လုရီဖျင်သည် ခေါင်းခါယမ်းလိုက်ကာ "မရသေးဘူး" ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် ညီမဖြစ်သူ လုကျိီချင်းအား ကြည့်ကာ "ညီမလေး မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီး အဖေနဲ့အမေကို မရရအောင် ရှာပေးပါ့မယ်" ဟု အားပေးစကား ဆိုလိုက်သည်။
လုကျိီချင်းလည်း လေးနက်စွာနားေထာင်ရင်း ခေါင်းညိတ်ပြလိုက်သည်။
မောင်နှမနှစ်ဦးသည် မြို့ထဲတွင် ခေတ္တမျှ လမ်းလျှောက်ကြည့်ရှုကြပြီးနောက် ဝမ်လုံအရက်ဆိုင်တွင် ခေတ္တဝင်နားကာ သောက်စားကြပြီး မြို့ပြင်သို့ ထွက်ခွာလာခဲ့ကြသည်။
လုရီဖျင်နှင့် လုကျိီချင်းတို့သည် ချောင်းလောက၏ ဗဟိုချက်ဆီသို့ ပျံသန်းလာကြသည်။
၎င်းကို မြင်သောအခါ လုကျိီချင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်တော့သည်။ "အစ်ကိုကြီး... ကျွန်မတို့ အခု ဘယ်ကို သွားနေတာလဲ"
"ချောင်းမြို့တော်ကို" လုရီဖျင်က ပြုံးလျက် ဖြေလိုက်သည်။
“ချောင်းမြို့တော်ကို သွားနေတာလား" လုကျိီချင်း အံ့အားသင့်သွားရသည်။ သူမ၏ အစ်ကိုကြီးသည် ချောင်းလောက၏ ဘုရင်ဖြစ်သူ လုံချိန်၏ စတုတ္ထမြောက် တပည့်ကို သတ်ခဲ့သူဖြစ်သည်။ထိုသတင်းကိုလည်း အားလုံးကြားသိပြီးဖြစ်သည်။
လုရီဖျင်သည် ချောင်းမြို့တော်ရှိရာ အရပ်ကို စိုက်ကြည့်ရင်း အေးဆေးစွာ ပြောလိုက်သည်။ "လုံချိန်က ချောင်းဘုရင်အဖြစ် နေတာ ကြာလှပြီ။ အဲ့တော့ အပြောင်းလဲလုပ်ဖို့လဲ အချိန်တန်ပြီပေါ့"
လုကျိီချင်းမှာ ထိုစကားကြောင့် မှင်သက်သွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားရသည်။
"အစ်ကိုကြီး... အစ်ကိုကြီးက ချောင်းလောကရဲ့ အရှင်သခင်ကို စိန်ခေါ်မလို့လား" လုကျိီချင်းသည် အသက်ရှူသံများ မြန်ဆန်လာကာ မေးလိုက်သည်။
လုရီဖျင်သည်လည်း အသာအယာ ခေါင်းညိတ်ပြလိုက်ေလသည်။
ယခု သူသည် ညီမဖြစ်သူကို ခေါ်ဆောင်ကာ လုံချိန်ကို စိန်ခေါ်ရန် ချောင်းမြို့တော်သို့ တိုက်ရိုက်သွားနေခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ချောင်းဘုရင်၏ ပလ္လင်ပေါ်တွင် ထိုင်နိုင်ခဲ့ပါက တစ်လောကလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုအခါ သူ၏ မိဘများရှိရာ အရပ်ကို ရှာဖွေရန် ချောင်းလောက၏ အင်အားစုအားလုံးကို အသုံးချနိုင်မည်ဖြစ်သည်။
လုရီဝမ်မှာ သူ၏ မွေးစားဖခင်သာ ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင်မူ သွေးသားရင်ချ ဖခင်အရင်းတစ်ေယာက်နှင့် မခြားပေ။
မည်သို့ပင်ဖြစ်စေ လုရီဖျင်သည် လုရီဝမ်နှင့် မိခင်ဖြစ်သူတို့ကို ရှာတွေ့နိုင်မည် နည်းလမ်းမျိုးစုံကို သေချာပေါက်လုပ်ဆောင်မည်ဖြစ်သည်။
လုရီဖျင်သည် ချောင်းဘုရင် လုံချိန်ကို စိန်ခေါ်မည်ဟု ကြားသောအခါ လုကျိီချင်းက စိုးရိမ်တကြီးဖြင့် တားဆီးရန် ပြင်သည်။ "အစ်ကိုကြီး..."
လုရီဖျင်သည် ညီမဖြစ်သူ ပြောလာမည့်စကားကို သိသဖြင့် ပြုံးလိုက်ပြီး "ညီမလေး မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီးမှာ အပိုင်တွက်ချက်ထားတဲ့ နည်းလမ်းတွေ ရှိတယ်။ အစ်ကိုကြီးက တာအိုလမ်းစဉ်ဘိုးဘေးအဆင့်ကို ရောက်သွားပြီ" ဟု ပြောလိုက်သည်။
ထိုအချိန် လုကျိီချင်းသည် ခြေလှမ်းများ ရပ်တန့်သွားကာ လုရီဖျင်ကိုသာ ငေးကြည့်နေမိေတာ့သည်။ သူမ၏ စိတ်ထဲတွင် လုရိီဖျင် ပြောသွားသော စကားကို ထပ်ခါတလဲလဲ ကြားယောင်နေမိသည်။
သူမ၏ အစ်ကိုကြီးသည် တာအိုလမ်းစဉ်ဘိုးဘေးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူမသည် လုရီဖျင်ကို ငေးကြည့်နေမိပြီး အိမ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။
ရုတ်တရက် လုကျိီချင်း၏ မျက်ဝန်းများ နီမြန်းလာကာ စိတ်လှုပ်ရှားမှုနှင့်အတူ ဝမ်းသာမျက်ရည်များ စီးကျလာတော့သည်။
လုရီဖျင်သည် ညီမဖြစ်သူ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း "ဘာလို့ ငိုနေတာလဲ၊ အနာဂတ်မှာ မင်းရဲ့အစ်ကိုကြီးက တာအိုးဘိုးဘေးလမ်စဉ်အားလုံးကို အုပ်စိုးနိုင်တဲ့ အဆင့်ထက်တောင် ကျော်လွန်သွားတဲ့အထိ ကြိုးစားသွားမှာ၊ ညီမလေးက ဘာကိုဝမ်းနည်းနေရတာလဲ" ဟု ပြောလိုက်သည်။
တာအိုလမ်းစဉ်ဘိုးေဘး၏အထက်တွင် ကမ္ဘာဦးဖွင့်လှစ်ခြင်းအဆင့် ရှိပေသည်။
ပန့်ကူးပြီးနောက်တွင် ထိုအဆင့်သို့ ရောက်ရှိသူ မရှိတော့သော်လည်း လုရီဖျင်သည် ကံေကာင်းခြင်း ကျောက်စိမ်းပြားမှ လူဝင်စားလာသူဖြစ်သဖြင့် အခွင့်အရေး ရှိနေေပသည်။
အမှန်တကယ်ပင် သူသည် ထိုအဆင့်သို့ ရောက်ရှိခဲ့ပါက စကြဝဠာ၏ မတူညီသော နယ်ပယ်အသီးသီးသို့ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ပြီး နတ်ဘုရားလောက၊ နတ်သမီးလောကနှင့် လူ့လောကများသို့ပါ သွားရောက်နိုင်မည် ဖြစ်သည်။
လုရီဖျင်၏ စကားကို ကြားသောအခါ လုကျိီချင်းသည် မျက်ရည်များကြားမှ ပြုံးလိုက်ကာ "ဒီမျက်ရည်တွေက အစ်ကိုကြီးအတွက် ဝမ်းသာမျက်ရည်တွေပါ၊ ညီမလေးက အစ်ကိုကြီးအတွက် ဂုဏ်ယူလွန်းလို့ပါ" ဟု ဆိုလိုက်သည်။
လုရီဖျင်ကလည်း ပြုံးလျက် "အစ်ကိုကြီးအတွက်လည်း ညီမလေးက ဂုဏ်ယူစရာပါပဲ" ဟု ပြန်ပြောလိုက်သည်။
မောင်နှမနှစ်ဦးသည် တစ်လမ်းလုံး ရယ်ရယ်မောမောဖြင့် ခရီးဆက်လာကြရာ...
မကြာမီမှာပင် ချောင်းမြို့တော်ကြီးသည် သူတို့၏ မြင်ကွင်းထဲသို့ စတင်ေပါ်လာခဲ့တော့သည်။
တိုက်ကြီးများသဏ္ဌာန် ကြီးမားလှသော ချောင်းမြို့တော်သည် ထည်ဝါစွာ တည်ရှိနေသည်ကို မြင်လိုက်ရသောအခါ လုကျိီချင်းသည် သူမ၏စိုးရိမ်တုန်လှုပ်မှုကို မထိန်းထားနိုင်တော့ပေ။
လုရီဖျင်၏ မျက်နှာမှာမူ တည်ငြိမ်လျက်ရှိသည်။
ချောင်းမြို့တော်၏ အရှင်သခင် ပြောင်းလဲတော့မည့်ေကြာင်းကို ပထမဦးဆုံးသိထားရသည့်အတွက် လုကျီချင်းမှာ စိတ်အလှုပ်ရှားဆံုးဖြစ်ေနခဲ့သည်။
ထိုအချိန်တွင် လုံချိန်သည် ချောင်းမြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ ဟင်းလင်းပြင်ပလ္လင်ထက်၌ တင်ပလ္လင်ခွေ ထိုင်နေပြီး၊ နန်းရင်ပြင်အပြင်ဘက်တွင် သူ၏တပည့်ကြီးများဖြစ်သော ချမ်လင်းချောင် ၊ လုကျန်း နှင့် ဒုလီ တို့သည် လုရီဖျင်အကြောင်း ဆွေးနွေးနေခဲ့ကြသည်။
"ငါ လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပြီ၊ ယင်းယန် ဘိုးဘေးက တာအိုလမ်းစဉ်နယ်ပယ်ထဲကို မဝင်ရောက်သေးဘူး" ဟု ချမ်လင်းချောင်က လေးနက်စွာ ပြောလိုက်သည်။
ယခင်က တစ်စံုတစ်ေယာက်မှ တာအိုလမ်းစဉ်ဘိုးဘေးအဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားသည့် သတင်းထွက်ပေါ်လာချိန်တွင် အချို့မှာ ယင်ယန်ဘိုးဘေး ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ ချမ်လင်းချောင်သည် ယင်းယန်ဘိုးဘေး မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
လုကျန်းနှင့် ဒုလီတို့သည် ထိုစကားကို ကြားသောအခါ သူတို့၏နှလုံးသားများ ပူလောင်သွားရသည်။ ယင်ယန်ဘိုးဘေး မဟုတ်ပါက လုရီဖျင် ဖြစ်နေနိုင်ပေသည်။
"ယင်ယန်ဘိုးဘေး မဟုတ်ဘူးဆိုတိုင်း လုရီဖျင် ဖြစ်ေနမယ်လို့ မဆိုလိုဘူးလေ" လုကျန်းသည် ခေါင်းခါယမ်းရင်း ဆိုလိုက်သည်။
လုရီဖျင်သည် တာအိုဘိုးေဘးအဆင့်သို့ ရောက်ရှိသွားပြီဟူသောအချက်ကို သူ မယုံကြည်နိုင်သေးပေ။
"ဆရာကြီးကတော့ ပြောထားတယ်၊ လုရီဖျင် တကယ်ပဲ တာအိုဘိုးေဘးအဆင့်ကို ရောက်သွားခဲ့ရင်တောင် စိုးရိမ်စရာမရှိဘူးတဲ့" ဒုလီကလည်း ဝင်ေရာက်ပြောကြားခဲ့သည်။
ထိုစဉ် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ချောင်းမြို့တော်တစ်ခုလုံး တုန်ခါသွားတော့သည်။
ချမ်လင်းချောင်၊ လုကျန်းနှင့် ဒုလီတို့ ထိုင်နေသော ထိုင်ခုံများမှာ တုန်ခါမှုကြောင့် အက်ကွဲသွားပြီး သူတို့ကိုယ်တိုင်ပင် မလဲကျသွားစေရန် ဟန်ချက်ထိန်းလိုက်ရသည်။
လူသုံးယောက်သည်လည်း ထိတ်လန့်သွားကြသည်။ ထိုတုန်ခါမှုသည် တစ်စုံတစ်ယောက်မှ ချောင်းမြို့တော်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။
"ဘယ်သူလုပ်တာလဲ…." ချမ်လင်းချောင်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
လုကျန်းနှင့် ဒုလီတို့လည်း သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
ချောင်းမြို့တော်အတွင်းရှိ စောင့်ကြပ်နေသော ချောင်းစစ်သည်များသည်လည်း တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကြသည်။
ချောင်းမြို့တော်သည် လုံချိန် ကျင့်ကြံနေထိုင်ရာနေရာ ဖြစ်သောကြောင့် အစောင့်အရှောက်များ အလွန်ထူထပ်လှသည်။
စုစုပေါင်း တပ်မဟာ ၁၀၀ခန့် ရှိပြီး တပ်မဟာတစ်ခုစီတွင် လူဦးရေ သန်း ၁၀၀ စီ ပါဝင်ရာ အားလုံးမှာ ချောင်းလောက၏ ထိပ်သီးစစ်သည်တော်များ ဖြစ်ကြသည်။
ထိုစစ်တပ်ကြီးများ ထွက်ပေါ်လာသောအခါ ချောင်းမြို့တော်၏ ကောင်းကင်ယံတစ်ခုလုံး စစ်သည်တော်များဖြင့် ပြည့်နှက်သွားတော့သည်။
ချမ်လင်းချောင်သည် ဒေါသတကြီး ပြေးထွက်လာသော်လည်း အပြာရောင်ဝတ်စုံနှင့် လူရိပ်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာထား ပြောင်းလဲသွားေတာ့သည်။
"လုရီဖျင်…."
လုရီဖျင်၏ အမည်နာမမှာ မှော်အစွမ်းရှိပုံေပါ်ပြီး လုကျန်း၊ ဒုလီနှင့် ချောင်းတပ်မှူးများအားလုံး ခြေလှမ်းများ ရပ်တန့်သွားကြသည်။
"လုံချိန်းကို ထွက်လာခိုင်းလိုက်" လုရီဖျင်သည် ချမ်လင်းချောင်ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ငါ သူ့ကို ချောင်းဘုရင်ေနရာကို လောင်းကစားထားပြီး စိန်ခေါ်နေတယ်လို့ ပြောလိုက်"
လုရီဖျင်၏ အသံသည် ချောင်းမြို့တော်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ တိုက်ကြီးများအထိပါ ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ချောင်းမြို့တော်နှင့် အနီးတဝိုက်ရှိ အင်အားကြီးပုဂ္ဂိုလ်အားလုံးမှာ အပြာရောင်ဝတ်စုံနှင့် ပုံရိပ်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။
ထိုအချိန် ရုတ်တရက် မြို့တော်၏ အနက်ရှိုင်းဆုံး ဟင်းလင်းပြင်မှ လူရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ထိုပံုရိပ်မှာ ချောင်းဘုရင် လုံချိန် ပင်ဖြစ်သည်။
လုံချိန်သည် လုရီဖျင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ "ငါ့ရဲ့ ချောင်းဘုရင်နေရာကို စိန်ခေါ်မလို့ ဟုတ်လား…" ထို့နောက် သူက လုယီဖင်ကို စိုက်ကြည့်ကာ "မင်း တာအိုလမ်းစဉ်ဘိုးဘေးအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီသား"ဟု ပြောလိုက်သည်။
"မင်း တာအိုဘိုဘေးအဆင့်ကို ရောက်သွားရုံနဲ့ ငါ့ကို နိုင်မယ်လို့ ထင်နေတာလား"
"လုရီဖျင်... မင်းက စိတ်စောလွန်းေနတာပဲ။ နောက်ထပ် နှစ်သန်းပေါင်း ရာနဲ့ချီ ကျင့်ကြံပြီးမှ ငါ့ကိုလာစိန်ခေါ်ရင်ေတာင် မင်းအစွမ်းေလာက်နဲ့ ငါ့ကိုနိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောရင်း လုံချိန်သည် လက်နှစ်ဖက်ကို မြှောက်လိုက်ရာ မြေပြင်ပေါ်တွင် တည်ရှိနေသော ချောင်းမြို့တော်ကြီးမှာ တုန်ခါကာ မြေပြင်များမှာလည်း ဖြည်းညှင်းစွာ ကြွတက်လာေစပြီး အလွန်ပြင်းထန်သော လေလှိုင်းကြီးများကို ဖန်တီးလိုက်ေလသည်။ ထိုလေလှိုင်းဒဏ်ကြောင့်ပင် သူတော်စင်ဧကရာဇ်ဘုရင်အားလုံး လွင့်ထွက်ကုန်ကြပြီး အထွတ်အထိပ်အဆင့်ရှိသူများပင် မကင်းလွတ်ခဲ့ကြပေ။
ချောင်းအလင်းတန်းများသည် မြို့တော်ကို ဝန်းရံကာ ရစ်ပတ်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ချောင်းမြို့တော်ကြီးဆီမှ စတင်ဖြာထွက်လာလေသည်။
လုံချိန်သည် ချောင်းမြို့တော်၏ အထက်ကောင်းကင်ယံ၌ ရပ်တန့်နေပြီး၊ သူ၏ပတ်ဝန်းကျင်တွင် တာအိုလမ်းစဉ်ဘိုးဘေး၏ အရှိန်အဝါများ လွှမ်းခြုံထားေလသည်။ သူ၏ဦးခေါင်းထက်တွင် တာအိုလမ်းစဉ်ဘိုးဘေး ချင်းယွမ်တိမ်တိုက်ကြီးမှာ ခရမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပဖြာထွက်နေခဲ့သည်။
ရုတ်တရက် လုံချိန်သည် သူ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချောင်းအလင်းတန်းကြီးသည် အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လုရီဖျင်ဆီသို့ ပြေးဝင်သွားတော့သည်။ ချောင်းအလင်းတန်းကြီးမှာ လုရီဖျင်ဆီသို့ ဦးတည်တိုက်ခိုက်လိုက်သောအခါ ကောင်းကင်နှင့် မြေပြင်မှာ မှောင်အတိကျသွားပြီး နေရောင်ခြည်မှာလည်း လုံးဝကွယ်ပျောက်သွားခဲ့ရသည်။
ပြိုကျပျက်စီးမတတ် ပြေးဝင်လာသော ချောင်းအလင်းတန်းကို ကြည့်ေနခဲ့ေသာ်လည်း လုရီဖျင်သည် ချောင်းခေါင်းလောင်းနှင့် ရွှမ်ဟွမ်းကျောက်မျက်တာဝါတို့ကို ထုတ်မသုံးခဲ့ပေ။ သူသည် လက်တစ်ဖက်ကိုသာ ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ကြီးမားသော ချောင်းအလင်းတန်းကြီးသည် လုရီဖျင်၏ လက်ဝါးရှေ့၌တင် ရပ်တန့်သွားတော့သည်။
ချောင်းအလင်းတန်းမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများမှာလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့သည်။
ချမ်လင်းချောင် နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မှင်သက်အံ့အားသင့်သွားကြေလသည်။
ထိုအချိန်တွင် လုရီဖျင်သည် ချောင်းအလင်းတန်းကြီးကို လုံချိန်ဆီသို့ ပြန်လည်တွန်းထုတ်လိုက်ေလသည်။
အဝေးမှ ကြည့်လျှင် ချောင်းတောင်တန်းကြီးတစ်ခုလုံးအား လုံချိန်ဆီသို့ ပြန်လည်ရိုက်ထုတ်လိုက်သကဲ့သို့ပင် ထင်မှတ်ရေလသည်။
ချောင်းအလင်းတန်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများကို ဖန်တီးကာ လုံချိန်၏ ရှေ့မှောက်သို့ ခဏချင်းအတွင်း ရောက်ရှိသွားလေတော့သည်။
***