယုံကြည်ကြသည်မှာ သိသာလှသည်။
လုကျန်း၏ မျက်လုံးများထဲတွင် ဒေါသများ ဖြတ်ေပြးသွားပြီး ရုတ်တရက် လုရီဖျင်ကို ကြည့်ကာ "ပြောစမ်း၊ မင်းနောက်ကွယ်က ဘယ်သူလဲ၊ လုခွန်းကျီလား ဒါမှမဟုတ် မင်းက မိစ္ဆာတွေနဲ့ ပူးပေါင်းနေတာလား"ဟုမေးလိုက်သည်။
လုကျန်းအနေဖြင့် လုရီဖျင်ကို မိစ္ဆာများနှင့် ပူးပေါင်းသည်ဟု သံသယဝင်ခြင်းမှာ မထူးဆန်းပေ။ အကြောင်းမှာ ယခင်က လုဖေလင်းသည် မိစ္ဆာများနှင့် ပူးပေါင်းခဲ့ဖူးသောကြောင့်ဖြစ်သည်။ လုရီဖျင်သည် လုဖေလင်းကို သတ်ခဲ့သော်လည်း သူကိုယ်တိုင် မိစ္ဆာများထံ အစေခံနေခြင်း မဟုတ်ဟု မပြောနိုင်ပေ။
လုကျန်းသည် ချောင်းနယ်ပယ်၏ ဘုရင် လုံချိန်၏ ဒုတိယမြောက် တပည့်ဖြစ်ပြီး သူ၏ ခွန်အားမှာ လုံချင်းထက် များစွာ ပိုမိုတောင့်တင်းသည်။ သန်းပေါင်း ၁,၃၀၀ ဟူသော ပမာဏမှာ ကြောက်မက်ဖွယ်ကောင်းသည်။
ခွန်အား တစ်သန်းခန့်ရှိသော အဆင့်မြင့် သူေတာ်စင်ဧကရာဇ် လုခွန်းကျီ ကဲ့သို့သော သူမျိုးကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။
ယခင်က ခွန်အား ၁,၁၀၀ ရှိခဲ့သော ဝတ်ရုံစိမ်း သူေတာ်စင်ဧကရာဇ်ဘိုးေဘးနှင့် ယင်ဖုန်းတို့နှစ်ဦး ပူးပေါင်းလျှင်ပင် လုကျန်း၏ အစွမ်းကို တားဆီးနိုင်မည်မဟုတ်ပေ။
လုကျန်း၏ လှုပ်ရှားမှုကို မြင်သောအခါ အရပ်မျက်နှာအနှံ့မှ အင်အားကြီးသူများအားလုံး ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။ လုကျန်း၏ လက်ဝါးရိုက်ချက်ဒဏ်ကို မထိမိစေရန် နဂါးဆိုးမျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆိုးနန်းတော်သခင်တို့ကဲ့သို့ အစွမ်းထက်သူများပင် သူတို့၏ လက်အောက်ငယ်သားများကို ကာကွယ်ရင်း နောက်ဆုတ်ခဲ့ကြသည်။
လုကျန်းသည် လုရီဖျင်အား ရုတ်တရက် တိုက်ခိုက်သည်ကို မြင်သောအခါ သွေးမျိုးနွယ်စုဘိုးဘေး၏ မျက်နှာ ပျက်သွားခဲ့သည်။ လုကျန်း၏ လက်ဝါးရိုက်ချက်သည် လုရီဖျင်အား မြေကြီးထဲ နစ်ဝင်သွားစေတော့မည့်ပုံပေါ်သော်လည်း လုရီဖျင်သည် ရန်သူ၏ တိုက်ကွက်ကို မရှောင်တိမ်းခဲ့ပေ။
သူသည် လက်ညှိုးကိုသာ မြှောက်လိုက်ပြီး လက်ညှိုးအစွမ်းဖြင့် လုကျန်းကို ပြန်လည်တိုက်ခိုက်လိုက်သည်။
လုရီဖျင်သည် သူ၏လက်ဝါးရိုက်ချက်အား မခုခံသည့်အပြင် လက်ညှိုးဖြင့် ပြန်လည်တုံ့ပြန်သည်ကို မြင်သောအခါ လုကျန်းက အေးစက်စွာ ပြုံးလိုက်ပြီး "မင်းက သေတွင်းထဲ ကိုယ်တိုင်ခုန်ဆင်းနေတဲ့ အရူးပဲ" ဟု ဆိုကာ လက်ညှိုးတစ်ချက် ထုတ်လိုက်ပြီး လုရီဖျင်၏ လက်ညှိုးအစွမ်းကို တားဆီးလိုက်သည်။
ဝုန်း…”
လုကျန်း၏ လက်ညှိုးနှင့် လုရီဖျင်၏ လက်ညှိုးတို့ ထိတွေ့မိသွားသည်။လောကကြီးတစ်ခုလုံး တုန်ခါသွားသယောင် ရှိခဲ့သည်။
သို့သော် ထိုခဏ၌ပင် လုရီဖျင်၏ လက်ညှိုးအစွမ်းသည် လုကျန်း၏ လက်ညှိုးကို တခဏချင်း ချိုးဖျက်သွားပြီး လုကျန်း၏ ရင်ဘတ်ထဲသို့ အရှိန်အဟုန်ဖြင့် စိုက်ဝင်သွားသည်ကို အားလုံး မြင်လိုက်ရသည်။
လုကျန်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လေထဲသို့ လွင့်စင်သွားတော့သည်။
ထိုအချိန်တွင် လုကျန်း၏ လက်ဝါးရိုက်ချက်သည် လုရီဖျင်၏ ဦးခေါင်းပေါ်သို့ ကျရောက်ခါနီး၌ ရုတ်တရက် လုရီဖျင်၏ ဦးခေါင်းပေါ်မှ ရွှေရောင်ခေါင်းလောင်းတစ်ခု ပျံထွက်လာခဲ့ပြီး လုကျန်း၏ လက်ဝါးရိုက်ချက်ကို ကာလိုက်သည်။
လုကျန်း၏ လက်ဝါးသည် ရွှေရောင်ခေါင်းလောင်းပေါ်သို့ ကျရောက်သွားသော်လည်း ရွှေရောင်ခေါင်းလောင်းမှာ အလင်းများ ဖြာထွက်လာပြီး လုံးဝ တုန်လှုပ်ခြင်းမရှိပေ။
လုကျန်းသည် လုမိသားစု၏ အဓိကနန်းဆောင်ကြီးကို ဖောက်ထွက်ကာ လွင့်စင်သွားခဲ့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သူ၏ရင်ဘတ်မှာ လုရီဖျင်၏ လက်ညှိုးကြောင့် အပေါက်ကြီးဖြစ်သွားပြီး သွေးများ အဆက်မပြတ် ပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။
"ဘာ... ဘာဖြစ်တာလဲ"
လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။
ချန်လင်းချောင်၊ လုဂန်း ၊ ကျူးခွန်းနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
ချမ်လင်းချောင်နှင့် ကျန်ရှိသူများသည် လက်ညှိုးတစ်ချက်တည်းဖြင့် လွင့်စင်သွားသော လုကျန်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
လုကျန်းသည် မြေပြင်မှ ထရန် ကြိုးစားသော်လည်း သူလှုပ်ရှားလိုက်သည်နှင့် ရင်ဘတ်မှ ဒဏ်ရာကြောင့် သွေးများ ပါးစပ်မှ ထပ်မံစီးကျလာခဲ့သည်။
သူသည် လုရီဖျင်ကို မယုံနိုင်သော မျက်လုံးများ၊ တုန်လှုပ်မှု၊ ဒေါသတို့ဖြင့် စိုက်ကြည့်ကာ "လူတစ်ယောက်ရဲ့ ခွန်အားက ဒီလောက် မကြီးမားနိုင်ဘူး၊ မင်း…မင်းက ဘယ်သူလဲ"ဟု တုန်ရီစွာမေးလိုက်သည်။
သူသည် ရှေ့တွင်ရှိနေသောသူမှာ ရုပ်ဖျက်အတတ် တွင် ကျွမ်းကျင်သူဖြစ်ပြီး လုရီဖျင်အသွင် ဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာခဲ့သည်။
လူတိုင်းသည်လည်း လုရီဖျင်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
ချမ်လင်းချောင်သည် လုရီဖျင်ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည် "မင်း ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒီနေ့တော့ မင်း သေရမယ်" ဟု ပြောရင်း သူ၏ ချင်းယွမ်တိမ်တိုက်ကို မြှောက်လိုက်ရာ သန့်ရှင်းသောဘုရင်၏ အစွမ်းများ ဟိန်းထွက်လာခဲ့သည်။
ချမ်လင်းချောင်၏ ချင်းယွမ်တိမ်တိုက်သည် ၁၈ ဧက အထိ ရောက်ရှိနေပြီး ၁၉ ဧကသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ထို့ကြောင့်ပင် ချောင်းနယ်ပယ်၏ ဘုရင် လုံချိန်သည် နှစ်ပေါင်းများစွာ တရားကျင့်ကြံနေချိန် ချမ်လင်းချောင်ရှိနေသောကြောင့် ချောင်းနယ်ပယ်တွင် မငြိမ်မသက်မှုများ မရှိခြင်း ဖြစ်သည်။
ချမ်လင်းချောင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပြန့်လွင့်လာခဲ့သည်။ နဂါးဆိုးမျိုးနွယ်စုခေါင်းဆောင် ကျူးခွန်း နှင့် ခွန်အား သန်းပေါင်း ၁,၃၀၀ ရှိသော သန့်ရှင်းသောဘုရင်များပင် ချမ်လင်းချောင်၏ ဖိအားအောက်တွင် အသက်ရှူကျပ်လာကြသည်။
ထိုစွမ်းအင်လှိုင်းေကြာင့် လူတိုင်း ထိတ်လန့်တကြား နောက်ဆုတ်သွားကြသည်။
ချမ်လင်းချောင်သည် ခြေတစ်လှမ်းတိုးကာ လုရီဖျင်ရှေ့သို့ ရောက်လာပြီး ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်သည်။
"ချောင်းခေါင်းလောင်း အားကိုးပြီး မောက်မာနေတာပေါ့ " ချမ်လင်းချောင်က အေးစက်စွာ ပြုံးလိုက်ရင်း "ငါ့ရဲ့ လက်သီးတစ်ချက်တည်းနဲ့ မင်းရဲ့ ချောင်းခေါင်းလောင်းကို ဘယ်လို ရိုက်ခွဲပစ်မလဲဆိုတာ ကြည့်လိုက်စမ်း"ဟု ပြောလိုက်သည်။
ချမ်လင်းချောင်၏ လက်သီးချက်ကို ကြည့်ပြီး လုရီဖျင်သည် အေးအေးလူလူပင် လက်ကိုမြှောက်ကာ ထိုနည်းအတိုင်းပင် ပြန်လည်ထိုးနှက်လိုက်သည်။ လုရီဖျင် လက်သီးထုတ်လိုက်ချိန်တွင် သူ၏ဦးခေါင်းထက်၌ ချင်းယွမ်တိမ်တိုက် ပေါ်ထွက်လာခဲ့ပြီး သူတော်စင်ဧကရာဇ်ဘုရင်၏ အစွမ်းများသည်လည်း ပင်လယ်ပြင်ကြီးကဲ့သို့ ဟိန်းထွက်လာကာ လောကတစ်ခုလုံး တုန်ခါသွားတော့သည်။
လုရီဖျင်၏ ချင်းယွမ်တိမ်တိုက်သည် သာမန်အဝါရောင်မဟုတ်တော့ဘဲ ခရမ်းရွှေရောင်သန်းသော ရွှေဝါရောင် ဖြစ်နေခဲ့သည်။
လုရီဖျင်၏ ချင်းယွမ်တိုက်ရှေ့တွင် ချမ်လင်းချောင်၏ ချင်းယွတိမ်တိုက်မှာ ကြက်တစ်ေကာင်နှင့် ဖီးနစ်ငှက်ကဲ့သို့ ကွာခြားလွန်းလှသဖြင့် အရောင်အဝါ မှိန်ဖျော့သွားရသည်။ လုရီဖျင်၏ ချင်းယွနမ်တိမ်တိုက် အလင်းတန်းအောက်တွင် လောကကြီးတစ်ခုလုံးသည် ထိန်လင်းသွားခဲ့သည်။
ချမ်လင်းချောင်သည် လုရီဖျင်၏ ဦးခေါင်းပေါ်မှ ချင်းယွမ်တိမ်တိုက်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
ထို့နောက် လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် လောကကြီးတစ်ခုလုံး မှောင်အတိ ကျသွားသယောင် ထင်မှတ်ရသည်အထိ အမှောက်ဖုံးသွားခဲ့သည်။
လုမိသားစု နယ်မြေတစ်ခုလုံးမှာ မမြင်နိုင်သောဧရာမတူကြီးဖြင့် ထုရိုက်ခံရသကဲ့သို့ ပတ်ဝန်းကျင်မြေပြင်များ ပြိုကျကာ အဆောက်အဦးများမှာ လွင့်စင်ပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားေလသည်။
ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများ ရိုက်ခတ်သွားရာ အနီးအနားရှိ အစွမ်းထက်သူအချို့မှာ ခဏချင်းပင် အမှုန့်ဖြစ်သွားကြသည်။
နဂါးဆိုးမျိုးနွယ်စုခေါင်းဆောင် ကျူးခွန်းနှင့် နတ်ဆိုးနန်းတော်သခင်တို့ကဲ့သို့ အစွမ်းထက်သူများပင် လွင့်စင်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။
လုခံုကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ရသည် "လုမိသားစုရဲ့ အားအကောင်းဆုံး ခံစစ်အစီအမံကို ဖွင့်လိုက်ကြတော့"
သို့သော် သူ၏စကားမဆုံးခင်မှာပင် သူကိုယ်တိုင် လွင့်ထွက်သွားရတော့သည်။
လုမိသားစု၏ အစီအမံကြီးမှာ ကောင်းကင်ယံအထိ လင်းလက်သွားခဲ့ပြီး အားကောင်းသော အကာအကွယ်များသည် ဌာနချုပ်ကို လွှမ်းခြုံထားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ လုရီဖျင်၏ အစွမ်းရှေ့တွင် လုမိသားစု၏ အစီအမံမှာ ဆက်တိုက် ပေါက်ကွဲမှုများဖြစ်ေပါ်ကာ အစီအမံအလွှာများ တစ်ခုပြီးတစ်ခု ပျက်စီးသွားတော့သည်။
ချမ်လင်းချောင်ကိုယ်တိုင်ပင် သူ မခုခံနိုင်လောက်အောင် ပြင်းထန်လွန်းသည့် အားလှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး လွင့်စင်သွားခဲ့သည်။ ဖုန်မှုန့်များမှာ တလိပ်လိပ် တက်လာပြီး အချိန်အတော်ကြာသည်အထိ မငြိမ်သက်နိုင်ဘဲ ရှိနေခဲ့သည်။
လုရီဖျင်၏ အစွမ်းမှာ ဆက်လက်ရိုက်ခတ်နေသောကြောင့် ဖြစ်သည်။
ကျူးခွန်း နှင့် အခြားအဖွဲ့အစည်းအသီးသီးမှ အစွမ်းထက်သူများမှာ ရှေ့တိုးနောက်ဆုတ်ဖြင့် သွေးများ တရစပ် အန်ထုတ်နေကြရသည်။ အချို့သော ပညာရှင်များမှာ သူတို့၏ သန့်ရှင်းသောခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး မည်သည့်အချိန်တွင် ပြိုကွဲပျက်စီးသွားမည်နည်းဟုပင် တွေး၍ ထိတ်လန့်နေကြရသည်။
လုရီဖျင်၏ အားလှိုင်းများ ငြိမ်သက်သွားချိန်တွင် ကောင်းကင်ယံသို့ လွင့်စင်သွားခဲ့ကြသော ကျူးခွန်းနှင့် အခြားသူများမှာ လုရီဖျင်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့သည် လုရိီဖျင်၏ ဦးခေါင်းထက်ရှိ ၁၉ ဧက ကျယ်ဝန်းသော ချင်းယွမ်တိုက်ကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။
ချောင်းနယ်ပယ်တွင် ထိပ်တန်းအဆင့် သူေတာ်စင်ဧကရာဇ်အနည်းငယ်သာ ရှိသော်လည်း ကျူးမိသားစု၊ နဂါးဆိုးမျိုးနွယ်နှင့် နတ်ဆိုးသတ်နန်းတော် ကဲ့သို့သော ထိပ်တန်းအင်အားစုများတွင်မူ ထိုသို့သော ပညာရှင်များ ရှိကြသည်။ သို့သော် သူေတာ်စင်ဧကရာဇ်ဘုရင်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသူမှာမူ ကျယ်ပြောလှသော ချောင်းနယ်ပယ်ကြီးတစ်ခုတွင် လူနှစ်ဦးတည်းသာ ရှိလေသည်။
သူတော်စင် ဧကရာဇ်အထွပ်ထိတ်အဆင့်သို့ ရောက်ရှိပြီး လောကနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေပြီဖြစ်သော သူနှစ်ဦးမှာ တာအိုဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းနေကြသူများ ဖြစ်သည်။
"ဒါက တတိယမြောက်ပေါ်လာတဲ့သူဘဲ၊ တတိယမြောက် သူတော်စင်ဧကရာဇ်ဘိုးဘေးဘဲ" ကျူးခွန်း၏ မျက်လုံးများမှာ မှင်တက်နေတော့သည်။
နောက်တစ်ကြိမ် ထပ်မံလွင့်စင်သွားသော လုကျန်းသည်လည်း လုရီဖျင်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
လုခံု၊ လုဂန်း နှင့် အခြားသူများမှာမူ ကြောက်ရွံ့မှုထက် ပိုသော တုန်လှုပ်မှုကို ခံစားနေရသည်။
လုရီဖျင်သည် လုခံု၊ လုဂန်း နှင့် အခြားသူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ လုခုံသည် ၎င်းတို့မောင်နှမနှစ်ယောက်အား လုမိသားစုဝင်အဖြစ်မှ နှင်ထုတ်ခဲ့သည်ကို သူသိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူတိုက်ခိုက်လိုက်စဉ်က မည်သည့်ငဲ့ညှာမှုမျှမရှိဘဲ လုမိသားစုဌာနချုပ်တစ်ခုလုံးကို အားလှိုင်းများ ရိုက်ခတ်ပျက်စီးစေခဲ့ခြင်း ဖြစ်သည်။
လုရီဖျင်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ချမ်လင်းချောင်၏ ရှေ့သို့ ရောက်ရှိသွားသည်။
ချမ်လင်းချောင်သည် အလွန်အမင်း ကြောက်လန့်နေပြီး ပါးစပ်ထောင့်မှ သွေးများကိုပင် သုတ်ရန် သတိမရတော့ဘဲ "နေပါဦး…မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ စတုတ္ထမြောက် ညီငယ်ကို ဘာလို့ သတ်ခဲ့တာလဲ" ဟု မေးမြန်းလိုက်သည်။
လုရီဖျင်သည် လက်သီးတစ်ချက် ထပ်မံထိုးလွတ်လိုက်ရာ ချမ်လင်းချောင်မှာ ထိတ်လန့်တကြားပင် ခုခံရန် ကြိုးစားသော်လည်း လုရီဖျင်၏ လက်သီးချက်ကြောင့် ထပ်မံလွင့်စင်သွားရပြန်သည်။
"ငါက လုရီဖျင်ဘဲ…" လုရီဖျင်သည် အေးစက်စွာ ပြောဆိုရင်း ချမ်လင်းချောင်ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
"သူ... သူက တကယ်ပဲ လုရီဖျင်လား" ဟု ကျူးမိသားစုမှ သူေတာ်စင်ဧကရာဇ်တစ်ဦးက ရေရွတ်လိုက်သည်။ လုခံု နှင့် လုဂန်းတို့မှာမူ မျက်နှာများ ဖြူလျော်နေကြတော့သည်။
***