"အဲ့ဒါ သူလား…" ဟု ယင်းယွီမှ ကျိီလျန်းကို ထပ်မံအတည်ပြုရန် မေးမြန်းလိုက်သည်။
"ဟုတ်တယ် သူပဲ" ကျိီလျန်းသည် လုရီဖျင်ကို ကြည့်ကာ အံကြိတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ကျိီလျန်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် ယင်းယီွသည် သွေးမိ္စ္ဆာဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ခေါ်ဆောင်ကာ လုရီဖျင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။
"ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေတာဘဲ၊ ငါတို့ ဒီမှာစောင့်နေတာ ဆယ်စုနှစ်ချီနေပြီ၊ နောက်ဆုံးတော့ ထွက်လာရတာဘဲမလား" ယင်းယီွ၏ မျက်လုံးများမှာ အေးစက်နေခဲ့သည်။
"ထွက်သွားကြ…" လုရီဖျင်သည် စကားတစ်လုံးတည်းကိုသာ ပြောလိုက်သော်လည်း ထိုအသံမှာ ကျယ်လောက်စွာ ပဲ့တင်ထပ်သွားပြီး ကြာနက်မြစ် တစ်လျှောက် ပျံ့လွင့်သွားခဲ့သည်။ မြစ်ပတ်ဝန်းကျင်သာမက အလှမ်းဝေးသော မြို့အချို့ရှိ အစွမ်းထက်နတ်ဆိုးများပင် ကြားလိုက်ရသည်။
ယင်းယီွမှာ ခဏမျှ မှင်တက်သွားပြီးနောက် ရက်စက်သော အပြုံးဖြင့် ရယ်မောလိုက်ကာ "ကောင်လေး၊ နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်း…"ဟု ပြောလိုက်သည်။
လုရီဖျင်သည် ကွေ့ပတ်မနေတော့ဘဲ လက်ကိုမြှောက်ကာ လက်ချောင်းတစ်ချောင်းဖြင့် တစ်ချက်တောက်လိုက်သည်။
ယင်းယွီသည် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်ခုကြောင့် လွင့်ထွက်သွားကာ ကြာနက်မြစ်ဘေးရှိ လူအုပ်ကြီးအား ကျော်ဖြတ်ပြီး ဝေးလံသော မြို့တစ်မြို့ဆီသို့ ကျည်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားတော့သည်။
ကျယ်လောက်သောအသံကြီး ထွက်ပေါ်လာပြီး ထိုအသံသည် အတော်ကြာသည်ထိ ထွက်ပေါ်နေခဲ့သည်။
ယင်းယီွ၏ ဘေးတွင် ရပ်နေခဲ့သော ကျိီလျန်းမှာ သူ့ဘေးမှလွင့်စင်သွားသည့် ယင်းယွီကို ကြည့်ကာ တုန်လှုပ်သွားမိသည်။ အဝေးမှ ကြောက်မက်ဖွယ်ရာ အသံအက်ကြီးတစ်ခုကို ကြားလိုက်ရချိန်တွင် ထပ်မံ၍ ဆွံ့အသွားရတော့သည်။
ဝေ့ချွမ် နှင့် အခြားသော သွေးနတ်ဆိုးဂိုဏ်းမှ ပုဂ္ဂိုလ်များမှာလည်း ထပ်တူပင် မှင်တက်နေကြသည်။
ကြာနက်မြစ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များစွာမှာလည်း တိတ်ဆိတ်သွားကြသည်။
"အထွတ်ထိပ်အဆင့် သူတော်စင်ဧကရာဇ်ဘုရင်ပဲ" လူအုပ်ထဲရှိ မီးနတ်ဆိုးဂိုဏ်းမှ ဘိုးဘေးတစ်ဦးသည် လုရီဖျင်ကို ကြည့်ကာ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်ပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေေတာ့သည်။
အထွတ်အထိပ် သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် အလွယ်တကူ လွင့်ထွက်အောင် လုပ်နိုင်ခြင်းမှာ တန်းတူယှဉ်ပြိုင်နိုင်သည့် အထွတ်ထိပ် သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦးသာ စွမ်းဆောင်နိုင်သည့် အရာဖြစ်သည်။
အထွတ်အထိပ် သူတော်စင်ဧကရာဇ်ဘုရင် ဆိုသည်မှာ လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ် သို့မဟုတ် လူရိုင်းမျိုးနွယ် အစရှိသည့် မျိုးနွယ်စုအားလံုးတွင် အမြင့်ဆုံး တည်ရှိမှုမျိုးဖြစ်သည်။ နတ်ဆိုးမျိုးနွယ်တွင် အင်အားကြီးအဖွဲ့အစည်းများစွာ ရှိသော်လည်း အထွတ်အထိပ် သူတော်စင်ဧကရာဇ်ဘုရင်မှာ အလွန်ပင် ရှားပါးလှသည်။
လုရီဖျင်သည် လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ရာ ဝေးလံသောမြို့ထဲသို့ ကျသွားသည့် ယင္းယီွမှာပြန်ေပါ်လာခဲ့သည်။ အားလုံးသည် ထိုအခြေနေကို ကြည့်လိုက်သောအခါ ခံ့ညားထည်ဝါပြီး စွမ်းအားကြီးမားသော ယင်းယီွသည် တစ်ကိုယ်လုံးအနှံ့ သွေးအလိမ်းလိမ်းဖြင့် သေလုမျောပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အသက်ရှူရန်ပင် ခက်ခဲနေပြီဖြစ်သည်။
ယင်းယီွ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ လူတိုင်း ထပ်မံ ထိတ်လန့်သွားကြရသည်။
အကြောင်းမှာ သာမန် အထွတ်အထိပ် သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦးပင်လျှင် အဆင့်မြင့် အထွတ်အထိပ် သူတော်စင်ဘုရင် တစ်ဦးကို ယခုမျှအထိ ဒဏ်ရာရအောင် မလုပ်နိုင်သောကြောင့်ဖြစ်သည်။
လုရီဖျင်သည် ငါးအသေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရင်ဘတ်မှာ ဖြေးညှင်းစွာ လှုပ်ရှားနေသည့် ယင်းယီွကို ကြည့်ကာ "မင်းကို ထွက်သွားလို့ ငါပြောခဲ့တယ်မလား ၊ မင်းမှာ ဘာကိစ္စဘဲရှိရှိ ငါပြောတဲ့အချိန် နားထောင်ခဲ့သင့်တာ”ဟု သတိပေးဟန်ဖြင့် ပြောလိုက်သည်။
ယင်းယွီသည် လုရီဖျင်ကို မျက်လုံး အနည်းငယ်ဖွင့်ကြည့်ကာ ကြောက်လန့်တကြားဖြင့် "ကျွန်တော်... မှားသွားပါတယ်..." ဟု ပြောရန် ကြိုးစားခဲ့သော်လည်း ပါးစပ်မှ သွေးများ ဆက်တိုက်ထွက်လာကာ လည်ချောင်းထဲတွင် တစ်နေသဖြင့် အသံထွက်မလာတော့ပေ။
ဝေ့ချွမ်နှင့် အခြားသူများမှာလည်း တုန်တုန်ရီရီ ဖြစ်နေကြတော့သည်။
"အရှင်လု ... ကျွန်တော်တို့ သွေးမိစ္ဆာဂိုဏ်းရဲ့ ဘိုးဘေးက နတ်ဆိုးဘိုးဘေးသခင်ရဲ့ လက်အောက်ခံတပည့်ပါ၊ နတ်ဆိုးဘိုးဘေးသခင်ကြီးကို ထောက်ထားပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ" ဟု ဝေ့ချွမ်က တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။
လုရီဖျင်သည် ထိုစကားကြားသောအခါ လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ တည်ငြိမ်နေသော်လည်း ဝေ့ချွမ်နှင့် သွေးနတ်ဆိုးဂိုဏ်းမှ ဘိုးဘေးများမှာမူ ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကျိီလျန်း၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ကျိီလျန်း၏ ခန္ဓာကိုယ်ထဲရှိ အေးခဲအဆိပ်အများစုမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ခန္ဓာကိုယ်တွင် မည်သည့်မူမမှန်မှုကိုမျှ မခံစားရသော်လည်း ယခုမူ တစ်ကိုယ်လုံး စိမ့်တက်လာကာ ခန္ဓာကိုယ်ထဲရှိ အဆိပ်များမှာ ပြန်လည်သောင်းကျန်းလာသကဲ့သို့ ခံစားနေရသည်။
"ယင်ဖုန်းလား" လုရီဖျင်က လှောင်ပြုံးပြုံးလိုက်သည်။
ဝေ့ချွမ်သည် လုရီဖျင်ကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ "ဟုတ်ပါတယ် ၊ ကျွန်တော်တို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး ယင်ဖုန်းက နတ်ဆိုးဘိုးဘေးသခင်ကြီးရဲ့ လက်အောက်ခံ စစ်သူကြီးတစ်ဦးပါ" ဟု ဖြေလိုက်သည်။
သို့သော်လည်း သူ ထိုသို့ပြောပြီးသည်နှင့် လုရီဖျင်သည် ဖမ်းဆီးထားသော ယင်းယီွအား အားဖြင့်ညှစ်လိုက်သည်ကို မြင်လိုက်ရပြီး နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ဝေ့ချွမ်နှင့် သွေးနတ်ဆိုးဂိုဏ်းမှ အစွမ်းထက်သူများ မျက်နှာပျက်သွားကြသည်။
"နတ်ဆိုးဘိုးဘေးရဲ့ လက်အောက်ခံ စစ်သူကြီးဆိုတော့ရော ဘာဖြစ်လဲ…" လုရီဖျင်၏ အသံမှာ အေးဆေးလွန်းလှသည်။
"မင်းစကားက ရိုင်းလှချည်လား…" ထိုစဉ် လေထုကို ခွင်းလာသော အသံတစ်ခုနှင့်အတူ ခရမ်းရောင်မီးလျှံများ ဝန်းရံထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ထိုသူသည် ခရမ်းရောင် နတ်ဆိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ချပ်ဝတ်ပေါ်တွင် ရှေးဟောင်းဒဏ္ဍာရီလာ သားရဲအမျိုးမျိုးကို ပုံဖော်ထားသည်။
"သခင်ကြီး ကျစ်ချီ" ဝေ့ချွမ်နှင့် သွေးနတ်ဆိုးဂိုဏ်းသားများမှာ ထိုသူကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြပြီး ရှေ့သို့တိုးကာ အရိုအသေပေးခဲ့ကြသည်။
အဝေးရှိ လူအုပ်ကြီးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ချမ်းကျစ်ချီသည် ယင်ဖုန်း၏ သစ္စာပြုညီအစ်ကိုဖြစ်ပြီး နတ်ဆိုးဘိုးဘေး လော့ဟူ၏ လက်အောက်ခံ စစ်သူကြီးများထဲမှ တစ်ဦးလည်း ဖြစ်သည်။ သို့သော် ချမ်းကျစ်ချီ၏ အစွမ်းမှာ ယင်ဖုန်းထက် များစွာသာလွန်ပြီး ဝိညာဉ်စွမ်းအား ၁၄ ဘီလီယံထိရှိသည့် တိုက်ခိုက်ရေး သူတော်စင်ဧကရာဇ်ဘုရင်တစ်ဦး ဖြစ်သည်။
ထို့ကြောင့်ပင် ဝေ့ချွမ်နှင့် လူအုပ်ထဲရှိ နတ်ဆိုးများမှာ ချမ်းကျစ်ချီ ရောက်လာသည်ကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားကြခြင်းဖြစ်သည်။
ချမ်းကျစ်ချီသည် ဝေ့ချွမ်နှင့် အခြားသူများကို ထခိုင်းလိုက်ပြီး "မလိုဘူး၊ ငါ ဒီနားကနေ ဖြတ်သွားရင်း သတင်းကြားလို့ ရောက်လာတာ" ဟု ပြောလိုက်သည်။
"သခင်ကြီး ကျစ်ချီ... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ သွေးနတ်ဆိုးသခင် ယင်းယီွကို ကယ်တင်ပေးပါဦး" ဟု ဝေ့ချွမ်က အသနားခံလိုက်သည်။
ချမ်းကျစ်ချီက "ငါ အကြောင်းစုံ ကြားထားပြီးပြီ၊ စိတ်မပူနဲ့၊ ငါ ဒီမှာရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး" ဟု ဆိုလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများသည် လုရီဖျင်ထံ ကျရောက်သွားခဲ့ပြီး သွေးအိုင်ထဲတွင် လဲနေသော ယင်းယီွကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် "သူ့ကို လွှတ်လိုက်စမ်း…"
သူ၏ အမိန့်သံမှာ ငြင်းဆန်ရန် မဖြစ်နိုင်သကဲ့သို့ပင်ဖြစ်သည်။
လုရီဖျင်သည်လည်း ထိုအသံကို ကြားသောအခါ ပြုံးလိုက်ပြီး "မင်းပြောပုံအရဆိုရင် မင်းကိုယ်မင်း နတ်ဆိုးဘိုးဘေး လော့ဟူ လို့ ထင်မှတ်နေပုံဘဲ" ဟု ဆိုလိုက်သည်။
လုရီဖျင်၏ လှောင်ပြောင်မှုကို ကြားသောအခါ ချမ်းကျစ်ချီ၏ မျက်နှာ ပျက်သွားခဲ့သည်။ သူသည် လုရီဖျင်ထံ လျှောက်သွားကာ ခေါင်းပေါ်တွင် တိမ်တိုက်များ ဖြစ်ပေါ်လာစေပြီး လုရီဖျင်ကို သတ်ဖြတ်ရန် လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
လက်သီးဖြင့် ထိုးနှက်လာသော ချမ်းကျစ်ချီကို ကြည့်ပြီး လုရီဖျင်သည် မည်သည့် တုံ့ပြန်မှုမျှ မလုပ်ဘဲ ငြိမ်နေချဲ့ေသာ်လည်း သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချမ်းကျစ်ချီ၏ လက်သီးမှာ လုရီဖျင်၏ ခန္ဓာကိုယ်ေပါ်ရှိ လမ်းစဉ်အလင်းတန်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ် တန်ပြန်အားတစ်ခု ပေါ်ထွက်လာရာ ချမ်းကျစ်ချီမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ အဝေးသို့ ထပ်ခါတလဲလဲ လွင့်ထွက်သွားရတော့သည်။ သူ၏နောက်ကွယ်ရှိ ဝေ့ချွမ်နှင့် သွေးနတ်ဆိုးဂိုဏ်းသားများမှာလည်း မရှောင်နိုင်ဘဲ အားလုံး လွင့်ထွက်ကုန်ကြသည်။
နောက်ဆုံးတွင် ချမ်းကျစ်ချီသည် အဝေးရှိ လူအုပ်ထဲသို့ ဝင်တိုက်မိကာ လူအုပ်ကြီးကို နှစ်ခြမ်းကွဲသွားစေပြီး အဝေးမှ တောင်ကတုံးတစ်ခုပေါ်သို့ အရှိန်ဖြင့် ကျသွားေလသည်။
ထိုကုန်းတောင်မှာ အပိုင်းပိုင်းအစစ ကြေမွသွားပြီး ဖုန်မှုန့်များ ထပွသွားတော့သည်။
လွင့်ထွက်သွားပြီးနောက် ဝေ့ချွမ် နှင့် သွေးနတ်ဆိုးဂိုဏ်းမှ အခြားအစွမ်းထက်သူများသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားကြသည်။ ထို့နောက် ပြန်ထလာချိန်တွင် တောင်ကုန်းကြီးအား တွင်းကြီးဖြစ်အောင် တိုက်မိသွားသည့် ချမ်းကျစ်ချီ ကို ကြည့်ကာ သူတို့၏မျက်လုံးများမှာ မှင်တက်အံ့အားသင့်နေကြတော့သည်။
ချမ်းကျစ်ချီ ရောက်ရှိလာမှုကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသော နတ်ဆိုးအစွမ်းထက်ပညာရှင်များမှာလည်း ကျောက်ရုပ်များသဖွယ် တောင့်တင်းသွားကြသည်။
အချို့သော နတ်ဆိုးများမှာ လုရီဖျင်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြရသည်။
သို့သော် လုရီဖျင်၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
အတော်ကြာသည်အချိန်မှ ချမ်းကျီချင်းသည် ကျင်းထဲမှ ပြန်ထလာသော်လည်း သူ မတ်တပ်ရပ်လိုက်သည်နှင့် လုရီဖျင်၏ တောက်လိုက်သော လက်ချောင်းတစ်ချက်ကြောင့် ထပ်မံလွင့်ထွက်သွားခဲ့ပြန်သည်။
ထိုလက်ချောင်းတစ်ချက်မှာ ချမ်းကျစ်ချီကို ကောင်းကင်ပေါ်သို့ တိုက်ရိုက်လွင့်တက်သွားစေခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်ယံထက်၌ ပျောက်ကွယ်သွားတော့သည်။
တိုက်ပွဲဖြစ်ပွားရာနေရာရှိ နတ်ဆိုးအစွမ်းထက်ပညာရှင်များမှာ ခေါင်းမော့ကြည့်နေခဲ့ကြသည်။
ကောင်းကင်ယံထက်တွင် နတ်ဆိုးတိမ်တိုက်များ လွင့်မျောနေေတာ့သည်။
မှိန်ဖျော့ဖျော့ နေရောင်ခြည်သည်ပင်လျှင် အလွန်တရာ စူးရှနေသကဲ့သို့ ခံစားရေစခဲ့သည်။
အတော်ကြာသည်အချိန်မှ လူတိုင်းသည် ကောင်းကင်ပေါ်မှ ပြန်လည်ကျလာသော ချမ်းကျစ်ချီကို မြင်လိုက်ရေလသည်။
ချမ်းကျစ်ချီ မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ မြေပြင်ကြီးမှာ အက်ကွဲသွားတော့သည်။
လုရီဖျင်သည် ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ချမ်းကျစ်ချီ၏ ရှေ့သို့ ရောက်ရှိသွားေလသည်။
ချမ်းကျစ်ချီသည် လုရီဖျင်ကို မော့ကြည့်လိုက်ချိန် သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေေတာ့သည် "မင်း... မင်းက ဘယ်သူလဲ"
"ဝိညာဉ်စွမ်းအား ၁၄ ဘီလီယံလား၊ ဒါက မဆိုးပါဘူး၊ အတော်အသင့်တော့ ရှိသားပဲ" လုရီဖျင်သည် ချမ်းကျစ်ချီကို ကြည့်ကာ ပြောလိုက်သည်။
သူသည် လမ်းစဉ်ဘိုးဘေး အဆင့်သို့ တက်လှမ်းရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ အလွန်ကြီးမားသော စွမ်းအင်များကို ဝါးမြိုရန် လိုအပ်နေပြီး၊ ချမ်းကျစ်ချီ၏ လမ်းစဉ်အသီးအပွင့် သည် သူ့အတွက် အတော်အသင့် လုံလောက်မှုရှိပေသည်။
ချမ်းကျစ်ချီသည် လုရီဖျင်၏ စကားများကို ကြားေသာအခါ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လုရီဖျင်သည် သူ၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ သူ၏လမ်းစဉ်စွမ်းအားနှင့် သူတော်စင်စွမ်းအားတို့ကို ချိပ်ပိတ်လိုက်ပြီး ချမ်းကျစ်ချီ နှင့် ယင်းယီွတို့ကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ဝေ့ချွမ်နှင့် အခြားသူများ သတိပြန်ဝင်လာချိန်တွင် လုရီဖျင်တို့ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။
အရာအားလုံးသည် မြန်ဆန်လွန်းလှသဖြင့် လူတိုင်းမှာ မည်သို့တုန့်ပြန်ရမည်ကို မသိခဲ့ကြပေ။"မြန်မြန်... နတ်ဆိုးနန်းတော်ကို ဆက်သွယ်ကြစမ်း၊ နတ်ဆိုးဘိုးဘေးသခင်ကြီးကို အမြန်သတင်းပို့လိုက်ကြ" ဝေ့ချွမ်သည် သတိဝင်လာပြီး အသည်းသန် အော်ဟစ်လိုက်တော့သည်။
***