လုခုံ၊ လုဂန်းနှင့် လုမိသားစုမှ ဘိုးဘေးများအားလုံးသည် လုရီဖျင် ထွက်ခွာသွားသော လမ်းကြောင်းကို ငေးကြည့်ရင်း အချိန်အတော်ကြာအောင် မလှုပ်မယှက်ဘဲ ဝိညာဉ်လွင့်နေသူများကဲ့သို့ ရပ်နေမိကြသည်။
"သခင်ကြီး... ကျွန်တော်တို့ လုရီဖျင်ဆီသွားပြီး အဆင်ပြေအောင် ပြန်ညှိနှိုင်းကြရင် မကောင်းဘူးလား " အချိန်အတော်ကြာမှ သွေးမျိုးနွယ်ဘိုးဘေးက စကားစလိုက်သည်။
သို့သော် လုခုံမှာ တိတ်ဆိတ်နေလေသည်။
သွေးမျိုးနွယ်ဘိုးဘေး ဆိုလိုသည်မှာ လုရီဖျင်ထံမှ ခွင့်လွှတ်မှုတောင်းခံပြီး သူ့ကို လုမိသားစုထဲသို့ ပြန်လည်ခေါ်ဆောင်ရန် ဖြစ်သည်ကို သူနားလည်ခဲ့သည်။
ထိုစကားကို ကြားသောအခါ လုယုံကျီသည် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည် "တောင်းပန်ရမယ် ဟုတ်လား၊ သူက သူတော်စင်ဧကရာဇ် အထွတ်အထိပ် ဖြစ်တာတော့ မှန်တယ်။ ဒါပေမဲ့ အခု သူက ချောင်းဘုရင်ကို စော်ကားလိုက်ပြီ။ မကြာခင် သူ သေရတော့မှာ"
သွေးမျိုးနွယ်ဘိုးဘေးသည်လည်း လုယုံကျီကို စိုက်ကြည့်လိုက်သည်။
လုခုံသည် လေးနက်သော အသံဖြင့် ပြောလိုက်သည် "ယုံကျီ ပြောတာ မှန်တယ်။ လုရီဖျင်က သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့် ဆိုပေမဲ့ ချောင်းဘုရင်ရဲ့ ပြိုင်ဘက်တော့ ဖြစ်မလာနိုင်ဘူး"
သွေးမျိုးနွယ်ဘိုးဘေးသည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ပြန်မပြောနိုင်တော့ပေ။ အမှန်တကယ်ပင် သူတော်စင်ဧကရာဇ်ဘိုးဘေး အထွတ်အထိပ်အဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း တာအိုဘိုးဘေးတစ်ဦးကို ယှဉ်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် လုရီဖျင်အတွက် စိုးရိမ်စိတ်များ ဝင်လာတော့သည်။
ချောင်းလောက၏ ဗဟိုချက်တွင် တိမ်တိုက်များထဲအထိ မြင့်မားလှသော ဧရာမ ချောင်းမြို့တော်ကြီးတစ်ခု ရှိသည်။
ထိုမြို့တော်မှာ ချောင်းလောကရှိ တိုက်ကြီးများစွာ ပေါင်းထားသည်ထက်ပင် ပိုမိုကြီးမားလှသည်။
ထိုမြို့ကို ချောင်းမြို့ေတာ်ဟု ခေါ်ရခြင်းမှာ မြို့ရိုးများကို ချောင်းစွမ်းအင်ကျောက်တုံးများဖြင့် တည်ဆောက်ထားရုံသာမက မြို့တွင်းရှိ အဆောက်အဦးများကိုပါ ပရမ်းပတာကျောက်တုံးများဖြင့် ထုဆစ်ထားသောကြောင့် ဖြစ်သည်။
ထိုကျောက်တုံးများမှာ ကျောက်ရိုင်းများထဲတွင် အမာဆုံးနှင့် အရှားပါးဆုံးဖြစ်သည့် ချောင်းကျောက်တုံးများ ဖြစ်ကြသည်။ စိန်တစ်ပွင့်လျှင်ပင် ချောင်းဝိညာဉ်ကျောက်တုံး ထောင်သောင်းချီ၍ တန်ဖိုးရှိရာ တိုက်ကြီးများစွာစာ ကျယ်ဝန်းသော ထိုမြို့တော်၏ တန်ဖိုးမှာ မည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုမြို့တော်မှာ ချောင်းဘုရင် လုံချိန် နေထိုင်ရာ နေရာပင် ဖြစ်သည်။ ထိုအချိန်တွင် မြို့တော်၏ နက်ရှိုင်းဆုံးသော ဟင်းလင်းပြင်၌ ပေပေါင်းသောင်းချီ မြင့်မားသော ပလ္လင်တစ်ခု၏ အလယ်တွင် လုံချိန်သည် တင်ပျဉ်ခွေထိုင်ကာ ဟင်းလင်းပြင်ထဲမှ ချောင်း အရှိန်အဝါများကို စုပ်ယူနေခဲ့သည်။ လုံချိန်သည် မွေးရာပါ မိစ္ဆာနတ်ဆိုးစွမ်းအင်များဖြင့် မွေးဖွားလာပြီး အစွမ်းထက်လှသော ကိုယ်ထည်နှင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားေလသည်။
သူ အသက်ရှူသွင်းလိုက်သည့်အချိန်တိုင်း ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများမှာ သူ၏ သွေးမျိုးဆက်အစွမ်းများပင် ဖြစ်သည်။
အတန်ကြာ ကျင့်ကြံပြီးနောက် လုံချိန်သည် သူ၏ရှေ့မှ ကံကြမ္မာ ကျောက်ပြားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုကျောက်ပြားမှာ စကြဝဠာတစ်ခုလုံး၏ တန်ဖိုးအရှိဆုံး ရတနာဖြစ်ပြီး တာအိုလမ်းစဉ် ၃,၀၀၀ ပါဝင်ေပသည်။ ကျောက်ပြားကို ရရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တိုင် အပြည့်အဝ မထိန်းချုပ်နိုင်သေးသဖြင့် စိတ်တိုနေခြင်း ဖြစ်သည်။
ထိုစဉ် လုံချိန် တရားကျင့်ကြံရာ ဟင်းလင်းပြင် အပြင်ဘက်သို့ လူပေါင်းရာနှင့်ချီ၍ ပျံသန်းရောက်ရှိလာကြသည်။ ထိုသူများမှာ လုံချိန်၏ လက်အောက်ခံ စစ်သူကြီးများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ၎င်းတို့မှာ စုဝေးလေ့မရှိသော်လည်း ယခုမူ အရေးတကြီး ရောက်လာကြခြင်း ဖြစ်သည်။
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော သူေတာ်စင်ဧကရာဇ်ဘုရင်တစ်ဦးက ရှေ့သို့ထွက်ကာ ဦးညွှတ်လိုက်သည် "ချောင်စဘုရင်... ကျွန်တော့်မှာ အရေးကြီး သတင်းပို့စရာ ရှိပါတယ်"
"ဘာကိစ္စလဲ" လုံချိန်က အေးဆေးစွာ မေးလိုက်သည်။
"လင်းချောင်၊ လုကျန်း၊ ဒုလီနဲ့ လုံချင်းတို့ ပြဿနာတက်နေပါပြီ" ထိုသူတော်စင်ဧကရာဇ်ဘုရင်သည် အသံတုန်တုန်ဖြင့် ဆက်ပြောခဲ့သည်။
"လုံချင်းကတော့ လုမိသားစုက လုရီဖျင်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပါပြီ။ ကျန်တဲ့ သုံးယောက်ကတော့ လုရီဖျင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်"
"ဘာ.." လုံချိန်သည် ပလ္လင်ပေါ်မှ ဒေါသဖြင့် ထရပ်လိုက်ရာ တခဏချင်းမှာပင် ဟင်းလင်းပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။
"မင်း ဘာပြောလိုက်တယ်၊ လုံချင်း သေသွားပြီ ဟုတ်လား" ပေပေါင်းသောင်းချီ မြင့်မားလှသော လုံချိန်သည် ထိုပညာရှင်ကို စိုက်ကြည့်လိုက်ရာ သူ၏ ကိုယ်မှ ထွက်ပေါ်လာသည့် တာအိုဘိုးဘေး၏ ဖိအားများကြောင့် ရှေ့တွင်ရှိနေသော သူေတာ်စင်ဧကရာဇ်ဘုရင် ရာနှင့်ချီမှာ နောက်သို့ လွင့်ထွက်သွားကြတော့သည်။
ထိုသူေတာ်စင်ဧကရာဇ်ဘုရင်သည် မိုင်အနည်းငယ်မျှ နောက်ဆုတ်သွားပြီးနောက် ရိုသေစွာ ဒူးထောက်လိုက်သည်။ သူ၏ နဖူးတွင် ချွေးစေးများ ပြန်လာကာ "ကျွန်တော့်လက်အောက်ငယ်သားတွေ ပြောတာ လုံးဝမှန်ကန်ပါတယ် အရှင်။ ဒီကိစ္စက အလွန်အရေးကြီးတဲ့အတွက် အရှင်မြတ်ကို သတင်းပို့ဖို့ ကျွန်တော်တို့ အတူတူ လာခဲ့ကြတာပါ"
လုံချိန်၏ မျက်လုံးများမှာ ပိုမိုအေးစက်လာပြီး "လူုမိသားစုက လုရီဖျင်ဟုတ်လား ငါမှတ်မိသလောက် လုမိသားစုမှာ ဒီလိုနာမည်မျိုး မရှိပါဘူး"ဟုပြောလိုက်သည်။
သူေတာ်စင်ဧကရာဇ်ဘုရင်မှာ အလျင်အမြန် ပြန်ဖြေလိုက်ရသည်။ "ဒီလုရီဖျင်ဆိုတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူမိသားစုကနေ ထွက်ခွာသွားခဲ့တဲ့ လုရီဝမ်ရဲ့ သားပါ။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ပြန်ရောက်လာတာပါ"
"ထူးဆန်းတာကတော့ လွန်ခဲ့တဲ့ လအနည်းငယ် သူစရောက်တဲ့အချိန်မှာ သူရဲ့အစွမ်းက သူေတာ်စင်ဧကရာဇ်ဘုရင်ရဲ့ ပထမအဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာပဲ ဘယ်လိုကြောင့်မှန်မသိ သူေတာ်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ကို ရုတ်တရက် ရောက်သွားတာပါဘဲ"
"လုရီဝမ်ရဲ့ သား ဟုတ်လား" လုံချိန် အံ့အားသင့်သွားရသည်"လအနည်းငယ်အတွင်းမှာတင် သူေတာ်စင်ဧကရာဇ်ဘုရင် ပထမအဆင့်ကနေ အထွတ်အထိပ်အဆင့်အထိ ရောက်သွားတာလား"
"ဟုတ်ပါတယ်…" သူေတာ်စင်ဧကရာဇ်ဘုရင်က ခေါင်းငုံ့ကာ ဆက်ပြောခဲ့သည် "မယုံနိုင်စရာ ဖြစ်နေပေမဲ့ လူအများအပြားက ဒါကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်က လုမိသားစုရဲ့ သူေတာ်စင်အစည်းအဝေးမှာ လုရီဖျင် တိုက်ခိုက်ခဲ့ချိန် သူ့ရဲ့အစွမ်းက တစ်သန်း တောင် မပြည့်သေးပါဘူး"
ထို့နောက် သူသည် လုမိသားစု၏ အစည်းအဝေးအကြောင်းနှင့် လုရီဖျင်သည် ရွှမ်ဟွမ်း ကျောက်မျက်တာဝါအား ရရှိခဲ့ပုံတို့ကို အသေးစိတ် ပြောပြလိုက်သည်။
"အခု လုရီဖျင် ဘယ်မှာလဲ" လုံချိန်က မေးလိုက်သည်။
"ချင်းလုံပင်လယ်မှာပါ အရှင် " သူေတာ်စင်ဧကရာဇ်ဘုရင်က ရိုသေစွာ ပြန်ဖြေလိုက်သည် "လုရီဖျင် လုမိသားစုကနေ ထွက်ခွာသွားချိန်မှာ ပြောသွားတာကတော့... အကယ်၍ အရှင်သာ လက်စားချေချင်ရင် ချင်းလုံပင်လယ်ကို လာခဲ့ဖို့ ပြောသွားပါတယ်"
"ချင်းလုံပင်လယ်လား…" လုံချိန်သည် ချင်းလုံပင်လယ် ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။ သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ သူသွားရာလမ်းကြောင်းမှာ ချင်းလုံပင်လယ်ရှိရာ အရပ်ပင် ဖြစ်သည်။
လုံချိန်၏ လက်အောက်မှ စစ်သူကြီး ရာနှင့်ချီမှာ တစ်ခုခုပြောရန် ပြင်လိုက်ကြသော်လည်း လုံချိန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"သခင်ကြီး... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ" သူတော်စင်တစ်ဦးက သူေတာ်စင်ဧကရာဇ်ဘုရင်ကို မေးလိုက်သည် "လုမိသားစုကို သွားပြီး ဖျက်ဆီးပစ်ရမလား?" ဟု ပြောလိုက်သည်။
သူေတာ်စင်ဧကရာဇ်ဘုရင်က ခဏစဉ်းစားလိုက်ပြီး “ချောင်းဘုရင် ပြန်လာတာကိုပဲ စောင့်ကြရအောင်။ အရှင့်ရဲ့ အရှိန်နဲ့ဆို ချင်းလုံပင်လယ်ကို မကြာခင် ရောက်သွားလိမ့်မယ်"ဟုပြောလိုက်သည်။
"အရှင့်အနေနဲ့ လုရီဖျင်ကို နှိမ်နင်းဖို့က အသက်ရှူရသလောက်ပဲ အချိန်ယူရမှာ၊ အဲ့တာ့ လုမိသားစုကို ဖျက်ဆီးဖို့ကတော့ မလောေသးနဲ့အုံး၊ သူတို့ ဘယ်မှ ထွက်ပြေးလို့ မလွတ်နိုင်ဘူး"
လုံချိန်သည် ချောင်းမြို့တော်မှ ထွက်ခွာလာချိန်တွင် ချင်းလုံပင်လယ်သို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။ ချောင်းမြို့တော်မှာ သူ၏ ကျင့်ကြံရာဂူဖြစ်သလို ချောင်းရတနာတစ်ခုလည်း ဖြစ်သည်။ သူ နှစ်ပေါင်းများစွာ သွန်းလုပ်ခဲ့ခြင်း ဖြစ်ရာ ၎င်း၏ တိုက်စစ်စွမ်းအားမှာ ချောင်းခေါင်းလောင်းထက် မနိမ့်ပေ။ သို့သော် သူေတာ်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်ရှိသူ တစ်ယောက်ကို ရင်ဆိုင်ရန်မှာ ထိုကဲ့သို့သော ပြင်ပပစ္စည်းများကို အားကိုးရန် မလိုအပ်ဟု သူ ယူဆထားေလသည်။
"ချောင်း ခေါင်းလောင်း … ရွှမ်ဟွမ်း ကျောက်မျက်တာဝါ ..."
လုံချိန်သည် သူ့ဘာသာ ရေရွတ်လိုက်သည်။ လုရီဖျင်မှာ တစ်စုံတစ်ရာသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပုံေပါ်သည်။ ထိုသို့မဟုတ်လျှင် သူေတာ်စင်ဧကရာဇ်ဘုရင် ပထမအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ယခုမျှမြန်မြန် တက်လှမ်းနိုင်ရန် မဖြစ်နိုင်ပေ။
လုံချိန်သည် တာအိုဘိုးဘေးအစွမ်းကို အသုံးပြုကာ အသက်ရှူသွင်းလိုက်တိုင်း ဟင်းလင်းပြင်များစွာကို ဖြတ်ကျော်သွားရသည်။ ခဏအကြာတွင် ချင်းလုံပင်လယ်ကို မြင်လိုက်ရတော့သည်။
ချင်းလုံပင်လယ်၏ အထက် ကောင်းကင်ယံတစ်ေနရာ၌ လုရီဖျင် ရပ်နေခဲ့ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်လာသော လုံချိန်ကို ကြည့်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေပေါင်းသောင်းချီ မြင့်မားသော လုံချိန်သည် ချင်းလုံပင်လယ်၏ ကောင်းကင်ထက်သို့ ရောက်ရှိလာခဲ့သည်။
"လုရီဖျင်..." လုံချိန်သည် လုရီဖျင်ကို အေးဆေးတည်ငြိမ်သော အသံဖြင့် ခေါ်လိုက်သည်။
"လုံချိန်…" လုရီဖျင်သည် လုံချိန်ကို ကြည့်ကာ တည်ငြိမ်စွာပင် အမည်ကို ခေါ်ဆိုလိုက်သည်။
လုရီဖျင်မှ မိမိအမည်အား တိုက်ရိုက်ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ လုံချိန်၏ မျက်လုံးများမှ အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ အံ့မခန်းလှသော အစွမ်းများသည် ပြစ်ဒဏ်ခတ်သည့် မိုးကြိုးများ အဖြစ် ပြောင်းလဲကာ လုရီဖျင်ထံသို့ ကျရောက်သွားတော့သည်။
သို့သော် ထိုမိုးကြိုးများသည် လုရီဖျင်ထံသို့ မရောက်မီမှာပင် ရွှမ်ဟွမ်း ကျောက်မျက်တာဝါ နှင့် ချောင်းခေါင်းလောင်း တို့၏ အစွမ်းထက် ခံစစ်အကာအကွယ်များသည် တားဆီးထားလိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် ချင်းလုံပင်လယ် တစ်ခုလုံးမှာ ပြောင်းပြန်လှန်ပစ်ခံရတော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
လုံချိန်သည် ရွှမ်ဟွမ်းေကျာက်မျက်တာဝါ နှင့် ချောင်းခေါင်းလောင်းကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် "ကောင်လေး... မင်းက ဒီရွှမ်ဟွမ်းတာဝါနဲ့ ချောင်းခေါင်းလောင်းကို အားကိုးပြီး ငါ့တိုက်ကွက်တွေကို တားဆီးနိုင်မယ်လို့ ထင်နေတာလား၊ တာအိုဘိုးဘေးတစ်ယောက်ရဲ့ အစွမ်းဆိုတာ မင်းတို့လို ပုရွက်ဆိတ်တွေ စိတ်ကူးကြည့်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး"
ထိုသို့ပြောဆိုရင်း လုံချိန်၏ ဦးခေါင်းထက်တွင် ချင်းယွမ်တိမ်တိုက်ပေါ်ထွက်လာပြီး တာအိုဘိုးဘေး၏ အရှိန်အဝါများသည် ကောင်းကင်ယံအထိ ဟိန်းထွက်သွားေတာ့သည်။ ကောင်းကင်တစ်ခုလုံးတွင်လည်း ချောင်းမိုးကြိုးများ တလိပ်လိပ် တက်လာကာ လောကကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မမြင်နိုင်သည့် အားလှိုင်းကြီးတစ်ခုသည် လုရီဖျင်ကို လွှမ်းခြုံပိတ်ဆို့လိုက်ေတာ့သည်။
***