လုံချိန်သည် ချောင်းမြို့တော်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို အာရုံခံမိလိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူသည် ချောင်းမြို့တော်ကို ထိန်းချုပ်ရန် ကြိုးစားနေသာ်လည်း ထူးခြားသည့်စွမ်းအင်အရှိန်အဟုန်များကို မရပ်တန့်နိုင်တော့ကြောင်း သူသဘောပေါက်သွားခဲ့သည်။
ထိတ်လန့်တကြားဖြစ်သွားသော လုံချိန်သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး သူ၏လက်ထဲတွင် မီးခိုးရောင်ဒိုင်းလွှားတစ်ခုကို ထုတ်ပေါ်လိုက်သည်။သေမင်းဒိုင်းလွှားဟုခေါ်သော ထိုမီးခိုးရောင်ဒိုင်းလွှားသည် ကမ္ဘာဦးအစနောက်ပိုင်းတွင် လုံချိန် ရရှိခဲ့သည့် သေခြင်းတရားနယ်မြေ မှ ရတနာတစ်ခုဖြစ်ပြီး ၎င်းသည် လုံချိန်၏ အားအကောင်းဆုံး ခံစစ်လက်နက်လည်း ဖြစ်သည်။
လုံချိန်၏ တာအိုလမ်းစဉ် စွမ်းအားများဖြင့် နှိုးဆော်လိုက်သောအခါ ဒိုင်းလွှားအတွင်းရှိ သေခြင်းတရားစွမ်းအင်များသည် ပြင်းထန်စွာ ထွက်ပေါ်လာပြီး သေမင်းပင်လယ် အဖြစ် ပြောင်းလဲကာ ချောင်းမြို့တော် ဆီသို့ တိုးဝင်သွားလေသည်။
ထစ်ချုန်းသံကြီးဖြင့်အတူ သေမင်းပင်လယ်နှင့် ချောင်းအလင်းတန်းတို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
သို့သော် ခဏချင်းတွင်ပင် လုရီဖျင် သည် ချောင်းအလင်းတန်းကို အရှိန်မြှင့်တင်လိုက်ကာ သေမင်းပင်လယ်ကြီးဆီကို ထိုးခွဲဖျက်ဆီးပစ်လိုက်သည်။ ပြင်းထန်သော သေခြင်းတရားစွမ်းအင်များသည်လည်း မိုင်ပေါင်းများစွာအထိ လွင့်စင်သွားတော့သည်။
ချောင်းအလင်းတန်းသည် တဖြေးဖြေးနောက်ဆုတ်သွားနေသော လုံချိန်ဆီ ချက်ချင်းပင် အမီလိုက်သွားခဲ့ေလသည်။
လုံချိန်သည် မိမိရှေ့ရှိ တောင်တန်းကြီးသဖွယ် ကြီးမားသော ချောင်းအလင်းတန်းကို ကြည့်ကာ အမြင်အာရုံများပင် မှောင်အတိကျသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် အဝေးသို့ လွင့်စင်သွားပြီး လက်ထဲရှိ သေမင်းဒိုင်းလွှား မှာလည်း ချောင်းအလင်းတန်း၏ ရိုက်ခတ်မှုကြောင့် မည်သည့်နေရာသို့ လွင့်စင်သွားမှန်းမသိအောင်ပင် ပျက်စီးသွားလေသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ယံတွင် တုန်ခါဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့သည်။
ချမ်လင်းေချာင်၊ လုကျန်း၊ ဒုလီ နှင့် အခြားသူများအပြင် လုံချိန်၏ လက်အောက်ခံ စစ်သူကြီးများအားလုံးသည် လွင့်စင်သွားသော လုံချိန်ကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်ပြီး ကျောက်ရုပ်များကဲ့သို့ ရပ်နေခဲ့ကြသည်။
လုံချိန်သည် ယခင်က မိစ္ဆာဘိုးဘေး နှင့် တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။ တာအိုလမ်းစဉ် စွမ်းအား သန်း ၂၀၀ ရှိသော မိစ္ဆာဘိုးေဘးပင်လျှင် လုံချိန်ကို အသာစီးရရုံသာ တတ်နိုင်ပြီး ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် လုံချိန်သည် တစ်ချက်တည်းဖြင့် အဝေးသို့ ရိုက်ထုတ်ခံလိုက်ရလေသည်။
ထိုအခြေေနမှာ လုရီဖျင်သည် တာအိုလမ်းစဉ်ဘိုးဘေးဖြစ်ပြီး လုံချိန်မှာမူ သူတော်စင်ဧကရာဇ်ဘုရင်အဆင့်သာ ရှိသယောင် ထင်မှတ်ရသည်။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ချမ်လင်းချောင်သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။
သူ့ဆရာသည် လုရီဖျင်မှာ တာအိုဘိုးဘေးအဆင့်သို့ ရောက်သွားလျှင်ပင် စိုးရိမ်စရာမရှိဟု ပြောခဲ့သည်။
အမှန်တကယ်တွင် လုကျီချင်းပင်လျှင် အံ့အားသင့်နေမိသည်။
ချောင်းနယ်မြေ၏ အုပ်ချုပ်သူ အားအကောင်းဆုံးဖြစ်သည့် ချောင်း ဘုရင် လုံချိန်ကို သူမ၏အစ်ကိုမှ အပြတ်အသတ် ချေမှုန်းပစ်ခဲ့သည်။ သူမ၏ အစ်ကိုသည် ထိုမျှအထိ သန်မာနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခေတ္တအကြာတွင် ပုံရိပ်တစ်ခုသည် ကောင်းကင်ယံမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းမှာ လွင့်စင်သွားသော လုံချိန်ပင်ဖြစ်သည်။
လုံချိန်သည် သူ၏ အရှက်ရဖွယ် ပုံစံကို ကြည့်ရင် ဒေါသများထွက်နေခဲ့သည်။ ပေသောင်းချီ မြင့်မားသည့် သူ၏ ခန္ဓာကိုယ်ကြီးမှာပင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ချပ်ဝတ်တန်ဆာမှာလည်း အပိုင်းပိုင်းကွဲကြေနေေလသည်။ ချမ်လင်းချောင်နှင့် အခြားသူများ၏ နှလုံးသားများလည်း တုန်လှုပ်သွားကြသည်။
နှစ်ပေါင်းများစွာကြာမြင့်သည်ထိ လုံချိန်၏ ယခုကဲ့သို့ အခြေအနေမျိုးကို မည်သူမျှ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
လုံချိန်သည် ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်စွာဖြင့် လုရီဖျင်ကို ကြည့်ကာ "မင်းက တာအိုလမ်းစဉ်ဘိုးဘေး အဆင့်ကို ခုမှ တက်လှမ်းနိုင်တာမလား၊ ဘယ်လိုလုပ် ဒီလောက်ထိ သန်မာနေရတာလဲ" ဟု အော်ဟစ်မေးမြန်းလိုက်သည်။
ထိုအခါ လုရီဖျင်သည် သူ၏ဦးခေါင်းပေါ်တွင် စိမ်းပြာရောင်တိမ်တိုက်ကို ထုတ်ဖော်ပြလိုက်သည်။
လုရီဖျင်၏ ဦးခေါင်းပေါ်မှ ချင်းယွမ်တိမ်တိုက်ကို ကြည့်ရင်း လုံချိန်၊ ချမ်လင်းချောင်နှင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။
"သန်း ၇၀၀ တိုက်ခိုက်ရေးစွမ်းအား…" လုံချိန်၏ လျှာများ တောင့်တင်းသွားပြီး စကားပင် ကောင်းကောင်းမထွက်နိုင်တော့ချေ။
"ဟုတ်တယ်၊ သန်း ၇၀၀ပဲ" လုရီဖျင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး ကျန့်မုသစ်ပင် ကို ဆင့်ခေါ်လိုက်လေသည်။
တိုက်ကြီးတစ်တိုက်စာနီးပါး ကြီးမားလှသော သစ်ပင်ကြီးကို မြင်လိုက်ရသည့်အခါ အားလုံးမှာ မှင်တက်အံ့အားသင့်သွားကြေလသည်။
ကျန့်မုသစ်ပင်၏ သန်းပေါင်းများစွာသော အမြစ်များသည် လေထဲတွင် ဝေ့ယမ်းနေပြီး ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော အတားအဆီး တစ်ခုကို ဖန်တီးလိုက်ေလသည်။
လုရီဖျင်သည် လုံချိန်ကို ကြည့်ကာ
“ချောင်းဘုရင်ရဲ့ အောင်လံတော်ကို ငါ့ဆီေပးလိုက်” ဟု ဆိုလိုက်သည်။ ချောင်း ဘုရင်၏ အောင်လံတော်သည် လူသားဧကရာဇ်တို့၏ တော်ဝင်တံဆိပ်တော်ကဲ့သို့ပင် ချောင်းဘုရင်၏ အရှိန်အဝါနှင့် အမှတ်အသားကုိေဖာ်ပြသည့်အရာ ဖြစ်သည်။
လုံချိန်သည် ကျန့်မုသစ်ပင်၏ အမြစ်များဖြင့် ပိတ်ဆို့ထားသော အတားအဆီးကို ကြည့်ရင်း မျက်နှာပျက်နေခဲ့ပြီဖြစ်သည်။
“ဒီအတားအဆီးထဲကနေ မင်း ဘယ်လိုမှ ထွက်ပြေးလို့ မရဘူး” လုရီဖျင်သည် လုံချိန်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
လုံချိန်ကလည်း ခက်ထန်စွာဖြင့် “ငါထွက်မပြေးနိုင်ရင်တောင် မင်း ငါ့ကို သတ်လို့မရဘူး” ဟု ပြန်ပြောလိုက်သည်။
တာအိုဘိုေဘးများသည် တာအိုလမ်းစဉ် နှင့် တစ်သားတည်း ဖြစ်နေကြသူများ ဖြစ်သည်။ လုရီဖျင် မည်မျှပင် သန်မာစေ ကမ္ဘာဦးအဆင့်သို့ မရောက်ေသးသည့်အချိန်ထိ တာအိုဘိုးဘေးတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း မရှိပေ။
“ငါ မင်းကို သတ်လို့မရပေမဲ့ ချုပ်နှောင်ထားလို့တော့ ရတာပဲ၊ နေဘယ်တော့မှ မထွက်တဲ့ ကမ္ဘာတစ်ခုမှာ မင်းကို ဖမ်းချုပ်ထားပြီး အမှောင်တွင်းနက်ကြီးထဲမှာ ထာဝရ ရှင်သန်ေနေအာင်လုပ်လို့ရတယ် ” လုရီဖျင်က အေးစက်စွာ ပြောလိုက်သည် “ချောင်း ဘုရင်ရဲ့ အောင်လံတော်ကို ငါ့လက်ထဲ ထည့်ပေးလိုက်၊ ဒါဆိုရင် မင်းကို ငါလွှတ်ပေးမယ်၊ မင်းရဲ့ တပည့်တွေအသက်ရှင်ဖို့အတွက်ပါ ထည့်သွင်းစဉ်းစားပေးမယ်”
ထိုစကားကြောင့် ချမ်လင်းချောင်၊ လုကျန်းနှင့် ဒုလီတို့၏ ရင်ထဲ တင်းကျပ်သွားကြရသည်။
အတော်ကြာသည့်အချိန်ထိ စိတ်ထဲတွင် တွေဝေနေခဲ့ပြီး နောက်ဆုံးတွင် လုံချိန်သည် သက်ပြင်းတစ်ချက်ချကာ ချောင်းဘုရင်၏ အောင်လံတော်ကို လွှဲအပ်လိုက်ရလေသည်။
အောင်လံတော်ကို လွှဲအပ်လိုက်သည့် အခိုက်အတန့်တွင် ပေသောင်းချီ မြင့်မားသော လုံချိန်၏ ခန္ဓာကိုယ်ကြီးသည်ပင် ပိန်လှီပုဝင်သွားသယောင် ထင်မှတ်ခဲ့ရသည်။
လုံချိန်သည်လည်း လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားသော်လည်း နေရောင်အောက်တွင် သူ၏ ကျောပြင်မှာ အားကိုးရာမဲ့ပြီး စိတ်ဓာတ်ကျနေပုံ ပေါ်ေနခဲ့သည်။ ချမ်လင်းချောင်၊ လုကျန်းနှင့် ဒုလီတို့သည်လည်း စိုးရိမ်တကြီးဖြင့် လုံချိန်နောက်မှ လိုက်ပါသွားကြတော့သည်။
လုရိီဖျင်သည် ကျန်ရှိနေသော သူတော်စင်ဧကရာဇ်ဘုရင်များကို ကြည့်ကာ “မင်းတို့ ထွက်သွားချင်ရင် ကိုယ့်ဆံုးဖြတ်ချက်နဲ့ကိုယ် ထွက်သွားနိုင်တယ်” ဟု ဆိုလိုက်သည်။
ထိုစကားကြောင့် သူတော်စင်ဧကရာဇ်ဘုရင်များလည်း စိတ်လှုပ်ရှားသွားကြသည်။ ထိုလူများသည် လုံချိန်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူများ ဖြစ်ကြပြီး အများစုမှာ လုံချိန်အပေါ် သစ္စာစောင့်သိကြဆဲ ဖြစ်သည်။
“ဒါပေမဲ့ ငါ့ဆီမှာ ဆက်နေပြီး အမှုထမ်းမယ့်သူတိုင်းကိုတော့ နေ့တိုင်း ကမ္ဘာဦးအငွေ့အသက် တစ်ခုစီ ပေးမယ်” ဟု လုရီဖျင်က ဆက်ပြောလိုက်သည်။
“ဘာ... တစ်နေ့ကို ကမ္ဘာဦးအငွေ့အသက်တစ်ခုစီလား”
လုရီဖျင်၏ စကားကြောင့် သူတော်စင်ဧကရာဇ်ဘုရင် စစ်သည်ပေါင်း ရာနှင့်ချီ၍ စိတ်လှုပ်ရှားသွားကြသည်။
“အရှင် ချောင်း ဘုရင်၊ ဒါ တကယ်ပဲလား” သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ရှိသူတစ်ဦးက ရှေ့သို့တက်ကာ ရိုသေစွာ မေးမြန်းလိုက်သည်။
“ငါ့စကားအတိုင်းပဲ” လုရီဖျင်က “သူတော်စင်ဧကရာဇ်ဘုရင် အဆင့်မြင့်သူတွေကို တစ်နေ့ နှစ်ခု၊ အထွတ်အထိပ်အဆင့်ရှိသူေတွကို လေးခု၊ ကျန်တဲ့သူတွေကို တစ်နေ့ တစ်ခုစီ ပေးမယ်” ဟု ဆိုလိုက်သည်။
သူတော်စင်ဧကရယဇ်ဘုရင် အထွတ်အထိပ် လူတစ်ဦးအတွက် တစ်နေ့ လေးခုဆိုပါက တစ်နှစ်လျှင် ၁၄၀၀ ကျော်၊ ဆယ်နှစ်လျှင် ၁၄၀၀၀ ကျော်၊ နှစ်ပေါင်း တစ်ရာဆိုလျှင် ၁၄၀,၀၀၀ ကျော် ပိုင်ဆိုင်သွားမည်ဖြစ်သည်။
ထိုအချိန်အားလုံး၏ အသက်ရှူသံများ မြန်ဆန်လာကြသည်။
လုရီဖျင်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူတော်စင်ဧကရာဇ်ဘုရင် အဆင့်မြင့် ပညာရှင်တစ်ဦးမှာ ဒူးထောက်ကာ လုရီဖျင်ထံတွင် သစ္စာခံလိုက်လေတော့သည်။
မကြာမီမှာပင် ဒူးထောက်အညံ့ခံသူ သူတော်စင်ဧကရာဇ်ဘုရင် အရေအတွက်မှာ တစ်စတစ်စ များပြားလာပြီး ခဏအကြာတွင် ဒူးမထောက်ဘဲ ကျန်ရှိနေသူမှာ ဆယ်ဂဏန်းခန့်သာ ရှိတော့သည်။
နောက်ဆုံးတွင် လုရီဖျင်သည် ထိုဆယ်ဂဏန်းခန့်ရှိသော လူများကိုလည်း လွတ်လပ်စွာ ထွက်ခွာခွင့်ပေးလိုက်သည်။
ထို့နောက် လုရီဖျင်သည် ပတ်ဝန်းကျင်ရှိ ချောင်းစစ်တပ်ကြီးကို ကြည့်ကာ လက်ထဲရှိ ချောင်းဘုရင်၏ အောင်လံတော်ကို လှုပ်ရှားလိုက်လေသည်။ ထိုအချိန် ကောင်းကင်ယံကို ထောက်မတ်ထားသည့် ဘီလူးကြီးတစ်ကောင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာေလသည်။
ထိုအရာမှာ ချောင်းဘုရင်၏ အမိန့်ပေးအလံတော်မှ စွမ်းပကားပင် ဖြစ်သည်။
သန်းပေါင်း တစ်သောင်းကျော်ရှိသော ချောင်းစစ်သည်တော်များအားလုံးလည်း ဝပ်တွားခစားလိုက်ကြသည်။
မကြာမီမှာပင် လုရီဖျင်သည် ချောင်း ဘုရင်၏ ရာဇပလ္လင်ကို စိန်ခေါ်ခဲ့ပြီး လုံချိန် ရှုံးနိမ့်ဆုတ်ခွာသွားရသည့် သတင်းလည်း ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကြောင့် တစ်လောကလုံး လှုပ်ခတ်သွားတော့သည်။
လုမိသားစုမှ ဘိုးဘေးများဖြစ်ကြသော လုခုံ၊ လုယုံကျီ နှင့် လုပင်း တို့သည် သတင်းကို ကြားလိုက်ရချိန်တွင် ဆွံ့အသွားကြပြီး သတိမဝင်နိုင်ခဲ့ကြပေ။
လုယုံကျိီသည် ရုတ်တရက် လက်အုပ်ချီကာ ရွှယ်ကျူးဘိုးဘေးအား ဦးညွှတ်ရင်း ငိုယိုကာ ပြောရှာသည် "ကျွန်တော် မှားသွားပါပြီ အစ်ကိုကြီးရွှယ်ကျူး၊ အရင်က ချောင်းဘုရင်ကို စော်ကားမိခဲ့တဲ့အတွက် ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ ချောင်းအရှင်သခင်ကို တောင်းပန်ပေးပါ"
လုပင်း၊ လုဂန်းနှင့် အခြားသူများသည်လည်း ထပ်တူပင် ဦးညွှတ်ငိုကြွေးခဲ့ကြသည်။ လုခုံ၏ မျက်နှာပင် အမှောင်ကျနေသကဲ့သို့ ညှိုးငယ်နေေလသည်။ ရွှယ်ကျူးဘိုးဘေးမှာမူ သက်ပြင်းချရုံမှတစ်ပါး မည်သည့်စကားမျှမပြောတော့ပေ။
လုံချိန် ထွက်ခွာသွားပြီးနောက် လုရီဖျင်သည် ချောင်းမြို့တော် အတွင်းရှိ လုံချိန်၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးကာ မြို့တော်ကို အသစ်တစ်ဖန် ပြန်လည်ပြုပြင်ခဲ့သည်။ ထို့နောက် သူ၏ညီမဖြစ်သူ လုကျီချင်းနှင့်အတူ ချောင်းမြို့တော်တွင် အခြေချ နေထိုင်ခဲ့သည်။
လုရီဖျင်သည် ချောင်းနန်းတော် ခန်းမဆောင်ကြီးရှေ့တွင် သူတော်စင်ဘုရင်အဖွဲ့ကို စုဝေးစေကာ အရေးကြီးကိစ္စများကို မိန့်ကြားပြီးနောက် လူတိုင်းကို သူ၏ မိဘများသတင်း စုံစမ်းရန် တာဝန်ပေးလိုက်သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် လုရီဖျင်သည် ချောင်းမြို့တော်တွင်ပင် နေထိုင်ကာ မသေဆုံးနိုင်သည့် ကောင်းကင်သစ်သားအတတ်ပညာကို ဆက်လက်ကျင့်ကြံနေခဲ့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း သူသည်တာအိုလမ်းစဉ်ကိုသာ အဓိကထား ကျင့်ကြံခဲ့သဖြင့် ထိုအတတ်ပညာမှာ ၄၉ ထပ်မြောက်အထိ မရောက်ရှိခဲ့သေးပေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်ကာ နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ခဲ့သည်။ကျန့်မုသစ်ပင်မျ ထွက်ပေါ်လာသော ဟုန့်မုန်ချီစွမ်းအင်များ၏ အကူအညီဖြင့် နောက်ဆုံးတွင် လုရီဖျင်သည် ၄၉ ထပ်မြောက် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည်အောင် ကျင့်ကြံနိုင်ခဲ့သည်။
လုယီဖျင်အနေဖြင့် ထိုမျှမြန်မြန် ကျင့်ကြံနိုင်ခြင်းမှာ တာအိုဘိုးဘေး နယ်ပယ်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ တာအိုဘိုးဘေး အဆင့်သို့ ရောက်ရှိပြီးနောက် ကမ္ဘာဦးဖွင့်လှစ်ခြင်းဆိုင်ရာ ကျင့်စဉ်အမျိုးမျိုးကို နားလည်သဘောပေါက်မှုမှာ ယခင်နှင့် မတူညီတော့ပေ။
လုရီဖျင်သည် ထိုအတတ်ပညာကို အောင်မြင်ပြီးနောက် မကြာမီမှာပင် သူ၏ လက်အောက်ခံ စစ်သူကြီးများသည် သူ၏ မိဘများသတင်းကို စုံစမ်းသိရှိလာကြပြီဖြစ်သည်။