ထိုကြောက်မက်ဖွယ်ကောင်းသော အင်အားစုများသည် အရပ်မျက်နှာအနှံ့မှ သက်ရောက်လာပြီး လုံချိန် ရပ်နေသည့်ဟန်မှာ လောကတစ်ခုခွင် စိုးမိုးထားသကဲ့သို့ပင် ကိုယ်ရောင်မှာ ထည်ဝါနေခဲ့သည်။
ထိုပြင်းထန်လှသော အင်အားအောက်တွင် ရွှမ်ဟွမ်း ကျောက်မျက်တာဝါ၏ ကိုးရောင်ခြယ် အကာအကွယ်နှင့် ချောင်းခေါင်းလောင်းတို့၏ အကာအကွယ်အလွှာများသည် စွမ်းအင်ဒဏ်ကိုမခံနိုင်တော့ဘဲ တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးစပြုလာခဲ့သည်။
ထိုခဏ၌ပင် လုရီဖျင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ဦးခေါင်းထက်တွင် ချင်းယွမ်တိမ်တိုက် ပေါ်ထွက်လာခဲ့သည်။ ချင်းယွမ်တိမ်တိုက်မှ မင်္ဂလာအလင်းတန်းများ ကျဆင်းလာပြီးေနာက် သူတော်စင်ဧကရာဇ်ဘုရင်၏ အစွမ်းများသည် တာဝါ နှင့် ခေါင်းလောင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားခဲ့သည်။
ထိုအခါ တာဝါနှင့် ခေါင်းလောင်းတို့မှာ ရုတ်တရက် ပိုမိုကြီးမားတောက်ပြောင်လာတော့သည်။
ပြိုကွဲပျက်စီးလုနီးပါး ဖြစ်နေသော အကာအကွယ်များသည် အသက်ဓာတ် အသွင်းခံလိုက်ရသကဲ့သို့ ပြန်လည်ရှင်သန်လာပြီး မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားေလသည်။
လုရီဖျင်၏ ချင်းယွမ်တိမ်တိုက်မှာ ခရမ်းရွှေရောင်သန်းနေသည်ကို မြင်သောအခါ လုံချိန်ပင်လျှင် အံ့အားသင့်သွားရသည်။
“ခရမ်းရွှေရောင်လား အစွမ်း…”
ယေဘုယျအားဖြင့် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်သည့်တိုင် ချင်းယွမ်တိမ်တိုက်မှာ ရွှေဝါရောင်သာ ရှိသင့်ပြီး ခရမ်းရွှေရောင် ဖြစ်နေခြင်းမှာ မဖြစ်နိုင်သည့်အရာဖြစ်သည်။
အစွမ်းထက်လှသော တာအိုဘိုးဘေးများ၏ ချင်းယွန်တိမ်တိုက်မှသာ ခရမ်းရွှေရောင် ရှိတတ်ခြင်း ဖြစ်သည်။
လုံချိန်ကိုယ်တိုင်ပင် သူတော်စင်ဧကရာဇ်ဘုရင် အဆင့်တွင် ရှိစဉ်ကပင် သူ၏ ချင်းယွမ်တိမ်တိုက်မှာ ထိုအရောင် မရှိခဲ့ပေ။
လုံချိန်သည် လုရီဖျင်ကို စိုက်ကြည့်ကာ "ခရမ်းရွှေရောင် ချင်းယွမ်ပဲ... မင်းမှာ တကယ့်ကို ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိနေတာကို။ ဒါပေမဲ့... မင်းက သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ၊ မင်းကို အမှုန့်ေချလိုက်ဖို့ဆိုရင် ငါ့လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဘဲရှိတယ်"ဟု ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ထို့နာက် လုံချိန်သည် လက်ဝါးချက်ဖြင့် ရိုက်ချလိုက်ရာ သူ၏ဦးခေါင်းပေါ်ရှိ ခရမ်းရွှေရောင် ချင်းယွမ်တိမ်တိုက်မှ အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်တာအိုအစွမ်းများသည် လုရီဖျင်ထံသို့ ဟိန်းဟောက်ကာ ကျရောက်သွားခဲ့သည်။
လုရီဖျင်၏ ချင်းယွမ်တိမ်တိုက်တွင် ခရမ်းရွှေရောင် ရှိနေသော်လည်း ၎င်းမှာ သန့်စင်ခြင်း မရှိဘဲ အလင်းရောင်သန်းရုံသာ ရှိပြီး လုံချိန်၏ ချင်းယွမ်မှာမူ ခရမ်းရွှေရောင်အစစ် ဖြစ်နေသည်။
ထိုအရောင်မှာ အမြင့်မြတ်ဆုံးသော အဆင့်အတန်းကို ကိုယ်စားပြုသည်။
တာအိုဘိုးဘေး အဆင့်တွင် နားလည်သဘောပေါက်ရသောအရာမှာ တာအိုလမ်းစဉ် သက်သက်ပင်မဟုတ်ဘဲ ကောင်းကင်တာအိုလမ်းစဉ်ပင် ဖြစ်သည်။ ကောင်းကင်တာအိုလမ်းစဉ်သည် တာအိုလမ်းစဉ်မှ အစပြုသော်လည်း လမ်းစဉ်အားလုံးကို ကျော်လွန်သွားသောအရာ ဖြစ်သည်။
ကောင်းကင်တာအို စွမ်းအင်များသည် လုရီဖျင်ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ရွှမ်ဟွမ်းတာဝါ၏ ကိုးရောင်ခြယ် အကာအကွယ်ကို ပေါက်ကွဲသွားစေခဲ့သည်။ ချောင်းခေါင်းလောင်း၏ အကာအကွယ်များစွာသည်လည်း တစ်ခုပြီးတစ်ခု ပွင့်ထွက်သွားခဲ့ပြီး နောက်ဆုံးအလွှာမှာ အက်ကွဲသွားတော့သည်။
လုံချိန်၏ အစွမ်းများများ နောက်ဆုံးအကာအကွယ်ကို ဖောက်ထွက်တော့မည့်အချိန်၌
ရုတ်တရက် ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာခဲ့ပြီး လုံချိန်၏ အစွမ်းများသည် ထိုသစ်ပင်ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။ တိုက်ကြီးတစ်ခုစာ ကြီးမားသော ထိုသစ်ပင်ကြီးမှာ တုန်ခါသွားပြီး အလင်းတန်းများ ဖြာထွက်လာကာ သစ်ရွက်များမှာ ကြယ်စင်မြစ်ကြီးတစ်ခုကဲ့သို့ လွင့်မြောလာေတာ့သည်။
သို့သော် ထိုသစ်ပင်ကြီးမှာ လဲပြိုမသွားပေ။ လုံချိန်၏ အစွမ်းကြောင့် သစ်ခေါက်အချို့သာ ကွဲအက်သွားခဲ့သည်။
တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားလှသော သစ်ပင်ကြီးနှင့် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသော အရှိန်အဝါများကို မြင်သောအခါ လုံချိန် မှင်တက်သွားပြီး အံ့အားသင့်တကြား ရေရွတ်လိုက်ေလသည်။ "ကျန့်မု ကမ္ဘာဦးသစ်ပင်ဘဲ…"
သူသည် လုရီဖျင်ကို စိုက်ကြည့်ကာ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားခဲ့သည် "ဒါကြောင့်ကိုး... မင်းက ကမ္ဘာဦးသစ်ပင်ရဲ့ အသက်ဓာတ်ကို ပြန်ရအောင် လုပ်နိုင်ခဲ့ပြီး ကျန့်မုသစ်ပင်က မင်းလက်ထဲမှာ ရှိနေတာပဲ"
"လအနည်းငယ်အတွင်းမှာ မင်း သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်ကို တက်နိုင်ခဲ့တာကလည်း တာအိုအသီးကို စားသုံးခဲ့လို့ပဲပေါ့"
လုံချိန်သည် ပြုံးလိုက်ပြီး လုရီဖျင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။
သူ လုရီဖျင်ထံသို့ လျှောက်လှမ်းလာစဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့ပြီး သူရရှိထားသော ကံကောင်းခြင်း ကျောက်ပြားမှာ ထိန်းချုပ်မရဘဲ ကိုယ်ထဲမှ ပျံထွက်သွားကာ လုရီဖျင်ထံသို့ ဦးတည်သွားတော့သည်။
လုံချိန်လည်း ထိတ်လန့်သွားရသည်။ သူသည် ကျောက်ပြားကို လက်ဖြင့် လှမ်းဖမ်းကာ ပြန်ယူရန် ကြိုးစားသော်လည်း ကံကြမ္မာကျောက်ပြားမှာ သူ၏ တားဆီးမှုကို ရုန်းထွက်ပြီး လုရီဖျင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
လုံချိန်အတွက်မူ ထိုအရာမှာ မမျှော်လင့်ထားသော မတော်တဆမှုတစ်ခုပင်ဖြစ်သည်။ ထိုကံေကာင်းခြင်းကျောက်ပြားကို ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေမျိုး သူတစ်ခါမျှ မကြုံဖူးခဲ့ပေ။
ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး လုရီဖျင်ကို စိုက်ကြည့်ကာ "မင်းဆီမှာ တခြား ကံေကာင်းခြင်း ကျောက်စိမ်းပြားတွေ ရှိနေတာလား"ဟုမေးလိုက်သည်။
လုရီဖျင်သည် သူ၏ကိုယ်ထဲရှိ ကံေကာင်းခြင်းကျောက်ပြားများကို သန့်စင်ပြီးေသာေကြာင့် သူ၏ကိုယ်ထဲရှိ ကျောက်ပြားမှာ လုရီဖျင်၏ ကျောက်ပြားများ ဆွဲခေါ်ခြင်းခံလိုက်ရသည်ဟု လုံချိန်တွေးမိသွားခဲ့သည်။
လုရီဖျင်သည် သူ့ထံသို့ ပျံသန်းလာသော ကံကြမ္မာကျောက်ပြားကို ကြည့်ရင်း အံ့သြခြင်း မရှိပေ။ ယခုအခါ သူသည် ကံေကာင်းခြင်း ကျောက်စိမ်းပြား အခု ၂၀ ကို စုဆောင်းမိထားပြီး တာအိုလမ်းစဉ် ၂,၉၀၀ ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ အခြားသော ကံေကာင်းခြင်း ကျောက်စိမ်းပြားများသည် သူနှင့် သတ်မှတ်ထားသော အကွာအဝေးအတွင်း ရောက်လာပါက သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာမည်သာ ဖြစ်သည်။
ထိုကံေကာင်းခြင်း ကျောက်စိမ်းပြားမှာ လုရီဖျင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ကျန်ရှိသော အခု ၂၀ နှင့် ပေါင်းစည်းသွားတော့သည်။ သူ၏ကိုယ်တွင်းရှိ ကျောက်စိမ်းပြားမှာ အလင်းတန်းများဖြင့် တုန်ခါသွားခဲ့သည်။
လုရီဖျင်သည် လုံချိန်ကို ကြည့်ကာ "ဟုတ်တယ်၊ ငါ့ဆီမှာ တခြား ကံေကာင်းခြင်းကျောက်စိမ်းပြားတွေ ရှိတယ်"ဟု ပြောလိုက်သည်။
လုံချိန်သည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည် "ကောင်းကင်ကြီးက ငါ့ဘက်မှာ ရှိနေတာပဲ။ ငါ တခြားကျောက်စိမ်းပြားတွေကို ရှာနေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး။ အခုတော့ ငါရှေ့တည့်တည့်မှာဘဲ ရှာတွေ့ခဲ့ပြီပေါ့"
ထို့နောက် သူက ပြုံးလိုက်ရင်း "မင်းက ကံေကာင်းခြင်း ကျောက်စိမ်းပြားတွေကို သန့်စင်ပြီးသားဆိုတော့ သန့်စင်နည်းကိုလည်း မင်းသိေနတာဘဲ။ အစကတော့ ငါ ဒီကို လာခဲ့တာ မင်းကို သတ်ဖို့ပဲ၊ ဒါပေမဲ့ အခုတော့ မင်းကို နောက်ထပ် ရက်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးထားရဦးမှာပေါ့ "
သူသည် လုရီဖျင်အားဖမ်းခေါ်၍ မှတ်ဉာဏ်ထဲမှ ကျောက်စိမ်းပြားသန့်စင်နည်းကို ရှာဖွေရန် ကြံစည်နေခဲ့သည်။
လုံချိန် စကားပြောပြီးနောက် သူ၏လက်ကို လက်သည်းသဏ္ဌာန် ပြုလုပ်ကာ လုရီဖျင်ကို လှမ်းဖမ်းလိုက်ရာ ကောင်းကင်တာအိုအစွမ်းများမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။
လုရီဖျင်သည်လည်း လက်သီးတစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
၎င်းကို မြင်သောအခါ လုံချိန်က ဂရုမစိုက်ဟန်ဖြင့် "အချည်းနှီးပဲဖြစ်လိမ့်မယ် ။ သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်ရဲ့ ၁,၉၀၀ အစွမ်းရှိတယ်ဆိုဦးတော့ မင်း တာအိုဘိုးဘေးအဆင့်ကို မရောက်မချင်း ငါ့ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
ထို့နောက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
ချင်းလုံပင်လယ်၏ မျက်နှာပြင်မှာ ပေါက်ကွဲသွားပြီး လုံချိန်သည် မီတာ ရာနှင့်ချီ၍ နောက်သို့ လွင့်ထွက်သွားရသည်။ လုရီဖျင်ပင် မိုင်ပေါင်းများစွာအထိ လွင့်ထွက်သွားခဲ့ေလသည်။
လုံချိန်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိလိုက်ပြီး အံ့အားသင့်သွားခဲ့ရသည်။ မူလက သူ၏ဖမ်းချက်မှာ လုရီဖျင်ကို ပြင်းထန်စွာ ဒဏ်ရာရစေမည်ဟု သူ ထင်ထားသော်လည်း ယခုမူ လုရီဖျင်မှာ မိုင်အနည်းငယ်သာ လွင့်ထွက်သွားခဲ့သည်။
"မင်းရဲ့ ခွန်အားက ဘယ်လိုလုပ် ဒီလောက်ကြီးမားနေတာလဲ" လုံချိန် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။
လုံချိန်သည် ယခုအခါ ကောင်းကင်တာအိုအစွမ်း သန်းတစ်ရာခန့် ပိုင်ဆိုင်ထားသော်လည်း လုရီဖျင် နှင့် ယှဉ်ပြိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
လုရီဖျင်သည် စကားမပြောဘဲ နောက်ဆုတ်မည့်အစား ရှေ့သို့တိုးကာ လုံချိန်ကို လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်သည်။
"မင်းက သေချင်နေတာပဲ…" လုံချိန်လည်း ရုတ်တရက် အော်ဟစ်လိုက်သည်။ လံုချိန်သည် ထိုအခြေနကို မြင်သောအခါ မျက်လုံးများ အေးစက်သွားပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ အလင်းတန်းကိုးခု ပျံထွက်လာပြီးေနာက် သူ့ေဘးပတ်လည်တွင် လည်ပတ်နေကြသည်။
ထိုသို့လည်ပတ်နေစဉ်အတွင်း အားအင်ကိုးမျိုးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် ကြီးမားသောပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
လုံချိန်သည် မီတာရာနှင့်ချီ၍ နောက်သို့ဆုတ်သွားရပြီး လုရီဖျင်မှာမူ မိုင်ပေါင်းများစွာအထိ လွင့်ထွက်သွားခဲ့ေလသည်။
"ကျိီကျွမ်းရွှမ်ကုန်း ကိုးဆင့်လှည့်ပတ် လျှို့ဝှက်ကျင့်စဉ်" ထိုကျင့်စဉ်ကို မြင်သည့်တိုင် လုရီဖျင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်။
လုံချိန် ယခုလေးတင် အသုံးပြုလိုက်သည်မှာ ပန်ကူးထံမှ ဆင်းသက်လာသော ကိုးဆင့်လှည့်ပတ် လျှို့ဝှက်ကျင့်စဉ် ဖြစ်သည်။
လုံချိန်သည် မယုံနိုင်အောင် ဖြစ်နေခဲ့ရသည်။ သူသည် ထိုလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်ပါလျက် လုရီဖျင်အား နောက်သို့ လွင့်သွားအောင် မလုပ်နိုင်ခဲ့ပေ။ သူသည် လုရီဖျင်ကို စိုက်ကြည့်ကာ မျက်နှာပျက်သွားခဲ့ပြီး "မင်း အခုလေးတင် သုံးလိုက်တာ ဘာကျင့်စဉ်လဲ"ဟုမေးလိုက်သည်။
လုရီဖျင် ယခုအချိန်တွင် အသုံးပြုလိုက်သော ကျင့်စဉ်မှာ ဧကန်မုချ ကမ္ဘာဦးအဆင့်ကျင့်စဉ်တစ်ခုဖြစ်ပြီး ၎င်း၏အစွမ်းမှာ လုံချိန်၏ ကျင့်စဉ်ထက် မနိမ့်ရုံသာမက ပို၍ပင် အစွမ်းထက်နိုင်ခြေ ရှိနေခဲ့သည်။
လုရီဖျင်သည် စကားပြန်မေပြာဘဲ ရှေ့သို့တစ်လှမ်းတိုးကာ လုံချိန်နှင့် ဆက်လက်တိုက်ခိုက်ပြန်သည်။ လုရီဖျင်သည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်သာရှိသော်လည်း ရွှမ်ဟွမ်းတာဝါ၊ ချောင်းခေါင်းလောင်း၊ ကမ္ဘာဦးသစ်ပင် နှင့် မသေဆံုးတိုင်ေသာ ကောင်းကင်သစ်သား အစီအမံ တို့၏ အကူအညီဖြင့် လုံချိန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။
လုရီဖျင်မှာ အားနည်းချက်ရှိနေသယောင် ထင်ရသော်လည်း လုံချိန်သည်ပင် မည်သို့မျှ မတတ်နိုင်ဘဲ ခုခံနေခဲ့ရသည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအရှိန်ကြောင့် ချင်းလုံပင်လယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အိုင်ငယ်လေးများ ဖြစ်သွားခဲ့ကာ နောက်ဆုံးတွင် မြေပြန့်လွင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လုရီဖျင်၏ မသေဆံုးနိုင်ေသာ ေကာင်းကင်သစ်သားအစီအမံ ရှိနေသော်လည်း ချင်းလုံပင်လယ် ပတ်ဝန်းကျင်ရှိ တိုက်ကြီးမှာ ဟင်းလင်းပြင်အဖြစ်သို့ ပေါက်ကွဲပျက်စီးသွားခဲ့သည်။
သူတို့နှစ်ဦးသည် ချင်းလုံပင်လယ်မှ ကောင်းကင်ယံအထိ၊ ကောင်းကင်ယံမှ မြေအောက်ကိုးထပ် အထိ အပြန်အလှန် တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦး၏ ဖျက်ဆီးနိုင်စွမ်း အရှိန်အဝါများကြောင့် ချောင်မှာ တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးလာတော့သည်။
တိုက်ပွဲကတော့ လောကကြီးတစ်ခုလုံး ပျက်စီးမတတ် ပြင်းထန်နေပြီနော်။ ဒီတိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ သိချင်သေးလားခင်ဗျာ?