နျိုဟောင်၊ ချင်းပိုင် နှင့် အခြားသူများမှာ လိုက်မမှီနိုင်တော့ဘဲ နောက်ဆုံးတွင် ဒေါသတကြီးဖြင့် မိစ္ဆာနန်းတော်သို့သာ ပြန်သွားကြရလေသည်။
လုရီဖျင်သည် မိမိနောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေသော မိစ္ဆာဘိုးဘေး လော့ဟူကို အာရုံခံမိသဖြင့် မျက်မှောင်ကြုတ်သွားသော်လည်း ဂရုမစိုက်ခဲ့ပေ။ သူ၌ ကျင့်ကြံမှုအောင်မြင်မှုများအပြင် ချောင်းခေါင်းလောင်း နှင့် ရွှမ်ဟွမ်း ကျောက်မျက်တာဝါတို့ရှိနေသဖြင့် လော့ဟူအနေဖြင့် သူ၏ခုခံမှုကို မည်သို့မျှ မချိုးဖောက်ပဲ့နိုင်ပေ။
လုရီဖျင်သည် မိစ္ဆာနယ်မြေမှ ထွက်ခွာမသွားဘဲ မိစ္ဆာနယ်မြေအတွင်း၌သာ လှည့်ပတ်ပျံသန်းနေခဲ့သည်။လော့ဟူလိုက်လံဖမ်းဆီးနေသည်ကို သိသဖြင့် လုရီဖျင်သည် သူ့လမ်းကြောင်းကိုပြောင်းကာ လော့ဟူအား ပြန်လည်၍ ဆော့ကစားနေခဲ့တော့သည်။
လုယီဖင် ပြောသကဲ့သို့ပင် လော့ဟူသည် အားကောင်းသော်လည်း လုရီဖျင်ကို မည်သို့မျှ ဒဏ်ရာမရစေနိုင်ပေ။ ၎င်းမှာ ယခင်က လုံချိန် နှင့် လုရီဖျင်တို့ တိုက်ခိုက်စဉ်ကအတိုင်းပင် ဖြစ်သည်။
လုံချိန်တွင် တာအိုဘိုးဘေး အင်အား သန်း ၁၀၀ ရှိပြီး၊ လော့ဟူပင် လုံချိန်ထက် သန်မာသော်လည်း သူ၏ တာအိုဘိုးဘေးအင်အားမှာ သန်း ၂၀၀ ခန့်သာ ရှိေပသည်။
သူတို့နှစ်ဦးသည် တိုက်ခိုက်ရင်း ခရီးဆက်ရင်းဖြင့် သွားလာနေကြေလသည်။
၎င်းတို့နှစ်ကြား တိုက်ပွဲ၏ ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် မိစ္ဆာမျိုးနွယ်စု နယ်မြေတစ်ခုလုံးသို့ ဆက်တိုက် ရိုက်ခတ်နေခဲ့သည်။ ၎င်းတို့နှစ်ဦး တိုက်ခိုက်နေစဉ်အတွင်း မိစ္ဆာမြို့တော်များသည်လည်း ချေဖျက်ခံလိုက်ရသည်။ အစွမ်းထက်သော မိစ္ဆာများသည်လည်း ထိတ်လန့်တကြား ထွက်ပြေးကြရသည်။
နာရီဝက်မပြည့်မီအချိန်အတွင်းမှာပင် မိစ္ဆာနယ်မြေတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ထိုသို့ဖြင့်
နောက်မှ လိုက်နေသော လော့ဟူ၏ မျက်နှာမှာ ပို၍ပို၍ မှိုင်ညှို့လာခဲ့သည်။
ထိုမှသာ လုရီဖျင်သည် ရည်ရွယ်၍ပင် မိစ္ဆာနယ်မြေကို ရွေးချယ်ပြီး သွားလာနေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် လော့ဟူသည် လုရီဖျင်၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး နှစ်ဦးသား ရပ်တန့်သွားကြေတာ့သည်။
"လုရီဖျင်၊ ကံကောင်ခြင်း ကျောက်စိမ်းပြားကို ငါ့ဆီပြန်အပ်စမ်း" လော့ဟူ၏ မျက်လုံးများမှာ အေးစက်နေခဲ့သည်။ "အဲ့လိုမှမဟုတ်ရင် မိစ္ဆာတွေမျိုးနွယ်စုက လူသားမျိုးနွယ်ကို စစ်ခင်းပြီး မင်းရဲ့ လုမိသားစုကို အမြစ်ပြတ်အောင် ဖျက်ဆီးပစ်ရလိမ့်မယ်"
လုရီဖျင်က လှောင်ပြုံးပြုံးကာ "ငါ့ကို လုမိသားစုက နှင်ထုတ်ပြီးသားပဲ။ အခု လုမိသားစုနဲ့ ငါနဲ့က ဘာမှမပတ်သက်တော့ဘူး" ဟု ပြန်ပြောလိုက်သည်။
လော့ဟူ၏ မျက်နှာမှာ ပို၍ညိုမှောင်သွားကာ မျက်ဝန်းထဲတွင် ဒေါသများ တောက်လောင်လာေတာ့သည် "ဒါပေမဲ့ မင်းမှာ ညီမလေးတစ်ယောက် ရှိသေးတယ်မဟုတ်လား။ ငါ မင်းညီမကို ရှာပြီး သေရမှာထက် ဆိုးတဲ့ဒုက္ခကို ပေးမယ်ဆိုရင်ရော…"
ထိုအချိန်တွင် လုရီဖျင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်ဖြစ်သည်။ "မင်းရဲ့ မိစ္ဆာတွေက ငါ့ညီမကို အခုအချိန်မှာ ရှာတွေ့နိုင်မယ်လို့ တကယ်ထင်နေတာလား"
လော့ဟူမှာ စကားပင်ဆွံ့သွားရသည်။
လုရီဖျင်က ခဏမျှ စဉ်းစားပြီး "ဟုန့်မုန်စွမ်းအင် တစ်သိန်း" ဟု ပြောလိုက်သည်။
လော့ဟူ အံ့အားသင့်သွားပြီး မျက်ဝန်းများ ဝေဝါးမှုများဖြတ်ေပြးသွားသည်။ လုရီဖျင် ဆိုလိုသည်မှာ ဟုန့်မုန်စွမ်းအင် တစ်သိန်းဖြင့် ကျောက်စိမ်းပြားကို လဲလှယ်မည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း သူနားလည်လိုက်သည်။
လုရီဖျင်မှ"ငါ တာအိုဘိုးဘေးနယ်ပယ်ကို ရောက်ဖို့က အချိန်တစ်ခုပဲ လိုတော့တာ" ဟု ထပ်ပြောလိုက်သည်။
လော့ဟူသည် ဘာမှမပြောဘဲ လုရီဖျင်ကို စိုက်ကြည့်ေနလိုက်သည်။ လုရီဖျင်၏ နောက်ကွယ်ရှိ ပင်လယ်ကဲ့သို့ ပြင်းထန်နေသော ဟုန့်မုန်စွမ်းအင်များကို ကြည့်ကာ လေးနက်စွာဖြင့် "ဟုန့်မုန်စွမ်းအင် ငါးသိန်း ပေးရမယ်" ဟု ဆိုလိုက်သည်။
လုရီဖျင်က ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ချက်ချင်းပင် ဟုန့်မုန်စွမ်းအင် ငါးသိန်းသည် ကမ္ဘာဦးသစ်ပင်ထံမှ ပျံထွက်လာပြီး လော့ဟူ၏ ရှေ့၌ ကျဆင်းသွားခဲ့သည်။
ကမ္ဘာဦးသစ်ပင်သည် ဟုန့်မုန်စွမ်းအင်များကို အမြဲမပြတ် ထုတ်လုပ်ပေးနိုင်ေလသည်။ လုရီဖျင်အတွက်မူ ဟုန့်မုန်စွမ်းအင် ငါးသန်းရှိလျှင်ပင် ကံကောင်းခြင်း ကျောက်စိမ်းပြားလောက် တန်ဖိုးမရှိပေ။
ဟုန့်မုန်စွမ်းအင် ငါးသိန်းကို ပေးပြီးနောက် လုရီဖျင်သည် ကောင်းကင်ယံသို့ ပျံတက်ကာ ထွက်ခွာသွားခဲ့သည်။
လော့ဟူသည် လုရီဖျင် ပျောက်ကွယ်သွားသော ဘက်သို့ မှိုင်ညှို့သော မျက်နှာထားဖြင့် ကြည့်ကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
လုရီဖျင်၏ လက်ရှိအင်အားကိုသိရှိပြီးနောက် သူ၏ ကျင့်ကြံမှုအောင်မြင်မှုများကို လုယူရန် မဖြစ်နိုင်တော့ေကြာင်း သိထားေလသည်။
လော့ဟူသည် ဟုန့်မုန်စွမ်းအင် ငါးသိန်းကို သိမ်းယူပြီးနောက် နောက်ဆုံးတွင် မိစ္ဆာနန်းတော်သို့ ပြန်လာခဲ့ေလသည်။ သူပြန်ရောက်သောအခါ နျိုဟောင်နှင့် ချင်းပိုင်တို့မှာ ဆီးကြိုခဲ့ကြသည်။
"ဆရာကြီး... ခုနကလူက လုရီဖျင်လား" နျိုေဟာင်က ခန့်မှန်းပြီး မေးလိုက်သည်။
သူတို့အားလုံး လုရီဖိင်နှင့် လော့ဟူတို့ တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ကြသဖြင့် လုရီဖျင်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရန် မခက်ခဲခဲ့ပေ။
လော့ဟူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူ၏ မူလကျင့်ကြံရေး နန်းဆောင်သို့ ထွက်သွားခဲ့သည်။ မူလနန်းဆောင်တစ်ခုလုံး အမှုန့်ဖြစ်အောင် ချေဖျက်ခံထားရသည်ကို မြင်သောအခါ ရင်ထဲတွင် ခံစားချက်များ ရောယှက်သွားခဲ့သည်။
သူ့ဘဝတွင် တစ်ခါမျှ ယခုလောက်ထိ ဒေါသမထွက်ခဲ့ဖူးပေ။
"သခင်ကြီး... လုမိသားစုဆီသွားပြီး သူတို့ကို အမြစ်ပြတ်အောင် ချေမှုန်းပစ်ကြမလား" ဟု နျိုေဟာင်က မေးလိုက်သည်။
လုရီဖျင်သည် ပထမဦးစွာ လုဖေလင်းကို သတ်ခဲ့သည်။ ထို့နောက် မိစ္ဆာမျိုးနွယ်စု၏ အဖိုးတန်ဆုံး ရတနာဖြစ်သည့် ဝိညာဉ်ဆွဲထုတ်ခြင် ဆူချွန်ကို လုယူခဲ့ပြီး ယင်ဖုန်းကိုလည်း ထပ်မံသတ်ဖြတ်ခဲ့သည်။ ယခုအခါ မိစ္ဆာနန်းတော်ထဲသို့ ခိုးဝင်ကာ မိစ္ဆာဘိုးဘေးကို စိန်ခေါ်နေခဲ့သည်။
လော့ဟူသည် လေးနက်သော လေသံဖြင့် "လုရီဖျင်ရဲ့ ကိစ္စက ဒီမှာတင် အဆုံးသတ်ပြီ" ဟု ဆိုလိုက်သည်။
နျိုဟောင်၊ ချင်းပိုင် နှင့် အခြားသူများမှာ အံ့အားသင့်သွားခဲ့ကြသည်။
လုရီဖျင်သည်လည်း မိစ္ဆာနယ်မြေအတွင်းမှ ထွက်လာခဲ့သည်။ တောင်ကြားတစ်ခုသို့ ရောက်သောအခါ အစွမ်းထက် အစီရင်ခံစာတစ်ခုကို ချမှတ်လိုက်ပြီး နောက်ဆုံးရရှိထားသည့် ကံကောင်းခြင်း ကျောက်စိမ်းပြား အပိုင်းအစကို စတင် သန့်စင် လေတော့သည်။
မကြာမီမှာပင် လုရီဖျင်သည် နောက်ဆုံးအပိုင်းအစကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
နောက်ဆုံးတွင် ကျောက်စိမ်းပြား အပိုင်းအစ ၂၄ခုလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး တောက်ပသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ မဟာတရားလမ်းစဉ်များ ပျံထွက်လာေလသည်။ ၎င်းမှာ တရားလမ်းစဉ်ပေါင်း သုံးထောင် ၃၀၀၀ ပင် ဖြစ်သည်။
ထိုအချိန်မှာပင် လုရီဖျင်၏ အတွင်းစိတ်ထဲမှ အရာတစ်ခုမှာ စတင် နိုးထလာခဲ့သည်။
လုရီဖျင်သည် မိမိကိုယ်မိမိ မိန်းမောတွေဝေသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီး မဖန်တီးရသေးမီ ဟုန့်မုန်စွမ်းအင်များ မခွဲခြားရသေးမီ အချိန်ကာလသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်၌ ကမ္ဘာလောကတွင် အဆုံးမရှိသော ချောင်းလေထုများသာ ရှိနေပြီး ထိုလေထုများကြားတွင် သူသည် အပြာရောင်ကြာပန်းတစ်ပွင့်ကို မြင်တွေ့လိုက်ရသည်။
ထိုအပြာရောင်ကြာပန်းသည် ရောင်စုံအလင်းတန်းများဖြင့် ပွင့်လန်းနေပြီး အဆုံးမရှိသော ချောင်း ဟင်းလင်းပြင်ကြီးကို လင်းထိန်စေခဲ့သည်။
ထိုကြာပန်းကို မြင်လိုက်ရသောအခါ လုရိဖျင်၏ စိတ်ထဲတွင် ယခင်ကထက် ပိုမိုများပြားသော မှတ်ဉာဏ်များ ဝင်ရောက်လာေလသည်။
"ဪ... ဒါကြောင့်ကိုး…." လုရီဖျင်သည် အပြာရောင်ကြာပန်းကို ကြည့်ရင်း သူ၏ နောက်ခံသမိုင်းကြောင်းကို နားလည်သွားေလသည်။
သူသည် ကမ္ဘာဦးအပြာရောင်ကြာပန်း၏ ဝိညာဉ်အသိ နိုးထလာမှုမှ တစ်ဆင့် ပြန်လည်မွေးဖွားလာသူ ဖြစ်နေခဲ့သည်။
တစ်နည်းအားဖြင့် သူသည် ကမ္ဘာဦးကြာပန်းဖြစ်ပြီး ကမ္ဘာဦးကြာပန်းသည်လည်း သူပင် ဖြစ်သည်။
လုရီဖျင် တစ်ယောက်တည်းသာ ကံကောင်းခြင်း ကျောက်စိမ်းပြားကို သန့်စင်နိုင်ပြီး အခြားသူများ မလုပ်နိုင်ရသည်မှာ ထိုအကြောင်းကြောင့်ပင်ဖြစ်သည်။
အကြောင်းရင်းမှာ ကံကောင်းဖြင်း ကျောက်စိမ်းပြားသည် ကမ္ဘာဦးအပြာရောင်ကြာပန်း၏ ကြာစေ့များမှ ပြောင်းလဲလာခြင်းကြောင့် ဖြစ်သည်။
လုရီဖျင်သည် သူ၏ ဘဝဇာတ်ကြောင်းကို နားလည်သွားပြီးနောက် နောက်ဆုံးကျောက်စိမ်းပြားအပိုင်းအစမှ တရားလမ်းစဉ်များကို စတင် အာရုံပြုလေသည်။
နောက်ဆုံးအပိုင်းအစတွင် တရားလမ်းစဉ် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ပထမဆုံးသော အစွမ်းသတ္တိတရားလမ်းစဉ်ပင် ဖြစ်သည်။
အစွမ်းသတ္တိတရားလမ်းစဉ် တစ်ခုတည်းသာ ဖြစ်သော်လည်း လုရီဖျင်အနေဖြင့် အောင်မြင်စွာ နားလည်သဘောပေါက်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက် လုရီဖျင်သည် အစွမ်းသတ္တိတရားလမ်းစဉ်ကို အောင်မြင်စွာ ကျွမ်းကျင်ပြီးသွားသောအခါ တရားလမ်းစဉ်ပေါင်း ၃၀၀၀ လုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် သန့်စင်သော နယ်ပယ်ကို ကျော်လွန်ရန်အတွက် တာအိုလမ်းစဉ် နှင့် ပေါင်းစပ်ရမည်ဖြစ်သည်။ မိမိနားလည်သဘောပေါက်ထားသော တရားလမ်းစဉ် အားလုံးကို တစ်ခုတည်းအဖြစ် စုစည်းရမည်ဖြစ်ပြီ ထိုသို့ပြုလုပ်နိုင်မှသာ တာအိုဘိုးဘေး နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်ဖြစ်သည်။
သို့သော် တာအိုလမ်းစဉ် နှင့် ပေါင်းစပ်ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ထိပ်သီး ဝိညာဉ်ဘုရင် အချို့သည် ထိုအဆင့်မှာပင် တစ်ဆို့နေပြီး ရှေ့ဆက်မတိုးနိုင်ကြခြင်း ဖြစ်သည်။
လုရီဖျင်သည် ကမ္ဘာဦးကြာပန်းမှ ပြန်လည်မွေးဖွားလာသူဖြစ်ပြီး ပြည့်စုံသော ကံကောင်းဖြင် ကျောက်စိမ်းပြား ရှိထားသဖြင့် သူ့အတွက်မူ တောက်နှင့် ပေါင်းစပ်ရန်မှာ ခက်ခဲသောအရာမဟုတ်ပေ။
ပထမဆုံး လုရီီဖျင်သည် ပထမဆုံး တရားလမ်းစဉ်ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ထြိ့နောက် အခြား လမ်းစဉ်များကို ဆက်တိုက် ပေါင်းစပ်သွားခဲ့သည်။
သို့သော် ရှေ့သို့ ရောက်လေ တာအိုလမ်းစဉ် နှင့် ပေါင်းစပ်ရန် ပို၍ ခက်ခဲလာလေဖြစ်ရာ လုရီဖျင်၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။
လမ်းစဉ်ပေါင်း ၁၀၀၀ ကို ပေါင်းစပ်ချိန်တွင်မူ လုရီဖျင်သည် ထိုလမ်းစဉ်တစ်ခုတည်းအတွက် တစ်နှစ်တိတိ အချိန်ယူခဲ့ရသည်။ လမ်းစဉ်ပေါင်း ၂၀၀၀သို့ ရောက်သောအခါ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ရာ နှစ်ပေါင်း တစ်သိန်းခန့်ပင် ရှိသွားခဲ့ပြီဖြစ်သည်။ အားလုံးပေါင်းစည်းသွားပြီးနောက်
ကမ္ဘာလောကကို တုန်ခါစေသော နိုးထမှုဖြင့် ရုတ်တရက်ဆိုသလို လုရီဖျင်ရှိနေသည့် တောင်ကြားကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး ထိုတုန်ခါမှုသည် တစ်စတစ်စ ပြန့်နှံ့သွားကာ မိစ္ဆာနယ်မြေရှိ တိုက်ကြီးတစ်ခုပြီးတစ်ခုကိုပင် လှုပ်ခါစေခဲ့သည်။
"ဘာတွေဖြစ်ကုန်တာလဲ…" ဟု မိစ္ဆာပညာရှင် တစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအားတွေက ဘာလို့ ဒီလောက်တောင် အပြင်းထန် တုန်ခါနေရတာလဲ”
မိစ္ဆာပညာရှင်များသည် တစ်ဦးပြီးတစ်ဦး ပျံသန်းထွက်ပေါ်လာကြကာ လောကကြီးမှ ဖယ်ခွာ၍ ပုန်းအောင်းကျင့်ကြံနေသော ဝိညာဉ်ဘုရင်များပင် ထိတ်လန့်သွားကြသည်။
ထို့နောက် ရုတ်တရက် ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်ကာ တိမ်တိုက်များ အရောင်ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံး လျှပ်စီးအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ေတာ့သည်။
ထိုအချိန်၌ပင် ကောင်းကင်ဘုံအားလုံးကို ကျော်လွန်သော ကြောက်မက်ဖွယ် ဖိအားတစ်ခု သက်ရောက်လာခဲ့သည်။
"ဒါ... ဒါက တာအိုဘိုးဘေးလား " ဝိညာဉ်ဘုရင်တစ်ဦးက တုန်လှုပ်စွာဖြင့် ပြောလိုက်သည် "တစ်ယောက်ယောက်က တာအို ဘိုးဘေး နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားတာဘဲ"
"ဘယ်သူလဲ... ဘယ်သူက တာအို ဘိုးဘေး နယ်ပယ်ကို တက်လှမ်းသွား တာလဲ"
***