ရွာလူကြီးရော ရန်ချွန်းမေ့ပါ သေတမ်းစာအကြောင်း သူလာပြောလိမ့်မည်ဟုလုံးဝ ထင်မထားခဲ့ကြပေ။ သူတို့မှာ သူ့ကိုအမြန် ဖျောင်းဖျတားဆီးလိုက်ရ၏။ ကျိုးရှန့်လင်ခမျာ နောက်ဆုံးစကားလုံးများအားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် အများကြီးသက်သာသွားသလိုခံစားလိုက်ရသည်။
နေရခက်တာတွေ မရှိတော့မလို ချောင်းလည်းမဆိုးတော့ဘူး။
"ကျိုး....."
ကျိုးရှန့်လင် စကားပြောရန်ပြင်လိုက်စဉ် ရွာထဲမှ ဝမ်းသာအားရအော်ဟစ်သံများကိုကြားလိုက်ရသည်။
"ငါနေလို့မကောင်းတာတွေ မရှိတော့ဘူး၊ သက်သာသွားပြီဟေ့"
အဘိုးရှန့်ဖျင်အိမ်တွင်
အဘိုးရှန့်ဖျင်သည် ကျန်းချွေ့အာ၏သွေးခုန်နှုန်းကို စမ်းသပ်နေစဉ် ရုတ်တရက် သူမသွေးခုန်နှုန်းမှာ ပုံမှန်ဖြစ်နေကြောင်း သတိထားမိလိုက်သည်။ သူမသည် လုံးဝအအေးမိဖျားနာနေခြင်း မရှိတော့ပေ။ ဤအချိန်တွင် သူ့ကိုဝိုင်းရံထားပြီး ဆေးခန်းပြရန်စောင့်ဆိုင်းနေကြသော ရွာသားများအားလုံး အံ့ဩတကြီးပြောလာကြသည်။
"ငါ သက်သာသွားပြီလား"
"ငါရောပဲ လည်ချောင်းမနာတော့ဘူး"
"ငါ နှာရည်ယိုတာလည်းရပ်သွားပြီ"
ကျန်းချွေ့အာသည်လည်း သူမခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပေသိ စိတ်ထဲတွင်တော့ စိုးရိမ်မှုတစ်ခုရှိနေဆဲပင်။
"အဘိုးရှန့်ဖျင် သမီးဗိုက်ထဲက,ကလေး အဆင်ပြေရဲ့လားဟင်"
ကျိုးဖုန်းကလည်း အဘိုးရှန့်ဖျင်ထံစိုးရိမ်တကြီးကြည့်လာသည်။ အဘိုးရှန့်ဖျင် သူတို့နှစ်ဦးထံခေါင်းညိတ်ပြလိုက်၏။
"မင်းတို့စိုးရိမ်နေတုန်းဆိုရင် ချွေ့အာအတွက် ကိုယ်ဝန်အားဆေးနောက်တစ်ထုပ်ဖော်ပေးလိုက်မယ်လေ"
ကလေးအဆင်ပြေကြောင်း ကြားလိုက်ရသဖြင့် ကျန်းချွေ့အာ၏စိုးရိမ်ပူပန်နေသောစိတ်ခံစားမှုများ နောက်ဆုံးတွင် ငြိမ်သက်သွားလေသည်။ ထိုအခိုက်အတန့်တွင်မှ စောစောကရန်ချွန်းမေ့အပေါ် သူမ ပြောဆိုခဲ့သော စကားကြမ်းကြမ်းများကို ချက်ချင်းသတိရသွားပြီး အလွန်တရာအပြစ်ရှိသလို ခံစားလိုက်ရ၏။ ရန်ချွန်းမေ့ကိုရှာရန် သူမချက်ချင်းထွက်လာလိုက်သည်။ ထိုအချိန်တွင် ရွာလူကြီး ကိုယ်တိုင်လည်း အများကြီးသက်သာနေပြီပင်။ ကျိုးရှန့်လင်ပခုံးကို သူပုတ်လိုက်ပြီး အပြုံးလေးဖြင့်နှစ်သိမ့်လိုက်သည်။
"ကောင်ဆိုးလေး ကြည့်လိုက်ဦး၊ ငါတို့အားလုံးအခု သက်သာသွားကြပြီမလား၊ မင်းသေမှာ မဟုတ်ဘူး၊ ငါတို့ထဲက ဘယ်သူမှလည်းသေမှာမဟုတ်ဘူး"
ရန်ချွန်းမေ့လည်း ဝင်ပြောလာသည်။
"ဟုတ်တယ် အသက်ရှင်နေသရွေ့တော့ ကောင်းကောင်းနေထိုင်လိုက်၊ အသက်ရှင်နေရင် မျှော်လင့်ချက်ရှိပါတယ်၊ အသက်ရှင်နေသေးသရွေ့ အရာအားလုံးကလည်းဖြစ်လာနိုင်ပါတယ်"
ရန်ချွန်းမေ့မှာ ကျိုးရှန့်လင်ထံအားကျစွာ ကြည့်ရင်းပြောလိုက်သည်။
"မောင်လေးရှန့်လင် မင်းကငယ်သေးတယ်၊ ရှေ့ဆက်ရမယ့် ဘဝခရီးကလည်း ရှည်လျားသေးတယ်၊ အစ်မကတော့ အသက်နှစ်ဆယ့်ရှစ်နှစ်ရှိနေပြီ၊ ခင်ပွန်းသည်က ကွာရှင်းသွားသလို သားကလည်း ကျေးဇူးကန်းတယ်၊ သူတို့နှစ်ယောက်စလုံး ထွက်သွားကြပြီ၊ ဒါတောင်မှ အစ်မကမျှော်လင့်ချက်တွေ ပြည့်နှက်နေပြီး ကောင်းကောင်းရှင်သန်ချင်သေးတာပဲ၊ အစ်မ ဘဝကို ကောင်းကောင်းနေထိုင်ချင်တယ်၊ ကိုယ့်ကိုကိုယ် လေးစားလောက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်း လုပ်ချင်တယ်၊ ကျိုးရှန့်ဟူနဲ့ ကျိုးယွဲ့ဖေးတို့ကို နောင်တရသွားအောင် လုပ်ပြချင်တယ်"
ကျိုးရှန့်လင် အလွန်တရာစိတ်လှုပ်ရှားသွားရသည်။ သူ အသက်ရှင်နေသေးတယ်။ သူလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဘဝကိုကောင်းကောင်း ရှင်သန်ချင်တယ်။ ကျန်းချွေ့အာ ရောက်လာချိန်တွင် ရန်ချွန်းမေ့မှကျိုးရှန့်လင်ကို ပြောနေသောစကားများအား အချိန်ကိုက်ကြားလိုက်ရသည်။ သူမသည် ရန်ချွန်းမေ့ထံသို့ တောင်းပန်လိုရိပ်တို့ဖြင့် လျှောက်သွားပြီး လေးလေးနက်နက်ဦးညွှတ်လိုက်၏။
"အစ်မချွန်းမေ့ တောင်းပန်ပါတယ်၊ အဘိုးရှန့်ဖျင်အိမ်မှာတုန်းက အစ်မ့ကိုအဲဒီလိုမပြောခဲ့သင့်ဘူး"
ရန်ချွန်းမေ့နှာခေါင်းများ စူးအောင့်သွားရပြီး မျက်ရည်များဝဲတက်လာပေသိ ကျန်းချွေ့အာအပေါ် ရန်ငြိုးမထားခဲ့ပေ။ ကျန်းချွေ့အာကိုတွဲထူ၍ သူမပြောလိုက်သည်။
"ချွေ့အာ အစ်မ နားလည်ပါတယ်၊ ညည်းက အခုမှမိခင်တစ်ယောက် ဖြစ်လာတာလေ၊ ကလေးအတွက် စိုးရိမ်နေမှာပေါ့၊
အဘိုးရှန့်ဖျင်က ဘာပြောလဲ ကလေး အဆင်ပြေရဲ့လား"
ကျန်းချွေ့အာ ခေါင်းညိတ်ပြလိုက်သည်။
"အဘိုးရှန့်ဖျင်က ကလေးအဆင်ပြေတယ်လို့ ပြောပါတယ်"
"ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်နော်၊ ပထမသုံးလက အရမ်းအရေးကြီးတယ်"
ရန်ချွန်းမေ့ မှာကြားလိုက်သည်။ ကျန်းချွေ့အာ၏ဗိုက်ကို မြင်ရသောအခါ သူမသားဖြစ်သူ ကျိုးယွဲ့ဖေးကိုသတိရသွားစေပြီး ကလေးမွေးလာလျှင် အရမ်းအလိုမလိုက်ဖို့ ကျန်းချွေ့အာထံပြောချင်သွားပေသိ နောက်ဆုံးတွင်တော့ သူမထိန်းချုပ်ထားလိုက်၏။
"ဟိုမှာကြည့်ဦး ညီမထောင်ဟွားပြန်လာပြီ"
ကျိုးရှန့်လင် ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။ ကျိုးထောင်ဟွားသည် ရွာထဲ၌ လေထဲတွင်ပျံသန်းနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ပြီး သူမနှင့်အတူလိမ္မာပါးနပ်သော နတ်ဆိုးများစွာရှိနေသည်ကိုမြင်ရသည်မှာ တကယ့်ကိုအားကျစရာပင်။
ကျိုးထောင်ဟွား ဆင်းသက်လာသည်နှင့် ရွာလူကြီးမှမေးလာ၏။
"ထောင်ဟွား တုပ်ကွေးနတ်ဆိုးကသေသွားပြီလား"
ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်သည်။
"ဒီတုပ်ကွေးနတ်ဆိုးက သာမန်နတ်ဆိုးတွေနဲ့ မတူဘူး၊ သူ့ရဲ့ကျင့်ကြံခြင်းစွမ်းအားက အစွမ်းထက်ရုံတင်မကဘဲ သူ့ရဲ့အစွမ်းတွေကိုလည်း ဖုံးကွယ်ထားနိုင်တယ်"
ထိုသို့ပြောရင်း ကျိုးထောင်ဟွားသည် နှစ်တစ်ထောင်ကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေကို ထုတ်ပြလိုက်သည်။ ဒူးရင်းသီးနတ်ဆိုးနှင့် ခရုနတ်ဆိုးတို့သည် အဝေးမှကြည့်ရင်း တံတွေးမျိုချလိုက်မိကြ၏။ သူတို့ထံတွင် ကျင့်ကြံခြင်းစွမ်းအားအနှစ်တစ်ရာကျော်လေးသာ ရှိကြောင်းကိုလည်းသတိပြုမိသွားကြသည်။ ကျိုးရှန့်လင်သည် အဆုတ်များ ပေါက်ကွဲထွက်လုမတတ်ဖြစ်ခဲ့ရသည့် သေလုမျောပါးအတွေ့အကြုံကို ပြန်သတိရလိုက်ပြီးကကျိုးထောင်ဟွားထံပြောလိုက်၏။
"ညီမထောင်ဟွား ကျေးဇူးတင်ပါတယ်၊ မဟုတ်လို့ကတော့ ခုနကတင် ငါသေသွားလောက်ပြီ"
ကျိုးဖုန်းလည်း ဝင်ပြောလာ၏။
"ညီမထောင်ဟွား ညီမသာမရှိခဲ့ရင် ချွေ့အာနဲ့ကလေးက အန္တရာယ်ရှိနိုင်တယ်လို့ အဘိုးရှန့်ဖျင်ပြောတယ်"
မကြာသေးမီက သူမတောင်ပေါ်သို့ ရှင်းလင်းရေးသွားလုပ်စဉ် မည်သည့် နတ်ဆိုး သို့မဟုတ် မကောင်းဆိုးဝါး ဝိညာဉ်ကိုမှမတွေ့ခဲ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။ အမှန်တော့ ထိုအကောင်များအားလုံးကို ဤတုပ်ကွေးနတ်ဆိုးမှ အားဖြည့်ရန် စားသုံးပစ်ခဲ့ခြင်းဖြစ်မည်။
သူ့ထံတွင်နှစ်တစ်ထောင်ကျင့်ကြံခြင်းစွမ်းအားရှိ၍ သူမရှာမတွေ့သည်မှာ သဘာဝကျပေသည်။
သူကတော့ တစ်ရွာလုံးကိုသတ်ပစ်လုနီးပါး ဖြစ်သွားခဲ့တာပဲ။ အထူးသဖြင့် ကျိုးအာ့ရှုနဲ့ ချမ်ရှီကိုလေ။
ကျိုးမိသားစုအိမ်တွင်
ကျိုးထောင်ဟွားပြန်ရောက်သည်နှင့် အိမ်ထဲလေဝင်လေထွက်ကောင်းစေရန် တံခါးများနှင့် ပြတင်းပေါက်များအားလုံးဖွင့်ထားရန်နှင့် အိပ်ရာခင်းများနှင့် စောင်များကိုလျှော်ဖွပ်ရန် နတ်ဆိုးခြောက်ကောင်ကို ခိုင်းစေလိုက်သည်။ တုပ်ကွေးနတ်ဆိုးမှာ သေသွားပြီဖြစ်သော်လည်း အိမ်ရှိအရာအားလုံးကို သေချာပိုးသတ်ရန်လိုအပ်နေသေး၏။ ကျိုးထောင်ဟွားသည် ချမ်ရှီကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ရင်ခွင်ထဲသို့တိုးဝင်ကာပြောလိုက်သည်။
"အမေ အဆင်ပြေသွားလို့တော်ပါသေးတယ်"
ချမ်ရှီနှင့် ကျိုးအာ့ရှု ယတို့သည် ဤကမ္ဘာပေါ်တွင် သူမအတွက်အရေးအကြီးဆုံး လူများပင်ဖြစ်သည်။
"ဒီကလေးမလေးကတော့ အိမ်ထောင်ကျနေပြီကို ဘာလို့ကလေးလေးလိုလုပ်နေတုန်းလဲ"
သူမအပြုအမူကြောင့် ချမ်ရှီခမျာ ရယ်လည်းရယ်ချင်သလို အချစ်လည်းပိုသွားရသည်။
"ဂရုမစိုက်ပါဘူး၊ သမီး ဘယ်လောက်ပဲ အသက်ကြီးကြီး အမေ့ကလေးပဲဖြစ်နေမှာလေ"
ညစာကို ကျိုးမိသားစုအိမ်တွင်သာစားလိုက်ကြသည်။ ချမ်ရှီနှင့် ကျိုးအာ့ရှုတို့ နေကောင်းသွားပြီဖြစ်ရာ ရှန်းမင်မှ ဟင်းကူချက်ပေးရန် မလိုတော့သော်လည်း အတင်းကူညီပေးခဲ့၏။ သူတို့လေးယောက်စလုံး ပျော်ပျော်ရွှင်ရွှင်လက်စုံစားသောက်ခဲ့ကြသည်။ ညစာစားပြီးနောက် အိမ်ရောက်သည်နှင့် ခြံဝင်းနံရံပေါ်တွင် တွားသွားနေသောအရွယ်ရောက်ပြီး ခူယားကောင်များကို သူမပြောလိုက်၏။
"ဆင်းခဲ့ကြ"
သူမ၏အမိန့်ပေးမှုနှင့်အတူ နှစ်တစ်ထောင်ကျင့်ကြံခြင်း အမြုတေအားမြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ခူယားကောင်များသည် အမြုတေကိုမြင်သည်နှင့် အရူးအမူးခုန်အုပ်လိုက်ကြလေ၏။
လူအသွင်ပြောင်းပြီးသား ခူယားကောင်နတ်ဆိုးမလေးမှာမူ အလွန်တရာအားကျသွားလေသည်။ တကယ်လို့ သူမသာ လူအသွင်မပြောင်းရသေးဘူးဆိုရင် တစ်ကိုက်လောက်တော့ စားလို့ရဦးမှာပဲ။
အခုထက် ပိုပြီးအစွမ်းထက်လာအောင် အနည်းဆုံးတော့ အကြီးကြီးတစ်ကိုက်လောက် ကိုက်စားပစ်မိမှာ။ ကံဆိုးသည်မှာ သူမအနေဖြင့်စိတ်ကူးယဉ်ရုံသာ တတ်နိုင်တော့သည်။ အမြုတေကိုစုပ်ယူပြီးနောက် အခြားခူယားကောင်များ အားလုံး ပိုးအိမ်ဖွဲ့ကာ လူအသွင်သို့ ပြောင်းလဲသွားကြလေ၏။
ခူယားကောင်များတွင် အထီး အမရှိသကဲ့သို့ လူအသွင်ပြောင်းလဲပြီးနောက်တွင်လည်း ယောင်္ကျားလေးပုံစံနှင့် မိန်းကလေးပုံစံများရှိကြသည်။ ခဏအကြာတွင် ညစ်ပတ်နေသောအဝတ်အစားများဖြင့် မီးဖိုချောင်မှ ရှန်းမင်ထွက်လာသောအခါ ယောင်္ကျားလေးနှင့် မိန်းကလေးများဖြစ်နေကြပြီဖြစ်သည့် ခူယားကောင်နတ်ဆိုးအများအပြားကို တွေ့လိုက်ရ၏။ သူတို့အားလုံးတွင် ချွန်ထက်သောနားရွက်များရှိကြပြီး ကျောဘက်တွင် တဖျပ်ဖျပ်ခတ်နေသော ပါးလွှာသည့်အတောင်ပံများ ရှိကြသည်။
ကျိုးထောင်ဟွား ရုတ်တရက် ဆော့ကစားချင်စိတ်ပေါ်လာတော့၏။
"အစ်ကိုရှန်းမင် လေထဲပျံချင်လား"
ရှန်းမင်သည် ခူယားကောင်နတ်ဆိုးအထီးထံ တစ်ချက်ကြည့်လိုက်သည်။ အရင်က ခူယားကောင်နတ်ဆိုးမလေးတွေသာရှိခဲ့၍ အမျိုးသားတစ်ယောက်အနေဖြင့် သူတို့နှင့်ထိတွေ့ဖို့ရာ အဆင်မပြေခဲ့ပေသိ အခုတော့မတူတော့ပေ။
သေချာတာပေါ့ သူ ထောင်ဟွားနဲ့အတူ ပျံသန်းချင်တယ်လေ။
ခူယားကောင်နတ်ဆိုးနှစ်ကောင်မှာ သူတို့နှစ်ဦးကိုသယ်ဆောင်၍ ကောင်းကင်ယံသို့ပျံတက်သွားကြသည်။ ထိုည၌ကြယ်ရောင်စုံသော ကောင်းကင်ကြီးသည် အလွန်တရာ လှပနေလေသည်။ သူတို့ ပို၍ပို၍ မြင့်မြင့်ပျံသန်းသွားသည်နှင့်အမျှ ကျိုးထောင်ဟွားသည် ကြယ်များကိုပင်လှမ်းကိုင်နိုင်တော့မည်ဟု ခံစားလိုက်ရ၏။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့သည် လက်ချင်းချိတ်ကာ ရွာအရှေ့ဘက်အစွန်းမှ အနောက်ဘက်အစွန်းသို့ ပျံသန်းသွားကြသည်။ ကြယ်ရောင်များအောက်တွင် အရင်တစ်လတာကာလအတွင်း မြို့ရိုးတည်ဆောက်ရေး လုပ်ငန်းစဉ်များ၏ရလဒ်များကို မှိန်ဖျဖျ မြင်တွေ့နေရ၏။ နောက်တစ်နေ့မနက် ကျိုးထောင်ဟွားနိုးလာသောအခါ ခြံဝင်းနံရံပေါ်တွင် ပိုးဥများဖြင့်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ပိုးဖလံအထီးရော အမပါရှိနေသဖြင့် အမများမှ ဥများဥထားခဲ့ကြပြီး သေးငယ်သောခူယားကောင်လေးများအဖြစ် အကောင်ပေါက်လာရန် စောင့်ဆိုင်းနေကြခြင်းပင်။
အဲဒီခူယားကောင်လေးတွေ ကြီးထွားလာမယ်။ အဲ့လိုရွာလူကြီးရော ရန်ချွန်းမေ့ပါ သေတမ်းစာအကြောင်း သူလာပြောလိမ့်မည်ဟုလုံးဝ ထင်မထားခဲ့ကြပေ။ သူတို့မှာ သူ့ကိုအမြန် ဖျောင်းဖျတားဆီးလိုက်ရ၏။ ကျိုးရှန့်လင်ခမျာ နောက်ဆုံးစကားလုံးများအားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် အများကြီးသက်သာသွားသလိုခံစားလိုက်ရသည်။
ဒီခူယားကောင်လေးတွေသာ ကြီးထွားလာမယ်ဆို ခူယားကောင်တွေပိုပိုများလာပြီး မြို့ရိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားမှာပဲ။ ဤသည်ကိုတွေးမိရုံနဲ့တင် သူမ ပျော်ရွှင်နေမိပြီပင်။
***