အလွန်တရာ ကြီးမားလှသော ကွန်းငါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် သူတော်စင်ဧကရာဇ်ဘုရင် အဆင့်ရှိပြီး ထိုအဆင့်၏ ထိပ်သီးတွင် ရှိနေသူဖြစ်သည်။ ၎င်း၏ အစွမ်းမှာ ချမ်းကျစ်ချီထက်ပင် သာလွန်ပြီး ၁၇ ဘီလီယံထိရှိသော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားေလသည်။
ထိုငါးကြီး တိုးဝှေ့ဝင်ရောက်လာသောအခါ ပြင်းထန်လှသော အရှိန်အဝါကြောင့် ယွမ်ဟိုင်စပင်လယ်၏ အောက်ခြေရှိ ရေလှိုင်းများမှာ ပြင်းထန်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လုရီဖျင်သည် ပုံမှန်အတိုင်းပင် တည်ငြိမ်နေခဲ့သည်။ သူ၏ လက်ချောင်းတစ်ေချာင်းကို အသာအယာ ညွှန်ပြလိုက်ရုံဖြင့် ထိုငါးကြီးကို လွင့်ထွက်သွားစေခဲ့သည်။
ငါးကြီးသည် ပင်လယ်ကြမ်းပြင်တစ်လျှောက် နောက်ပြန်လွင့်ထွက်သွားခဲ့ပြီး ကျောက်ဆောင်များနှင့် ဟင်းလင်းပြင်သင်္ဘော အမြောက်အမြားကို တိုက်မိကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ ပြင်ပမှကြည့်လျှင် ယွမ်ဟိုင်းပင်လယ်သည် ကုန်းမြေထက်တွင် မရှိဟု ထင်ရသော်လည်း အတွင်းသို့ ရောက်ရှိသွားသောအခါ ပင်လယ်အောက်ခြေ၌ မြေပြင်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ကွန်းငါးကြီး မြေပေါ်သို့ ကျသွားသောအခါ သဲဖုန်များ ထလာပြီး ပင်လယ်ရေမှာ နောက်ကျိသွားခဲ့သည်။ လုရီဖျင်သည် ခြေလှမ်းတစ်လှမ်းဖြင့်ပင် ကွန်းငါးကြီး၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားခဲ့ပြီး လက်သီးဖြင့် တစ်ချက် ထိုးချလိုက်ရာ ငါးကြီးမှာ ပင်လယ်အောက်ခြေထဲသို့ ထပ်မံ နစ်မြုပ်သွားခဲ့ရသည်။ ခဏအကြာတွင် လုရီဖျင်သည် ထိုငါးကြီးကို သူ၏ လက်အောက်ခံအဖြစ် အောင်မြင်စွာ နိုးဆော်နိုင်ခဲ့သည်။
ထိုကွန်းငါးကြီးသည် ၁၇ ဘီလီယံ စွမ်းအားရှိသဖြင့် နောင်တွင် သူ၏ညီမဖြစ်သူ လုကျီချင်းဘေး၌ ထားရှိကာ လုံခြုံရေးအတွက် စောင့်ရှောက်ခိုင်းရန် လုရီဖျင် ဆုံးဖြတ်လိုက်သည်။
ကွန်းငါးကြီးကို အနိုင်ယူပြီးနောက် လုရီဖျင်သည် ၎င်းထံမှ နက်ရှိုင်းသော ပင်လယ်အောက်ခြေ အကြောင်းကို မေးမြန်းသိရှိခဲ့ရသည်။ ပင်လယ်အောက်ခြေသည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး မြင့်မြတ်သောနယ်မြေအင်အားစုများစွာ ရှိနေကြသည်။
ကမ္ဘာဦးအစမှ ယနေ့အထိ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ယွမ်ဟိုင်းပင်လယ်၏ ဝါးမြိုခြင်းကို ခံခဲ့ရသော်လည်း ၎င်းတို့သည် သေဆုံးမသွားဘဲ ပင်လယ်အောက်ခြေတွင်ပင် ရှင်သန်နေထိုင်ခဲ့ကြရသည်။ နှစ်ကာလများ ကြာလာသည်နှင့်အမျှ ထိုပညာရှင်များနှင့် ပညာရှင်အမျိုးသမီးများသည် အိမ်ထောင်ဖက်များဖြစ်လာကာ မျိုးဆက်များ ပြန့်ပွားလာပြီး မြင့်မြတ်သော အင်အားစုများအဖြစ် အသီးသီး ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။
“ဒါနဲ့... မင်း မြေတူးဆောက်အကြောင်း ကြားဖူးလား” ဟု လုရီဖျင်က မေးလိုက်သည်။
ကွန်းငါးကြီးသည်လည်း ခေါင်းခါပြကာ မသိကြောင်း ပြန်ပြောလိုက်သည်။
ထို့နောက် လုရီဖျင်သည် အဆုံးမဲ့သော ပင်လယ်ကြမ်းပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ေလသည်။ မြေတူးသည့်နေရာကို ရှာဖွေရန်မှာ ထင်သလောက် မလွယ်ကူကြောင်း သူ သဘောပေါက်လိုက်သည်။ ထို့နောက် လုရီဖျင်သည် ကွန်းငါးကြီးကို အချက်အလက်အချို့ ထပ်မံမေးမြန်းပြီးနောက် ထိုကွန်းငါးကြီးကို စီးနင်းကာ ရှေ့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
မြေတူးသည့်ကိစ္စကို အခြားသူများ မရရှိသေးနိုင်ဟု သူယူဆသောကြောင့် ယခုအခါ ထိုမြင့်မြတ်သော နယ်မြေများမဟုတ်သည့် တခြားနေရာများကိုသာ အဓိကထား ရှာဖွေနေခြင်းဖြစ်သည်။ ပင်လယ်နက်အောက်ခြေတွင် အလွန်အန္တရာယ်များသော နေရာအချို့ရှိရာ ထိုအထဲမှ နေရာနှစ်ခုမှာ သူေတာ်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်နေသူပင် မဝင်ရဲသော နေရာများဖြစ်သည်။ တစ်ခုမှာ မျှော်လင့်ချက်မဲ့ဂူဖြစ်ပြီး နောက်တစ်ခုမှာ သံသရာအလင်းတန်းလမ်းဆံုဖြစ်သည်။
လုရီဖျင်သည် ထိုအန္တရာယ်ရှိသော နေရာနှစ်ခုသို့ ဝင်ရောက်စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ မြေတူးဆောက်သည် ထိုနေရာနှစ်ခုထဲမှ တစ်ေနရာတွင် ရှိနေလိမ့်မည်ဟု သူ ခံစားမိသည်။
လုရီဖျင်သည် ကွန်းငါးကြီး၏ လမ်းပြမှုဖြင့် မျှော်လင့်ချက်မဲ့ဂူသို့ ရောက်ရှိလာခဲ့သည်။
မျှော်လင့်ချက်မဲ့ဂူ၏ အဝင်ဝမှာ နှစ်မီတာ၊ သုံးမီတာခန့်သာ ကျယ်ဝန်းပြီး လူနှစ်ဦး သုံးဦးခန့်သာ တစ်ပြိုင်နက် ဝင်ရောက်နိုင်သည်။ ဂူဝမှနေ၍ တုန်လှုပ်စေနိုင်သော အငွေ့အသက်များနှင့် ကြောက်မက်ဖွယ်ကောင်းသော ညည်းတွားသံများ ထွက်ပေါ်နေခဲ့သည်။
တိုက်ပွဲဝင်စွမ်းအား ၁၇ ဘီလီယံရှိသော ကွန်းငါးကြီးပင်လျှင် အရှေ့ရှိ ဂူကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေမိသည်။ ထိုဂူသည် အမှားယွင်းခံသည့် နေရာမျိုးမဟုတ်ပေ။ သူေတာ်စင်ဧကရာဇ်ဘုရင်စွာ ဝင်ေရာက်သွားကြသော်လည်း ပြန်ထွက်လာနိုင်သူ အလွန်နည်းပါးသည်။ ကံကောင်းစွာဖြင့် လွတ်မြောက်လာသည့်တိုင် သန့်စင်သောဝိညာဉ်များ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပြီး ရူးသွပ်သွားကြရသည်။
ကမ္ဘာ၏ ထိပ်သီးတည်ရှိမှုများဖြစ်သော သူတော်စင်ဧကရာဇ်ဘုရင် အထွတ်ထိပ်အဆင့် ရှိများပင် ရူးသွပ်သွားရသည်ခြင်းမှာ မယုံနိုင်စရာပင်ဖြစ်သည် ။ သို့သော် မျှော်လင့်ချက်မဲ့ဂူထဲသို့ ဝင်ရောက်ပြီးနောက် ရူးသွပ်သွားကြသည့် ထိပ်တန်းစွမ်းအားရှင်များမှာ တစ်ယောက်မက ရှိခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။
“မင်း ဒီအပြင်မှာပဲ ငါ့ကို စောင့်နေတော့” ဟု လုရီဖျင်မှ ကွန်းငါးကြီးကို ပြောလိုက်သည်။
ထိုစကားကြောင့် ကွန်းငါးကြီးသည် စိတ်သက်သာရာရသွားပြီး “အရှင်... သတိထားပါ၊ ဒီဂူထဲကနေ အရမ်းကြောက်စရာကောင်းတဲ့ အသံကြီးကို ကျွန်တော် ကြားနေရတယ်” ဟု သတိပေးလိုက်သည်။ ထိုအသံမှာ မည်သို့သောအသံမျိုးဖြစ်ကြောင်းမူ ကွန်းငါးကြီးကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။
လုရီဖျင်သည် နှာခေါင်းတစ်ချက်ရှုံ့ကာ ဂူအတွင်းသို့ ချက်ချင်းခုန်ဝင်သွားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း မှောင်မည်းနေသော လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။ လုရီဖျင်သည် တာအိုဘိုးေဘးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တာအိုဘိုးဘေးများပင် ယခုဂူထဲတွင် ကြာကြာမနေနိုင်ကြောင်းနှင့် တာအိုဘိုးဘေးကိုပင် ထိခိုက်စေနိုင်သော စွမ်းအားများရှိကြောင်း ကြားဖူးသဖြင့် ကွန်းငါးကြီးမှာ စိုးရိမ်စိတ်ဖြင့် ကျန်ရစ်ေနခဲ့သည်။
လုရီဖျင် ဂူထဲသို့ ရောက်သည်နှင့် ဂူဝမှ ညည်းတွားသံများမှာလည်း ရုတ်ချည်းပင် ပိုမိုကျယ်လောင်လာသည်။ ပြင်းထန်သော လေမုန်တိုင်းကြီးကဲ့သို့လည်းကောင်း၊ တစ္ဆေတစ်သောင်း ဟိန်းဟောင်သံကဲ့သို့လည်းကောင်း ပဲ့တင်ထပ်နေခဲ့သည်။
လုရီဖျင်သည် ထိုအသံ၏ ကြောက်မက်ဖွယ် မှော်အစွမ်းများကို ခံစားလိုက်ရသည်။ ထိပ်တန်းသူေတာ်စင်ဧကရာဇ်ဘုရင်များမှာ ထိုအသံအား မခုခံနိုင်ကြသည်ကို နားလည်သွားအိသည်။ ထိုအသံထဲတွင် ကောင်းကင်နှင့်မြေကြီး တာအိုနိယာမများ နှင့် ကောင်းကင်တာအို၏ စွမ်းအားအပိုင်းအစများ ပါဝင်နေသောကြောင့် ဖြစ်သည်။
လုရီဖျင်သည် ဂူ၏အနက်ရှိုင်းဆံုးေနရာထဲသို့ ဆက်လက်ပျံသန်းဝင်ရောက်သွားခဲ့သည်။ သူသည် တာအိုဘိုးဘေးအဆင့်ကို ရောက်ရှိနေသော်လည်း ပေါ့ဆ၍မရသဖြင့် ကမ္ဘာဦးသစ်ပင်ကို ဆင့်ခေါ်လိုက်သည်။
ကမ္ဘာဦးသစ်ပင်သည် လုရီဖျင်၏ နောက်ကွယ်တွင် ဝင့်ထည်စွာ ပေါ်လာခဲ့ပြီး တာအိုအလင်းတန်းများ ဖြာထွက်ကာ ဟင်းလင်းပြင်များကို လင်းထိန်သွားစေသည်။ ကမ္ဘာဦးသစ်ပင်၏ စွမ်းအားကြောင့် ပြင်ပမှ ညည်းတွားသံများမှာ အတားအဆီးတစ်ခုနောက်သို့ ရောက်သွားခဲ့ေလသည်။
သို့သော် လုရီဖျင်သည် ပိုမိုနက်ရှိုင်းသော နေရာများသို့ ရောက်လာသည်နှင့်အမျှ ညည်းတွားသံမှာ ပိုမိုအားကောင်းလာပြီး ကမ္ဘာဦးသစ်ပင်၏ တာအိုစွမ်းအားများပင်လျှင် ထိုအသံကို အပြည့်အဝ မတားဆီးနိုင်တော့ပေ။ ထိုညည်းတွားသံမှာ လုရီဖျင်၏ စိတ်အာရုံထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
အစပိုင်းတွင် သာမာန်သာဖြစ်သော်လည်း နောက်ပိုင်းတွင် လုရီဖျင်ပင် ခေါင်းအနည်းငယ် လေးလံလာသည်ကို ခံစားခဲ့ရသည်။ သို့သော် နောက်မဆုတ်ဘဲ ပိုမိုနက်ရှိုင်းသောေနရာဆီသို့ ဆက်လက်တိုးဝင်သွားေလသည်။
မျှော်လင့်ချက်မဲ့ဂူအတွင်း၌ လုရီဖျင်ကို စိတ်မသက်မသာဖြစ်စေသော အငွေ့အသက်တစ်ခု ရှိနေခဲ့သည်။ ထိုအငွေ့အသက်သည် သူရှာဖွေနေသည့် မြေတူးဆောက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု လူရီဖျင် ယူဆလိုက်ေလသည်။
အချိန်အတန်ကြာ ပျံသန်းပြီးနောက် ညည်းတွားသံမှာ ပို၍ပို၍ လေးလံလာေလသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုအသံမှာ နေရာအနှံ့မှ ထွက်ပေါ်နေပြီး အတွင်းဝိညာဉ်ကိုပင် အသံလှိုင်းများမှ ဝါးမြိုပစ်တော့မည့်အတိုင်း ခံစားရစေသည်။ လုရီဖျင်ပင် ခေါင်းကိုက်ဝေဒနာကို ခံစားလာရသည်။
လုရီဖျင်၏ ဦးခေါင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်တော့မည့်အတိုင်း ခံစားနေရစဉ် ရှေ့ဘက်၌ မှိန်ပျပျ အလင်းတန်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအလင်းတန်းထဲတွင် အလျားမီတာအနည်းငယ်ခန့်ရှိသော ဆောက် တစ်ခု ရှိနေေလသည်။
လုရီဖျင်သည်လည်း အံ့အားသင့်သွားပြီး အရှိန်ကို မြှင့်တင်လိုက်သည်။ ဆောက်ရှိရာနေရာသို့ ရောက်သွားသောအခါမှ ထိုဆောက်၏ စစ်မှန်သော ရုပ်သွင်ကို သေချာစွာ မြင်ေတွ့လိုက်ရသည်။
ထိုဆောက်တစ်ခုလုံးတွင် ဆန်းကြယ်သော အင်ကွက်များဖြင့် ပြည့်နှက်နေေလသည်။ ထိုအင်းကွက်များကို လုရီဖျင်ကဲ့သို့ ပညာရှင်ပင်လျှင် မမှတ်မိနိုင်ချေ။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတစ်မျိုးမျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ဂူတစ်ခုလုံးကို လွှမ်းမိုးထားကာ မျှော်လင့်ချက်မဲ့စေသည့် အငွေ့အသက်များမှာလည်း ထိုအင်းကွက်များထံမှ ဖြာထွက်နေေလသည်။
“ဒါ မြေတူးဆောက်ပဲ…”
လုရီဖျင်သည် ထိုဆောက်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ပထမဆုံး မြင်လိုက်သည်နှင့် ၎င်းသည် ကောင်းကင်ဖွင့်ပုဆိန် နှင့် အဆင့်အတန်း တူညီသည့် မြေတူးဆောက်ဖြစ်ကြောင်း တန်းသိလိုက်သည်။
လုရီဖျင်သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ လက်ကိုဆန့်ကာ မြေတူးဆောက်ကို လှမ်းကိုင်လိုက်သည်။ သူ ကိုင်လိုက်သည်နှင့် ဆောက်ထံမှ ကြောက်မက်ဖွယ် အလင်းတန်းများ ပေါက်ကွဲထွက်လာေလသည်။ ဆောက်ပေါ်ရှိ ဆန်းကြယ်သော အင်းကွက်စာသားများထံမှ အလင်းတန်းများမှာလည်း အဆုံးမဲ့သော ပင်လယ်ပြင်ကြီးကဲ့သို့ အရှိန်ပြင်းစွာ စီးဆင်းထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေေလသည်။
ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် လုရီဖျင်ပင် အသက်ရှူကျပ်သွားရသည်။ ထိုအချိန် မြေတူးဆောက်မှာလည်း ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
လုရီဖျင်၏ လက်ဖဝါးမှာ တုန်ယင်သွားသော်လည်း သူသည် ချင်ယွမ်တိမ်တိုက်ကို ဦးခေါင်းထက်၌ ဆင့်ခေါ်ကာ တာအိုဘိုးဘေး၏ စွမ်းအင်အားလုံးကို အသုံးချ၍ မြေတူးဆောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ေတာ့သည်။
ထိုသို့တိုင်အောင် မြေတူးဆောက်မှာ ဆက်လက်တုန်ခါနေဆဲ ဖြစ်သည်။ လုရီဖျင်သည် လက်နက် ရက်အတော်ကြာ အားပြိုင်ပြီးနောက်မှသာ မြေတူးဆောက်သည်လည်း ငြိမ်သက်သွားခဲ့သည်။ လုရီဖျင်သည် ဆောက်ကို သိမ်းဆည်းလိုက်ပြီး ဂူအတွင်း ဆက်မနေတော့ဘဲ လေထဲသို့ ပျံတက်ကာ ထွက်ခွာလာခဲ့သည်။
မကြာမီမှာပင် လုရီဖျင်သည် မျှော်လင့်ချက်မဲ့ဂူ၏ အဝင်ဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဂူထဲမှ မထွက်မီမှာပင် အပြင်ဘက်မှ တိုက်ခိုက်သံများကို သူ ကြားလိုက်ရသည်။ လုရီဖျင်လည်း ဂူထဲမှ အမြန်ထွက်လာခဲ့ပြီး အပြင်ဘက်တွင် သူနှင့်အနူပါလာသည့် ကွန်းငါးကြီးကို လူနှစ်ယောက်မှ ဝိုင်းရံတိုက်ခိုက်နေသည်ကို တွေ့လိုက်ရလေသည်။
***