လုရီဖျင်သည် ချမ်းကျစ်ချီ နှင့် ယင်းယွီ တို့ကို ဖမ်းဆီးလိုက်သည့်သတင်းမှာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့သည်။
ဟေးလျန်မြစ်မှ မိုင်ပေါင်းသန်းချီဝေးကွာသော တောင်တန်းတစ်ခုပေါ်တွင် နန်းတော်အစုအဝေးတစ်ခု တည်ရှိသည်။ ထိုနေရာရှိ ချောင်းမျိုးနွယ်ဝင် မိစ္ဆာများသည် နန်းတော်အထက်တွင် တင်ပျဉ်ခွေထိုင်ကာ မိစ္ဆာစွမ်းအင်များကို စုပ်ယူကျင့်ကြံနေကြသည်။
ထိုနန်းတော်စုမှာ မိစ္ဆာမျိုးနွယ်စုတို့၏ သန့်စင်သောမြေဖြစ်သည့် မိစ္ဆာနန်းတော်ပင် ဖြစ်သည်။
နန်းတော်အစုအဝေး၏ ဗဟိုချက်မ ခန်းမဆောင်ကြီးအတွင်း၌ မင်အိုးကဲ့သို့ မည်းနက်နေသော မိစ္ဆာဘိုးဘေး လော့ဟူသည် အနက်ရောင်ကြာပန်းကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ လော့ဟူ၏ ရှေ့မှောက်တွင် အလွန်အရပ်ရှည်သော နွားဦးခေါင်းလူသားတစ်ဦးသည် ခေါင်းငုံ့ကာ ရှိနေခဲ့သည်။
ထိုသူမှာ နျိုဟောင် ဖြစ်ပြီး လော့ဟူ၏ လက်အောက်တွင် အားအကောင်းဆုံး စစ်သူကြီးဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ၁၉ ဘီလီယံရှိသော တိုက်ပွဲဝင် သူတော်စင်ဧကရာဇ်ဘုရင် အဆင့်ဖြစ်သည်။ နျိုဟောင်သည် လော့ဟူ၏ ညာလက်ရုံးဖြစ်ပြီး ပုံမှန်အားဖြင့် လော့ဟူ၏ ကျင့်ကြံမှုအတွက် အနားယူနေချိန်တွင် သူကပင် မိစ္ဆာမျိုးနွယ်စုကို ဦးစီးကွပ်ကဲခဲ့သူဖြစ်သည်။
“အရှင်၊ ဒီတစ်ခေါက် အနားယူပြီး အကန့်အသတ်မဲ့ မိစ္ဆာလမ်းစဉ်ကို လေ့လာတာ အဆင်ပြေရဲ့လား” ဟု နျိုဟောင်က လော့ဟူကို ဂရုတစိုက်နှင့် ရိုသေစွာ မေးမြန်းလိုက်သည်။
လော့ဟူက ခေါင်းခါပြလိုက်ပြီး သူ၏အသံမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ပင် “ခက်ခဲတယ်…”ဟု ပြန်ပြောခဲ့သည်။
“တကယ်တော့ အရှင်မင်းကြီးရဲ့ အစွမ်းနဲ့ဆိုရင် အကန့်အသတ်မဲ့ မိစ္ဆာလမ်းစဉ်ကို နားမလည်သေးရင်တောင် လုံချိန် နဲ့ လူရိုင်းဘိုးဘေးက အရှင့်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ေသးပါဘူး” ဟု နျိုဟောင်က ပြောလိုက်သည်။
လော့ဟူသည် တစ်ဖက်သို့ လှမ်းကြည့်လိုက်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းတစ်ခုကို ပြန်လည်အမှတ်ရရင်း “မင်း နားမလည်ပါဘူး” ဟု ဆိုလိုက်သည်။
လော့ဟူက ထပ်မံပြောကြားသည်မှာ “တကယ်တော့ ဒီလောကထဲမှာ ငါရယ်၊ လုံချိန်းရယ်၊ ယဲ့ဝူချန်းနဲ့ လူရိုင်းဘိုးဘေးတွေတင် ရှိတာမဟုတ်ဘူး”
နျိုဟောင် တုန်လှုပ်သွားပြီး “အရှင်၊ ဆိုလိုတာက ဒီလောကမှာ တခြားသော တာအိုဘိုးဘေးတွေ ရှိေနေသးတယ်လို့လား ”ဟု ပြောလာခဲ့သည်။
လော့ဟူကလည်း စိုက်ကြည့်လိုက်သည်။ နျိုဟောင်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းရဲ့ အတွေးတွေက တိုးတက်လာသားပဲ” ဟု ဆိုလိုက်သည်။ နျိုဟောင်သည် ထိုစကားကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
ထိုစဉ် လော့ဟူ၏ အခြားစစ်သူကြီးတစ်ဦးဖြစ်သော ချင်းပိုင်သည် အလျင်အမြန် ဝင်ရောက်လာခဲ့ပြီး လော့ဟူကို ဦးညွှတ်ကာ အစီရင်ခံလိုက်သည်။
“မိစ္ဆာအရှင်သခင်၊ ကြာနက်မြစ်မှာ ချမ်းကျစ်ချီ အတိုက်ခိုက်ခံနေရတဲ့ သတင်း အခုလေးတင် ရောက်လာပါတယ်”
ထိုသတင်းကြောင့် လော့ဟူနှင့် နျိုဟောင်တို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
“ဘာကိစ္စလဲ” ဟု လော့ဟူ သံသယဖြင့် မေးလိုက်သည်။
“ချမ်းကျစ်ချီကို ဟေးလျန်မြစ်မှာ တစ်ယောက်ယောက်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” ဟု ချင်းပိုင်က အမြန်ပြောလိုက်သည်။
“ဖမ်းဆီးခေါ်ဆောင်သွားတယ်” နျိုဟောင်လည်း အံ့သြသွားခဲ့သည်။ “လူရိုင်းမျိုးနွယ်တွေ လုပ်တာလား”
“အဲ့လိုေတာ့ မဟုတ်ပါဘူး” ချင်းပိုင်က ဆက်ပြောခဲ့သည်မှာ “မျက်မြင်သက်သေတွေ ပြောအရဆိုရင်ေတာ့ တစ်ဖက်လူရဲ့ မိစ္ဆာစွမ်းအင်က လူရိုင်းမျိုးနွယ်တွေနဲ့ မတူဘူး” ထို့နောက် လုရီဖျင်နှင့် သွေးမိစ္ဆာဂိုဏ်း တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခအကြောင်းကို ပြောပြလိုက်သည်။
“အင်္ကျီအပြာနဲ့ လူငယ်လား...” နျိုဟောင် မျက်မှောင်ကြုတ်လိုက်ပြီး လော့ဟူကို ကြည့်ကာ “မိစ္ဆာအရှင်သခင်၊ ဒါကို ဘယ်လိုမြင်ပါသလဲ”ဟုမေးလိုက်သည်။
လော့ဟူကလည်း တည်ကြည်စွာဖြင့် မိန့်ကြားလိုက်သည်။ “ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်၊ အစွမ်းကုန်သုံးပြီး အဲ့ဒီလူငယ်ကို ရှာေဖွပြီး ငါ့ဆီ ခေါ်လာခဲ့ကြ”
နျိုဟောင်နှင့် ချင်းပိုင်တို့သည် နာခံကြောင်း ဖြေကြားပြီး ပြန်လည်ထွက်ခွာသွားကြသည်။
ထိုအချိန်တွင် လုရီဖျင်သည် ချမ်းကျစ်ချီ နှင့် ယင်းယွီတို့ကို ဖမ်းဆီးပြီးနောက် နေရာတစ်ခုကို ရှာဖွေကာ သူ၏ အောင်မြင်မှုအစွမ်းဖြင့် ၎င်းတို့ကို တိုက်ရိုက် ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် လုရီဖျင်သည် ဘိုးဘေးမိစ္ဆာမြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ဘိုးဘေးမိစ္ဆာမြို့တော်သည် မိစ္ဆာမျိုးနွယ်စု၏ အကြီးဆုံးမြို့ကြီးများထဲမှ တစ်မြို့ဖြစ်ပြီး မိစ္ဆာဘိုးဘေး လော့ဟူ ပထမဆုံး တည်ထောင်ခဲ့သည့် မြို့ေတာ်လည်း ဖြစ်သည်။ ထိုမြို့ေတာ်သည် မိစ္ဆာနန်းတော်နှင့် အလွန်နီးကပ်ပြီး ကပ်လျက်တည်ရှိနေသည်ဟုပင် ဆိုနိုင်သည်။
ဘိုးဘေးမိစ္ဆာမြို့တော်မှ မြောက်ဘက်သို့ မိုင်တစ်သန်းပင် မပြည့်နိုင်သော အကွာအဝေးတွင် မိစ္ဆာနန်းတော် ရှိသည်။
လော့ဟူ အမိန့်ကြောင့် မိစ္ဆာနယ်မြေအတွင်းရှိ မြို့ကြီးများတွင် ကင်းလှည့်နေသော စစ်တပ်များစွာ ရှိနေခဲ့သည်။ သို့သော် လုရီဖျင်အတွက်မူ ထိုမိစ္ဆာစစ်တပ်များသည် အသုံးမဝင်ချေ။
လုရီဖျင်သည် ထိုစစ်တပ်များ၏ ရှေ့တည့်တည့်မှ လျှောက်သွားလျှင်ပင် ၎င်းတို့မှာ သူရှိနေကြောင်းကို အာရုံခံနိုင်စွမ်း မရှိကြပေ။
လုရီဖျင်သည် နောက်ဆုံးကျန်ရှိသော ကံကြမ္မာ ကျောက်စိမ်းချပ်မှာလည်း ထိုမိစ္ဆာနယ်မြေအတွင်း၌ပင် ရှိနေသည်ဟု ခံစားမိသဖြင့် သတင်းအချက်အလက် စုံစမ်းရန် ဘိုးဘေးမိစ္ဆာမြို့တော်ရှိ ထျန်းပေ့ ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိလာခဲ့သည်။
ထျန်းပေ့ ကုန်သည်ကြီးများအသင်းမှာ မိစ္ဆာမျိုးနွယ်စုတွင် အကြီးဆုံးဖြစ်ပြီး ၎င်း၏ ဌာနချုပ်မှာ ဘိုးဘေးမိစ္ဆာမြို့တော်၌ တည်ရှိေပသည်။
အသင်းသို့ ရောက်ရှိလာပြီးနောက် လုရီဖျင်သည် စကားအပိုမပြောဘဲ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံလိုကြောင်း ခန်းမတာဝန်ခံကို ပြောကြားလိုက်သည်။ တာဝန်ခံသည် လက်စွပ်အတွင်း၌ ကမ္ဘာဦီးစွမ်းအင် ပေါင်း ၁၀,၀၀၀ ခန့် ရှိနေသည်ကို မြင်လိုက်ရသောအခါ အလွန်တရာ တုန်လှုပ်သွားတော့သည်။
မကြာမီမှာပင် လုရီဖျင်သည် ထျန်းပေ့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
လုရီဖျင်မှ ကံကောင်းခြင်း ကျောက်စိမ်းချပ်အကြောင်း စုံစမ်းလိုသည်ဟု သိလိုက်ရသောအခါ ဥက္ကဋ္ဌမှာ သိသိသာသာ အံ့အားသင့်သွားေတာ့သည်။ သူသည် လုရီဖျင်ကို စိုက်ကြည့်ရင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက်
“ကျွန်တော် ကံကောင်းခြင်း ကျောက်စိမ်းချပ်တစ်ခုရဲ့ သတင်းကိုတော့ သိထားပါတယ်။ ဒါပေမဲ့ အဲဒီသတင်းက အမှန်လား၊ အမှားလားဆိုတာတော့ မသေချာဘူး” ဟု ဆိုလိုက်သည်။
လုရီဖျင်လည်း စိတ်လှုပ်ရှားသွားပြီး “ဥက္ကဋ္ဌယန်၊ ကျေးဇူးပြုပြီး ပြောပြပေးပါ။ ဒီသတင်းက အမှန်ဖြစ်ဖြစ်၊ အမှားဖြစ်ဖြစ် ဒီ ဟုန့်မုန် စွမ်းအင် ၁၀,၀၀၀ က ခင်ဗျားအပိုင်ပါပဲ”ဟုပြောလိုက်သည်။
ဥက္ကဋ္ဌသည် ထိုစွမ်းအင်များကို တစ်ချက်ကြည့်ကာ စဉ်းစားပြီးနောက် “တကယ်တော့ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး၊ အဲဒီတုန်းက လူတော်တော်များများ သိခဲ့ကြတဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းက မိစ္ဆာအရှင်သခင် လော့ဟူက ကြာနက်မြစ်ထဲကို ဝင်ရောက်သွားခဲ့ဖူးတယ်”ဟု ပြောလိုက်သည်။
လုရီဖျင်လည်း အံ့သြသွားခဲ့ပြီး “အဲ့ေတာ့ အခု ကံကောင်းခြင်း ကျောက်စိမ်းချပ်က မိစ္ဆာဘိုးဘေးရဲ့ လက်ထဲမှာ ရှိနေတာလား”ဟု မေးလိုက်သည်။
ဥက္ကဋ္ဌမှာ လုရီဖျင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး “ဟုတ်ပါတယ်၊ မိစ္ဆာအရှင်သခင်က ကြာနက်မြစ်ထဲကို ဝင်ပြီး ရတနာတစ်ခု ရခဲ့တယ်။ တချို့ကတော့ အဲဒါက ကံေကာင်းခြင်းကျောက်စိမ်းချပ်လို့ ပြောကြတယ်။ ဒါပေမဲ့ တချို့ကတော့ အဲဒါက ကမ္ဘာဦးအဆင့် အနက်ရောင်ကြာပန်းရဲ့ ကြာစေ့ လို့လည်း ပြောကြတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
“အဲ့ဒါကြောင့် မိစ္ဆာအရှင်သခင် အဲဒီတုန်းက ရခဲ့တာ ဘယ်လိုရတနာမျိုးလဲဆိုတာ ကျွန်တော်လည်း အသေအချာ မပြောနိုင်ဘူး”
ခဏအကြာတွင် လုရီဖျင်သည် ဟုန့်မုန်စွမ်းအင် ၁၀,၀၀၀ ကို ထားရစ်ခဲ့ကာ ထျန်းပေ့ ကုန်သည်ကြီးများအသင်း ဌာနချုပ်မှ ထွက်ခွာပြီး မိစ္ဆာနန်းတော်သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ သတင်းမှာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ သူ မိစ္ဆာနန်းတော်သို့ သွားရန် လိုအပ်ေပသည်။
မိစ္ဆာနန်းတော်သို့ ရောက်ရှိသောအခါ လုရီဖျင်သည် သူ၏ အသက်ရှူသံနှင့် စွမ်းအင်များကို ဂရုတစိုက် ထိန်းချုပ်လိုက်ေလသည်။ သူသည် တာအိုလမ်းစဉ်ပေါင်း သုံးထောင်ထဲမှ အချိန်နှင့် ဟင်းလင်းပြင် လမ်းစဉ် တာအိုကို အသုံးပြုကာ အချိန်နှင့် နေရာကို ပြောင်းလဲပြီး တားမြစ်ချက် အစီအမံများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ကာ မိစ္ဆာနန်းတော်၏ အနက်ရှိုင်းဆုံးဆီသို့ တဖြည်းဖြည်း ပျံသန်းဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကံေကာင်းခြင်း ကျောက်စိမ်းချပ်၏ တုံ့ပြန်မှုများကိုလည်း အာရုံခံနေခဲ့သည်။
မိစ္ဆာနန်းတော်မှာ လုံချိန်း၏ ချောင်းမြို့တော် ကဲ့သို့ပင် အလွန်တရာ ကြီးမားလှပြီး အစွမ်းထက် ကျင့်ကြံသူများစွာလည်း ရှိနေေပသည်။ ထို့ကြောင့် လုရီဖျင်သည် အစွမ်းကုန် သတိထားနေခဲ့ရသည်။
အတားအဆီးများကို ကျော်ဖြတ်ပြီး နန်းတော်အတွင်း ကင်းလှည့်နေသော မိစ္ဆာစစ်သည်များကို ရှောင်ရှားပြီးနောက် လုရီဖျင်၏ ကိုယ်တွင်းရှိ ကံကောင်းခြင်း ကျောက်စိမ်းချပ်မှာ ရုတ်တရက် တုန်ခါလာခဲ့သည်။
လုရီဖျင် ရပ်တန့်သွားပြီးေနာက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ လော့ဟူ ဟေးလျန်မြစ်ထဲတွင် ရရှိခဲ့သည့်အရာမှာ အမှန်တကယ်ပင် ကံကြမ္မာ ကျောက်စိမ်းချပ် ဖြစ်နေခဲ့သည်။ အမှန်စင်စစ် ကုန်သည်ကြီးများအသင်းမှ ထွက်လာချိန်ကတည်းက လော့ဟူရခဲ့သည့်အရာမှာ ကမ္ဘာဦးအဆင့် ကြာစေ့မဟုတ်နိုင်ကြောင်း သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။
လုရီဖျင် အာရုံခံကြည့်လိုက်ရာ ထိုကျောက်စိမ်းချပ်မှာ လော့ဟူ ပုံမှန်ကျင့်ကြံလေ့ရှိသော နန်းဆောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေကြောင်း သိလိုက်ရသည်။ သူသည် သူ၏ ဝိညာဉ်အာရုံနှင့် မိုးကြိုးပြစ်ဒဏ် မျက်လုံးကို ဖွင့်လှစ်ကာ လော့ဟူ၏ ကျင့်ကြံဆောင်သို့ ဂရုတစိုက် ချဉ်းကပ်သွားခဲ့သည်။
လော့ဟူ၏ နန်းဆောင်တွင် အစောင့်အရှောက်များ မရှိသော်လည်း တားမြစ်ချက် အစီအမံများမှာ အတောင့်တင်းဆုံး ဖြစ်နေခဲ့သည်။ ထိုနေရာတွင် ကမ္ဘာဦးအဆင့် မဟာအစီအမံ နှစ်ခုပင် ရှိနေသည်။ ထိုချိန် လော့ဟူမှာလည်း နန်းဆောင်အတွင်း ရှိမနေပေ။ ကြိုးစားေကျာ်ဖြတ်ပြီးနောက် လုရီဖျင်သည် အစီအမံများကို ကျော်ဖြတ်ကာ နန်းဆောင်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
နန်းဆောင်အတွင်း၌ ကျောက်စိမ်းသေတ္တာတစ်လုံးရှိေနပြီး နောက်ဆုံးကျန်ရှိသော ကံကောင်းခြင်း ကျောက်စိမ်းချပ်မှာ ထိုသေတ္တာထဲတွင် ရှိနေေပသည်။ ကျောက်စိမ်းသေတ္တာတွင် လော့ဟူကိုယ်တိုင် ချမှတ်ထားသော တားမြစ်ချက်ရှိနေသဖြင့် ကျောက်စိမ်းချပ်မှာ သေတ္တာထဲမှ ရုန်းမထွက်နိုင်ဘဲ လုရီဖျင်၏ လက်ထဲသို့ အလိုအလျောက် ပျံဝင်မလာနိုင်ခြင်းပင် ဖြစ်သည်။
လုရီဖျင်သည်လည်း ကျောက်စိမ်းသေတ္တာအနားသို့ ရောက်သွားခဲ့သည်။ သူသည် သေတ္တာပေါ်ရှိ တားမြစ်ချက်ကို ဂရုတစိုက် ဖယ်ရှားနေစဉ်မှာပင် မိစ္ဆာဘိုးဘေး လော့ဟူသည် အစည်းအဝေးခန်းမမှ ထွက်ခွာလာပြီး ကျင့်ကြံဆောင်ရှိရာသို့ ပြန်လည်ပျံသန်းလာနေခဲ့ပြီ ဖြစ်သည်။
လော့ဟူ၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် လုရီဖျင်သည် သူ၏ လှုပ်ရှားမှုများကို မဖြစ်မနေ အရှိန်မြှင့်လိုက်ရတော့သည်။
***