၎င်းအခြေနေကို မြင်သောအခါ ကျန်ရှိသော သူတော်စင်ဧကရာဇ်ဘုရင် ၄၂ ပါးတို့သည်လည်း ဝိုင်းဝန်းတိုက်ခိုက်ကြပြီး ၎င်းတို့၏ အင်အားများကို ယွမ်ဟိုင်းအစီရင်၏ ဗဟိုချက်ဆီသို့ လောင်းထည့်လိုက်ကြသည်။
ယွမ်ဟိုင်း မဟာအစီရင်ကြီးသည် ထူးကဲသော တောက်ပမှုမျိုးဖြင့် လင်းလက်သွားတော့သည်။
နက်ရှိုင်းသော ပင်လယ်ေအာက်ေခြအရပ်ရပ်မှ မင်ရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု စုစည်းလာကာ ယွမ်ဟိုင်း မဟာအစီရင်ထဲသို့ စီးဝင်သွားကြသည်။
လုရီဖျင်၏ ရွှေရောင်လက်သီးချက်များသည် ချင်းထျန်းနယ်မြေမြတ်၏ ခံစစ်များကို ထိုးဖောက်ဖျက်ဆီးလိုက်သောအခါ အစီရင်သည် ယခင်ကကဲ့သို့ ချောမွေ့ခြင်းမရှိတော့ဘဲ အနည်းငယ် နှေးကွေးသွားခဲ့သည်။
သို့သော်လည်း လုရီဖျင်၏ ရွှေရောင်လက်သီးရာများသည် နယ်မြေမြတ်ရှိ မဟာအစီရင်များကို တစ်ခုပြီးတစ်ခု ဆက်လက်ချေမှုန်းနေဆဲဖြစ်သည်။
မဟာအစီရင်တစ်ခု ပျက်စီးသွားသည့်အချိနခတိုင်း ယွမ်ဟိုင်းအစီရင်၏ အလင်းတန်းမှာ မှေးမှိန်သွားရသည်။
ချင်းထျန်းနယ်ေမြမြတ်မှ သူတော်စင်ဧကရာဇ်ဘုရင် ၄၃ ပါး၏ အင်အားများဖြင့် ပြည့်နှက်နေသော ယွမ်ဟိုင်းမဟာအစီရင်ကြီးမှာ မကြာမီပင် အရောင်အဝါများ ပျောက်ကွယ်သွားတော့သည်။ ချင်းထျန်းနယ်ေမြမြတ်၏ အားအကောင်းဆုံး ဘိုးဘေးကြီးသည် ၎င်း၏ သူတော်စင်ဧကရာဇ်ဘုရင် စွမ်းအင် ၁၉ ဘီလီယံကို အားအပြင်းဆုံး ထုတ်သုံးနေသော်လည်း မတားဆီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ရွှေရောင်လက်သီးချက်သည် ချင်းထျန်းနယ်မြေမြတ်၏ အလယ်ပိုင်းတိုက်ကြီးဆီသို့ ရိုက်ခတ်သွားေလသည်။
ချင်းထျန်းနယ်ေမြမြတ်၏ အလယ်ပိုင်းတိုက်ကြီးသည် ယွမ်ဟိုင်းအစီရင်၏ နောက်ဆုံးနှင့် အင်အားအကောင်းဆုံး ခံစစ်ဖြစ်သော်လည်း လုရီဖျင်၏ ရွှေရောင်လက်သီးရာများကို မတားဆီးနိုင်ဘဲ ပေါက်ထွက်သွားခဲ့ရသည်။
ယွမ်ဟိုင်းအစီရင်၏ ဗဟိုချက်ကို ဖျက်ဆီးဝင်ရောက်လာသော ရွှေရောင်လက်သီးရာကို ကြည့်ပြီး ချင်းထျန်းနယ်ေမြမြတ်၏ အားအကောင်းဆုံးဘိုးဘေးကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏ခန္ဓာကိုယ်ကို ကြီးထွားစေပြီး ရွှေရောင်လက်သီးအား အင်အားရှိသမျှ ပြန်လည်ခုခံလိုက်သည်။
နောက်ဆုံးအချိန်အထိ သူသည် အရှုံးမပေးလိုခဲ့ပေ။
သို့သော်လည်း သူ့လက်သီးဖြင့် ထိုးထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လုရီဖျင်၏ ရွှေရောင်လက်သီးရာကြောင့် ကျန်ရှိသော ချင်းထျန်းနယ်ေမြမြတ်မှ သူတော်စင်ဧကရာဇ်ဘုရင်များနှင့်အတူ လွင့်ထွက်သွားတော့သည်။
ရွှေရောင်လက်သီးချက်သည် ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ သူတော်စင်ဧကရာဇ်ဘုရင် ၄၃ ပါးကို ကောင်းကင်ယံအဆုံးထိ ရိုက်ထုတ်ပစ်လိုက်သည်။ ကောင်းကင်အဆုံး၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးမှာ အဆုံးမရှိ ပဲ့တင်ထပ်သွားတော့သည်။
ကွန်းငါးကြီးသည် ပေါက်ကွဲထွက်သွားသော ယွမ်ဟိုင်းမဟာအစီရင်ကြီးနှင့် လွင့်ထွက်သွားသော ချင်းထျန်းနယ်ေမြမြတ်မှ သူတော်စင်ဧကရာဇ်ဘုရင် ၄၃ ပါးကို ကြည့်ပြီး အာခေါင်များ ခြောက်ကပ်သွားရသည်။
"ဒါဟာ တာအိုလမ်းစဉ်ဘိုးဘေးရဲ့ အစွမ်းပဲ"
တာအိုဘိုးဘေး၏ အစွမ်းရှေ့တွင် သူတော်စင်ဧကရာဇ်ဘုရင်များ၏ အင်အားမှာ ပိုးဖလံလေးများကဲ့သို့ပင် အားနည်းလွန်းလှသည်။
သူတော်စင်ဧကရာဇ်ဘုရင်၏ အထွတ်အထိပ်အဆင့်ရှိသူပင် မခုခံနိုင်ပေ။
အမှန်စင်စစ် ချင်းထျန်းနယ်မြေမြတ်၏ အားအကောင်းဆုံးဘိုးဘေးကြီးသည်ပင် လုရီဖျင်၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
လမ်းကြောင်းမှာ ရှင်းလင်းသွားခဲ့သဖြင့် လုယီဖင်သည် ချင်းထျန်းနယ်မြေမြတ်အတွင်းသို့ လှမ်းဝင်သွားလေတော့သည်။
အစီရင် ပျက်သွားပြီးေနာက် ချင်းထျန်းနယ်မြေမြတ်အတွင်းရှိ မည်သည့်တိုက်ကြီးမှ ပြည့်စုံကွဲပြားခြင်း မရှိတော့သည်ကို မြင်လိုက်ရသည်။ တိုက်ကြီးပေါ်တွင် ကြီးမားသော အက်ကြောင်းကြီးများမှာ မြေပြင်ပေါ်၌ ရောယှက်ေနပြီး တောင်တန်းများ ပြိုကျကာ သစ်တောများသည်လည်း တစ်ခုပြီးတစ်ခု လဲပြိုကုန်ကြေလသည်။
ပြည်မကြီးပေါ်ရှိ မြို့ပြများမှာလည်း ပြိုပျက်ကုန်ပြီဖြစ်သည်။
မြို့အတွင်းရှိ ချင်းထျန်းနယ်မြေမြတ်မှ တပည့်အားလုံးသည်လည်း လုရီဖျင်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ကြသည်။
အချို့မှာမူ မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီဖြစ်သည်။
လုရီဖျင်သည် ချင်းထျန်းနယ်မြေမြတ်၏ အလယ်ပိုင်းတိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်။
အလယ်ပိုင်းတိုက်ကြီးမှာမူ အားအကောင်းဆုံး ခံစစ်အစီရင်ကြောင့် တစ်ခုတည်းသော ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသည့်ေနရာဖြစ်သည်။
လုရီဖျင်သည် လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းဖမ်းဆည်းလိုက်ရာ လွင့်ထွက်သွားသော ချင်းထျန်းနယ်မြေမြတ်မှ ဘိုးဘေး ၄၃ ပါးလုံး ပြန်လည်ေရာက်ရှိလာခဲ့သည်။
ချင်းထျန်းနယ်ေမြမြတ်၏ ကောင်းကင်ဘုံရှင်ဘုရင် ၄၃ ပါးတို့သည် လုရီဖျင်ကို ကြည့်ရင်း ၎င်းတို့၏ ကြောက်ရွံ့မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြတော့ပေ။
"ကျွန်ေတာ်တို့ ချင်းထျန်းနယ်ေမြမြတ်က အရှင့်ကို ဘယ်လိုအေကြာင်းမျိုးနဲ့ စော်ကားမိလို့ပါလဲ" ဟု ချင်းထျန်းနယ်ေမြမြတ်၏ အားအကောင်းဆုံးဘိုးဘေးက တိုးညှင်းစွာ မေးမြန်းလိုက်သည်။
"စော်ကားတာမျိုးတော့ မရှိဘူး၊ မင်းတို့ရဲ့ နယ်မြေကို ကြည့်ရတာ ငါ့မျက်စိထဲ စူးငြောင့်ဖြစ်နေလို့" ဟု လုရီဖျင်က ပြောလိုက်သည်။
မျက်စိထဲ သဘောမကျရုံသက်သက် အကြောင်းပြချက်သည် တိုက်ခိုက်ခံရသည့်အရာများအတွက် အဖြေမဟုတ်ပေ။
"ကျွန်ေတာ်က မိစ္ဆာဘိုးဘေးရဲ့အရှင်လော့ဟူရဲ့ လက်အောက်ခံတပည့်တစ်ယောက်ပါ၊ အရှင်ေလာ့ဟူရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်ေတာ်တို့ကို ခွင့်လွှတ်ပေးပါ" ဟု ချင်းထျန်းနယ်ေမြမြတ်၏ အားအကောင်းဆုံးဘိုးဘေးမှ ရုတ်တရက် ပြောလိုက်သည်။
"လော့ဟူရဲ့ လူတွေလား..." လုရီဖျင်သည် မည်သည့်ခံစားချက်မျှမရှိဘဲ ဆိုလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်ေတာ်က ယွမ်ဟိုင်းပင်လယ်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့အချိန် အရှင်ေလာ့ဟူရဲ့ အလိုတော်အတိုင်း လိုက်ပါခဲ့တာပါ" ဟု ဘိုးဘေးက ထပ်လောင်းပြောဆိုလိုက်သည်။
လုရီဖျင်သည် ထိုသူကို ပါးရိုက်လိုက်ပြီးနောက် လက်ချောင်းဖြင့် တွန်းထုတ်လိုက်ရာ အင်အားစု ၄၃ ခုမှာ ထွက်ပေါ်လာခဲ့ပြီး ထို ၄၃ ဦး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ ၎င်းတို့၏ စွမ်းအားများကို ချိတ်ပိတ်လိုက်ပြီးနောက် အဆောက်အအုံအတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
ချင်းထျန်းနယ်မြေမြတ်မှ ကောင်းကင်ဘုံရှင်ဘုရင် ၄၃ ပါးထဲတွင် အထွတ်အထိပ်အဆင့် သခင်တစ်ပါး၊ အမြင့်ဆုံးအဆင့် သခင် ၁၄ ပါးနှင့် တိုက်ခိုက်ရေးစွမ်းရည် ၁၇ ဘီလီယံကို ကျော်လွန်သူ ၄ ဦးပါဝင်ေပသည်။
ယခင် ဖမ်းဆီးထားသူ ၂ ပါးနှင့် ပေါင်းစည်းလိုက်လျှင် အင်အားမှာ မနည်းလှပေ။
လုရီဖျင်သည် ၎င်းတို့၏ ကျင့်စဉ်အသီးအပွင့်များကို သန့်စင်ထုတ်ယူနိုင်ခဲ့ပါက သူ၏ အင်အားသည် မည်သည့်အတိုင်းအတာအထိ တိုးတက်လာမည်ကိုတွေးတော၍ ကျေနပ်နေခဲ့သည်။
ထို့ကြောင့် လုရီဖျင်သည် သန့်စင်သောနယ်မြေ၏ အလယ်ပိုင်းတိုက်ကြီးရှိ နန်းတော်အတွင်း၌ အနားယူကျင့်ကြံရင်း အခွင့်အရေးကို အသုံးချကာ အင်အားများကို သန့်စင်ပြီးေနာက် နယ်ပယ်သစ်များကို ဖွင့်လှစ်ရန် ပြင်ဆင်လေတော့သည်။
ချင်းထျန်းနယ်မြေမြတ်မှ ထွက်ပြေးလွတ်မြောက်သွားသော အခြားတပည့်များအတွက်မူ လုရီဖျင်သည် ကွန်းငါးကြီးအား ကိုင်တွယ်ဖြေရှင်းရန် လွှဲအပ်ခဲ့သည်။
ကောင်းကင်ဘုံရှင်ဘုရင် ၄၃ ပါး မရှိတော့သည့်နောက်တွင် ချင်းထျန်းနယ်ေမြမြတ်မှ တပည့်များသည် ကွန်းငါးကြီး၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ ။ ရုတ်တရက်ဆိုသလိုပင် ချင်းထျန်းနယ်ေမြမြတ်တစ်ခုလုံး သွေးမိုးများ ရွာသွန်းဖြိုးတော့သည်။
နန်းတော်အတွင်း၌ တင်ပလ္လင်ခွေထိုင်ရင်း လုရီဖျင်သည် ပထမဦးစွာ မြေတူးဆောက်ကို ထုတ်ယူကာ သန့်စင်ခြင်း စတင်လေသည်။
မြေတူးဆောက်သည် ကောင်းကင်ဘုံကို ဖွင့်လှစ်နိုင်သော လက်နက်ဆန်းတစ်ခုဖြစ်ရာ လုရီဖျင် ထင်ထားသည်ထက် ပိုမိုခက်ခဲလှသည်။ လုရီဖျင်သည် ကံကြမ္မာကျောက်စိမ်းပြားကို အသုံးပြုပြီး သူကိုယ်တိုင်ပင် တာအိုလမ်းစဉ်ဘိုးဘေးတစ်ဦးဖြစ်သော်လည်း မြေတူးဆောက်ကို အပြီးသတ်သန့်စင်နိုင်ရန် နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့သည်။
သန့်စင်မှု ပြီးဆုံးသွားသောအခါမှသာ လုရီဖျင် သက်ပြင်းချနိုင်တော့သည်။ မြေတူးဆောက်၏ အစွမ်းသည် ကောင်းကင်ဖွင့် ပုဆိန်နှင့် တန်းတူညီမျှရှိသည်။ ယခုအခါ ထိုလက်နက်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ မိစ္ဆာဘိုးဘေး လော့ဟူပင် ဖြစ်စေ လုရိီဖျင်၏ ပြိုင်ဘက် မဟုတ်တော့ပေ။
ထို့နောက်တွင် လုရီဖျင်သည် နယ်မြေမြတ်မှ ဖမ်းဆီးထားသော သူတော်စင်ဧကရာဇ်ဘုရင် ၄၀ ကျော်၏ ကျင့်စဉ်အသီးအပွင့်များကို သန့်စင်ရန် စတင်တော့သည်။
လုရီဖျင်သည် အမြင့်ဆုံးအဆင့်ရှိသော သူတော်စင်ဧကရာဇ်ဘုရင်များ၏ အင်အားများကို တစ်ခုပြီးတစ်ခု စုပ်ယူခဲ့သည်။
မကြာမီပင် လုရီဖျင်၏ တာအိုလမ်းစဉ် အင်အားသည် သန်း ၁၀၀ ကို ကျော်လွန်သွားကာ၊ သန်း ၂၀၀၊ ၃၀၀ နှင့် ၄၀၀ အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သည်။
လုရီဖျင်သည် ထိုဘိုးဘေး ၄၀ ကျော်၏ အင်အားအားလုံးကို သန့်စင်ပြီးစီးသောအခါ သူ၏ တာအိုလမ်းစဉ် အင်အားသည် သန်း ၇၀၀ အထိ ထိုးဖောက်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ လုရီဖျင်သည် တာအိုလမ်းစဉ်၏ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
နှိုင်းယှဉ်ရလျှင် မိစ္ဆာဘိုးဘေး လော့ဟူသည် တာအိုလမ်းစဉ် အင်အား သန်း ၂၀၀ သာ ရှိပြီး လုံချိန်မှာမူ သန်း ၁၀၀ သာ ရှိေပသည်။
လုရီဖျင်သည် ယွမ်ဟိုင်းရေအာက်လောကတွင် ဆက်မနေတော့ဘဲ ထွက်ခွာလာခဲ့သည်။ ထွက်ခွာလာချိန်တွင် ကွန်းငါးကြီးကိုလည်း အတူခေါ်ဆောင်ခဲ့သည်။
နက်ရှိုင်းသော ပင်လယ်ကမ္ဘာမှ ထွက်လာသော ကွန်းငါးကြီးသည် ပြင်ပမှ လတ်ဆတ်သော လေကို ရှူရှိုက်ပြီးေနာက် ဟိန်းဟောက်လိုက်ရာ ချောင်းကမ္ဘာ ကမ်းခြေရှိ လူသားနှင့် မိစ္ဆာအင်အားကြီးပုဂ္ဂိုလ်များမှာ ကြောက်လန့်တုန်ရင်ကာ မျက်နှာများ ဖြူလျော့ကုန်ကြသည်။
"ငါ့ညီမလေး အခု ဘယ်လိုနေမလဲမသိဘူး" လုရီဖျင်သည် တွေးတောရင်း ကွန်းငါးကြီးကို စီးနင်းကာ လူသားမျိုးနွယ်စုနယ်မြေသို့ ပျံသန်းလာခဲ့သည်။
တာအိုဘိုးဘေးအဆင့်ကို ရောက်ရန် သူ့အတွက် နှစ်ပေါင်း သိန်းနှင့်ချီ ကြာမြင့်ခဲ့သည်။ ထိုမျှကြာမြင့်သော အချိန်အတောအတွင်း သူ၏ညီမသည်လည်း ထျန်းကျွင့် အဆင့်၏ အထွတ်အထိပ်သို့ ရောက်လောက်ပြီဟု သူယူဆထားခဲ့သည်။
တယအိုလမ်းစဉ်၏ စွမ်းအားအရှိန်အဟုန်ကြောင့် ကွန်းငါးကြီးသည် အလွန်မြန်ဆန်လှရာ နာရီဝက်မပြည့်မီမှာပင် လူသားနယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လုရီဖျင်သည် သူ၏ညီမ လုကျိီချင်း ပုန်းအောင်းနေသည့် တောင်ကြားသို့ ရောက်လာခဲ့သည်။
တောင်ကြားမှာ ယခင်အတိုင်းပင် ငှက်သံလေးများဖြင့် သာယာနေဆဲဖြစ်သည်။ လုရီဖျင် ရောက်သွားချိန်တွင် ညီမဖြစ်သူမှာ ဓားသိုင်းကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။
သူမသည် ဓားသိုင်းပညာရပ်တွင် အမြဲတမ်း စွဲလန်းသူဖြစ်ရာ နှစ်ပေါင်း သိန်းချီကြာပြီးနောက်တွင် လုကျိီချင်း၏ ဓားသိုင်းမှာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်လာပြီး ကျင့်ကြံမှုအဆင့်မှာလည်း သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုကျီချင်းသည် ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သော လုရီဖျင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်ကာ ပြေးလာခဲ့တော့သည်။
"အစ်ကိုကြီး…"
လုရီဖျင်ကလည်း ခေါင်းညိတ်ကာပြုံးပြရင်း "ဓားသိုင်း အတော်ကျွမ်းကျင်လာတာပဲ" ဟု ဆိုလိုက်သည်။
"ဒါပေါ့ ညီမလေး သေချာလေ့ကျင့်ထားတာ" လုကျိီချင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချိုသာစွာ ပြုံးလိုက်သည်။
ထို့နောက် သူမသည် သူမ ပြုပြင်ထားသော တောင်ကြားကို လုရီဖျင်အား လိုက်လံပြသကာ မောင်နှမနှစ်ဦး စကားစမြည် ပြောဆိုခဲ့ကြသည်။
နောက်တစ်နေ့တွင် လုရီဖျင်သည် ညီမဖြစ်သူကို တောင်ကြားမှ ခေါ်ထုတ်ကာ အနီးနားရှိ မြို့တစ်မြို့သို့ သွားခဲ့ကြသည်။ ယခုအခါ သူသည် တာအိုဘိုးေဘးအဆင့်ကို ရောက်ရှိနေပြီဖြစ်သဖြင့် ညီမဖြစ်သူမှာ တောင်ကြားထဲတွင် ပုန်းအောင်းနေရန် မလိုတော့ပေ။
"အစ်ကိုကြီး... အဖေနဲ့ အမေတို့ဆီက သတင်းများ ရခဲ့သေးလား" ဟု လုကျိီချင်းက မေးမြန်းလိုက်လေသည်။
***