လင်းယွမ်က သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းကို နားမလည်နိုင် ဖြစ်နေသည်။
ဒီဝူယောင်ပန်းက တကယ်ပဲ ဘယ်လိုလုပ်လိုက်တာလဲ။
"လူကို လာလှည့်စားနေတာပဲ"
လင်းယွမ်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး စိတ်စွမ်းအင်များက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
"ဝုန်း"
စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း
အားကောင်းလှသော စိတ်စွမ်းအင်၏ ပံ့ပိုးမှုအောက်တွင် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းက ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် ဗုံးတစ်လုံးနှင့်ပင် တူညီနေသည်။
ယင်းက ရှေ့ရှိ လူများ၏ စိတ်ထဲတွင် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
ထိုအချိန်မှာပင် ထိုလူများထဲမှ ထက်ဝက်နီးပါးခန့်က ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ ဦးခေါင်းများက ချိုင့်ဝင်သွားတော့သည်။
သို့သော်လည်း ကျန်ရှိနေသေးသော ထက်ဝက်ခန့်ကမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ညည်းသံ အနည်းငယ်သာ ထွက်ပေါ်လာခဲ့သည်။
ဘုရားသားတော် ဝူယောင်ပန်းကမူ မည်သည့်အချိန်ကတည်းက ရွှေရောင် ဦးထုပ်တစ်လုံးကို ဆောင်းထားခဲ့မှန်း မသိရပေ။
ထိုရွှေရောင် ဦးထုပ်က ပုပ်ရဟန်းမင်းကြီး၏ သရဖူနှင့်ပင် တူညီနေပေသည်။
ယခုအခါ ၎င်းထံမှ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာပြီး လင်းယွမ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို တားဆီးပေးလိုက်သည်။
လင်းယွမ်က ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး သူ၏ စိတ်ထဲတွင် သံသယများ ချက်ချင်း ဝင်ရောက်လာတော့သည်။
"ဒီဝူယောင်ပန်းက... ရွှေက စိတ်စွမ်းအင် တိုက်ခိုက်မှုကို တားဆီးပေးနိုင်တယ်ဆိုတာကို သိနေတာလား"
အပြင်ဘက်တွင်ပင် ကွမ်ဖူမှ လူများကလွဲ၍ အခြား သီးသန့် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများထဲတွင် ဤလျှို့ဝှက်ချက်ကို သိထားသူ မရှိသလောက် ရှားပါးကြောင်း သိထားရမည် ဖြစ်သည်။
လင်းယွမ်ကလည်း ကွမ်ဖူမှ လူများနှင့် အဆက်အသွယ် ရပြီးနောက်မှသာ ရွှေ၏ အမှန်တကယ် အသုံးဝင်ပုံကို သိရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ဟင်းလင်းပြင် ခေါက်ချိုးခြင်းထဲတွင် ပိတ်မိနေသော ဤဝူယောင်ပန်းက မည်သို့ သိရှိနေခဲ့သနည်း။
ဤသံသယက လင်းယွမ်၏ စိတ်ထဲတွင် ခေတ္တမျှ ဖြတ်ပြေးသွားသော်လည်း ယခုအခါ စိတ်စွမ်းအင် တိုက်ခိုက်မှုက အလုပ်မဖြစ်တော့သော်လည်း လင်းယွမ်၏ အစွမ်းများက အသွင်အမျိုးမျိုး ပြောင်းလဲနိုင်ပေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝှစ်ခနဲ အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ရေခဲချွန်များက ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရေခဲချွန်များက ချွန်ထက်သော ဓားရှည်များပမာ အသံတဝီဝီ မြည်ဟည်းလျက် ပစ်ခတ်သွားသည်။
မျက်နှာချင်းဆိုင်ရှိ ကောင်းကင်တမန်အဖွဲ့မှ လူများက သူတို့အနီးရှိ ဒိုင်းလွှားများနှင့် ဓားများကို အသီးသီး ဆွဲထုတ်လိုက်ကြသည်။
သူတို့က ဒိုင်းလွှားများကို အရှေ့တွင် ကာကွယ်ထားပြီး သေရမည်ကို မကြောက်ရွံ့ဘဲ ပြေးဝင် တိုက်ခိုက်လာကြသည်။
လင်းယွမ်က မနေနိုင်ဘဲ မျက်မှောင် ထပ်မံ ကြုတ်လိုက်မိသည်။
ပုံမှန်မဟုတ်ပေ၊ ဤသည်က အလွန် ထူးဆန်းလွန်းလှသည်။
ဒီလူတွေ အကုန်လုံးက ခွန်အား ၆၅ မှတ်ကနေ ၇၀ မှတ်လောက်ပဲ ရှိပြီး တခြား အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်မှ မရှိဘူးပဲ။
ဤသည်က အလွန် တိုက်ဆိုင်လွန်းနေပေသည်။
ဤဝူယောင်ပန်းက သူ၏ ကောင်းကင်တမန်အဖွဲ့ထဲသို့ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များကိုသာ လက်ခံထားခြင်းလား။
ဘာကြောင့်များပါလိမ့်။
ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များတွင် တစ်ခုခု ထူးခြားချက်များ ရှိနေလို့များလား။
လင်းယွမ်က နားမလည်နိုင် ဖြစ်နေသည်။
သို့သော်လည်း အကယ်၍ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များသာ ဖြစ်ပါက ရင်ဆိုင်ရသည်က အလွန် လွယ်ကူသွားပေလိမ့်မည်။
လင်းယွမ်၏ ရေခဲချွန်များက မျဉ်းဖြောင့်အတိုင်း ပျံသန်းနေခြင်း မဟုတ်ဘဲ သူ၏ စိတ်စွမ်းအင်ဖြင့် ဤရေခဲချွန်များကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပေသည်။
လေထုကို ခွင်းသွားသော အသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါသံများ ထွက်ပေါ်လာသည်။
"စွပ်... စွပ်... စွပ်"
ရေခဲချွန်များက အနက်ရောင်ဝတ် ကောင်းကင်တမန်အဖွဲ့မှ အမျိုးသား အနည်းငယ်ကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်လိုက်သည်။
ထိုလူများ၏ ရင်ဘတ်များ ပေါက်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သို့သော်လည်း အခြားလူများကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ရှေ့လူလဲလျှင် နောက်လူ အစားထိုးကာ ဆက်လက် ပြေးဝင်လာကြသည်။
လင်းယွမ်၏ အနီးသို့ပင် မရောက်ခင်မှာပဲ သူတို့က တိုက်ရိုက် ကိုယ်တိုင် ပေါက်ကွဲသွားကြတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
သွေးလှိုင်းများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
လူသား ဗုံးတစ်လုံးစီကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုလှိုင်းများကို ဖြစ်ပေါ်စေသည်။
လင်းယွမ်က နောက်သို့ အဆက်မပြတ် ဆုတ်ခွာလိုက်ရပြီး ဤရိုက်ခတ်မှုလှိုင်းများကြောင့် အဆက်မပြတ် ရှောင်တိမ်းနေရသည်။
ခဏတာမျှ သူက အောက်စီးသို့ ရောက်သွားခဲ့သည်။
"တောက်... ဒီဝူယောင်ပန်းရဲ့ တပည့်တွေက ဒီလောက်တောင် သစ္စာရှိကြတာလား... သူတို့က သေရမှာကို မကြောက်ကြဘူးလား"
လင်းယွမ်က တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။
ထို့ကြောင့် သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး လေထဲသို့ ချက်ချင်း ပျံတက်သွားလိုက်သည်။
ကံကောင်းသည်မှာ ဤကောင်းကင်တမန်အဖွဲ့မှ လူများကလည်း လုံးဝ မပျံသန်းနိုင်ကြသောကြောင့် လင်းယွမ် လေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေရုံသာ တတ်နိုင်ကြပေသည်။
ဝူယောင်ပန်းက သစ်တောထဲတွင် ရပ်နေပြီး ပျံသန်းသွားသော လင်းယွမ်ကို အေးစက်စွာ ကြည့်နေသော်လည်း တိတ်ဆိတ်နေခဲ့သည်။
သူက ဧဒင်ခိုလှုံရေးစခန်းဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုဘက်တွင် မျိုးရိုးဗီဇအဆင့် သန္ဓေပြောင်း သားရဲ အနည်းငယ်က မီးရောင်များကြားတွင် လှည့်လည် ဖျက်ဆီးနေကြသည်။
ဝူယောင်ပန်း၏ မျက်နှာက ဆိုးရွားသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အရင် ပြန်သွားပြီး ဒီသန္ဓေပြောင်း သားရဲတွေကို သတ်ကြမယ်"
"ဟုတ်ကဲ့ပါ"
ကျန်ရှိနေသော ကောင်းကင်တမန်အဖွဲ့ဝင်များက ဝူယောင်ပန်း၏ နောက်သို့ လိုက်ပါကာ ဧဒင်ခိုလှုံရေးစခန်းသို့ အလျင်အမြန် ပြန်သွားကြသည်။
ထို့နောက်တွင် အသေခံ တိုက်ခိုက်မှုများ အောက်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ထိုစွမ်းအားကြီးမားသော မျိုးရိုးဗီဇအဆင့် သန္ဓေပြောင်း သားရဲများက ကောင်းကင်တမန်အဖွဲ့၏ အသေခံ တိုက်ခိုက်မှုများကြောင့် မြေပြင်ပေါ်တွင် လဲကျသွားပြီး ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရတော့သည်။
......
လင်းယွမ်က ရှောင်မောင်းတောင်၏ မြင့်မားသော ချောက်ကမ်းပါး တစ်ခုပေါ်တွင် ရပ်ကာ ဤမြင်ကွင်းကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာက လေးနက်နေသည်။
ဘေးနားရှိ တင်းယန်၊ နိချီနှင့် ကျိုးချင်းမင်တို့ကလည်း မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြသည်။
တင်းယန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီလူတွေက တကယ်ပဲ လုံးဝ ရိုက်သွင်းခံထားရတာလား... သေရမှာကို နည်းနည်းလေးတောင် မကြောက်ကြဘူးလား"
ကျိုးချင်းမင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "မဟုတ်ဘူး... ဒါက သေရမှာကို မကြောက်တာ လုံးဝ မဟုတ်ဘူး... သူတို့ရဲ့ အသက်ကို အသက်လို့တောင် သဘောမထားကြတော့တာ"
"မင်းတို့ သတိထားမိကြလား... အဲ့ဒီလူတွေက အမှန်ဆို ကိုယ်တိုင် ပေါက်ကွဲဖို့ တောင်မလိုဘူး... ဒါပေမဲ့ သူတို့က ဒီသန္ဓေပြောင်း သားရဲကို နည်းနည်းလေး ထိခိုက်စေဖို့အတွက် ကိုယ်တိုင် ပေါက်ကွဲသွားကြတယ်"
နိချီကလည်း ချက်ချင်း ပြောလိုက်သည်။ "အရူးတွေပဲ... သူတို့က တကယ့် အရူးအုပ်စုကြီးပဲ... ဒီဘုရားသားတော် ဝူယောင်ပန်း ဆိုတဲ့သူက သူတို့ကို ဘာတွေများ လုပ်ထားလို့လဲ"
"ဘာလို့ ဒီလူတွေက ဒီလောက်တောင် ရူးသွပ်နေကြတာလဲ"
လင်းယွမ်ကလည်း မျက်မှောင်ကြုတ်ထားပြီး ဤမေးခွန်းက သူ အနားမလည်နိုင်ဆုံးသော ကိစ္စပင် ဖြစ်သည်။
ဘေးနားရှိ ဂျိရှောင်ယွီကမူ တည်ငြိမ်သော မျက်နှာထားဖြင့် အေးဆေးစွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကို ခံရတဲ့သူတွေမလို့ပါ... အကန့်အသတ်မရှိ ပြန်ရှင်သန်နိုင်ကြပါတယ်"
"ရှင့်တို့ မြင်ခဲ့ရတဲ့ ဝူယောင်ပန်းလိုပဲပေါ့... သူက အကြိမ် တစ်သောင်းလောက် သေသွားရင်တောင်မှ အကန့်အသတ်မရှိ ပြန်ရှင်သန်လာဦးမှာပဲ... သူ့ကို သတ်လို့ မရနိုင်ဘူး"
ဂျိရှောင်ယွီက လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ရှင်က အရမ်း တော်ပါတယ်... ဝူယောင်ပန်းကို မျက်နှာချင်းဆိုင် သတ်ပစ်နိုင်တယ်... ဒါပေမဲ့ ဝူယောင်ပန်းက သတ်လို့ မသေနိုင်တဲ့သူလေ"
လင်းယွမ်က မျက်လုံးကို မှေးကာ စဉ်းစားလိုက်ပြီး ခေါင်းခါလျက် ပြောလိုက်သည်။ "မဟုတ်ဘူး... ဒါက ယုတ္တိမရှိဘူး"
"ဒီကမ္ဘာပေါ်မှာ ပြန်လည်ကုသနိုင်စွမ်း အရမ်း ကောင်းတဲ့သူတွေ... ဒါမှမဟုတ် မသေနိုင်တဲ့ ခန္ဓာကိုယ်နဲ့ တူညီတဲ့သူတွေ တကယ် ရှိကောင်း ရှိနိုင်တယ်"
"ဒါပေမဲ့ ခုနက ဝူယောင်ပန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး ငါ ခံစားမိတယ်... သူက အဲ့ဒီတုန်းက တကယ်ကို သေသွားခဲ့တာ"
"ငါ သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ကိုတောင် မခံစားမိတော့ဘူး... အဲ့ဒီ အလောင်းက တကယ့် အလောင်းအစစ်ပဲ"
ဂျိရှောင်ယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "သူ ပြန်ရှင်လာနိုင်တယ်ဆိုတာကို ရှင် မယုံဘူးပေါ့"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ငါ မယုံဘူး... အနည်းဆုံးတော့ သူ ဘယ်လို ပြန်ရှင်လာလဲ ဆိုတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်ရမှ ဖြစ်မယ်"
ဂျိရှောင်ယွီက သံသယဖြင့် မေးလိုက်သည်။ "မျက်စိနဲ့တပ်အပ် မြင်ရမယ် ဟုတ်လား"
လင်းယွမ်က တင်းယန်ကို ပြောလိုက်သည်။ "နင့်ရဲ့ ရင်ဘတ်ထဲမှာ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ငါ ရှင်းလင်းပေးပြီးပြီ"
သူက အစွမ်းဆေးရည် တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒါက ဒေါက်တာရန် အသစ် ဖန်တီးထားတဲ့ ပြန်လည်ကုသရေး ဆေးရည်ပဲ... နင် ဒါကို သောက်လိုက်ရင် အခြေခံအားဖြင့်တော့ ပြန်ကောင်းသွားလိမ့်မယ်"
"ဒီတစ်ပုလင်းက ခင်ဗျားအတွက်... ကျိုးချင်းမင်"
သူက ကျိုးချင်းမင်ကို နောက်ထပ် ဆေးရည် တစ်ပုလင်း ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "မင်းတို့ ဒီမှာ စောင့်နေကြ"
"ရှင် ဘယ်သွားမလို့လဲ" တင်းယန်က အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ဧဒင်ခိုလှုံရေးစခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ပြောလိုက်သည်။ "ငါ အဲ့ဒီကောင်ကို ဖမ်းလာပြီး သေသေချာချာ သုတေသန လုပ်ကြည့်ဦးမယ်"
တင်းယန်က အလျင်အမြန် ပြောလိုက်သည်။ "ရှင် ဂရုစိုက်နော်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ အဝေးရှိ ဧဒင်ခိုလှုံရေးစခန်းဆီသို့ လေခွင်းသံများ ထွက်ပေါ်လာသည်အထိ ပျံသန်းသွားတော့သည်။
ဧဒင်ခိုလှုံရေးစခန်းထဲတွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေပြီး ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
လင်းယွမ် ပြန်လာခြင်းက ဝူယောင်ပန်းကို ဖမ်းဆီးပြီး သူ၏ ထူးဆန်းလှသော မသေနိုင်သည့် အစွမ်းကို သေချာစွာ သုတေသန လုပ်ရန်သာ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ကျိုးချင်းမင်၏ အပြောအရ ဝူယောင်ပန်းက လီချင်းဟွာကိုလည်း ဖမ်းခေါ်သွားခဲ့သည်။
လင်းယွမ်က တစ်ဖက်လူ၏ ပါးစပ်မှ လီချင်းဟွာ၏ သတင်းအစအနကို အတင်းအဓမ္မ မေးမြန်းရမည် ဖြစ်သည်။
"ဝှစ်"
လင်းယွမ်က မှောင်မိုက်နေသော သစ်တောတစ်ခုထဲတွင် ရပ်တန့်လိုက်ပြီး အနက်ရောင် ဝတ်ရုံနှင့် မျက်နှာဖုံး တပ်ဆင်ထားသော ကောင်းကင်တမန်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာက တစ်ကိုယ်လုံးတွင် ငါးအကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ သတ္တဝါကြီး တစ်ကောင်ဆီသို့ ပြေးဝင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။
ဤမျိုးရိုးဗီဇမျိုးစေ့အဆင့် သတ္တဝါကြီးက ရေအောက်မှ တက်လာခြင်း ဖြစ်ပြီး ယင်းက အမြင့် သုံးဆယ့်သုံးပေခန့် ရှိကာ တစ်ကိုယ်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေပြီး ထက်မြက်သော လက်သည်းများ၊ သွားများနှင့် ချွန်ထက်သော ငါးဆူးတောင် ကျောကုန်း ရှိပေသည်။
ဤသတ္တဝါကြီးတွင် ခြေလက်လေးဖက် ရှိပြီး ဧရာမ မိကျောင်းတစ်ကောင်၏ နောက်ခြေထောက်များကဲ့သို့ တုတ်ခိုင်နေသည်။
ယခုအခါ ၎င်းက ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးကို ရူးသွပ်စွာ ကိုက်ဖြတ်နေပြီး သူ၏ ငါးအမြီးက အဆောက်အအုံ အားလုံးကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။
မီးရောင်အောက်တွင် ယင်းက အရာအားလုံးကို ရူးသွပ်စွာ ဖျက်ဆီးနေတော့သည်။
ဧဒင်ခိုလှုံရေးစခန်း၏ ကောင်းကင်တမန်အဖွဲ့ဝင် တစ်ယောက်က ထိုသတ္တဝါကြီး၏ အရှေ့သို့ ပြေးဝင်သွားပြီး ရုတ်တရက် ကိုယ်တိုင် ပေါက်ကွဲသွားတော့သည်။
ဤပေါက်ကွဲမှု၏ စွမ်းအားက အလွန် ကြီးမားလှပြီး ကျယ်လောင်သော အသံကြီးအောက်တွင် သတ္တဝါကြီးက ပေါက်ကွဲမှု၏ ရိုက်ခတ်မှုလှိုင်းကြောင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုအချိန်မှာပင် အခြား ကောင်းကင်တမန်အဖွဲ့ဝင် အနည်းငယ်က လျင်မြန်စွာ ချဉ်းကပ်လာပြီး သူတို့၏ လက်ထဲရှိ ချွန်ထက်သော လက်နက်များကို ငါးဘီလူး၏ ဗိုက်ဆီသို့ အသီးသီး ထိုးစိုက်လိုက်ကြသည်။
"စွပ်... စွပ်"
စွပ်ခနဲ အသံများ ထွက်ပေါ်လာပြီး ငါးဘီလူး၏ ဗိုက်က ချက်ချင်းပင် အခွဲခံလိုက်ရကာ စေးကပ်နေသော အရည်များ အမြောက်အမြား ထွက်ပေါ်လာတော့သည်။
၎င်းက ထူးဆန်းသော အော်ဟစ်သံများ ပြုလုပ်ကာ ပြင်းထန်စွာ ရုန်းကန်လာတော့သည်။
လင်းယွမ်က အစမှအဆုံးအထိ ကြည့်ရှုနေခဲ့သော်လည်း သူ၏ အာရုံစိုက်မှုက ဤငါးဘီလူးအပေါ်တွင် မရှိဘဲ ဤကောင်းကင်တမန်အဖွဲ့ဝင်များ အပေါ်တွင်သာ ရှိနေခဲ့သည်။
"ဒီလူတွေက တကယ်ကို အသက်ကို နည်းနည်းလေးတောင် မနှမြောဘူးပဲ... သေရမှာကို လုံးဝ မကြောက်တဲ့ အတိုင်းပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဤမြင်ကွင်းကို တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။
မည်သူမဆို သေခြင်းတရားနှင့် ပတ်သက်ပြီး သဘာဝအရ ကြောက်ရွံ့မှု ရှိကြစမြဲ ဖြစ်သည်။
ဤသည်က သက်ရှိများ၏ ပင်ကိုယ်အသိစိတ်ပင် ဖြစ်သည်။
သို့သော်လည်း လင်းယွမ်က ဤကောင်းကင်တမန်အဖွဲ့မှ လူများထံတွင် မည်သည့် ကြောက်ရွံ့မှုမျိုးကိုမျှ မခံစားရပေ။
ဤသည်က အလွန် ပုံမှန်မဟုတ်ပေ။
"ဒီဝူယောင်ပန်းမှာ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိနေသလိုမျိုး... ဒီလူတွေမှာပါ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိနေတာတော့ မဖြစ်နိုင်ပါဘူး"
လင်းယွမ်က သံသယ ဝင်သွားပြီး သူ၏ အကြည့်များက လှည့်လည်သွားကာ အဝေးတွင် ရပ်ပြီး ဤလူများကို အမိန့်ပေးနေသော ဝူယောင်ပန်းကို ချက်ချင်း သတိထားမိလိုက်သည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် မြေဝါရောင် အလင်းတန်း တစ်ခု လက်ကနဲ ဖြစ်သွားကာနောက် ချက်ချင်းပင် မြေအောက်သို့ လျှိုးဝင်သွားတော့သည်။
အဝေးရှိ ဝူယောင်ပန်းက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "အဲ့သတ္တဝါကို သတ်ပစ်... ဒီတိရစ္ဆာန်ကို သတ်ပစ်လိုက်"
စစ်မြေပြင်ကို အမိန့်ပေးနေသော ဝူယောင်ပန်း၏ ခြေထောက်နှစ်ဖက်က ရုတ်တရက် တင်းကျပ်သွားသည်။
နောက်တစ်ခဏတွင် သူ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ သူ တစ်ကိုယ်လုံးက မြေအောက်သို့ ရုတ်တရက် ဆွဲချခံလိုက်ရတော့သည်။
"ဘယ်သူလဲ"
ဝူယောင်ပန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။
"ဒိုင်း... ဒိုင်း"
မြေပြင်က ရေစီးကြောင်း တစ်ခုကဲ့သို့ပင် သူ၏ လက်သီးများကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။
သူ တစ်ကိုယ်လုံးက ထိန်းချုပ်၍ မရဘဲ မြေအောက်သို့ ဆွဲချခံလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင် ဝတ်ရုံနှင့် မျက်နှာဖုံး တပ်ဆင်ထားသော ကောင်းကင်တမန်အဖွဲ့ဝင်များက ယင်းကို မြင်သောအခါ ချက်ချင်းပင် ပြေးဝင်လာကြပြီး ဝူယောင်ပန်း၏ လက်မောင်းနှစ်ဖက်ကို ဖမ်းဆုပ်ကာ အပေါ်သို့ အသေအလဲ ဆွဲတင်ကြတော့သည်။
သို့သော်လည်း သူတို့၏ ခွန်အားများက လင်းယွမ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
မြေအောက်တွင် လင်းယွမ်က သူ၏ လက်မောင်းနှစ်ဖက်ဖြင့် အားပြင်းပြင်း သုံးလိုက်ရာ ဝူယောင်ပန်း တစ်ကိုယ်လုံးကို အောက်သို့ ချက်ချင်း အများကြီး ဆွဲချလိုက်တော့သည်။
ဝူယောင်ပန်းက အံ့သြဒေါသထွက်မှုများ ရောယှက်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "သူ့ကို သတ်... သူ့ကို သတ်ပစ်လိုက်... ငါ့ကို ဂရုမစိုက်နဲ့"
သူ၏ အမိန့်ကို ရရှိပြီးနောက် ကောင်းကင်တမန်အဖွဲ့မှ လူများက အသီးသီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့က မြေပြင်ဆီသို့ တိုက်ရိုက် ခေါင်းဖြင့် ဝင်တိုက်လိုက်ကြပြီး လူတစ်ကိုယ်လုံးက သေရမည်ကို မကြောက်ဘဲ မြေအောက်သို့ နစ်မြုပ်သွားကြသည်။
နောက်တစ်ခဏတွင် တိုက်ရိုက် ကိုယ်တိုင် ပေါက်ကွဲသွားကြတော့သည်။
မြေအောက်တွင် တုန်ခါမှုများ ဖြစ်ပေါ်လာပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုဝူယောင်ပန်းက ရှေ့ဆုံးမှ အထိနာသွားပြီး တိုက်ရိုက် ပေါက်ကွဲကာ အရိုးများပင် ကြေမွသွားတော့သည်။
လင်းယွမ်က သူ၏ လက်ပေါ်ရှိ ခုခံမှုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ လက်ထဲတွင် ခြေထောက်ပြတ် တစ်ပိုင်း ထွက်ပေါ်လာကာနောက် သူ တစ်ကိုယ်လုံး လျင်မြန်စွာ လျှိုးဝင်သွားပြီး ပေါက်ကွဲမှု ဗဟိုချက်မှ ထွက်ခွာသွားတော့သည်။
ထိုသို့ ဖြစ်လင့်ကစား လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်မှု အလွှာများစွာကလည်း ပေါက်ကွဲ ပွင့်ထွက်သွားခဲ့သည်။
ကံကောင်းသည်မှာ တစ်ဖက်လူ၏ ကိုယ်တိုင် ပေါက်ကွဲမှုက အစွမ်းထက်သော်လည်း သူ၏ ကာကွယ်မှု နည်းလမ်း အများအပြားကို အပြည့်အဝ ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။
ခဏကြာပြီးနောက် မိုင်အနည်းငယ် အကွာရှိ သစ်တောထဲတွင် လင်းယွမ်က မြေအောက်မှ ဖုန်တလူးလူးဖြင့် ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ထဲတွင် ခြေထောက်ပြတ် တစ်ပိုင်းကို ကိုင်ဆောင်ထားသည်။
ဤခြေထောက်ပြတ်က သဘာဝကျစွာပင် ဝူယောင်ပန်း၏ အရာ ဖြစ်ပေသည်။
လင်းယွမ်က ခြေထောက်ပြတ်ကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
"ဒီလောက်တောင် ပေါက်ကွဲသွားတာကို သူက မသေသေးဘူးလား"
"ဒါက တကယ်တမ်း ဘယ်လိုအစွမ်းမျိုးရှိလို့ ပြန်ရှင်လာနိုင်ရတာလဲ"
လင်းယွမ်က ဤခြေသလုံး ပြတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဘယ်ကိုမှ မသွားတော့ဘဲ ဤခြေထောက်ပြတ်ကိုသာ ကြည့်နေလိုက်တော့သည်။
ယုတ္တိတန်တန် တွေးကြည့်ရလျှင် အကယ်၍ တစ်ဖက်လူတွင် အားကောင်းသော ကိုယ်တိုင် ကုသနိုင်စွမ်း တကယ် ရှိနေပါက။
ထိုသို့ဆိုလျှင် ဤခြေထောက်ပြတ်ဝက်ကလည်း လျင်မြန်စွာ အသားများ ပြန်လည် ထွက်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် ဝူယောင်ပန်း၏ မူလခန္ဓာကိုယ်အဖြစ်ပင် ပြန်လည် ပြောင်းလဲသွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ခုနက ကိုယ်တိုင် ပေါက်ကွဲမှုထဲတွင် ဝူယောင်ပန်း၏ ဤခြေထောက်က ဧရိယာ အကြီးမားဆုံးနှင့် အကောင်းပကတိ အကျန်ရစ်ဆုံး အစိတ်အပိုင်းဟု ဆိုနိုင်ပေသည်။
ဤဝူယောင်ပန်းက ပြန်လည် ကုသမည် ဆိုပါကလည်း ဤခြေထောက်ကို အဓိက အစိတ်အပိုင်းအဖြစ် ထားရှိကာ စတင် ကြီးထွားပြီး ပြန်လည် ကုသသင့်ပေသည်။
"မင်းက တကယ်ပဲ အကန့်အသတ်မရှိ ပြန်ရှင်နိုင်သလား ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
လင်းယွမ်၏ မျက်လုံးများက ခြေထောက်ပြတ်ကို စူးစိုက်ကြည့်နေပြီး ပြတ်တောက်နေသော ဒဏ်ရာကို သေချာစွာ ကြည့်နေခဲ့သည်။
တစ်မိနစ်... နှစ်မိနစ်...
ဆယ်မိနစ် ကုန်လွန်သွားပြီးနောက် ဤခြေထောက်ပြတ်က သွေးများ ခြောက်သွေ့သွားခဲ့ပြီး အနည်းငယ်ပင် မည်းနက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ကြိုတင် တွေးထားခဲ့သော သွေးသားများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အသစ် ပြန်လည် ကြီးထွားလာမည့် မြင်ကွင်းက ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
လင်းယွမ်က မနေနိုင်ဘဲ မျက်လုံးကို မှေးကာ အနည်းငယ် စဉ်းစားလိုက်ပြီး စွမ်းအင်တိုင်းမျက်မှန်ကို တပ်ဆင်ကာ ဤခြေထောက်ပြတ်ကို ကြည့်လိုက်သည်။
ခြေထောက်ပြတ်ပေါ်တွင် စွမ်းအင် လှုပ်ရှားမှုက သုည ဖြစ်နေခဲ့သည်။
"ဘာပြန်လည် ကုသတဲ့ လက္ခဏာမှ မရှိဘူးပဲ... တကယ် သေသွားတာပဲ"
ဆက်ရန်...
***