"မင်းရဲ့ စတုတ္ထမြောက် ညီငယ်ကို ဘာလို့ သတ်ခဲ့တာလဲ ဟုတ်လား…" လုရီဖျင်သည် ချမ်လင်းချောင်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "သူက ငါ့ဆီမှာရှိတဲ့ မူလဟင်းလင်းပြင် အရှိန်အဝါကို လောဘတက်ပြီး ချင်းလုံပင်လယ်မှာ ငါ့ကိုသတ်ဖို့ အစီအမံတွေ လုပ်ခဲ့တာ။ ဒါပေမဲ့ ကံဆိုးတော့ သူထောင်ချောက်ထဲ သူကိုယ်တိုင်ပြန်မိသွားတာပဲ"ဟုပြောလိုက်သည်။
"အခု မင်းလည်း ငါ့အပေါ် လောဘတက်နေတာပဲ မဟုတ်လား၊ ငါ့ဆီမှာ ရွှမ်ဟွမ်း ကျောက်မျက်တာဝါရှိနေတာကို သိလို့ရောက်လာတာဘဲမလား၊ ဒါပေမဲ့ စိတ်မကောင်းစရာဘဲ ... မင်းလည်း အခုသေရတော့မယ့်သူဖြစ်နေပြီ "
လုရီဖျင်၏ စကားသံများသည် လုမိသားစုဌာနချုပ်၏ ကောင်းကင်ယံထက်တွင် ဟိန်းထွက်သွားခဲ့သည်။ ယခု သူ၏ခွန်အားအဆင့်အတန်းအရ မည်သည့်အရာကိုမျှ စိုးရိမ်စရာ မလိုတော့ပေ။
ချမ်လင်းချောင်သည် လုရီဖျင်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရပြီး မျက်နှာပျက်သွားကာ "လုရီဖျင် မင်းရဲတင်းလှချည်လား " ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ငါက ရဲတင်းလို့လား " လုရီဖျင်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ထိုးနှက်လိုက်သည်။ ယခုတစ်ကြိမ်တွင် သန်းပေါင်း ၁,၉၀၀ အစွမ်း နှင့် တာအိုလမ်းစဉ် ၂,၉၀၀ တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ချမ်လင်းချောင်သည် လုရီဖျင်၏ တိုက်ကွက်မှ အစွမ်းကို ခံစားလိုက်ရသောအခါ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့ပြီး ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးစားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သန့်ရှင်းသော သံချပ်ကာကို အပြင်းအထန် အသက်သွင်းလိုက်သည်။
ထိုသံချပ်ကာမှာ သူ သူတော်စင်ဧကရာဇ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် ချောင်းနယ်ပယ်၏ ရှားပါးပစ္စည်းများစွာကို စုဆောင်းကာ လျှပ်စီးနှင့် မီးတောက်များထဲတွင် နှစ်ပေါင်းသန်းချီ၍ သွန်းလုပ်ခဲ့ရသော အရာဖြစ်သည်။
နေ့စဉ်နေ့တိုင်းပင် သူ၏ စိတ်စွမ်းအားဖြင့် ပွတ်သပ်ထိန်းသိမ်းခဲ့သောကြောင့် အစွမ်းမှာ အလွန်တောင့်တင်းလှသည်။ ၎င်း၏ ခံစစ်စွမ်းအားမှာ ချောင်းခေါင်းလောင်းနှင့် ရွှမ်ဟွမ်းေကျာက်မျက်တာဝါတို့ကို မမီသော်လည်း အလွန်အမင်း ကွာခြားလှသည်တော့ မဟုတ်ပေ။
"ဆရာ့ကို အခုချက်ချင်း သတင်းသွားပို့ကြစမ်း"
ချမ်လင်းချောင်သည် လုကျန်း နှင့် ဒုလီတို့ကို အော်ဟစ်အမိန့်ပေးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ကျူးခွန်း၊ နဂါးဆိုးခေါင်းဆောင်နှင့် နတ်ဆိုးနန်းတော်သခင်တို့ကိုပါ ဟစ်အော်လိုက်သည် ။ "မင်းတို့ ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ၊ ငါသာ တစ်ခုခုဖြစ်သွားရင် ငါ့ဆရာက မင်းတို့ကို လွှတ်ထားမှာ မဟုတ်ဘူး"
ကျူးခွန်း နှင့် အခြားသူများမှာ မျက်နှာပျက်သွားကြသည်။ ချမ်လင်းချောင် ပြောသကဲ့သို့ပင် ချမ်လင်းချောင် တစ်ခုခုဖြစ်သွားပါက ချောင်းနယ်ပယ်၏ ဘုရင် လုံချိန်သည် အခင်းဖြစ်ပွားရာနေရာရှိ လူတိုင်းကို ရှင်းလင်းမည်မှာ သေချာလှသည်။
ကျူးခွန်းနှင့် နဂါးဆိုးနန်းတော်သခင်တို့သည် ထိတ်လန့်နေကြသော်လည်း ကျန်ရှိသည်များကို ထည့်မတွက်နိုင်တော့ဘဲ လုရီဖျင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ နတ်ဆိုးနန်းတော်သခင်သည်လည်း သူ၏ အစွမ်းထက်လက်အောက်ငယ်သားများအားလုံးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ခဏချင်းပင် သူေတာ်စင်ဧကရာဇာ်ဘုရင်၏ ဟိန်းသံများနှင့်အတူ အစွမ်းများသည် သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ အရပ်မျက်နှာအနှံ့မှ လုရီဖျင်ထံသို့ ကျရောက်လာတော့သည်။ လုရီဖျင်သည် တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ချမ်လင်းချောင်ကိုသာ ဆက်လက်ဖိအားပေး ထိုးနှက်နေခဲ့သည်။ သူ၏ ဦးခေါင်းပေါ်ရှိ ချောင်းခေါင်းလောင်း မှာလည်း တောက်ပလာပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ဧရာမခေါင်းလောင်းကြီးအဖြစ်သို့ ပြောင်းလဲသွားေတာ့သည်။ နေ၊ လ၊ တောင်တန်းနှင့် မြစ်ချောင်းများသည် ထိုခေါင်းလောင်းထဲတွင် ပေါ်လာပြီး လောကတစ်ခုပြီးတစ်ခုကို မွေးဖွားပေးနေသကဲ့သို့ ခံစစ်အကာအကွယ်များကို အထပ်ထပ် ဖန်တီးလိုက်သည်။
လုရီဖျင်၏ ခွန်အားများ တိုးတက်လာသည်နှင့်အမျှ သူ၏အစွမ်းဖြင့် အသက်သွင်းထားသော ချောင်းခေါင်းလောင်း၏ စွမ်းအားမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ ေချာင်းခေါင်းလောင်းမှာ ဧရာမခေါင်းလောင်းကြီးအဖြစ် ပြောင်းလဲသွားချိန်မှာပင် လုရီဖျင်၏ ဦးခေါင်းထက်မှ တာဝါတစ်ခု ထပ်မံပျံထွက်လာခဲ့သည်။
ထိုတာဝါတွင် အထပ်ကိုးထပ်ရှိပြီး အထပ်တိုင်းမှ ရောင်စုံအလင်းတန်းကိုးမျိုး ဖြာထွက်နေကာ လောကတစ်ခုလုံးကို ထိန်လင်းစေခဲ့သည်။ လုမိသားစုဌာနချုပ် ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးသည် ထိုစေတီတော်မှ ထွက်ပေါ်လာသော ကိုးရောင်ခြယ်အလင်းတန်းများအောက်တွင် ရောင်ပြန်ဟပ်ကာ ဝင်းလက်နေတော့သည်။
"ဒါ... ဒါက ရွှမ်ဟွမ်း ကျောက်မျက်တာဝါတိုင်ဘဲ"
လူအုပ်ထဲမှ တစ်ဦးသည် အံ့အားသင့်တကြား ဟစ်အော်လိုက်သည်။
ရွှမ်ဟွမ်းေကျာက်မျက်တာဝါတိုင်မှ ထွက်ပေါ်လာသော ကိုးရောင်ခြယ်အလင်းတန်းများသည် လုရီဖျင်၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အစွမ်းထက် အကာအကွယ်အလွှာကြီးတစ်ခုကို ဖန်တီးလိုက်သည်။
နဂါးဆိုးခေါင်းဆောင် ကျူးခွန်း၊ နတ်ဆိုးနန်းတော်သခင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများသည် ထိုကိုးရောင်ခြယ် အကာအကွယ်အလွှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ရွှမ်ဟွမ်းေကျာက်မျက်တာဝါ၏ ခံစစ်စွမ်းအားမှာ အံ့မခန်းပြင်းထန်ပြီး ကျူးခွန်း နှင့် နတ်ဆိုးနန်းတော်မှ အင်အားစုများစွာ၏ တပြိုင်နက်တည်း အပြင်းအထန် တိုက်ခိုက်မှုကြောင့် အကာအကွယ်အလွှာမှာ ခဏတာ တုန်ခါသွားပြီး အလင်းရောင်များ မှိန်ဖျော့သွားခဲ့သည်။ နောက်ဆုံးတွင် ပေါက်ကွဲသံကြီးနှင့်အတူ ထိုကိုးရောင်ခြယ် အကာအကွယ်အလွှာမှာ ပျက်စီးသွားရတော့သည်။
အကာအကွယ်အလွှာ ပျက်စီးသွားပြီးနောက် ကျူးခွန်း နှင့် အဖွဲ့သည် ရှေ့သို့ ဆက်လက်တိုးဝင်ကာ လုရီဖျင်၏ ချောင်းခေါင်းလောင်းအကာအကွယ်ကို ထပ်မံတိုက်ခိုက်လာကြသည်။
ချောင်းခေါင်းလောင်း၏ အကာအကွယ်အလွှာများသည် တစ်ခုပြီးတစ်ခု ပွင့်ထွက်သွားသော်လည်း နောက်ဆုံးကျန်ရှိနေသော အလွှာအချို့ကိုမူ မဖောက်ခွဲနိုင်တော့ပေ။
ထိုအချိန်တွင် လုရီဖျင်၏ သန်းပေါင်း ၁,၉၀၀ အစွမ်း နှင့် တာအိုလမ်းစဉ် ၂,၉၀၀ တို့၏ အရှိန်အဟုန်တို့မှာ ချမ်လင်းချောင်ထံသို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။
ချမ်လင်းချောင် နှစ်ပေါင်းများစွာ သွန်းလုပ်ခဲ့သော သန့်ရှင်းသောသံချပ်ကာမှာ လုရီဖျင်၏ အစွမ်းထက်လှသော ခွန်အားရှေ့တွင် ကြက်ဥခွံကဲ့သို့ နုနယ်ေသာအသွင်ဖြင့် ခဏချင်းပင် အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားကာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
လုရီဖျင်၏ အစွမ်းမှာ ပြိုင်ဘက်၏ သံချပ်ကာကို ဖောက်ထွက်ကာ ချမ်လင်းချောင်၏ လက်သီးကို ရိုက်ခွဲလိုက်ပြီးနောက် နောက်ဆုံးတွင် ချမ်လင်းချောင်၏ ရင်ဘတ်ထဲသို့ အရှိန်ဖြင့် စိုက်ဝင်သွားခဲ့သည်။ ချမ်လင်းချောင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သေွးကြောများအားလုံး ကြေမွသွားသည့် အသံကို သူကိုယ်တိုင် ကြားလိုက်ရလေသည်။
ချမ်လင်းချောင် လေထဲသို့ လွင့်စင်သွားချိန်တွင် သွေးများစွာကို အန်ထုတ်လိုက်ရသည်။
ချမ်လင်းချောင် လွင့်စင်သွားချိန်တွင် ဒုလီသည် လုကျန်းကို ဆွဲခေါ်ကာ လေထဲမှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ လုရီဖျင်သည် ၎င်းကို မြင်သောအခါ လက်ညှိုးဖြင့် တစ်ချက်ေဝှ့ယမ်းလိုက်ရာ ဒုလီနှင့် လုကျန်းတို့မှာ လေထဲတွင်ပင် ရိုက်ခတ်ခြင်းခံလိုက်ရသည်။
ထို့နောက် လုရီဖျင်သည် လက်ဝါးဖြင့် အောက်သို့ ဖိချလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၎င်းတို့နှစ်ဦးစလုံး မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။
လုရီဖျင်သည် ခေါင်းလှည့်ကြည့်ကာ ကျူးခွန်းနှင့် နတ်ဆိုးမျိုးနန်းတော်မှ အစွမ်းထက်သူများကို ကြည့်လိုက်သည်။ ၎င်းတို့အားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြပြီဖြစ်သည်။
"နောက်ဆုတ်ကြစမ်း…” ဟု နဂါးဆိုးခေါင်းဆောင်က အော်ဟစ်လိုက်သည်။
သို့သော် လုရီဖျင်သည် အလင်းအရှိန်ဖြင့် ပြောင်းလဲကာ လူအုပ်ကြီးထဲသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ရုတ်တရက် အော်ဟစ်သံများမှာ ထွက်ပေါ်လာတော့သည်။ လုရီဖျင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းတန်းများ ဖြတ်သန်းသွားရာတစ်လျှောက် ကျူးမိသားစု၊ နဂါးဆိုးမျိုးနွယ်စုနှင့် နတ်ဆိုးနန်းတော်မှ ထောင်သောင်းချီသော အစွမ်းထက်သူများမှာ မြေလှန်ခံလိုက်ရသကဲ့သို့ တစ်ဦးပြီးတစ်ဦး လွင့်စင်သွားကြေလသည်။
လေထဲတွင် သွေးများ ပန်းထွက်ကုန်ကြပြီး နေရောင်အောက်တွင် အလွန်ပင် နီရဲကာ တောက်ပနေတော့သည်။
ခဏအကြာတွင် လုရီဖျင်၏ အရှိန်သတ်သွားချိန်၌ ကျူးမိသားစု၊ နဂါးဆိုးမျိုးနွယ်နှင့် နတ်ဆိုးနန်းတော်မှ ထောင်သောင်းချီသော ပညာရှင်များထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ မခုခံနိုင်တော့ဘဲ လဲပြိုကုန်ကြေလသည်။
အခြေအနေကို အဝေးမှ လာရောက်ကြည့်ရှုကြသော အခြားအင်အားစုများမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး ခြေလက်များတုန်ရီကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ လုရီဖျင်သည် စုဝေးလာရောက်ကြသည့် ထိုသိန်းချီသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ရာ လူပေါင်းသိန်းချီမှာလည်း ထိတ်လန့်တကြား နောက်ဆုတ်သွားကြသဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်မိကာလဲကုန်ကြတော့သည်။
လုရီဖျင်သည် သူ၏လက်ထဲမှ ချောင်းခေါင်းလောင်းကို ကောင်းကင်ယံသို့ ပစ်တင်လိုက်ရာ ၎င်းမှာ တဖြည်းဖြည်း ကြီးမားလာပြီးနောက် ကျူးခွန်းနှင့် နဂါးဆိုးမျိုးနွယ်စုဝင်များပေါ်သို့ ဖိချလိုက်တော့သည်။
ကျူးခွန်းနှင့် အဖွဲ့သည် ၎င်းတို့အပေါ်ရှိ ကောင်းကင်ကြီးတစ်ခုလုံး မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ဖုန်မှုန့်များမှာ ပေါက်ကွဲသကဲ့သို့ အလိပ်လိုက် တက်လာတော့သည်။
လုရီဖျင်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ရွှမ်ဟွမ်း အစွမ်းကြောင့် ချမ်လင်းချောင်၊ လုကျန်း နှင့် ဒုလီတို့ ခေါ်ဆောင်လာသော ရာနှင့်ချီသည့် ပညာရှင်များ အားလုံးလည်း လွင့်ထွက်သွားကြေတာ့သည်။
နေရောင်အောက်တွင် လုရီဖျင်သည် ကောင်းကင်ယံထက်၌ ရပ်နေပြီး သူ၏ဆံနွယ်ရှည်များမှာ လေထဲတွင် လွင့်နေကာ သူ၏မျက်လုံးများမှာ အဆုံးမဲ့သော ကြယ်တာရာကောင်းကင်ယံကဲ့သို့ပင် မည်သူမျှ တည့်တည့်မကြည့်ရဲကြေတာ့ပေ။
လုရီဖျင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ခြေထောက်ဖြင့် မြေကြီးကို တစ်ချက်နင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချမ်လင်းချောင်၊ လုကျန်း နှင့် ဒုလီတို့မှာ ထိုအားလှိုင်းကြောင့် အပေါ်သို့ မြောက်တက်သွားကြသည်။ ထိုစဉ် လုရီဖျင်သည် သူ၏လက်ကို ဆန့်ထုတ်ကာ ဖမ်းယူလိုက်ရာ မမြင်နိုင်သော ဧရာမလက်ကြီးတစ်ခုသည် ၎င်းတို့သုံးဦးကို ဖမ်းဆီးလိုက်ပြီး လုရီဖျင်ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
လုရီဖျင်သည် ၎င်းတို့သုံးဦးကို ခေါ်ဆောင်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
"မင်းတို့ဆရာ လုံချိန်ကို ပြောလိုက်... သူ့တပည့်တွေအတွက် လက်စားချေချင်ရင် ချင်းလုံပင်လယ်ကို လာခဲ့လို့…" လုရီဖျင်၏ အသံမှာ ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့သည်။
ချင်းလုံပင်လယ်မှာ ယခင်က လုံချင်းနှင့်အဖွဲ့မှာ လုရီဖျင်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ကြံစည်ခဲ့သော နေရာပင် ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာရှိ လူတိုင်းသည် လုရီဖျင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေကြပြီး အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမပြောရဲကြေတာ့ပေ။
"ငါတို့... ချောင်းဘုရင်ကို သတင်းပို့သင့်တယ် မလား" ချမ်လင်းချောင်၏ လက်အောက်မှ သူတော်စင်ဧကရာဇ်တစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
ချမ်လင်းချောင်၊ လုကျန်း နှင့် ဒုလီတို့အားလုံးမှာ လုရီဖျင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူတို့၏ ကံကြမ္မာကို အလွန်ပင် စိုးရိမ်ေနခဲ့ကြသည်။ အစောပိုင်း ချင်းလုံပင်လယ်တွင် လုံချင်းနှင့် တပည့်ရှစ်ဦးစလုံးမှာလည်း အရှင်းဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်သည်။
ချောင်းဘုရင် လုံချိန် သိသွားပါက မည်မျှအထိ ဒေါသထွက်မည်ကို လူတိုင်း ကြိုတင်ခန့်မှန်းနိုင်နေကြပြီဖြစ်သည်။
***