"စွန်းကောဝေ... မင်းကို ဘယ်ခွေးကောင်က အိပ်ခိုင်းထားလို့လဲ... အခုက ဘယ်အချိန်မှတ်နေလဲ... ကင်းလှည့်ရမယ့် အချိန်မှာ မင်းက အပျင်းထူပြီး အိပ်ရဲတယ်ပေါ့"
ဧဒင်ဥယျာဉ်၏ တိတ်ဆိတ်ငြိမ်သက်နေသော လမ်းသွယ်လေးဘေးမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
မြေပြင်ပေါ်တွင် အိပ်နေသော ရုပ်ဆိုးဆိုး လူမှာ ချက်ချင်း လန့်နိုးသွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
လာသူကို မြင်လိုက်ရသောအခါ သူက "သေစမ်း" ဟု ချက်ချင်း ကျိန်ဆဲလိုက်လေသည်။
"သောက်ကျိုးနည်း... ဝမ်ဇီကျန့်... မင်း ငါ့ကို လန့်သေအောင် လုပ်နေတာလား"
ဝမ်ဇီကျန့်က ဟားဟားရယ်မောလိုက်ပြီး ဘယ်ညာကို လှည့်ကြည့်ကာ ဒီဘက်ကို မည်သူမှ သတိမထားမိသည်ကို မြင်သောအခါ သူလည်း ထိုင်ချလိုက်ရင်း "မင်းကတော့ နေရာရှာတတ်သားပဲ... ဒီမှာ လာပြီး အပျင်းထူနေတာကိုး" ဟု ပြောလိုက်သည်။
"ဟေ့ကောင်... ငါတို့ ဧဒင်ဥယျာဉ်မှာ ဘာအရေးကြီးကိစ္စတွေ များရှိလို့လဲ... ဒီလမ်းက တောင်ပေါ်ကို သွားတဲ့လမ်းလေ ဘယ်သူက လာမှာလဲ... ငါ မိုးလင်းတဲ့အထိ အိပ်နေရင်တောင် ဘယ်သူမှ လာမှာမဟုတ်ဘူးကွ" ဟု စွန်းကောဝေက ပြောလိုက်သည်။
ဝမ်ဇီကျန့်ကလည်း ပြုံးလိုက်ပြီး "မင်းကိုတော့ အားကျမိသား... ကင်းလှည့်ခေါင်းဆောင် ဖြစ်လာတော့ နေ့တိုင်း အိပ်နေရုံပဲ ဘာမှ လုပ်စရာမလိုဘူး... ငါကတော့ သနားစရာကောင်းတယ်... ကိုယ်တိုင် ကင်းလှည့်ရမယ့်အပြင် နေ့တိုင်း ပစ္စည်းတွေ သွားရှာနေရသေးတယ်"
စွန်းကောဝေက ထိုစကားကို ကြားသောအခါ တဟီးဟီးရယ်မောလိုက်ပြီး မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် "မင်းမှာသာ လှပတဲ့ အစ်မတစ်ယောက် ရှိရင် မင်းလည်း ဒီလို သက်သောင့်သက်သာ နေရမှာပါကွ" ဟု ပြောလိုက်သည်။
ဝမ်ဇီကျန့်၏ မျက်လုံးထဲတွင် ရွံရှာမှုတစ်ချက် လက်ကနဲ ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမှ မပြဘဲ "မင်းကတော့ ကံကောင်းပါတယ်ကွာ... အစက မင်းရဲ့ အစ်မအရင်းကို ကောင်းကင်တမန်တော်အဖွဲ့ဆီ သူတော်စင်မ အဖြစ် ပို့လိုက်တုန်းက ဘုရားသားတော်က သဘောကျသွားတော့ မင်းလည်း ချက်ချင်း နေရာရသွားတာပဲလေ" ဟု ရယ်မောကာ ပြောလိုက်သည်။
စွန်းကောဝေက ဟီးဟီးရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ငါ့အစ်မက ဘာပဲဖြစ်ဖြစ် မင်းသမီးတစ်ယောက်လေ... ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်ရည်ကတော့ ပထမတန်းစား ဖြစ်မှာပေါ့... အရွေးခံရမယ်ဆိုတာကို ငါ စောစောကတည်းက ကြိုသိထားပြီးသားပါကွ" ဟု ပြောလိုက်သည်။
ဝမ်ဇီကျန့်က သူ၏ ဝင့်ကြွားနေသော ပုံစံကို ကြည့်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကာ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားပြီး "မင်းအစ်မက တကယ် လှပါတယ်... ဒါပေမဲ့ ဒီတလောတော့ မင်း နည်းနည်း သတိထားမှ ရမယ်... ဘုရားသားတော်က ဟို တင်းဆိုတဲ့ မိန်းကလေးအပေါ် တော်တော်လေး စိတ်ဝင်စားနေပုံရတယ်... အသစ်ရောက်လာတဲ့ သူကသာ ဘုရားသားတော်ရဲ့ ကုတင်ပေါ် ရောက်သွားရင် မင်းအစ်မတော့ အန္တရာယ်ရှိသွားနိုင်တယ်" ဟု ပြုံးကာ ပြောလိုက်သည်။
စွန်းကောဝေက ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာအနည်းငယ် ပျက်ယွင်းသွားပြီး မနေ့က မြင်ခဲ့ရသော တင်းဆိုသည့် မိန်းကလေးကို တွေးမိကာ အန္တရာယ်ရှိလာနိုင်သည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
သူက ထိုင်လိုက်ပြီး "အဲ့ဒီ တင်းဆိုတဲ့ ခွေးမက အရမ်းကို ရမ္မက်ဆန်ဆန် လှတာ..... ယောက်ျားတွေကို မြူဆွယ်တတ်တဲ့ မိန်းမပျက်မျိုး ဖြစ်မှာ သေချာတယ်... မဖြစ်ဘူး... ငါ တစ်ခုခု စဉ်းစားမှ ရမယ်" ဟု ကျိန်ဆဲလိုက်သည်။
ဝမ်ဇီကျန့်က ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "တကယ်ကို ရမ္မက်ဆန်တာ... " ဟု ပြောလိုက်သည်။
"ကြည့်ရတာ ရေခဲတုံးလို အေးစက်စက် အလှပိုင်ရှင်မျိုးပဲ... အဲ့ဒီလို မိန်းမမျိုးကိုသာ သိမ်းပိုက်လိုက်နိုင်ရင် တကယ်ကို အောင်မြင်မှု ခံစားချက်ကြီး ရမှာ သေချာတယ်"
စွန်းကောဝေက မျက်နှာကို တင်းမာထားပြီး "သောက်ကျိုးနည်း... အဲ့တာ သက်သက်ဟန်ဆောင်နေတာ... သူက ဘုရားသားတော်ရဲ့ သိမ်းပိုက်တာကို ခံရပြီးလောက်ပြီ... " ဟု ပြောလိုက်သည်။
"ဇီကျန့်... ငါတို့ ညီအစ်ကို နှစ်ယောက်ပေါင်းလာတာ နှစ်တွေတောင် မနည်းတော့ဘူး... ငါ အခြေအနေ ကောင်းရင် မင်းလည်း အကျိုးအမြတ်တွေ ရမှာပဲလေ... ငါ့ကို အကြံဉာဏ်လေး ပေးပါဦး... ဘာနည်းလမ်းများ ရှိနိုင်မလဲ"
ဝမ်ဇီကျန့်က ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားပြီး "နည်းလမ်း မရှိတာတော့ မဟုတ်ဘူး... မင်း သတ္တိရှိမရှိ အပေါ်မှာပဲ မူတည်တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
"ဘာနည်းလမ်းလဲ" စွန်းကောဝေက ချက်ချင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဝမ်ဇီကျန့်က တိုးတိုးလေး ပြောလိုက်သည်။ "ဒီ တင်းဆိုတဲ့ မိန်းကလေးကို ဘုရားသားတော်တို့ ကယ်လာခဲ့တယ်လို့ ငါ ကြားတယ်... ကယ်လာတုန်းက သူမက ဒဏ်ရာရနေပြီတဲ့... ဒဏ်ရာက တော်တော် ပြင်းထန်ပုံရတယ်"
"လောလောဆယ်တော့ သူက အစွမ်းတွေကို သိပ်အများကြီး သုံးလို့မရသေးဘူး ထင်တယ်... ဒါက လက်စတုန်းဖို့ အကောင်းဆုံး အချိန်ပဲ"
"မင်းလည်း သိတဲ့အတိုင်းပဲ ဘုရားသားတော်က သန့်ရှင်းမှုကို နည်းနည်း အစွဲအလမ်း ကြီးတယ်လေ... တကယ်လို့ မင်းသာ ဒီ တင်းဆိုတဲ့ မိန်းကလေးကို ဖမ်းပြီး လူအများရှေ့မှာ သူမရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်... ဘုရားသားတော်က ဒီမိန်းမကို ဘယ်လောက်ပဲ သဘောကျနေပါစေ စိတ်ပျက်သွားမှာ သေချာတယ်"
စွန်းကောဝေ၏ မျက်လုံးများက ချက်ချင်း အရောင်လင်းသွားပြီး အကြည့်များ လှုပ်ရှားသွားကာ "မင်းပြောတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်ခြေ ရှိတယ်... ဒါပေမဲ့ အဲ့ဒီ မိန်းမရဲ့ အနားမှာ အမြဲတမ်း စောင့်ကြည့်နေတဲ့ သူတွေ ရှိတယ်... အနားကပ်ဖို့တော့ သိပ်မလွယ်လောက်ဘူး"
"ဟီးဟီး... တခြားလူတွေ အနားကပ်ဖို့ မလွယ်ပေမယ့် မင်းအတွက်တော့ လွယ်နေတာပဲ မဟုတ်ဘူးလား"
"မေ့နေပြီလား... မင်းအစ်မက အဲ့ဒီလောက် မျက်နှာရနေတာ အဲ့ဒီ အစောင့်တွေက မင်းကို မျက်နှာမသာ မပေးဘဲ နေရဲပါ့မလား"
"နောက်ပြီးတော့ ဒီကိစ္စကို မင်း ကိုယ်တိုင် ဝင်ပါစရာ လိုလို့လား... မင်းရဲ့ အစ်မကို သွားခိုင်းလိုက်လေ... အဲ့ဒီ တင်းဆိုတဲ့ မိန်းမကို ဆေးနည်းနည်း ခတ်လိုက်... ... ဟီးဟီး... အဲ့ဒီအချိန်ကျမှ မင်းက ဘုရားသားတော်ကို ခေါ်လာပြီး ဖောက်ပြန်နေတာကို ဖမ်းပြလိုက်ရင် အားလုံး ပြီးပြည့်စုံသွားပြီပေါ့" ဟု ဝမ်ဇီကျန့်က ရယ်မောကာ ပြောလိုက်သည်။
ဤအဆိပ်ပြင်းသော အကြံအစည် ထွက်ပေါ်လာသည်နှင့် စွန်းကောဝေကို ချက်ချင်း စိတ်လှုပ်ရှားသွားစေတော့သည်။
"သောက်ကျိုးနည်း... မင်းကတော့ တကယ် နည်းလမ်းရှိတာပဲ... ငါ အခုပဲ သွားလုပ်လိုက်မယ်" စွန်းကောဝေက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ဝမ်ဇီကျန့်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "သေချာ မှတ်ထားနော်... သူ့ကို စော်ကားဖို့အတွက် ညစ်ပတ်ပြီး ရုပ်ဆိုးတဲ့ ယောက်ျားမျိုးကို ရှာရမယ်... အကောင်းဆုံးကတော့ ဘုရားသားတော် မြင်သွားတဲ့အခါ ဒီမိန်းမကို လုံးဝ ရွံရှာသွားစေရမယ်... တွေးမိတာနဲ့ကို အော့အန်ချင်လာတဲ့အထိ ဖြစ်သွားစေရမယ်"
စွန်းကောဝေ၏ မျက်လုံးများက အနည်းငယ် အရောင်လင်းသွားပြီး ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။ "ဒါမှမဟုတ် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကို တိုက်ရိုက် ရှာလိုက်ရင်ရော... ဘယ်လိုလဲ... ငါ မုန့်ယန်ကို သိတယ်... အဲ့ဒီကောင်ရဲ့ အစွမ်းက သန္ဓေပြောင်း သတ္တဝါတွေကို ထိန်းချုပ်နိုင်တယ်လေ... သူ့ကို မုန်ယိုနေတဲ့ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကို ရှာခိုင်းပြီး အချိန်ကျရင် အဲ့ဒီ တင်းဆိုတဲ့ မိန်းမရဲ့ အခန်းထဲကို ထည့်ပေးလိုက်မယ်"
"အဲ့ဒီ မြင်ကွင်းကို ဘုရားသားတော် မြင်ပြီးသွားရင်... ဒီလို ခွေးမအပေါ် ဘာမှ စိတ်ကူးနိုင်မှာ မဟုတ်တော့ဘူး"
ဝမ်ဇီကျန့်က မနေနိုင်ဘဲ လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိပြီး စွန်းကောဝေကို လက်မထောင်ပြကာ "တော်တယ်... မင်းက တကယ် တော်တယ်" ဟု ပြောလိုက်သည်။
"ပြောနေရင်ကြာတယ်... ငါ အခုပဲ သွားလိုက်တော့မယ်"
ထိုသို့ပြောပြီးနောက် စွန်းကောဝေက ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
ဝမ်ဇီကျန့်က ထွက်သွားသော စွန်းကောဝေကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက မနေနိုင်ဘဲ အနည်းငယ် ကွေးတက်သွားလေသည်။
"ဟီးဟီး... ငတုံးကောင်"
သူက ခေါင်းခါလိုက်ပြီး လမ်းသွယ်လေးထဲမှ အလျင်အမြန် ထွက်ခွာကာ ဘုရားကျောင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
ဘုရားကျောင်း၏ အတွင်းပိုင်း အပြင်အဆင်က အလွန် ဇိမ်ခံဆန်လှပြီး အပြင်ဘက်ရှိ ထိုသစ်သားအိမ်ငယ်လေးများကဲ့သို့ ရိုးရှင်းခေါင်းပါးနေခြင်း လုံးဝ မရှိပေ။
အောက်ထပ်တွင် ကြီးမားသော ဆုတောင်းခန်း ရှိပြီး ဒုတိယထပ်တွင်မှ အခန်းများစွာ တည်ရှိနေခြင်း ဖြစ်သည်။
ဝမ်ဇီကျန့်က ဘုရားကျောင်း တံခါးဝသို့ ရောက်ရှိလာသောအခါ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ဦးက တံခါးဝတွင် ရပ်နေသည်။ သူ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ထိုမျက်နှာဖုံးပေါ်တွင် အာရေဗျဂဏန်း (၇) ဟု ရေးသားထားလေသည်။
ဝမ်ဇီကျန့်က ထိုအနက်ရောင်ဝတ်ရုံရှင်ကို မြင်သောအခါ အလျင်အမြန်ပင် "နံပါတ် ၇ ကောင်းကင်တမန် သခင်... သခင် သင်ကြားပေးလိုက်တဲ့ အတိုင်းပါပဲ... အဲ့ဒီ စွန်းဆိုတဲ့ ကောင်က သွားပြီး လှုပ်ရှားနေပါပြီ" ဟု ပြောလိုက်သည်။
နံပါတ် ၇ အနက်ရောင်ဝတ်ရုံရှင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "အင်း... သွားတော့... မနက်ဖြန် သာသနာပြုအဖွဲ့ဆီ သွားပြီး သတင်းပို့လိုက်တော့"
ဝမ်ဇီကျန့်က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး "ကျေးဇူးတင်ပါတယ် သခင်... ကျေးဇူးတင်ပါတယ် သခင်"
အနက်ရောင်ဝတ်ရုံရှင်က လက်ကာပြလိုက်ရာ ဝမ်ဇီကျန့်က ဘုရားကျောင်းထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
အနက်ရောင်ဝတ်ရုံရှင်က လှည့်ကာ ဘုရားကျောင်းထဲသို့ ဝင်သွားပြီးနောက် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ခဏအကြာတွင် အခန်းထဲမှ တဟီးဟီးရယ်မောသံများ ထွက်ပေါ်လာလေသည်။
"တင်းယန်... မင်း ငါ့လက်ထဲကနေ မလွတ်ပါဘူး"
အမှောင်ညထဲတွင် လင်းယွမ်တို့ သုံးယောက်၏ ပုံရိပ်များက အိမ်ခေါင်မိုးများပေါ်တွင် ခုန်ပျံသွားလာနေကြသည်။
လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး ဤနေရာရှိ အစောင့်အင်အားစုများကို တစ်ခုချင်းစီ အကဲခတ်နေသည်။
ဤနေရာရှိ အစောင့်များ၏ ပင်မ အရည်အသွေးများက မနိမ့်ကျသော်လည်း အများစုမှာ အမှတ် လေးဆယ် ဝန်းကျင်တွင်သာ ရှိနေကြသေးကြောင်း သူ တွေ့ရှိလိုက်ရသည်။
မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သည့် အဆင့်မြင့် အစွမ်းပိုင်ရှင်များ ပေါ်ထွက်လာခြင်း မရှိသေးပေ။
ယင်းက သူ့ကို တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားစေခဲ့သည်။
သူ မျှော်လင့်ထားသည့် အတိုင်းဆိုလျှင် ဤဟင်းလင်းပြင် ခေါက်ချိုးဖြစ်သွားပြီးနောက် သန္ဓေပြောင်းစွမ်းအင်များက ဝင်လာရုံသာရှိပြီး ထွက်မသွားနိုင်သဖြင့် ဤနေရာရှိ စွမ်းအင် သိပ်သည်းဆက အလွန် မြင့်မားနေစေခဲ့သည်။
ထို့ကြောင့်သာ အားကောင်းသော မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများ မွေးဖွားလာနိုင်ပြီး ရှောင်မောင်းတောင်ကဲ့သို့ သိုလှောင်မှု မြင့်မားသည့် စွမ်းအင်ကျောက်တုံး သတ္တုတွင်းပင် ရှိနေသေးခြင်း ဖြစ်သည်။
ဤအခြေအနေအရဆိုလျှင် ဤနေရာရှိ လူများက တက်ကြွစွာ မကျင့်ကြံလျှင်တောင်မှ သန္ဓေပြောင်း ငါးများကို အဆက်မပြတ် စားသောက်နေရုံဖြင့် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များက အလျင်အမြန် တိုးလာမည်ဖြစ်ပြီး အမှတ် ငါးဆယ်သို့ စောစောကတည်းက ရောက်ရှိနေသင့်ပေသည်။
ထိုအထဲမှ လူအချို့ဆိုလျှင် မျိုးရိုးဗီဇ အမွေအနှစ် မှတ်ဉာဏ်များကို နိုးထလာသင့်ပြီး မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများကို သတိထားကာ အမဲလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်၍ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းသင့်ပေသည်။
သို့သော် လက်ရှိ မြင်တွေ့နေရသော ဧဒင်ဥယျာဉ်၏ အခြေအနေက သူ မျှော်မှန်းထားသည်နှင့် သိသိသာသာကို ကွာခြားနေပေသည်။
အကယ်၍ ဤလူများ၏ အစွမ်းအစ အခြေအနေကို စောစောကတည်းက သိထားပါက သူက ဘာကြောင့် ဤမျှ သတိကြီးစွာဖြင့် ခိုးဝင်နေရမည်နည်း၊ တိုက်ရိုက်သာ ဝင်သတ်လိုက်လျှင် ရနေပြီ ဖြစ်သည်။
သေချာသည်မှာ လင်းယွမ်၏ သတိကြီးသော စရိုက်အရ ထိုကဲ့သို့ ရမ်းကားစွာ လုပ်ဆောင်မည် မဟုတ်ပေ။
မကြာမီ သူတို့သုံးယောက်က ဘုရားကျောင်းဘက်သို့ ချဉ်းကပ်လာခဲ့ရာ ဘုရားကျောင်း၏ အပြင်နှင့် အတွင်း နှစ်ခုလုံးတွင် အစောင့်များ ရှိနေပုံရသည်။
လင်းယွမ်၏ အကြည့်က ကင်းလှည့်နေသော အစောင့်အချို့ကို ဖြတ်ကျော်သွားပြီးနောက် သူက မျက်ခုံးပင့်လိုက်သည်။
ဤကင်းလှည့်နေသော အစောင့်များက အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ဂဏန်းများ ရေးသားထားသော မျက်နှာဖုံးများကို တပ်ဆင်ထားကြကြောင်း သူ သတိပြုမိလိုက်သည်။
ဤအနက်ရောင်ဝတ်ရုံရှင်များ၏ ပင်မ အရည်အသွေး အမှတ်များက ၈၉ မှတ်အထိပင် မြင့်မားနေကြောင်း စွမ်းအင်တိုင်းမျက်မှန်က ပြသနေလေသည်။
ဤမြင်ကွင်းက လင်းယွမ်ကို ချက်ချင်းပင် လန့်ဖြန့်သွားစေတော့သည်။
"အရမ်းမြင့်မားတဲ့ ပင်မ အရည်အသွေးပဲ... ဒီအနက်ရောင်ဝတ်ရုံရှင်တွေက ဘယ်သူတွေလဲ"
ဤအနက်ရောင်ဝတ်ရုံရှင်များထဲမှ လူတိုင်းနီးပါး၏ ပင်မ အရည်အသွေးက ၈၉ မှတ် စီ ရှိနေကြကြောင်း သူ သတိပြုမိလိုက်သည်။
အကြမ်းဖျင်း လိုက်ကြည့်လိုက်ရာ ထိုကဲ့သို့သော အနက်ရောင်ဝတ်ရုံရှင်များက ခုနစ်ယောက်၊ ရှစ်ယောက်ခန့် အထိပင် ရှိနေလေသည်။
ယင်းက အနည်းငယ်တော့ ကြောက်စရာကောင်းနေပေပြီ။
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "ရှောင်ယွီ... ဒီလူတွေက ဘယ်သူတွေလဲ"
ကျိရှောင်ယွီက တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "သူတို့က ဝူယောင်ပန်းကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ ကောင်းကင်တမန် အစောင့်တပ်ဖွဲ့ပဲ"
လင်းယွမ်က အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။ ဝူယောင်ပန်းက ဘယ်လို စွမ်းရည်တွေများ ရှိနေလို့ ပင်မ အရည်အသွေး ၈၇ မှတ်အထိ ရှိနေသော အစွမ်းပိုင်ရှင်များကို သူ့အတွက် အလုပ်လုပ်ပေးရန် စေခိုင်းထားနိုင်ရသနည်း။
အကယ်၍ ခြိမ်းခြောက် အကျပ်ကိုင်မှု အပေါ်တွင်သာ မှီခိုနေရမည်ဆိုလျှင် ဤဝူယောင်ပန်း၏ ပင်မ အရည်အသွေးက မည်မျှအထိ မြင့်မားနေမည်နည်း။
လင်းယွမ်က စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ကြောက်လန့်သွားပြီး အနည်းငယ်ပင် ယုံကြည်ရန် ခက်ခဲနေလေသည်။
မိမိတွင် စနစ် ရှိနေပြီး အမှတ် သန်းပေါင်းများစွာဖြင့် ရူးသွပ်စွာ အရည်အသွေးများ ပေါင်းထည့်ခဲ့သော်လည်း အမြင့်ဆုံးသော အရည်အသွေးတစ်ခုဖြစ်သည့် ခွန်အား အမှတ်က ၉၂ မှတ်သာ ရှိသေးသည်။
ဒီ ဝူယောင်ပန်းက ဘယ်လိုလုပ်ပြီး အဆင့်တက်ခဲ့တာလဲ။
သူ့လက်အောက်က ဒီလူတွေကရော ဘယ်လိုလုပ်ပြီး အဆင့်တက်ခဲ့ကြတာလဲ။
ဒါက ယုတ္တိ မရှိတာပဲ။
လင်းယွမ်က ကွမ်ဖူ ဘက်တွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာလျှင်တောင်မှ သူက ထူးဆန်းနေမည် မဟုတ်ဟု ခံစားရသည်။
သို့သော် ဤဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ အတွင်းတွင် အပြင်ဘက်နှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ သိသာထင်ရှားလှပြီး သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှု ဆိုသည်ကလည်း လုံးဝ မရှိပေ။
သူတို့ နေထိုင်သည့် ပတ်ဝန်းကျင်ကို ကြည့်လျှင် အစောပိုင်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်းလိုပင် ရိုးရှင်းခေါင်းပါးနေဆဲ ဖြစ်သည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူတို့၏ စားဝတ်နေရေးကိုပင် ဖြေရှင်းရန် ခက်ခဲနေသင့်သည် မဟုတ်ပါလား၊ ဘယ်လိုလုပ်ပြီး သန္ဓေပြောင်းစွမ်းအင်ကို အဆင့်မြှင့်တင်ဖို့ အချိန်ရနိုင်မှာလဲ။
တစ်ခုခု မှားနေပြီ။
လင်းယွမ်က ပို၍ စောင့်ကြည့်လေလေ၊ ပို၍ ထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။
"အရင်ဆုံး တင်းယန်ကို ရှာတွေ့အောင် လုပ်ရမယ်... ကျန်တာ နောက်မှ စဉ်းစား"
လင်းယွမ်က သူ၏ ရှုပ်ထွေးနေသော အတွေးများကို သိမ်းဆည်းလိုက်ပြီးနောက် နိချီနှင့် ကျိရှောင်ယွီကို ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက် ဒီမှာပဲ နေခဲ့... ငါ တစ်ယောက်တည်း ဆင်းပြီး လူရှာလိုက်မယ်"
"ဆရာလင်း... ကျွန်တော် ဆရာနဲ့ အတူတူ လိုက်ခဲ့မယ်လေ" နိချီက အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "မလိုဘူး... လူများရင် သတိထားမိဖို့ လွယ်တယ်"
ကျိရှောင်ယွီက ပြောလိုက်သည်။ "ရှင် နောက်ဆုံးတန်းကို သွားကြည့်လိုက်... အဲ့ဒီမှာ ဝူယောင်ပန်းရဲ့ သူတော်စင်မ အဖွဲ့ ရှိတယ်... တကယ်တော့ အဲ့ဒါက သူ့ရဲ့ ကိုယ်လုပ်တော်တွေ နေတဲ့နေရာပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ တင်းယန်က ဘယ်လိုလုပ်ပြီး ဝူယောင်ပန်း၏ ကိုယ်လုပ်တော် အဆောင်ထဲမှာ ရှိနေနိုင်မည်နည်း။
သူက မျက်နှာကို ခပ်တည်တည်ထားကာ "မင်းတို့ ဒီနားမှာပဲစောင့်နေ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူ၏ ကိုယ်ဟန်က အလျင်အမြန် ထွက်ခွာသွားပြီးနောက် စိတ်စွမ်းအင်များကို ဖြန့်ကြက်ကာ တစ်ခန်းချင်းစီ စတင် စုံစမ်းတော့သည်။
ထိုအချိန်မှာပင် ဘုရားကျောင်းနှင့် မဝေးလှသော ကျောက်တုံးအိမ် တစ်လုံးအတွင်း၌ တင်းယန်က ကုတင်ပေါ်တွင် ထိုင်ကာ သူမ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လည်ပတ်နေစေသည်။
သူမက မျက်မှောင်ကို တင်းတင်းကြုတ်ထားပြီးနောက် ရုတ်တရက် မျက်နှာက နီရဲလာကာ နောက်တစ်စက္ကန့်တွင် ရင်ဘတ်နေရာမှ စွမ်းအင် အလင်းရောင်တစ်ချက် လက်သွားပြီး "ဝေါ့"
သူမက ချက်ချင်း ပါးစပ်ဟကာ သွေးတစ်လုတ် အန်ချလိုက်ပြီး မျက်နှာက ချက်ချင်း ဖြူဖျော့သွားတော့သည်။
"မရသေးဘူးပဲ"
သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေပြီး မျက်နှာက အလွန် ဆိုးရွားနေလေသည်။
ထိုအချိန်မှာပင် ကုတင်ခေါင်းရင်းရှိ အအေးဘူးခွံ တစ်ခုအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ "မရသေးဘူးလား"
တင်းယန်က လေပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ "မရဘူး... ဦးချိုတစ်ချောင်း စပါးအုံးမြွေရဲ့ စွမ်းအင်တွေက ငါ့ရင်ဘတ်ထဲမှာ စုပုံနေပြီးတော့ လုံးဝ ခွဲထုတ်လို့ မရဘူး ဖြစ်နေတယ်"
"ဦးလေးကျိုး... ရှင့်ဘက်ကရော ဘယ်လို အခြေအနေ ရှိလဲ"
အအေးဘူးခွံထဲမှ ကျိုးချင်းမင်၏ အသံ ထွက်ပေါ်လာလေသည်။ သူ၏ အသံက အားနည်းနေပြီး "သွေးအဆီအနှစ် ငါးပုံသုံးပုံလောက် ဆုံးရှုံးသွားတော့ ငါ အခု သွေးမြူခိုး အခြေအနေနဲ့ပဲ ရှင်သန်နိုင်တော့တယ်... ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းဖို့ နည်းလမ်း မရှိဘူး ဖြစ်နေတယ်" ဟု ပြောလိုက်သည်။
"ဒီလို အခြေအနေမျိုးနဲ့ဆို ငါ ချင်းဟွာကို သွားရှာလို့ ရမှာမဟုတ်ဘူး"
တင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး "အဲ့ဒီအချိန်တုန်းက လီချင်းဟွာကို ဝူယောင်ပန်း ခေါ်သွားတာ ရှင် တကယ် မြင်လိုက်တာလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်... ချင်းဟွာ ဒီမှာ ရှိနေတယ်ဆိုတာ ငါ အသေအချာ ပြောရဲတယ်"
တင်းယန်က ပြောလိုက်သည်။ "ဒီလူ့ အကြံအစည်က အရမ်းနက်ရှိုင်းတယ်... ကျွန်မ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပေမယ့် လီချင်းဟွာရဲ့ သတင်းအစအနကို ရှာလို့မရဘူး... ဖြစ်နိုင်တာကတော့..."
သူမက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး လီချင်းဟွာအတွက် အသက်အန္တရာယ် ရှိနိုင်လောက်သည်ဟု ခံစားလိုက်ရသည်။
ကျိုးချင်းမင်ကမူ ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... တကယ်လို့ ဝူယောင်ပန်းရဲ့ လူတွေကသာ ချင်းဟွာကို သတ်ချင်တယ်ဆိုရင် သူ့ကို ပြန်ခေါ်လာမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ချင်းဟွာ သေချာပေါက် အသက်ရှင်နေဦးမှာ... သူ တစ်နေရာရာမှာ အကျဉ်းချခံထားရတာ သေချာတယ်"
တင်းယန်က သက်ပြင်းချလိုက်ပြီး "ကျွန်မ နည်းလမ်း ထပ်စဉ်းစားကြည့်ပါဦးမယ်... ရှင့်ရဲ့ ဒဏ်ရာတွေက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သတ္တဝါရဲ့ သွေးအဆီအနှစ် လိုအပ်တယ်လေ... ဒါပေမဲ့ ဝူယောင်ပန်းက အရမ်း သတိထားတယ်... သွေးအဆီအနှစ် ကိစ္စကို ကျွန်မ စကားစလိုက်တာနဲ့ သူက အမြဲတမ်း စကားလွှဲသွားတတ်တယ်"
ကျိုးချင်းမင်က သက်ပြင်းချကာ ပြောလိုက်သည်။ "သူက မင်းအပေါ်ကို စိတ်ကူးရှိနေတာ သိသာတယ်... တင်းယန်... တကယ်လို့ အခွင့်အရေး ရမယ်ဆိုရင် မင်းဘာသာမင်း အရင် ထွက်သွားပါ... ထိုက်ယန်တောင်ကို ပြန်ပြီး ဆရာလင်းကို အကူအညီတောင်းဖို့ နည်းလမ်းရှာ... အခုက ဆရာလင်းပဲ ငါတို့ကို ကယ်တင်နိုင်မှာ"
တင်းယန်က ခါးသီးစွာ ပြုံးလိုက်သည်။ "ကျွန်မက ဘယ်လိုလုပ် ပြန်လို့ရမှာလဲ... လီချင်းဟွာကိုလည်း ရှာမတွေ့သလို ဒီဟင်းလင်းပြင် ခေါက်ချိုးနယ်မြေရဲ့ အဝင်အထွက်ပေါက်ကိုလည်း ကျွန်မ မသိဘူးလေ"
ကျိုးချင်းမင်က ပြောလိုက်သည်။ "ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေမှာ ဝင်ပေါက်ထွက်ပေါက် ရှိကိုရှိရမယ်... စိတ်ရှည်ရှည်ထားရင် အနှေးနဲ့အမြန် ရှာတွေ့မှာပါ"
တင်းယန်က သက်ပြင်းချလိုက်သည်။ "ရှမင်နဲ့ ဦးလေးကောတို့ အသက်ရှင်နေပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"
"ဒေါက်... ဒေါက်... ဒေါက်..."
သူမ၏ စကားသံပင် မဆုံးသေးမီ အပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
တင်းယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိ သွေးများကို အလျင်အမြန် ပြောင်စင်အောင် သုတ်လိုက်ပြီးမှ "ဘယ်သူလဲ" ဟု မေးလိုက်သည်။
"ညီမတင်း... ကျွန်မပါ... စွန်းဝေဝေ ပါ"
ဆက်ရန်...
***