တစ်စုံတစ်ယောက်သည် တာအိုဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်တော့မည်ဟူသော သတင်းမှာ ချောင်းနယ်ပယ်ရှိ လူသားမျိုးနွယ်စုများထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူသားနယ်မြေရှိ အင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များမှာ ထိုသတင်းကြောင့် တုန့်ပြန်မှုများစွာရှိခဲ့ကြသည်။
ချောင်းမြို့တော်တွင် လုံချိန် သည်လည်း ထိုသတင်းကို ရရှိခဲ့သည်။
လုံချိန်၏ လက်အောက်ခံ တပည့်ဖြစ်သူ ချမ်လင်းေချာင်သည် "ဆရာ... အဲဒါ လုရီဖျင် များဖြစ်ေနမလား၊ အခု လူအတော်များများက လုရီဖျင်က တာအိုဘိုးဘေးနယ်ပယ်ကို တက်လှမ်းနေတဲ့သူလို့ ပြောနေကြတယ်" ဟု ဆိုလိုက်သည်။
လုံချိန်က ခေါင်းခါယမ်းကာ "လုရီဖျင် မဖြစ်နိုင်ဘူး။ လုရီဖျင်က သူေတာ်စင်ဧကရာဇ်ဘုရင်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေပေမဲ့ တာအိုလမ်းစဉ်နဲ့ တစ်သားတည်းဖြစ်ဖို့ အနည်းဆုံး နှစ်သန်းပေါင်း ရာနဲ့ချီ ကြာဦးမှာ။ သူ့ဆီမှာ ကျင့်ကြံမှုအောင်မြင်မှုတွေ ရှိနေရင်တောင် အနည်းဆုံး နှစ်သန်းချီ ကြာနိုင်တယ်၊ အဲ့တော့ လုရိီဖျင်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး" ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
လုကျန်းကမူ "ဆရာ... တကယ်လို့ အဲဒါ လုရီဖျင်သာ ဖြစ်နေခဲ့ရင်ကော" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
လုံချိန်က မျက်မှောင်ကြုတ်ကာ "တကယ်လို့ လုရီဖျင် ဖြစ်နေရင်တောင်မှ လောလောလတ်လတ် တာအိုနယ်ပယ်ကျော်ဖြတ်လာတဲ့ တာအိုဘိုးဘေးတစ်ယောက်က ဘာမှ မဟုတ်ေသးဘူး၊ စိုးရိမ်စရာ မရှိဘူး။ အရင်တစ်ခေါက်က ငါ ပေါ့ဆလို့ အစွမ်းကို အပြည့်အဝ မသုံးနိုင်ခဲ့တာ။ နောက်ထပ်သာ ငါ့ရှေ့ကိုရောက်လာခဲ့ရင် သူလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရသွားစေရမယ်" ဟု ကြုံးဝါးလိုက်သည်။
အခြားတစ်ဖက်တွင် လုမိသားစုမှ လုခုံ၊ လုဂန်း ၊ လုယုံကျီ နှင့် ဘိုးဘေးများမှာလည်း ခန်းမဆောင်တစ်ခုတည်းတွင် အတူထိုင်နေခဲ့ကြသည်။
ရွယ်ကျူးသည် လူအချို့ကို ဝေ့ကြည့်ကာ "အပြင်လောကမှာတော့ လုရီဖျင်က တာအိုဘိုးဘေးနယ်ပယ်ကို တက်လှမ်းနေပြီလို့ ကောလာဟလတွေ ထွက်နေတယ်" ဟု ပြောလိုက်သည်။ ထိုစကားေကြာင့် လုခုံနှင့် လုယုံကျိီတို့၏ မျက်နှာမှာ အတော်လေးပင် ပျက်ယွင်းသွားခဲ့သည်။
"ဘိုးဘေးကြီး... ကျွန်တော်တို့ လုသခင်လေးဆီ သွားမေးကြည့်ရင် မကောင်းဘူးလား" ဟု လုပင်း က တွေဝေစွာ မေးလိုက်သည်။
လုခုံမှာ ဆွံ့အသွားသည်။ လုရီဖျင်ထံ သွားရောက်တွေ့ဆုံရန် မည်သို့ခွင့်ပြုနိုင်မည်နည်း။
လုခံု၏ မျက်လုံးများမှာ အကြည့်လွှဲထားကာ "အခုအချိန်မှာ သွားမေးတာကော အသုံးဝင်ပါဦးမလား" ဟု မေးလိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
"သခင်ကြီး လော့ဟူတောင် တာအိုလမ်းစဉ်နဲ့ ပေါင်းစပ်ဖို့ နှစ်သန်းပေါင်း ရာနဲ့ချီ ကြာခဲ့တာ။ လုရီဖျင်က ဒီလောက်အမြန်ကြီး မလုပ်နိုင်ပါဘူး" ဟု လုယုံကျိီက ဝင်ပြောခံ့သည်"တချို့ကတော့ အခု နယ်ပယ်ကျော်ဖြတ်နေတာ ယင်ယန်ဘိုးဘေးလို့ ပြောနေကြတယ်"
ယင်ယန်ဘိုးဘေးသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်နယ်ပယ်တွင် ရှိနေသည်မှာ နှစ်သန်းေပါင်း ၆၀၀၊ ၇၀၀ ခန့် ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် လုရီဖျင်ရှိရာ တောင်ကြား၌ အရောင်စုံ အလင်းတန်းများ လွှမ်းခြုံနေပြီး လုရီဖျင်၏ ပုံရိပ်မှာ အလင်းများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။
သူသည် သူတော်စင်နယ်ပယ်မှ နယ်ပယ်သစ်သို့ ကျော်ဖြတ်စဉ်ကကဲ့သို့ပင် သူ၏ ဦးခေါင်းပေါ်ရှိ ချင်းယွမ်တိမ်တိုက်အလင်းမှာလည်း ၁၉ ဧကမှ ၁၈ ဧက၊ ၁၇ ဧက၊ ၁၆ ဧကမှ နောက်ဆုံး ၁ ဧကအထိ ကျုံ့သွားပြီး ဆက်လက် သေးငယ်လာခဲ့သည်။
သို့သော် ၁၀ ဧကအောက်သို့ ရောက်သောအခါ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားပြီး ချင်းယွမ်တိမ်တိုက်၏ အလင်းမှာ မှိန်ဖျော့လာကာ ပိတ်ဆို့နေသကဲ့သို့ ဖြစ်သွားရသည်။
ထိုအခါ လုရီဖျင်သည် လက်ချောင်းကို ဝေ့ယမ်းလိုက်ရာ ချမ်းကျစ်ချီ၏ တရားလမ်းစဉ် အသီးမှာ သစ်ပင်ပေါ်မှ ကြွေကျလာပြီး
ထိုအသီးကို မျိုချလိုက်ေလသည်။
ချက်ချင်းပင် ဦးခေါင်းပေါ်ရှိ ချင်းယွမ်တိမ်တိုက်အလင်းမှာ ပြန်လည်တောက်ပလာပြီး ဆက်လက် ကျုံ့ဝင်သွားေတာ့သည်။ ယခုတစ်ကြိမ်တွင်မူ မည်သည့် အတားအဆီးမျှ မရှိတော့ဘဲ ချင်းယွမ်တိမ်တိုက်သည် ဆန်စေ့တစ်စေ့ အရွယ်အစားအထိ အောင်မြင်စွာ ကျုံ့ဝင်သွားခဲ့ပြီဖြစ်သည်။
လုရီဖျင်၏ ချင်းယွမ်တိမ်တိုက်သည် ဖုန်မှုန့်လေးတစ်ခုမျှသာ ကျန်ရှိတော့သည့် အချိန်တွင် ခရမ်းရွှေရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဧကရာဇ်ဘုရင် စွမ်းအင်များသည်လည်း တာဘိုးဘေးစွမ်းအင် အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
လုရီဖျင်၏ ခန္ဓာကိုယ်အတွင်းရှိ အင်အားများအားလုံးမှာ တာအိုဘိုးဘေးစွမ်းအင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားသောအခါ မတည်မငြိမ်ဖြစ်နေသော
စွမ်းအင် လေထုမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားလေတော့သည်။
သူ၏ အသက်ရှူနှုန်း တည်ငြိမ်လာသည်နှင့်အမျှ ဦးခေါင်းပေါ်ရှိ ချင်းယွမ်တိမ်တိုက်အလင်းတန်းသည် တဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာပြီး သူ၏ တောက်ဘိုးဘေး အရှိန်အဝါမှာလည်း ပို၍ပင် ပြင်းထန်လာခဲ့သည်။
ချမ်းကျစ်ချီ၏ တရားလမ်းစဉ်အသီးကို အပြည့်အဝ သန့်စင်ပြီးနောက် လုရီဖျင်သည် ယင်းယီွ၏ တရားလမ်းစဉ်အသီးကို ထပ်မံ၍ မျိုချလိုက်ေလသည်။ သို့သော် ယင်းယွီ၏ အသီးကို သန့်စင်ပြီးသည့်တိုင်အောင် လုရိီဖျင်၏ ချင်းယွမ်သည် ဧကဝက်ခန့်ပင် မပြည့်သေးပေ။
သူသည် တာအိုဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဖြစ်ရာ သူတော်စင်ဧကရာဇ်ဘုရင် နယ်ပယ်မှ အသီးများသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ရှိသူများ၏ အသီးမှလွဲ၍ အာနိသင် မရှိတော့ပေ။
ထို့နောက် လုရီဖျင်သည် နေရာမှထလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားကြည့်လိုက်သည်။
ဝိညာဉ်ဘုရင်နယ်ပယ်သည် သူတော်စင်ဧကရာဇ်ဘုရင် နယ်ပယ်ထက် သန်မာသည်ဆိုသော်လည်း ခန္ဓာကိုယ်မှာမူ သူတော်စင်ကိုယ်ထည်မျှသာ ရှိသေးသည်။
ယခုအခါတွင်မူ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သူတော်စင်ကိုယ်ထည်မှ တာအိုဘိုးေဘး၏ကိုယ်ထည်အဖြစ်သို့ အပြည့်အဝ အသွင်ပြောင်းလဲသွားပြီ ဖြစ်သည်။
၎င်းမှာ တာအိုဘိုးေဘးကိုယ်ထည် အမျိုးအစားပေါင်း သုံးထောင်အနက် အဆင့်ရှိသည့် ဖန်တီးရှင်တာအိုဘိုးေဘးကိုယ်ထည် ပင် ဖြစ်သည်။ ခုခံအား၊ ခွန်အား၊ အရှိန်အဟုန် မည်သည့်နေရာတွင်မဆို ၎င်းသည် တာအိုဘိုးဘေးကိုယ်ထည်အားလုံးထဲ၌ အသန်မာဆုံးဖြစ်သည်။
ယခုအချိန်တွင် သူသည် ကျင့်ကြံမှုစွမ်းအားများကို အသုံးမပြုလျှင်ပင် သူ၏ ခုခံကာကွယ်မှုမှာ ယခင်က ပို၍ များစွာ သန်မာနေပြီဖြစ်သည်။ထို့ေနာက်
လုရိီဖျင်သည် ကောင်းကင်ယံသို့ ပျံတက်ကာ ထွက်ခွာခဲ့သည်။ ယခုအခါ သူသည် တာအိုးဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ယွမ်ဟိုင်း ပင်လယ်သို့သွားပြီး အခြေအနေများကို ရှင်းလင်းရန် အချိန်တန်ပြီဖြစ်သည်။ ယခုပိုင်ဆိုင်ထားသော စွမ်းအားများဖြင့် သူသည် ယွမ်ဟိုင်းပင်လယ်ကို လုံးဝ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
ယွမ်ဟိုင်းပင်လယ်သည် စကြဝဠာ၏ အစွန်အဖျား အနက်ရှိုင်းဆုံးနေရာတွင် ရှိပြီး မိစ္ဆာများနှင့် လူရိုင်းများနယ်မြေမှ အလွန်ဝေးကွာလှသည်။ လုရီဖျင်အနေဖြင့် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိစဉ်က ယွမ်ဟိုင်းပင်လယ် သို့ရောက်ရန် ရက်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သော်လည်း ယခုလက်ရှိ အရှိန်အဟုန်ဖြင့်ဆိုပါက မိနစ် ခန့်သာ ကြာပေလိမ့်မည်။
စကြဝဠာ၏ အစွန်အဖျားသို့ နက်ရှိုင်းစွာ ဝင်ရောက်လေ ချောင်း လေစီးကြောင်းများမှာ ပို၍ ပြင်းထန်လေ ဖြစ်သည်။ သို့သော် ထိုလေစီးကြောင်းများသည် လုရီဖျင်အတွက် ဘာမျှမဟုတ်ပေ။ လုရီဖျင်သည် မည်သည့် ခုခံမှုမှ ပြုလုပ်မထားဘဲ ဟင်းလင်းပြင်ထဲ၌ ရိုးရိုးရှင်းရှင်းပင် လျှောက်လှမ်းသွားခဲ့သည်။
ပြင်းထန်သော ချောင်းလေစီးကြောင်းများသည် လုရီဖျင် ဖြတ်သန်းသွားသည့်လမ်းတစ်လျှောက် ဘေးသို့ အဆက်မပြတ် လွင့်စင်သွားကြသည်။
မိနစ် ၃၀ မပြည့်မီအချိန်မှာပင် မည်းနက်နေသော သမုဒ္ဒရာကြီးတစ်ခုသည် လုရီဖျင်၏ မြင်ကွင်းထဲ ပေါ်လာခဲ့ေလသည်။
ထိုကျယ်ပြောလှသော သမုဒ္ဒရာကြီးသည် ကုန်းမြေပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ စကြဝဠာ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေခြင်းဖြစ်သည်။ ၎င်းသည် မည်မျှကျယ်ဝန်းသည်ကို မည်သူမျှ မသိနိုင်သသကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့်လည်း အဆုံးသတ်ကို မမြင်နိုင်ပေ။ ၎င်း၏ အနက်မှာမူ ပို၍ပင် မှန်းဆရ ခက်ခဲလှသည်။
ထိုနေရာမှာ ယွမ်ဟိုင်းပင်လယ်ခေါ် ပင်လယ်နက်ကြီးပင် ဖြစ်သည်။
ယွမ်ဟိုင်းသည် ကောင်းကင်နှင့် မြေကြီး မဖန်တီးမီအချိန်ကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာဘိုးဘေး လော့ဟူ နှင့် အခြားသူများ မပေါ်ပေါက်လာမီကပင် ရှိနေခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းမည်မျှ ကြာညောင်းနေပြီဖြစ်ကြောင်း မည်သူမျှ မသိနိုင်ကြေပ။
လုရီဖျင်သည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ယွမ်ဟိုင်းပင်လယ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။ ယွမ်ဟိုင်းပင်လယ်၏ ရေလှိုင်းများသည် လောကကြီးကို ပိတ်ဆို့ထားသည့် အဆုံးအစမဲ့ မှန်ချပ်ကြီးတစ်ခုကဲ့သို့ တလိပ်လိပ် တက်နေေလသည်။
လုရီဖျင် အံ့အားသင့်သွားရသည်မှာ သူရောက်ရှိချိန်တွင် ယွမ်ဟိုင်းပင်လယ်၏ ရှေ့၌ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် လူရိုင်းမျိုးနွယ် တို့မှ အစွမ်းထက် ပုဂ္ဂိုလ်များစွာ ရောက်ရှိနေကြခြင်းပင်ဖြစ်သည်။ ထိုသူတို့၏ စကားဝိုင်းများအရ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ယွမ်ဟိုင်းပင်လယ်၌ ဒီရေတက်သည့်ရက်များ ဖြစ်နေကြောင်း လုရီဖျင် သိလိုက်ရသည်။
ကမ္ဘာဦးအစမှ ယခုအချိန်အထိ ရေတွက်မကုန်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များကို ထိုပင်လယ်နက်ကြီးမှာ ဝါးမြိုခဲ့ဖူးသည်။ ထိုသူတို့၏ ရတနာများသည်လည်း ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရသည်။ သို့သော် ဒီရေတက်သည့် အခါတိုင်းတွင် အချို့သော ရတနာများသည် ရေမျက်နှာပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက်လာတတ်သည်။
သို့သော် ဒီရေတက်ချိန်တွင် ရတနာများ ပေါ်လာတတ်သော်လည်း ထိုအခွင့်အရေးကို သုံး၍ ပင်လယ်ထဲသို့ အသည်းသန် ဝင်ရောက်သူများသည်လည်း ပင်လယ်အောက်ခြေသို့ ဆွဲနှစ်ခြင်း ခံရတတ်ေပသည်။
လုရီဖျင်သည် ထိုလူများကို ဂရုမစိုက်ဘဲ ယွမ်ဟိုင်းပင်လယ်၏ ရေမျက်နှာပြင်ကို တိုက်ရိုက်ဖောက်ထွင်းကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ယွမ်ဟိုင်းပင်လယ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ကမ်းခြေတွင် ရှိနေသော လူအများအပြားမှာ လုရီဖျင်၏ လုပ်ရပ်ကို ကြည့်ကာ ဆွံ့အကုန်ကြသည်။
"အပြာရောင်ဝတ်စုံနဲ့ အဲဒီလူငယ်က ဘယ်သူလဲ၊ ယွမ်ဟိုင်းပင်လယ်ထဲကို ဝင်သွားရဲတယ်လား" ဟု လူအုပ်ထဲမှ အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
ထိုအမျိုးသမီးမှာ အရပ် ၃ မီတာကျော် မြင့်မားပြီး လူရိုင်းမျိုးနွယ်စု၏ မင်းသမီး၊ မျိုးနွယ်စုခေါင်းဆောင်၏ သမီး၊ လူရိုင်းဘိုးဘေး၏ မြေးမ ဖြစ်သည်။ လူရိုင်းမျိုးနွယ်စုများသည် လူသားများထက် အရပ် ပိုမိုရှည်လျာကြသည်။
"ဒါ... ဒါ လုရီဖျင် သခင်ကြီးလား" လုရီဖျင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လူသားမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
"ဘာ... လုရီဖျင် ဟုတ်လား"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ပင်လယ်အောက်ခြေမှ ဧရာမ ကွန်းငါးကြီးသည်လည်း
လုရီဖျင် ယွမ်ဟိုင်းပင်လယ်အတွင်းသို့ ရောက်ရှိသွားသောအခါ ပင်လယ်အောက်ခြေမှ အံ့ဩဖွယ်ကောင်းသော ဝါးမြိုအားတစ်ခုကို သက်ရောက်ေစခဲ့သည်။ ထိုအားမှာ တာအိုဘိုးဘေး တစ်ဦးဖြစ်သည့် လုရီဖျင်ကိုပင် တုန်လှုပ်သွားစေနိုင်သည်အထိ ပြင်းထန်လှသည်။
လုရီဖျင်သည် သူတော်စင်ဧကရာအထွတ်အထိပ် အဆင့်မှာပင် ရှိနေသေးစဉ်က ထိုပင်လယ်နက်ထဲသို့ ဝင်ရောက်ရန် ကြိုးစားချင်စိတ် ရှိခဲ့ဖူးသည်။ ယခုမူ ထိုစဉ်က မဝင်ခဲ့မိသည်မှာ ကံကောင်းလှသည်ဟု သူတွေးလိုက်မိသည်။ ထိုသို့မဟုတ်လျှင်မူ သူသည် ပင်လယ်အောက်ခြေ၌ အမှန်တကယ် ပိတ်မိနေပေလိမ့်မည်။
လုရီဖျင်သည် ထိုဝါးမြိုအားကို အန်တုရင်ဆိုင်ရင်း ပင်လယ်အောက်ခြေသို့ တဖြည်းဖြည်း ဆင်းသွားခဲ့ေလသည်။ အောက်သို့ ရောက်လေ ဝါးမြိုအားမှာ ပို၍ ပြင်းထန်လေ ဖြစ်သည်။
ရက်အနည်းငယ်ခန့် ပျံသန်းဆင်းသက်ပြီးနောက် လုရီဖျင်သည် ယွမ်ဟိုင်းပင်လယ်၏ အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် မမျှော်လင့်ထားသော အရာတစ်ခုမှာ လုရီဖျင် ပင်လယ်အောက်ခြေသို့ ရောက်သည်နှင့် ချက်ချင်းပင် စတင် တိုက်ခိုက်လာေတာ့သည်။
ထိုအရာမှာ ဧရာမကွန်းငါးကြီးပင်ဖြစ်သည်။
***