ရန်ချွန်းမေ့ ခြံဝင်းတံခါးကိုဖွင့်ကာထွက်လာပြီး ပြန်ဖြေလိုက်၏။
"ထောင်ဟွားက ဒါတုပ်ကွေးနတ်ဆိုးလို့ ပြောတယ်"
ကျိုးထောင်ဟွားမှာ တုပ်ကွေးနတ်ဆိုးကို သေချာပေါက်အနိုင်ယူနိုင်မည်ဟု သူမယုံကြည်နေသည်။
"တုပ်ကွေးနတ်ဆိုးလား"
ရွာလူကြီးမှ ထပ်ပြောလာသည်။ အဲ့နတိဆိုးကြောင့် လူတိုင်းအအေးမိပြီးဖျားကုန်ကြတာလား။ တောင်ပေါ်တွင် တုပ်ကွေးနတ်ဆိုးသည် လွင့်မျောနေသောမီးခိုးရောင်ဒုဓလီပန်းလေးတစ်ပွင့်အလား သစ်ပင်များကြားတွင် လွတ်လွတ်လပ်လပ်ဖြင့် တက်လိုက်ကျလိုက်လွင့်ဝဲနေလေသည်။ ၎င်းသည် ကျိုးကျားရွာအထက်ကောင်းကင်ယံမှ လွင့်မျောလာသော ဖျားနာမှုအငွေ့အသက်များကို ကျေနပ်စွာစားသုံးနေလေ၏။ မကြာသေးမီ၌ တောင်ပေါ်တွင် စားစရာနတ်ဆိုးသိပ်မရှိတော့သော်လည်း ကံကောင်းစွာဖြင့် ကျိုးကျားရွာတွင် လူဦးရေများပြားလှသဖြင့် ၎င်း၏ကျင့်ကြံခြင်းစွမ်းအား အချို့ကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ခဲ့သည်။ ၎င်းသည် ကျေနပ်စွာ လွင့်မျောရင်း ဖျားနာမှုအငွေ့အသက်များကို စုပ်ယူနေစဉ် လေထဲတွင်ပျံသန်းနေသော လူအသွင်ပြောင်းပြီးသား ခူယားကောင်နတ်ဆိုးတစ်ကောင်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
"!!!"
ချက်ချင်းပင် တုပ်ကွေးနတ်ဆိုး၏ခန္ဓာကိုယ်ပေါ်ရှိ ထိုးထွက်နေသော ဆူးချွန်များအားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားလေသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် ရုတ်တရက် အရွယ်အစားနှစ်ဆ ကြီးမားသွားလေ၏။
၎င်းသည် စိတ်လှုပ်ရှားစွာဖြင့် အနည်းငယ် တုန်ယင်နေသည်။ တကယ်လို့ သူသာ ဒီသတ္တဝါလေးကိုဝါးမြိုပစ်နိုင်ရင် လူတစ်သောင်းရဲ့ဖျားနာမှု အငွေ့အသက်တွေကို စားသုံးရတာနဲ့ ညီမျှမှာပဲ။ ၎င်းသည် လေထဲသို့ပျံတက်သွားပြီး ခူယားကောင်နတ်ဆိုးထံသို့ တန်းတန်းမတ်မတ်ပြေးဝင်သွားကာ ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် လိမ်ကောက်ဆန့်ထွက်သွားပြီး ပန်းပွင့်အရွယ်အစားမှ လူတစ်ယောက်၏ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
၎င်း၏ခေါင်းပေါ်တွင် ထူးဆန်းသောအဖုအထစ်အများအပြား ထွက်ပေါ်လာပြီး ထိုအရာများမှာ အရေပြားအောက်မှ ထိုးထွက်လာသော ရေတွက်မရနိုင်သည့် ဆူးချွန်များနှင့် တူနေလေ၏။ ၎င်းတွင်မီးခိုးပြာရောင်အသားအရေနှင့် သွေးလိုနီရဲနေသော မီးတောက်မျက်လုံးများရှိသည်။ ၎င်းချဉ်းကပ်လာမှုနှင့်အတူ ရောဂါဘေးနှင့် ပိုးမွှားများပါလာလေ၏။ နတ်ဆိုးမှ သူတို့ကိုထိဖို့ပင်မလိုဘဲ နတ်ဆိုး၏ရောဂါဖြစ်စေသော စွမ်းအင်များသည် ကျိုးထောင်ဟွားနှင့်ခူယားကောင်နတ်ဆိုးထံသို့ လွှမ်းခြုံလာနေပြီပင်။
ကျိုးကျားရွာ အတွင်းတွင်
ရန်ချွန်းမေ့သည် ကျိုးထောင်ဟွားထံသို့ ချဉ်းကပ်လာသော တစ်စုံတစ်ရာကိုလှမ်းမြင်လိုက်သည်။
"အဘိုးရွာလူကြီး အဲဒါတုပ်ကွေးနတ်ဆိုး ဖြစ်နိုင်လား၊ ကြည့်ရတာ လူကောင်းပုံမပေါ်ဘူး၊ ထောင်ဟွားမွေးထားတဲ့ နတ်ဆိုးခြောက်ကောင်ထက်တောင် ပိုရုပ်ဆိုးသေးတယ်"
ရွာလူကြီးခေါင်းညိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွာသားအများအပြားသည်လည်း တောင်ပေါ်ရှိကောင်းကင်ယံမှ အခြေအနေကို သတိထားမိသွားကြသည်။
"ဘုရားရေ ဒါကနောက်ထပ် နတ်ဆိုးတစ်ကောင်ရဲ့လက်ချက်ကိုး"
"ရုပ်ဆိုးလိုက်တဲ့ သောက်ကောင်စုတ်၊ အဲဒီကောင်ကြောင့် ငါ့မိသားစုတစ်ခုလုံး အဆုတ်တွေထွက်ကျမတတ် ချောင်းဆိုးနေကြရတာ"
တုပ်ကွေးနတ်ဆိုးမှ ၎င်း၏ပင်ကိုယ်အသွင်စစ်ကို ထုတ်ဖော်ပြသလိုက်သည်ကိုမြင်သောအခါ ကျိုးထောင်ဟွား၏နှုတ်ခမ်းများပေါ်တွင် ရဲတင်းသောအပြုံးတစ်ခုအသွင် ကွေးညွှတ်သွားလေသည်။ ဤတုပ်ကွေးနတ်ဆိုးသည် သူမမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပြီး ၎င်းကိုယ်အတွင်း၌ နှစ်ပေါင်း ရှစ်ရာကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားလေပြီပင်။ ၎င်းသည်မကြာသေးမီကမှ စုဆောင်းရရှိထားသောရောဂါစွမ်းအင်များမှ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သော်လည်း သူမသာ ၎င်း၏အမြုတေကို ထုတ်ယူလိုက်ပါက သေချာပေါက်နှစ်ပေါင်းရှစ်ရာကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေဖြစ်လာလိမ့်မည်။ ထိုအကြောင်းကို တွေးမိပြီးနောက် ကျိုးထောင်ဟွားအပြုံးသည် ပို၍ပင်ရူးကြောင်ကြောင်ဟန်နိုင်လာလေသည်။
"???"
တုပ်ကွေးနတ်ဆိုး လုံးဝမှင်သက်သွားလေသည်။ မူလက ၎င်းသည် ခူယားကောင်နတ်ဆိုးကိုသာ အာရုံစိုက်ထားခဲ့သော်လည်း ကျိုးထောင်ဟွား၏အပြုံးမှာမူ လျစ်လျူရှုထား၍မရနိုင်လောက်အောင် တောက်ပလွန်းနေ၏။ ဒီလူသားက သူ့ကိုမြင်နိုင်မှာမဟုတ်ပါဘူး။ ခူယားကောင်နတ်ဆိုးနှင့်အတူ လေထဲ၌ပျံသန်းရခြင်းအားသာယာနေသည်ဟုပင် ထင်နေခဲ့သည်။
ဟမ့် သူမလေထဲကနေ ပြုတ်ကျပြီး အသားစတွေ ဖြစ်သွားတော့မယ်ဆိုတာသိမှာမဟုတ်ဘူး။ သို့သော် ၎င်းသည် ခူယားကောင်နတ်ဆိုးကိုဝန်းရံရန် ရောဂါစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏လည်ပင်းကိုချိုးရန် လက်လှမ်းလိုက်ချိန်တွင် ရုတ်တရက်တစ်ခုခုဖြစ်ပျက်သွားလေသည်။ ယခင်က ၎င်းလျစ်လျူရှုထားခဲ့သော အမျိုးသမီးသည် သူ့ခေါင်းပေါ်ရှိ ဆူးချွန်အဖုအထစ်များကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး အရုပ်တစ်ရုပ်လို လှုပ်ခါပစ်လိုက်လေ၏။ သူ့ခေါင်းပေါ်ရှိ အဖုအထစ်များသည် အံ့ဩစရာကောင်းလောက်အောင် ဆွဲဆန့်နိုင်စွမ်းရှိနေသည်။ တုပ်ကွေးနတ်ဆိုးမူးဝေသွားရပြီး ဦးရေပြားတစ်ခုလုံးတဒုတ်ဒုတ်ခုန်လာလေ၏။
"ကျီးးး"
တုပ်ကွေးနတ်ဆိုးမှာ နာကျင်ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။
ကံဆိုးချင်တော့ သူ့အော်ဟစ်သံမဆုံးခင်မှာပင် ကျိုးထောင်ဟွားသည် သူ့ကိုကောင်းကင်မှနေ၍ မြေကြီးပေါ်သို့ ဆောင့်ချပစ်လိုက်လေ၏။
ဤအခိုက်အတန့်တွင်မှ တုပ်ကွေးနတ်ဆိုးသည် ကျိုးထောင်ဟွားထံမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာစွမ်းအင်ကို အမှန်တကယ်ခံစားလိုက်ရသည်။ လူအသွင်ပြောင်းပြီးသား ခူယားကောင်နတ်ဆိုးလို နတ်ဆိုးတစ်ကောင်မှ သူမထံ လိုလိုလားလားပွေ့ဖက်ခံပြီး လေထဲပျံသန်းအောင်လုပ်နိုင်သည့် သူမမှာဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်နိုင်မည်နည်း။ ဤအမျိုးသမီးမှာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။
ကံဆိုးသည်မှာ ၎င်းအနေဖြင့်သဘောပေါက်သွားချိန် နောက်ကျသွားခဲ့ပြီပင်။ တကယ်လို့သာ ကျိုးထောင်ဟွားမှ ၎င်းကိုမြေကြီးပေါ်သို့ ဆောင့်ချလိုက်ပါက အသားစများအဖြစ်ကြေမွသွားမည်သာဖြစ်သည်။ သေခြင်းတရားကို ကြောက်ရွံ့မှုကြောင့် ၎င်းသည် အသည်းအသန်ရုန်းကန်လိုက်ပြီး ဤအရူးမ ကျိုးထောင်ဟွားဆီမှနေ လွတ်မြောက်ဖို့ကြိုးစားလေတော့၏။
သို့သော် ကြိုးစားသမျှအားလုံးမှာ အလကားပင်။ ၎င်းမှာပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။ သူမ၏ကျင့်ကြံခြင်းအဆင့်မှာ ၎င်းကိုလုံးဝလွှမ်းမိုးထားလေပြီပင်။ ကျိုးကျားရွာမှရွာသားများနှင့် မြို့ရိုးဆောက်နေသော အလုပ်သမားများသည် ကျိုးထောင်ဟွားမှ ရုပ်ဆိုးသောသတ္တဝါကြီးတစ်ကောင်ကို ဆွဲကိုင်ကာ လျင်မြန်စွာဆင်းသက်လာသည်ကို ရင်တဖိုဖိုဖြင့်စောင့်ကြည့်နေကြသည်။ ကျိုးအာ့ရှုနှင့် ချမ်ရှီတို့သည်လည်း ဆူညံသံများကိုကြားသဖြင့် အခန်းထဲမှထွက်လာကြ၏။ ကျယ်လောင်သော ဘုန်းကနဲမြည်သံကြီးမှာ တစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားလေသည်။ ချမ်ရှီမှာ ပါးစပ်ကိုအုပ်လိုက်ပြီးစိုးရိမ်တကြီးမေးလာ၏။
"ထောင်ဟွား အဆင်ပြေရဲ့လား"
ထို့နောက် သူမသည် ဖျားနာနေသောခန္ဓာကိုယ်ကိုဆွဲကာ တောင်ပေါ်သို့သွားရန်ပြင်လိုက်သည်။ ရာသီသွေးမိစ္ဆာမှာ သူမကိုအမြန် တားကာပြောလိုက်၏။
"မသွားပါနဲ့၊ ကျွန်မတို့ပဲ တောင်ပေါ်တက်ပြီး သွားကြည့်လိုက်ပါ့မယ်"
ရာသီသွေးမိစ္ဆာသည် အသံနတ်ဆိုး၊ မိခင်မှိုနတ်ဆိုးတို့နှင့်အတူ တောင်ပေါ်သို့ တက်သွားကြပြီး ဒူးရင်းသီးနတ်ဆိုးနှင့် ခရုနတ်ဆိုးတို့ကို အိမ်စောင့်ရန်ထားခဲ့ကြသည်။
"ဝေါ့"
မြေကြီးနှင့်ထိရိုက်မိသည့် အခိုက်အတန့်တွင် တုပ်ကွေးနတ်ဆိုးသည် ၎င်း၏ ကျင့်ကြံခြင်းအမြုတေကို အန်ချလိုက်လေသည်။ ကျိုးထောင်ဟွားသည် ၎င်းကိုဖမ်းယူလိုက်ပြီး နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ ဟု ပြောလိုက်သည်။
"ဒါဆို ဒုက္ခသက်သာသွားတာပေါ့၊ နောက်မှငါ့ဘာသာ လိုက်ယူရမယ့်ဒုက္ခကနေလွတ်သွားပြီ"
နှစ်ပေါင်းတစ်ထောင်ကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေကို ရရှိထားခြင်းမှာ သူမအတွက်အများကြီး အသုံးဝင်လိမ့်ပေမည်။ ၎င်း၏ကျင့်ကြံခြင်းအမြုတေကို ကျိုးထောင်ဟွားယူသွားသည်အားမြင်သောအခါ တုပ်ကွေးနတ်ဆိုးသည် ပြန်လုရန် အသည်းအသန်ကြိုးစားလေသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းနေလေပြီဖြစ်ရာ ပြန်လုဖို့ရန်မဆိုထားနှင့် ၎င်း၏တစ်ကိုယ်လုံးသည်ပင် အလွယ်တကူချေမွခံရနိုင်သော ပုရွက်ဆိတ်တစ်ကောင်အလားဖြစ်နေလေပြီပင်။
"ကျီးးးးး"
တုပ်ကွေးနတ်ဆိုး အော်ဟစ်လိုက်သည်။ ၎င်းအသံမှာ ကျိုးထောင်ဟွား၏ငြိမ်းချမ်းမှုကို အနှောင့်အယှက်ပေးနေသည်အားမြင်သောအခါ ခူယားကောင်နတ်ဆိုးမှာ ၎င်း၏ခန္ဓာကိုယ်ကို ခြေဖြင့်နင်းချေလိုက်သည်။
"သောက်ကောင်စုတ် နင့်အသံကအရမ်းဆူညံတာပဲ"
ခူယားကောင်နတ်ဆိုးစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းသည်လေထဲသို့ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ သေဆုံးသွားသည့် အခိုက်အတန့်တွင်မှ တုပ်ကွေးနတ်ဆိုးသည် အလွန်တရာနောင်တရသွားခဲ့မိ၏။ တကယ်လို့များ ခူယားကောင်နတ်ဆိုးသာ လောဘမတက်ခဲ့မိပါက......
လက်ရှိအနေအထားရောက်ရန် နှစ်ရာပေါင်းများစွာ ပင်ပန်းဆင်းရဲစွာဖြင့်ကျင့်ကြံခဲ့ရပြီး နတ်ဆိုးငယ်များစွာနှင့် ရောဂါစွမ်းအင်များကိုသာစားသုံးကာ နှစ်ပေါင်းတစ်ထောင်ကြာ ကျင့်ကြံခြင်းစွမ်းအားကိုစုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆုံးဖြတ်ချက်တစ်ချက် မှားယွင်းမှုကြောင့် အလုံးစုံရှုံးနိမ့်သွားခဲ့ရလေပြီပင်။
"သခင်မကျိုး အဆင်ပြေရဲ့လား"
ရာသီသွေးမိစ္ဆာတို့သုံးယောက်သည် သူမကိုရှာရန် တောင်ပေါ်သို့အမြန်တက်လာကြသည်။ ကျိုးထောင်ဟွားမှာ ဘာဒဏ်ရာမှမရဘဲမတ်တတ်ရပ်နေပြီး သူမလက်ထဲတွင် နှစ်ပေါင်းတစ်ထောင်ကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေအား ကိုင်ထားဆဲဖြစ်သည်ကို သူတို့တွေ့လိုက်ရ၏။ ခူယားကောင်နတ်ဆိုးအပါအဝင် နတ်ဆိုးလေးကောင်စလုံး မက်မောသွားကြရသည်။ တကယ်လို့ သူတို့ထဲကတစ်ယောက်ယောက်သာ ဒီအမြုတေကိုစားသုံးလိုက်ရရင် ဘယ်လောက်တောင်အစွမ်းထက်လာမလဲဆိုတာ တွေးကြည့်လို့တောင်မရနိုင်တော့ဘူး။ သို့သော် ကျိုးထောင်ဟွားသည် အမြုတေကိုပြောင်စင်အောင်သုတ်ပြီး အင်္ကျီရင်ဘတ်ထဲသို့ထည့်ကာ သူတို့ထဲရှိမည်သူ့ကိုမှ ပေးမည့်ရည်ရွယ်ချက်မပြခဲ့ပေ။
"အိမ်ပြန်ကြစို့"
ဤအချိန်တွင် ကျိုးထောင်ဟွားနစ်ယောက် အလွန်တရာစိတ်ကြည်နူးနေတော့သည်။ သူမစိတ်ထဲတွင် အစီအစဉ်တစ်ခုရှိနေပြီဖြစ်ရာ အိမ်ပြန်ရန်ပင်မစောင့်နိုင်တော့ပေ။
ကျိုးရှန့်လင်သည် မရပ်မနားချောင်းဆိုးနေပြီး သေတော့မည်ဟုပင်ခံစားနေရ၏။
အဘိုးရှန့်ဖျင်ပေးသောဆေးများမှာလည်း လုံးဝထူးခြားမလာပေ။
သူက တစ်ကောင်ကြွက်လေ။ သူသာသေသွားရင် မိသားစုရဲ့အုတ်အိမ်နဲ့ ဆေးပင်စိုက်ခင်းတွေက ပိုင်ရှင်မဲ့ဖြစ်ကျန်ရစ်ခဲ့မှာပဲ။
အခုချိန်မှာတော့ သူ့စိတ်ထဲ၌လူတစ်ယောက်တည်းသာ ရှိနေသည်။ ကျိုးလျန်ဟွားမှာ ကျိုးရှန့်တနှင့်စေ့စပ်ထားပြီးဖြစ်ပေသိ သူသေသွားပြီးနောက်၌ အရာအားလုံးကို သူမအတွက်သာထားရစ်ခဲ့ချင်တုန်းပင်။
"အဟွတ် အဟွတ် အဟွတ်"
ထိုအချိန်တွင် အဆုတ်များထွက်ကျမတတ် ပြင်းပြင်းထန်ထန်သူချောင်းဆိုးလိုက်သည်။ သူအပြင်ထွက်ပြီး ပတ်ရှာလိုက်ရာ နောက်ဆုံး ရန်ချွန်းမေ့အိမ်တံခါးရှေ့၌ ရွာလူကြီးကိုတွေ့လိုက်ရ၏။
"အဘိုးရွာလူကြီး အဟွတ် အဟွတ် ကျွန်တော် အကူအညီတောင်းစရာတစ်ခုရှိလို့ပါ၊ ကျွန်တော့်အတွက် သေတမ်းစာလေးကူရေးပေးပါလား၊ ကျွန်တော်သေသွားပြီးတဲ့နောက်မှာ အရာအားလုံးကို ကျိုး....."
***