လုံရှောင်ယောင်က ယဲ့ရှီးရွှေကို ချီပိုးလို့ ထားခဲ့ပါတယ်။ ယဲ့ရှီးရွှေရဲ့ မျက်နှာပေါ်မှာကတော့ ထူးဆန်းတဲ့ တောက်ပမှုမျိုး တစ်ခု ရှိနေခဲ့တယ်။ သူမက ထန်ဝူထုံနဲ့ ဟို့ယွိဟောင် နှစ်ယောက်ကို စိုက်ကြည့်နေခဲ့ပါတယ်။ အံ့ဩစရာကောင်းစွာနဲ့ပဲ ဒီကိစ္စကြီး တစ်ခုလုံးမှာ သူမက အေးအေးဆေးဆေး ရှိနေခဲ့တယ်။
"နောက်မှပြောမယ် အခုသွားမယ်။ "
လုံရှောင်ယောင်က ဟို့ယွိဟောင်ကို မြင်မြင်ချင်း ပထမဆုံး ဒီစကား ပြောလာခဲ့ပါတယ်။
အစောပိုင်းတုန်းက အပေါ်ယံ အကာအကွယ်အတားအဆီး ပျောက်ကွယ်သွားပြီးချိန်မှာ ဟို့ယွိဟောင်က လုံရှောင်ယောင်ဆီကနေ အသံလွှင့် သတင်းစကားတစ်ခုကို ရရှိခဲ့ပါတယ်။ သူ့ကို အပေါ်ကနေ ကိုယ်ယောင်ဖျောက် ကာကွယ်ထားပေးဖို့အတွက် ပြောနေခဲ့တာပါ။
ဒီအချိန်မှာ ဟို့ယွိဟောင်က တွေဝေသွားခဲ့ရတယ်။ လုံရှောင်ယောင်ရဲ့ အသံကိုသာ သူကြားပေမဲ့ ယဲ့ရှီးရွှေ အသက်ရှင်ကောင်း ရှင်နေမယ်ဆိုတာ သူသိနေခဲ့ပါတယ်။ အကယ်၍ လုံရှောင်ယောင်ကို သူကယ်တင်ရမယ်ဆိုရင် ယဲ့ရှီးရွှေကိုပါ ကယ်မိတော့မှာပါ။
ဒါပေမဲ့လည်း တစ်ခဏတာ စဉ်းစားပြီးတဲ့နောက်မှာတော့ ကျေးဇူးကြွေးဆိုတာက ရန်ငြိုးတွေနဲ့ ခွဲခြားထားရမယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်။
လုံရှောင်ယောင်ကို ကျေးဇူးဆပ်ရမှာဖြစ်ပြီး ယဲ့ရှီးရွှေကိုလည်း လက်စားချေရဦးမှာပါ။ အကယ်၍ လုံရှောင်ယောင်က သူ့ကို တားဆီးဖို့ ကြိုးစားခဲ့မယ်ဆိုရင်တောင် သူက ယဲ့ရှီးရွှေကို သေချာပေါက် ဒီအတိုင်း အလွတ်ပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း မိစ္ဆာဝိညာဉ်ပညာရှင်တစ်ယောက်က ကန့်သတ်မဲ့သော့်လော့ အခြေအနေအထိ ရောက်လာဖို့ဆိုတာ များပြားတဲ့ စတေးမှုတွေကို လုပ်ခဲ့ရမှာပါ။
ကြောက်စရာ ပေါက်ကွဲမှုက ဆယ့်ငါးမိနစ်တိတိ ကြာပြီးချိန်မှာသာ ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှီချန်းယန်နဲ့ ကျွီးကျင့်နှစ်ယောက်က အရမ်းကို စိုးရိမ်ပူပန်နေခဲ့ကြပါပြီ။ ရွှီချန်းယန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးမွေးညင်းတွေတောင် ထနေခဲ့ပါတယ်။
အကယ်၍ နဂါးဧကရာဇ်သော့်လော့နဲ့ သေခြင်းနတ်ဘုရားသော့်လော့တို့ တစ်နည်းတစ်ဖုံ အသက်ရှင်ခဲ့မယ်ဆိုရင် သေချာပေါက် အဲဒီနောက်ဆက်တွဲ ရလဒ်ကို သူ ရင်မဆိုင်နိုင်ပါဘူး။ သူတို့ရဲ့ အမျက်ဒေါသကို ဒီလောကကြီးထဲမှာ ဘယ်သူကမှ ရင်မဆိုင်နိုင်မှန်း သူသိနေခဲ့တယ်။ နေလနိုင်ငံတော်ကြီး တစ်ခုလုံးလည်း သူတို့ရဲ့ ဒေါသတွေအောက်မှာ ဖျက်ဆီးခံရနိုင်ပါတယ်။
"ကျွီကျင့် သူတို့ သေပြီလို့ ထင်လား။ "
ရွှီချန်းယန်က ကျွီးကျင့်ကို လှည့်ကြည့်လာခဲ့ပါတယ်။
"သေလောက်ပြီ သေချာပေါက် သူတို့တွေ သေမှရမှာ"
ကျွီးကျင့်က ပြတ်ပြတ်သားသား ပြန်ဖြေနေခဲ့ပါတယ်။ သူမအနေနဲ့ ရွှီချန်းယန်ဆီကနေ သတ္တိကြောင်တဲ့ အကြောက်တရားကို ခံစားမိတာ ပထမဆုံးအကြိမ်ပါပဲ။ ဖြစ်လာနိုင်တဲ့ အနာဂတ်ကိစ္စတချို့အတွက် သူ အမှန်တကယ်ကြီးကို စိုးရိမ်ပူပန်နေခဲ့တယ်။
"ဟုတ်တယ် သူတို့တွေ သေလောက်ပြီ သေကို သေလောက်ပြီ"
အခုအချိန်မှာ တောက်ပရောင်စဉ်မြို့တော်ကြီး တစ်ခုလုံးကို စစ်သည်တွေနဲ့ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေက အပြည့်အဝ စောင့်ကြပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ဟို့ယွိဟောင်အတွက် အသုံးမဝင်လှပါဘူး။ သူ့ရဲ့ ပုံစံတူတုပမှုကို အသုံးပြုလိုက်တာနဲ့တစ်ပြိုင်နက် ဘယ်သူကမှ သူ့ကို မထောက်လှမ်းနိုင်တော့တဲ့အတွက် သူနဲ့အတူ လိုက်ပါလာတဲ့သူတွေကိုလည်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။
ကီလိုမီတာငါးဆယ်အထိ ထွက်ခွာလာပြီးတဲ့နောက်မှာတော့ ဟို့ယွိဟောင်က သစ်တောငယ်လေးတစ်ခုထဲမှာ ရပ်လိုက်ပါတယ်။ ကီလိုမီတာ ငါးဆယ်က ထူးကဲသာလွန်သော့်လော့အတွက်ဆိုရင် တစ်ခဏတာ သွားရတဲ့ ခရီးတစ်ခုပါပဲ။ အခုအချိန်မှာ သူ မဖြစ်မနေ ရပ်ဖို့လိုပါပြီ။
ဒီလက်ရှိအချိန်မှာ သူ့အမူအရာက အရမ်းကို တည်ကြည်လေးနက်နေခဲ့ပါတယ်။ မကြာခင်မှာ ခက်ခဲတဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်ရတော့မှာပါ။ သူ အမှန်တကယ်ပဲ ထိပ်တိုက်တွေ့တာမျိုး မလုပ်ချင်ပေမဲ့ အခုလက်ရှိအချိန်မှာ ကိစ္စတွေက ရှင်းကို ရှင်းမှရပါတော့မယ်။
ဟို့ယွိဟောင် ရပ်သွားတာကို မြင်ချိန်မှာတော့ ထန်ဝူထုံကလည်း ရပ်တန့်လို့ သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲရင်း နောက်ကို ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ လုံရှောင်ယောင်က ယဲ့ရှီးရွှေကို ချီပိုးလို့ထားခဲ့ရင်း သူတို့ရဲ့နောက်မှာ ရပ်လိုက်ကြပါတယ်။
လုံရှောင်ယောင်ရဲ့ အကြေးခွံတွေက ကြက်သွေးနီရောင် ပြောင်းလာနေတာကို ဟို့ယွိဟောင် သတိထားလိုက်မိပါတယ်။ ဒါ့အပြင် သူ့ရဲ့ မျက်နှာကြီးကလည်း အရမ်းကို နီရဲလို့ နေခဲ့တယ်။ ဒါက ကျန်းမာရေးကောင်းလို့ သွေးနီရောင် လွှမ်းနေတာမျိုး မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ မျက်ဝန်းထဲမှာ သေခြင်းတရား အငွေ့အသက်တွေကို စပြီး မြင်တွေ့နေခဲ့ရပါတယ်။
ကန့်သတ်မဲ့သော့်လော့တစ်ယောက် အနေနဲ့တောင်မှ ဒီလိုကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုတွေကနေ အသက်ရှင်ရုံနဲ့ ထွက်လာနိုင်ဖို့ဆိုတာ မလွယ်ကူတာ အမှန်ပါပဲ။ လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေ နှစ်ယောက်စလုံးက အသက်နှစ်နှစ်ရာကျော် နေခဲ့ပါပြီ။ သေချာပေါက် သူတို့တွေက သူတို့ရဲ့ အားအကောင်းဆုံး အသက်အရွယ်တွေကို ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အတော်လေးကို ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ ကျရောက်နေခဲ့ပါတယ်။
လုံရှောင်ယောင်က ယဲ့ရှီးရွှေကို မြေပြင်ပေါ်မှာ ခပ်ဖွဖွလေး ချလိုက်ပြီး သူမကို ကျောဆန့်လို့ရအောင် လုပ်ပေးနေခဲ့တယ်။ ဒါပေမဲ့ ယဲ့ရှီးရွှေက လက်တစ်ဖက်ကို မြှောက်ထားခဲ့ရင်း လုံရှောင်ယောင်ရဲ့ ပုခုံးကို ကိုင်ထားကာ သူ့ရဲ့ဘေးမှာ မတ်တတ်ရပ်ချင်နေခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ထန်ဝူထုံကို ပိုပြီး အံ့အားသင့်သွားစေတဲ့ အချက်ကတော့ ယဲ့ရှီးရွှေရဲ့ မျက်နှာက အရင်ကထက် အများကြီး ပိုပြီး ငယ်ရွယ်နေတာပါပဲ။
လုံရှောင်ယောင် ပြောတာမှန်ပါတယ်။ ယဲ့ရှီးရွှေ ငယ်ငယ်တုန်းက ထန်ဝူထုံနဲ့ ယှဉ်လို့ရလောက်တဲ့အထိကို ချောလွန်းလှပါတယ်။
ဒါ့အပြင် သူမဆီကနေ ထွက်ပေါ်နေတဲ့ နူးညံ့ညင်သာတဲ့ ရွှေရောင်အငွေ့အသက်က သူမကို မြင့်မြတ်ပြီး တည်ကြည်နေစေခဲ့ပါတယ်။
ယဲ့ကူယိရဲ့ နတ်မိမယ်သိုင်းပညာဝိညာဉ်ကို ဟို့ယွိဟောင် ပထမဆုံး မြင်ချိန်တုန်းကအတိုင်း ခံစားရတာနဲ့ တစ်ပုံစံတည်းပါပဲ။ သူမရဲ့ အသားအရေက ကြည်လင်ကာ ကြွေသားရုပ်သွင်လို တောက်ပနေခဲ့တယ်။ ဒါ့အပြင် သူမရဲ့ အပြုံးကို ကြည့်မယ်ဆိုရင် ရှိရှိသမျှ ရန်ငြိုးအမုန်းတရားတွေ အားလုံးကို သူမက လွှတ်ချလိုက်ပြီဖြစ်တဲ့ ပုံပါပဲ။ သူမရဲ့ ရုပ်သွင်နဲ့ အမူအကျင့် အပြောင်းအလဲကြောင့် ဟို့ယွိဟောင်ရော ထန်ဝူထုံ နှစ်ယောက်စလုံးပါ အရမ်းကို အံ့အားသင့်သွားခဲ့ရတယ်။
ကန့်သတ်မဲ့သော့်လော့ နှစ်ဦးရဲ့ လက်ရှိအခြေအနေက ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သူတို့ မတွေးတတ်ကြပါဘူး။ နှစ်ယောက်စလုံးရဲ့ အပြုအမူတွေက ထူးဆန်းနေတယ်လို့သာ ခံစားရပါတယ်။
ယဲ့ရှီးရွှေရဲ့ ခန္ဓာကိုယ်ဆီကနေ သန့်စင်ပြီး အားကောင်းတဲ့ ဝိညာဉ်စွမ်းအင်တွေ တဖျတ်ဖျတ်ထွက်ပေါ်နေတာကို ဟို့ယွိဟောင် ခံစားမိနေခဲ့ပါတယ်။ သူမက မိစ္ဆာဝိညာဉ်ပညာရှင်တွေ ပိုင်ဆိုင်တဲ့ အငွေ့အသက်မျိုး ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့လည်း အသက်စွမ်းအင်တစ်စက်မှ မရှိတော့တာကိုလည်း သူသိနေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ လုံရှောင်ယောင်ရဲ့ ခန္ဓာကိုယ်က အားကောင်းတဲ့ အသက်စွမ်းအင်တွေနဲ့ တောက်ပနေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီစွမ်းအင်တွေက အတော်ကို မတည်မငြိမ် ဖြစ်နေခဲ့ပါတယ်။
"အကြီးအကဲလုံ"
ဟို့ယွိဟောင်က အားတင်းပြီး လုံရှောင်ယောင်ကို ကြည့်ကာ ပြောလိုက်ပါတယ်။
လုံရှောင်ယောင်က သက်ပြင်းချရင်း ပြောလာခဲ့ပါတယ်။
"ငါသိတယ် ယဲ့ရှီးရွှေကို မင်းဒီနေ့ အလွတ်ပေးမှာ မဟုတ်လောက်ဘူး။ မင်းဘာကြောင့်လာလဲ ဆိုတာကိုလည်း ငါသိတယ်။ မင်းတို့နှစ်ယောက်စလုံး ငါတို့တွေ သေလူမျှောပါးဖြစ်နေတာကို ကြည့်ရုံနဲ့ သိကြမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါ့မလား ဆိုတာ ငါလည်း မသေချာတော့ဘူး။ ငါ အစောပိုင်းတုန်းက အဆင့်ကိုးဆယ်ရှစ်ရောက်တဲ့အချိန်မှာ မင်းငါ့ကို လာရှာဖို့အတွက် ပြောခဲ့ပေမဲ့ ကြည့်ရတာ အခုတော့ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး"
ဟို့ယွိဟောင်က တိတ်ဆိတ်နေခဲ့ပါတယ်။ လုံရှောင်ယောင်ရဲ့ ဇာတ်အကြောင်းကို သူကြားပြီးတဲ့နောက်မှာတော့ သူ့နှလုံးသားထဲမှာ ရှိနေတဲ့ နာကျင်မှုတွေကို ဖြည်းဖြည်းချင်း နားလည်လာခဲ့ပါတယ်။
"ယွိဟောင် ငါမင်းကို တစ်ခု မေးချင်လို့ ရမလား"
လုံရှောင်ယောင်က ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်က တစ်ခဏတာ တိတ်ဆိတ်နေပြီးတဲ့နောက် ပြန်ဖြေလာခဲ့ပါတယ်။
"အကြီးအကဲယဲ့ကို အလွတ်ပေးဖို့ ကိစ္စမဟုတ်ဘူးဆိုရင် တခြားသော ဘယ်ကိစ္စကိုမဆို ကတိပေးနိုင်ပါတယ်"
ယဲ့ရှီးရွှေနဲ့ လုံရှောင်ယောင်တို့က ထန်ဝူထုံနဲ့ သူ့ကို လက်ရှိအခြေအနေအရ ဘယ်လိုမှ အနိုင်မယူနိုင်မှန်း သူသိနေခဲ့တယ်။
လုံရှောင်ယောင်က ခေါင်းခါလိုက်ပါတယ်။
"ငါသေသွားပြီးတဲ့နောက်မှာ သေချာပေါက် သူမကိုလည်း ဆက်ပြီး ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။ ငါသေတဲ့ အချိန်အထိ သူမကို ထိခိုက်အောင် မလုပ်ဘူးလို့ မင်းကို ကတိပေးစေချင်ရုံပါပဲ။ ငါသေဆုံးသွားပြီးတဲ့နောက်မှာ မင်း သူမကို သတ်ပေးနိုင်မလား"
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းလို့ သွားခဲ့ပါတယ်။ ကန့်သတ်မဲ့သော့်လော့တစ်ယောက်က ဒီလိုမျိုး ရိုးရှင်းတဲ့ အကြောင်းအရာတစ်ခုအတွက်နဲ့ သူ့ရှေ့မှာ ဒူးထောက်တာကို မြင်ရတာက နှလုံးသားကို အတော်လေး နာကျင်စေပါတယ်။
တစ်ခဏတာ တွေဝေနေပြီးတဲ့နောက်မှာ ဟို့ယွိဟောင်က ပြန်ဖြေလာခဲ့ပါတယ်။
"အကြီးအကဲယဲ့ ထွက်ပြေးဖို့ မကြိုးစားဘူးဆိုရင် သေချာပေါက် ဒီတောင်းဆိုတဲ့ ကိစ္စကို ကျွန်တော် လုပ်ပေးနိုင်ပါတယ်"
"ငါ့ရဲ့ တောင်းဆိုချက်ကို လက်ခံတာကြောင့် မင်းနောင်တမရစေရဘူး စိတ်ချထား။ ငါသေချာပေါက် ဒီအတွက် မင်းကို ထိုက်တန်တဲ့ ဆုလက်ဆောင် ပေးမှာပါ"
သူပြောပြီးတဲ့နောက် ယဲ့ရှီးရွှေဘက်ကို ဖြည်းဖြည်းချင်း လှည့်လာခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာက အနူးညံ့ဆုံးသော အမူအရာအဖြစ်ကို ပြောင်းလဲလို့ သွားခဲ့တယ်။
"ရှီးရွှေ မင်းက တကယ်ကို အခုအချိန်အထိ အရမ်းအရမ်း လှနေတုန်းပဲ။ ငါ ဒီလောက်ထိ အိုမင်းသွားတာတောင် မင်းက တကယ်ကို လှပနေတုန်းပဲ"
သူ့ရဲ့အသံက အရမ်းကို နူးညံ့ညင်သာနေခဲ့ပါတယ်။ တစ်စုံတစ်ရာကို ဝန်ခံနေသလိုပါပဲ။
ယဲ့ရှီးရွှေက နူးနူးညံ့ညံ့လေး ပြုံးရင်း ပြောလာခဲ့ပါတယ်။
"မဟုတ်ဘူး ငါတို့တွေ နှစ်ယောက်စလုံး အိုမင်းသွားပြီပြီ။ နောက်ဆုံး ဘဝရဲ့ နေဝင်ချိန်အထိ နင်နဲ့အတူတူ ရှိရမယ်လို့ ငါမထင်ထားခဲ့မိဘူး။ ဒီလိုမျိုး ကိစ္စတွေ အဆုံးသတ်သွားတဲ့အတွက် ငါတကယ်ပဲ ပျော်ရွှင်မိတယ်။ ဝမ်းမနည်းနဲ့ ဒါက ငါတို့ရနိုင်တဲ့ အကောင်းဆုံးအဆုံးသတ်ပဲ"
"ရှီးရွှေ မင်းကိုယ့်ကိုယ်ကိုယ် တကယ် ခွင့်လွှတ်ပေးပြီလား။ တကယ်ပဲ ကိုယ်လုပ်ခဲ့သမျှ အရာအားလုံးအတွက် ခွင့်လွှတ်နိုင်ပြီလား"
လုံရှောင်ယောင်ရဲ့ အသံက တုန်ယင်နေခဲ့သလို ယဲ့ရှီးရွှေကလည်း ပြုံးနေခဲ့ပါတယ်။
"ရှောင်ယောင် နင်က တကယ် ငတုံးပဲ။ ဒါတင်မကဘူး မုအန်းကလည်း ငတုံးပဲ။ နင်တို့နှစ်ယောက်စလုံးက ငတုံးတွေ။ နင်တို့နှစ်ယောက်စလုံးက ငါလှည့်စားတာကို ခံခဲ့ရတာ။ နင်တို့တွေက တကယ်တုံးလွန်းလို့ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ကြတဲ့သူတွေပဲ။ နင်ကမှ တကယ်တကယ် ငတုံးကောင်ကြီး"
ပြောရင်းနဲ့ သူမမျက်နှာက မျက်ရည်တွေ စီးကျလို့ လာခဲ့ပါတယ်။
"ဘာကြောင့်များလဲ"
လုံရှောင်ယောင်က သူမကို နားမလည်နိုင်မှု အပြည့်နဲ့ ကြည့်နေခဲ့မိပါတယ်။
"နင် ဒီတစ်ဘဝတာမှာ ငါ့အတွက် ပေးဆပ်ခဲ့တာတွေ များနေပြီ။ အခု ငါတို့ရဲ့ ဒီနောက်ဆုံး အချိန်မှာ ငါ နင့်အတွက် တစ်ခုခု လုပ်ပေးပါရစေ။ ဒီအချိန်တစ်လျှောက်လုံး နင်သယ်ဆောင်ခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ အားလုံးကို ငါဖယ်ရှားပေးချင်တယ်။ ငါတို့ ဒီလောကကနေ ပျော်ပျော်လေး ထွက်သွားကြတာပေါ့။ ငါနောက်ဆုံးတော့ ငါနင့်ကို ပြောပြချင်တဲ့ ကိစ္စတွေ အများကြီးကို ပြောပြလို့ရပြီ"
ဒီမှာရှိသမျှ လူတွေအားလုံးလည်း မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ သူမက တစ်ဘဝတာလုံး ဖုံးကွယ်ထားတဲ့ တစ်စုံတစ်ရာကို ပြောတော့မယ့် ပုံပါပဲ။
"ဘာတွေများ ပြောပြမှာလဲ"
"အဲဒီကိစ္စကလေ တကယ်တော့ နင်က တကယ်တော့ မရှိတဲ့ကိစ္စအတွက် အမြဲတမ်း အပြစ်မကင်း ဖြစ်နေခဲ့တာ။ ငါပြောခဲ့တဲ့ ကိစ္စကိုပဲ ပြန်ပြောမယ် နင်ဒါကို ဘာမှ အပြစ်မကင်း ဖြစ်စရာမလိုဘူး။ ဒါတွေအားလုံးက ငါအစီအစဉ်ချခဲ့တာပဲ။ အဲဒီအချိန်ကတည်းက ငါအမြဲတမ်း စောင့်ခဲ့တဲ့သူဆိုတာ နင်ပဲ ဖြစ်နေခဲ့တာ မုအန်း မဟုတ်ဘူး။ ငါက နင့်ကို လက်ထပ်ချင်ခဲ့တာ။ လိုလိုလားလားနဲ့ကို လက်ထပ်ချင်ခဲ့တယ်"
"မင်းဘာတွေ ပြောနေတာလဲ"
လုံရှောင်ယောင် ကြားသမျှကို မယုံနိုင်ပါဘူး။ ဟို့ယွိဟောင်လည်း သူဘယ်လောက်ထိ တုန်လှုပ်ခြောက်ခြားသွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။
"ရှီးရွှေ မပြောနဲ့တော့။ ကိုယ့်ရဲ့ မင်းအပေါ် အမြင်ကို ဒီလိုမျိုး မဖျက်ဆီးပစ်နဲ့လေ။ အဲဒီကတည်းက မင်းက ပြီးပြည့်စုံတဲ့သူ တစ်ယောက် ဖြစ်ခဲ့တာ"
"မဟုတ်ဘူး ငါပြောချင်တာတွေ ပြောမှ ဖြစ်မယ်။ အကယ်၍ ဒါတွေအားလုံးကို ငါထုတ်မပြောဘူးဆိုရင် အသေဖြောင့်မှာ မဟုတ်ဘူး။ တကယ်တော့ နင်ဘာမှ စိတ်ပူစရာမလိုဘူး။ နင်က ငါ့ရဲ့ဘေးမှာ အတူတူရှိနေခဲ့ပြီး အတူတူကာကွယ်ပေးခဲ့တယ် ဆိုတဲ့ဥစ္စာ နင့်ဘဝမှာ အများကြီး မဆုံးရှုံးရပါဘူး။ နင်က နင့်ကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်တဲ့သူကို တစ်ဘဝလုံး ကာကွယ်ပေးခဲ့ရတာပဲ။ နင်ဒါကို သိရဲ့လား။ နင်ကာကွယ်ပေး နင်တစ်ဘဝသာ ကာကွယ်ပေးနေတဲ့ အမျိုးသမီးက နင့်ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ လေးလေးနက်နက် ချစ်မြတ်နိုးတဲ့သူပဲလေ"
လုံရှောင်ယောင်က ယဲ့ရှီးရွှေကို မယုံနိုင်မှုအပြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကြောင့်လည်း စိတ်ခံစားချက်တွေကို ပိုပြီး မထိန်းချုပ်နိုင် ဖြစ်နေခဲ့တယ်။
"အရင်တုန်းက ငါတို့တွေ မုအန်းနဲ့အတူ ပြိုင်ပွဲတွေမှာ အတူတူ ယှဉ်ပြိုင်ချိန်တုန်းကတည်းက ငါ့မှာ တခြားသော အကြံအစည်တွေ ရှိခဲ့တယ်။ အဲဒီအချိန်ကတည်းက ငါက မြင့်မြတ်သရဲဘုရားကျောင်းရဲ့လူ ဖြစ်နေခဲ့ပြီး ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က ငါတို့မျိုးဆက်မှာ အထူးချွန်ဆုံးသူ တစ်ယောက် ဖြစ်လာဖို့ပဲ။ ဒါကြောင့် ငါနင်နဲ့ မုအန်း အနားကို ရောက်အောင် ချဉ်းကပ်ခဲ့တယ်။ "
"နင်တို့နှစ်ယောက်စလုံးက အရမ်းကို ထူးချွန်ပြီး အင်အားကြီးကြတယ်လေ။ ငါက နင်တို့နဲ့ မယှဉ်နိုင်ဘူး။ အဲဒီတုန်းကဆိုရင် ငါတို့တွေ ငယ်ရွယ်ချိန်တုန်းက အတူတူ ဖြတ်သန်းဖို့ဆိုတာ လွယ်ကူခဲ့တယ်။ ဒါ့အပြင် နင်တို့ကို နီးကပ်အောင် ကြံရွယ်တာအပြင် ငါ့မှာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဒါကြောင့်သာ နင်တို့နှစ်ယောက်စလုံးက ငါ့ကို မသိလိုက်မသိဘာသာနဲ့ ချစ်မိသွားခဲ့တာ။ တကယ်တော့ ငါလည်း အဲဒီတုန်းက နင်တို့နှစ်ယောက်ထဲက တစ်ယောက်ကို ချစ်မိသွားခဲ့တယ်"
"မုအန်းက ငါချစ်တဲ့သူလို့ နင်အမြဲတမ်း ထင်နေခဲ့တာ မဟုတ်လား။ ငါအခုတော့ တကယ် အမှန်အတိုင်းပဲ ပြောတော့မယ်။ နင်ကမှ တကယ်ငတုံးကောင် စစ်စစ် ဖြစ်နေတာ။ အစကနေ အဆုံးအထိ ငါက နင်တစ်ယောက်တည်းကိုပဲ ချစ်တာ ငါမုအန်းကို ကြိုက်တောင် မကြိုက်ခဲ့ဘူး"
အပိုင်း ၆၀၃.၁ ပြီး၏။
***