ရက်အနည်းငယ်မှာ ကုန်ဆုံးသွားခဲ့သည်။
ပိုမိုအစွမ်းထက်သော မိစ္ဆာအများအပြားသည် ကြာနက် မြစ်သို့ ရောက်ရှိလာကြပြီး နောက်ဆုံးတွင် ကြာနက် မြစ်တစ်ဝိုက်ရှိ ကမ်းပါးများမှာ လူအုပ်ကြီးဖြင့် ပြည့်နှက်လုနီးပါး ဖြစ်သွားခဲ့သည်။
လူတိုင်းသည် စကားဖောင်ဖွဲ့ရင်း မျှော်လင့်တကြီး စောင့်စားနေစဉ်တွင် ယင်းယွီ နှင့် သွေးမိစ္ဆာဂိုဏ်းမှ ဘိုးဘေးတစ်ဒါဇင်ကျော်တို့သည် ဟေးလျန်မြစ်၏ အနက်ရှိုင်းဆုံးနေရာမှ ပျံသန်းထွက်ပေါ်လာခဲ့ကြသည်။
ယင်းယွီသည် ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေသော လူငယ်တစ်ဦးကို ပွေ့ချီထားခဲ့ပြီး သူ၏မျက်နှာမှာ ရေကဲ့သို့ပင် တည်ငြိမ်အေးစက်နေေလသည်။
“အဲဒါ သခင်လေး ကျိီလျန်းပဲ”
ယင်းယွီ ပွေ့ချီထားသော လူငယ်၏ ရုပ်သွင်ကို မြင်လိုက်ရပြီးနောက် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ယင်းယွီ၏ လက်ထဲရှိ ကျိိီလျန်းမှာ ခန္ဓာကိုယ်တစ်ခုလုံး မင်ရည်ကဲ့သို့ မည်းနက်နေကာ အသက်လုနေရပြီး သူ၏တစ်ကိုယ်လုံးမှ အံ့အားသင့်ဖွယ်ကောင်းသော အေးစက်လှသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ကျိီလျန်းသည် ကြာနက်မြစ်၏ အေးစက်သော အငွေ့အသက်များကြောင့် ယခုကဲ့သို့ အေးခဲသွားသည်ကို မြင်ေတွ့လိုက်ရသဖြင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ကျီးလျန်းသည် သူတော်စင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်ပြီး သူတော်စင်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ယခုမျှအထိ ခဲသွားရသည်။ ကြာနက်မြစ်၏ အေးစက်သောအဆိပ်၏ အရှိန်အဝါမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ခန့်မှန်းကြည့်နိုင်ေပသည်။
ယင်းယွီသည် ကျိီလျန်းကို ကြာနက်မြစ်ထဲမှ ခေါ်ထုတ်လာပြီးနောက် ကမ်းစပ်သို့ ရောက်ရှိလာပြီး ကျိီလျန်း၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သောအဆိပ်များကို ဖယ်ရှားရန်အတွက် မီးတောက်လမ်းစဉ်ကို စတင်အသုံးပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများစွာကို ပြောကြားခဲ့သည်။
“ကြာနက်မြစ်ကို ပိတ်ထားလိုက်တော့၊ ပြီးရင် အဲဒီ အပြာရောင်ဝတ်စုံနဲ့ လူကိုလိုက်ရှာကြ၊ ငါ သူ့ကို မိစ္ဆာအလောင်းအဖြစ် ပြောင်းပစ်မယ်”
သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများသည်လည်း ထိုအမိန့်ကို ခေါင်းညိတ်လက်ခံခဲ့ကြသည်။
ချက်ချင်းပင် ဘိုးဘေးများသည် လက်ကွက်များကို ဖော်ဆောင်ကာ ဟေးလျန်မြစ်ကို ပိတ်ဆို့ရန် မဟာအစီရင်ခံတစ်ခုကို ပြင်ဆင်လိုက်ကြသည်။ မကြာမီ သွေးရောင်အလင်းတန်းများသည် ကြာနက်မြစ်၏ ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။
“ဒါ သွေးမြစ်အစီရင်ခံပဲ” လူအုပ်ထဲမှ တစ်ယောက်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သွေးမြစ်အစီရင်ခံသည် ကောင်းကင်စတင်ဖွင့်လှစ်ချိန်ကတည်းက ရှိခဲ့သော မဟာအစီရင်ခံများထဲမှ တစ်ခုဖြစ်ပြီး သွေးမြစ်မိစ္ဆာဘိုးဘေးထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်းကို တည်ထောင်သူ ယင်ဖုန်းသည် သွေးမြစ်မိစ္ဆာ၏ တပည့်တစ်ဦး ဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများသည် သွေးမြစ်အစီရင်ခံကို ပြင်ဆင်ပြီးနောက် ကြာနက်မြစ်အတွင်းသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ကာ လုရီဖျင်ကို စတင်ရှာဖွေကြတော့သည်။
ယင်းယွီမှာမူ ကမ်းစပ်တွင်ရှိနေပြီး ကျိီလျန်း၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သောအဆိပ်များကို ဖယ်ရှားရန် မီးတောက်လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်နေေလသည်။
သူတော်စင်ဧကရာဇ်ဘုရင် ယင်းယွီ၏ စွမ်းအားကြောင့် ကျိီလျန်း၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သောအဆိပ်များမှာ ဖြည်းဖြည်းချင်း စတင်ပျံ့လွင့်သွားခဲ့သည်။
ယင်းယွီ၏ မျက်နှာမှာ ညိုးနွမ်းနေဆဲသည်။ ကြာနက်မြစ်၏ အေးစက်သောအဆိပ်မှာ ကျိီလျန်း၏ ဝိညာဉ်အနက်ရှိုင်းဆုံးေနရာအထိ ကျူးကျော်ဝင်ရောက်နေပြီဖြစ်ရာ ဘိုးဘေးအဆင့် ရှိသော ပုဂ္ဂိုလ်တစ်ဦး မရှိဘဲ သူတစ်ယောက်ဆည်းဖြင့် ထိုအဆိပ်ကို လုံးဝမဖယ်ရှားနိုင်ပေ။
သို့သော် မိစ္ဆာမျိုးနွယ်တစ်ခုလုံးတွင် မိစ္ဆာဘိုးဘေး တစ်ဦးတည်းသာ တာအိုဘိုးဘေးအဆင့်ရှိသူဖြစ်သည်။ ထိုအချိန်တွင် ထိုလူမှာ မိစ္ဆာဘိုးဘေးလျော့ဟူပင်ဖြစ်သည်။ အရှင်ေလျာ့ဟူ၏ အဆင့်အတန်းမှာ အလွန်မြင့်မြတ်သသည်။ သူ၏အစ်ကိုဖြစ်သူ ယင်ဖုန်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်တိုင် အရှင်ေလျာ့ဟူဟုသည် ကုသပေးရန်အတွက် တာအိုဘိုးဘေးစွမ်းအားကို အသုံးမပြုခဲ့ေပ။
ကျိီလျန်းသည်လည်း သွေးမိစ္ဆာဂိုဏ်း၏ တပည့်တစ်ဦးမျှသာ ဖြစ်သည်။
မိစ္ဆာမျိုးနွယ်ဝင် တပည့်တိုင်း ဒဏ်ရာရသည့်အခါတိုင်း လျော့ဟူထံ အကူအညီတောင်းနေကြမည်ဆိုပါက အလွန်အလုပ်ရှုပ်နေပေလိမ့်မည်။
ယင်းယွီသည် ပို၍တွေးလေ ပို၍စိတ်မသက်မသာဖြစ်လေ ဖြစ်ကာ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ယင်းယွီသည် ကျိီလျန်း၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သောအဆိပ်ကို အနည်းငယ် နှိမ်နင်းထားနိုင်ခဲ့သော်လည်း သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများမှာ ကြာနက်မြစ်ထဲမှ ပြန်ထွက်မလာကြသေးပေ။
နောက်ထပ်ရက်အနည်းငယ်အကြာတွင် ယင်းယွီသည် ဘိုးဘေးများ ပြန်ထွက်မလာသေးသည်ကို တွေ့ရသဖြင့် မျက်မှောင်ကြုတ်ကာ သူကိုယ်တိုင် ဝင်ရောက်ရန် ပြင်ဆင်လိုက်စဉ် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများမှာ ကြာနက်မြစ်ထဲမှ ပျံသန်းထွက်ပေါ်လာကြသည်ကို မြင်လိုက်ရသည်။
သို့သော်လည်း လုရီဖျင်၏ အရိပ်အယောင်ကိုမူ ဘယ်နေရာမှာမှ မတွေ့ရတော့ချေ။
ယင်းယွီက တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်သည် "သူ ကြာနက်မြစ်ထဲမှာ ဘယ်လောက်ပဲ ပုန်းနေပုန်းနေ၊ တစ်နေ့မဟုတ် တစ်နေ့တော့ ပြန်ထွက်လာမှာပဲ။ ငါတို့ ဒီမြစ်ကမ်းနားမှာပဲ စောင့်နေကြတာပေါ့"
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများသည် လုရီဖျင်ပေါ်လာမည့်အချိန်ကို စောင့်မျှော်ရင်း ကြာနက်မြစ်ကမ်းဘေးတွင်ပင် စခန်းချနေထိုင်ခဲ့ကြသည်။
ထိုအချိန်တွင် လုရီဖျင်သည် သူ၏ဦးခေါင်းထက်တွင် သစ်ပင်တစ်ပင်ကို ဖန်တီးထားခဲ့ပြီး ကြာနက်မြစ်၏ အနက်ရှိုင်းဆုံးနေရာ၌ တရားထိုင်နေကာ နက်နဲဆန်းကြယ်သော နယ်ပယ်တစ်ခုအတွင်းသို့ နစ်ဝင်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မဟာလမ်းစဉ် စွမ်းအားများမှာ လှိုင်းတံပိုးများကဲ့သို့ အတက်ကျဖြစ်နေပြီး ထိုလမ်းစဉ်များသည် မဟာလမ်းစဉ်နဂါးများအဖြစ် ပြောင်းလဲကာ သူ၏ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် ရစ်ပတ်နေခဲ့ကြသည်။
အောင်မြင်စွာ ရရှိထားသော ဟုန့်မုန်စွမ်းအင်၏ အကူအညီဖြင့်လည်းကောင်း၊ သူသည် ယခင်ကတည်းက လမ်းစဉ်ပေါင်း ၂,၉၀၀ ကို လေ့လာထားပြီး ဖြစ်သောကြောင့်လည်းကောင်း၊ ကံကောင်းခြင်း ကျောက်စိမ်းပြား သုံးခုရှိ လမ်းစဉ်များကို နားလည်သဘောပေါက်ရန်မှာ အလွန်ပင် ချောမွေ့နေခဲ့သည်။
သို့သော်ငြား ကံကောင်းခြင်းကျောက်စိမ်းပြား သုံးခုအတွင်းရှိ ကိုးဆယ်ကိုးသွယ်သော လမ်းစဉ်များကို အပြည့်အဝ နားလည်သဘောပေါက်ရန်မှာ နေ့ချင်းညချင်း ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့သော်လည်း လုရီဖျင်သည် လမ်းစဉ်အနည်းငယ်ကိုသာ တတ်မြောက်ထားသေးသည်။
ကြာနက်မြစ်ကမ်းဘေးတွင် စောင့်ကြပ်နေသော ယင်းယွီမှာမူ နှစ်အနည်းငယ်ကြာသည့်တိုင် လုရီဖျင် ထွက်ပေါ်လာသည်ကို မတွေ့ရသဖြင့် သူ၏မျက်နှာမှာ ပို၍ပင် တင်းမာလာခဲ့သည်။ ထိုအချိန်အတောအတွင်း သူနှင့် သွေးမိစ္ဆာဂိုဏ်းဘိုးဘေးများသည် ကြာနက်မြစ်ထဲသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ရှာဖွေခဲ့သော်လည်း လုရီဖျင်ကို လုံးဝ ရှာမတွေ့ခဲ့ကြပေ။
"သခင်ကြီး ယင်းယွီ၊ တစ်ဖက်လူက ကြာနက်မြစ်ထဲမှာပဲ သေသွားပြီလား မသိဘူး" ဟု သွေးမိစ္ဆာဂိုဏ်းဘိုးဘေးတစ်ဦးက ကြားဖြတ်ဝင်ပြောလိုက်သည်။
အကယ်၍ သူတော်စင်ဧကရာဇ် အဆင့်ရှိသူတစ်ဦးပင်လျှင် ကြာနက်မြစ်၏ ကြောက်မက်ဖွယ် အေးစက်သော ရေစီးကြောင်းနှင့် တိုးမိပါက ပျက်စီးသွားနိုင်သည့် အခွင့်အလမ်းရှိပေသည်။
"ဆက်စောင့်နေကြတာပေါ့ " ဟု ယင်းယွီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ထိုသို့ဖြင့်နောက်ထပ် နှစ်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြန်သည်။
လုရီဖျင်မှာ ထွက်မလာသေးသည်ကို မြင်သောအခါ ယင်းယွီသည် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့ပြီး သွေးမိစ္ဆာဂိုဏ်းဘိုးဘေးများကိုသာ ဆက်လက်စောင့်ကြပ်ရန် ထားရစ်ခဲ့တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်စုနှစ်များစွာ ကုန်လွန်သွားခဲ့သည်။
လုရီဖျင်သည် ဟေးလျန်မြစ်၏ အနက်ရှိုင်းဆုံးနေရာတွင် တရားထိုင်လျက်ရှိပြီး သူ၏ပတ်ဝန်းကျင်တွင် လမ်းစဉ်အလင်းတန်းများ လှိုင်းထနေကာ မြစ်အောက်ခြေမှ ရွှေကြာပန်းများ ပွင့်ထွက်လာပြီး ဟင်းလင်းပြင်ထက်တွင်လည်း ကောင်းကင်ဘုံ၏ နိမိတ်ကောင်းများ ကျဆင်းလာေလသည်။
လုရီဖျင် မျက်လုံးဖွင့်လိုက်သောအခါ ကမ္ဘာလောကကြီးမှာ ပိုမိုလင်းလက်သွားသကဲ့သို့ ထင်မှတ်ရပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မမြင်နိုင်သည့် စွမ်းအားတစ်ခုမှာ ကြာနက်မြစ်၏ မည်းနက်အေးစက်သော အငွေ့အသက်များကို လိပ်တက်သွားစေခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ပြီးနောက်တွင် သူသည် ကံကောင်းခြင်းကျောက်စိမ်းပြားရှိ ကိုးဆယ်ကိုးသွယ်သော လမ်းစဉ်များကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
သူ၏ဦးခေါင်းထက်တွင် ချင်းယွမ်တိမ်တိုက်ကို မြင်တွေ့ရပြီး ခရမ်းရွှေရောင်အလင်းတန်းများ စီးဆင်းနေခဲ့သည်။ ၎င်းမှာ ထိုစဉ်က ချောင်းဘုရင် လုံချိန်၏ချင်းယွမ်သည် တာအိုဘိုးဘေး ချင်းယွမ်တိမ်တိုက် နှင့် ဆင်တူလုနီးပါးပင် ဖြစ်သည်။ထိုစဉ်က လုရီဖျင်မှာ သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးပြီး တာအိုဘိုးဘေးနယ်ပယ်သို့ အပြည့်အဝ မတက်လှမ်းနိုင်သေးပေ။
အမှန်စင်စစ်ပင် လုရီဖျင်၏ လက်ရှိနယ်ပယ်အရ သူသည် တာအိုဘိုးဘေးနယ်ပယ်သို့ အပြည့်အဝ တက်လှမ်းသွားနိုင်ပြီ ဖြစ်သော်လည်း အလောတကြီး မလုပ်ဆောင်ခဲ့ပေ။
ယခုအခါ သူသည် မဟာလမ်းစဉ်ပေါင်း ၂,၉၉၉ သွယ်ကို နားလည်သဘောပေါက်ထားပြီဖြစ်ကာ နောက်ဆုံးလမ်းစဉ်တစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာ လမ်းစဉ်ပေါင်း သုံးထောင်တွင် နံပါတ်တစ်အဆင့်ရှိသော ခွန်အားလမ်းစဉ်ပင် ဖြစ်သည်။
သူသည် နောက်ဆုံး ကျောက်စိမ်းပြားအပိုင်းအစကို ရှာဖွေပြီး ထို ခွန်အားလမ်းစဉ်ကို နားလည်သဘောပေါက်သွားချိန်တွင် တာအိုဘိုးဘေးနယ်ပယ်သို့ တက်လှမ်းမည်ဟု ဆုံးဖြတ်ထားသည်။ ထိုအချိန်တွင် လုံချိန် ကဲ့သို့သောသူပင် သူ၏လက်သီးတစ်ချက်ကို ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
"နောက်ဆုံး ကံကောင်းခြင်းကျောက်စိမ်းပြား အပိုင်းအစက..." လုရီဖျင်လည်း သူ့ဘာသာ ရေရွတ်လိုက်သည်။
ထိုနောက်ဆုံးအပိုင်းအစသည် မိစ္ဆာမျိုးနွယ်စု နယ်မြေအတွင်း၌ ရှိနေလိမ့်မည်ဟု သူ ခံစားမိနေသည်။
လုရီဖျင်သည် သူ၏စွမ်းအားများကို သိမ်းဆည်းလိုက်ပြီး ကြာနက်မြစ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူသည် သူတော်စင်ဧကရာဇ်ဘုရင်၏ အထွတ်အထိပ်အဆင့်ပင် ရှိနေသေးသော်လည်း ကြာနက်မြစ်ထဲသို့ မဝင်ေရာက်ခင် နှင့် ယခုအချိန်မှာ လုံးဝကို ကွာခြားသွားပြီဖြစ်သည်။
မကြာမီ လုရီဖျင်သည် ကြာနက်မြစ်၏ ကမ်းစပ်ကို မြင်လိုက်ရသည်။
ဆယ်စုနှစ်များစွာ ကုန်လွန်သွားပြီဖြစ်သဖြင့် လာရောက်ကြည့်ရှုကြသော မိစ္ဆာစွမ်းအားရှင် အများအပြားမှာ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း သွေးမိစ္ဆာဂိုဏ်းမှ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သူ ဝေ့ချွမ်းမှာမူ ကမ်းစပ်တွင် စောင့်ကြပ်နေဆဲဖြစ်သည်။
ထိုဝေ့ချွမ်းသည်ပင် အားနည်းသူမဟုတ်ပေ။ သူသည် အလယ်အလတ်အဆင့်ရှိ သူတော်စင်ဧကရာဇ်ဘုရင်ဖြစ်ပြီး သန်း ၆၀၀ စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သွေးမြစ်အစီရင်ခံသည် ကြာနက်မြစ်ကို လွှမ်းခြုံထားဆဲ ဖြစ်သောကြောင့် လုရီဖျင် ထွက်လာသည်နှင့် ဝေ့ချွမ်း ချက်ချင်းသိရှိသွားခဲ့သည်။ ဝေ့ချွမ်းသည် လုရီဖျင်၏ အငွေ့အသက်ကို ဖမ်းယူမိလိုက်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ လုရီဖျင်အပေါ်သို့ သူ၏စွမ်းအင်အငွေ့အသက်ဖြင့် ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သတင်းပို့စာလွှာကို ပေးပို့ကာ ယင်းယွီနှင့် အခြားသူများကို အကြောင်းကြားလိုက်သည်။
ကြာနက်မြစ်ပေါ်ရှိ အခြားသော မိစ္ဆာစွမ်းအားရှင်များသည်လည်း တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်ကို မြင်သောအခါ အားလုံးက လှမ်းကြည့်လိုက်ကြသည်။
“သူပဲ…”
အချို့မှာ လုရီဖျင်ကို မှတ်မိသွားကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လုရီဖျင်နှင့် ကျိှလျန်းတို့ ထိပ်တိုက်တွေ့ခဲ့ပုံကို လူအများအပြား မြင်တွေ့ခဲ့ရဖူးသည်။
ဝေ့ချွမ်းသည် ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပြီး လုရီဖျင်ကို အေးစက်စွာ ကြည့်လိုက်သည် "တော်တော်လေးကို အကြာကြီး ပုန်းနေနိုင်တာပဲ။ ငါတို့ ကြာနက်မြစ်ထဲမှာ မင်းကို အကြိမ်ကြိမ် ရှာပေမဲ့ မတွေ့ခဲ့ဘူး။ မင်း ကြာနက်မြစ်ထဲမှာ ပုန်းနေပြီး ထွက်မလာရဲတော့ဘူးလို့တောင် ထင်နေတာ"
ထိုအချိန် လုရီဖျင်သည် ခြေတစ်လှမ်းလှမ်းကာ ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ် ဟင်းလင်းပြင်ကို ခွဲထွက်လာသည့် အသံတစ်ခုနှင့်အတူ ယင်းယွီသည် သွေးမိစ္ဆာဂိုဏ်းမှ စွမ်းအားရှင်အုပ်စုကြီးနှင့်အတူ ရောက်ရှိလာေလသည်။
ယခုနှစ်များတစ်လျှောက်တွင် ယင်းယွီနှင့် အခြားသူများသည် အနီးအနားမှာပင် ရှိနေခဲ့သဖြင့် လုရီဖျင် ထွက်လာသည်ဟု သိလိုက်ရချင်း သူတို့အားလုံး အစွမ်းကုန် အမြန်နှုန်းဖြင့် ပြေးလာကြခြင်းဖြစ်သည်။
ကျိီလျန်းသည်လည်း ယင်းယွီနောက်မှ လိုက်ပါလာပြီး လုရီဖျင် ထွက်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။
***