ကျိုးမင်းဆက်ကြီး။
ကျားရှန် 32 နှစ်မြောက်၏ မတ်လဆန်း တစ်ရက်။
နန်းမြို့။
“နင့်လောက် ကံဆိုးတဲ့သူ မတွေ့ဖူးပါဘူးဟယ်”
အာချိုး တစ်ယောက် ရေတွင်ဘေးတွင် ထိုင်ကာ သူ့အဝတ်များကို ကွဲအက်နေသော လက်ချောင်းများဖြင့် သပ်ရပ်အောင်လုပ်ရင်း သစ်သားဇလုံးကြီးထဲမှ သူ့ပုံရိပ်ကို ပြန်လည် တီးတိုးပြောနေခြင်းဖြစ်သည်။ဇလုံဘေးမှ တောင်အလား အဝတ်ပုံကြီးကို ကြည့်ရင်း အားချိုး သက်ပြင်းမချဘဲ မနေနိုင်ပေ။ဘယ်ချိန်မှ လျှော်လို့ပြီးမှာလဲ။
အားချိုးစကားအတိုင်း သူမကလည်း ကံမကောင်းရှာပေ။
သူမသည် အမတ်တစ်ဦး၏ သမီးတစ်ယောက်ဖြစ်သော်လည်း သူမအဖေမှာ ခေါင်းမာမာဖြင့် အထက်အရာရှိများကို စော်ကားတတ်သည်။တစ်ည၌ သူမမိဘများ သေဆုံးခဲ့ရပြီး တစ်မိသားစုလုံးမှ လေးနှစ်သာ ရှိသော အားချိုးတစ်ယောက်တည်း ရှင်ကျန်ခဲ့သည်။သို့ရာတွင် သူလည်း အဝတ်ရုံးသို့ အစေခံအဖြစ် ပို့ခံခဲ့ရသည်။အဝတ်ရုံး၌ ဆယ်နှစ်ကြာ အဝတ်လျှော်ဖွတ်ပြီးနောက် ဆယ့်လေးနှစ်ကြာတွင် အားချိုး ကံကောင်းခဲ့ပေသည်။အချီးမြောက်ခံရဆုံး ကိုယ်လုပ်တော် ကျောက်၏ ယန်ကွေ့ နန်းတော်သို့ ရောက်သွားခဲ့ခြင်းပင်။
သို့သော် အားချိုး ကံမကောင်းသည်မှာ နေသားကျနေသဖြင့် ယခုကံမှာလည်း မကြာလိုက်ပေ။ နှစ်နှစ်အတွင်းမှာပင် အားချိုးမှာ ကိုယ်လုပ်တော် ကျောက်ကွေ့ဖေးအား မတော်တဆ စိတ်နောက်စေမိသဖြင့် ကံဆိုးစွာနှင့် လျှို့ပင်ဟန်လင်မှ အဆင့်ခြောက်အဆင့်ကို ပေးအပ်ခြင်း ခံရသည်။ ရုံးတော်မှ သွမ့်ချန်းဟုန်အား တာဝန်ချရာ နေရာပင်။
ကျားရှန်သုံးနှစ်နှစ်မြောက်အစ၌ တာ့ကျိုးမင်းဆက်ကြီး စတင်ချိန် တစ်လောကလုံး ပြောင်းလဲသွားခဲ့သည်။သွားလေသူ ကျန်းရှန့် ဧကရီ၏ အကြီးဆုံးသား၊အရှေ့နန်းတော်၏ အိမ်ရှေ့စံဖြစ်သူ ကျုံးမင်းဝေသည် နှစ်ကူးညစာစားပွဲ၌ ဧကရာဇ်၏ ရှေ့တော်၌ ရိုင်းပြခဲ့သည်။သက်တော်ရှည်မင်းမှ အမျက်ရှကာ သူ့အား ပိတ်လှောင်ခဲ့ပေသည်။ဘိုးဘေးခန်းမ၌ရှိနေစဥ် ရက်အနည်းငယ်အတွင်း၌ပင် ခုံရုံးမှအမတ်များက မင်းသား၏ နှစ်များစွာအတွင်း အကျင့်ပျက်မှု သက်သေများကို စုပေါင်းစာတစ်စောင်ရေးကာ သတင်းပို့ခဲ့ကြသည်။သက်တော်ရှည်မင်းမှာ အမျက်ရှကာ ခုံရုံးကို အသေးစိတ်စုံစမ်းရန် မိန့်ခဲ့သည်။ရလဒ်အနေဖြင့် မင်းသားမှာ ပထမလမတိုင်ခင်တွင် နန်းကျကာ သာမန်ပြည်သူအဖြစ် နှိမ့်ချခံခဲ့ရသည်။နင်းဂုသို့ တိုက်ရိုက် ရာထူးချခံရခြင်းဖြစ်၍ သူ၏ ယောက္ခမဟု ဆိုရမည့် လက်ယာဝန် သွမ့်ချန်းဟုန်မှာမူ တစ်နေ့တည်း ရာထူးခြောက်ဆင့်ကျကာ လျှို့ပင်ဟန်လင်၏ စာရင်းပြုစုသူ ဖြစ်လာတော့သည်။
အိမ်ရှေ့စံရာထူး ဖျက်သိမ်းခံရသဖြင့် သူတို့ထဲမှ ကိုယ်လုပ်တော် ကျောက်၏ ကျောက်မိသားစုမှာ နာမည်ရခဲ့ကြသည်။သွမ့်ချန်းဟုန်သည် ကိုယ်လုပ်တော်ကျောက်ကို သွားကြိတ်ရသည်အထိ မုန်းသူဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်မူ သူ့ဘေး၌ ကလေးမတစ်ယောက်ကို နေရာချထားလိုက်သဖြင့် အာချိုးသည် ကျောက်ကွေ့ဖေး၏ နားနှင့် မျက်လုံးများဖြစ်ရမည်ဟု အလိုအလျောက် ထင်နေမိသည်။
ထိုကြောင့်ပင် သနားစရာအားချိုးသည် သွမ့်ချန်းဟုန် မိသားစု၏ မျက်စိစပါးမွှေးစူးစရာဖြစ်လာတော့သည်။ ကိုယ်လုပ်တော် ကျောက် ချီးမြင့်ထားသော သူများကို မသတ်ရဲသော်လည်း လူများကို နှိပ်စက်ရန် နည်းများစွာရှိပေသည်။ အားချိုး သွမ့်အိမ်တော်သို့ စဝင်ခဲ့ကတည်းက အားလပ်ချိန်ပင်မရှိဘဲ ဆယ့်ခြောက်နှစ်ရွယ် မိန်းကလေး၏ အိမ်၌ နေမထွက်ခင် ထကာ ထင်းခုတ်၊ချက်ပြုတ်၊သန့်ရှင်းရေး နှင့် အဝတ်များလျှော်ဖွတ်ရသည်။ နေ့တိုင်း လေးငါး နာရီမျှကြာအောင် ချမ်းစိမ့်လှသော အချိန်တွင် လျှော်ဖွတ်နေရသည်။ အဘယ်ကြောင့် သွမ့်မိသားစုတွင် လျှော်စရာအဝတ်များ များနေရသည်မသိ။သူမ အဝတ်ရုံး၌ လျှော်ဖွတ်ခဲ့သည်ထက်ပင် များသေးသည်။အားချိုးသည် ညည်းတတ်သောသူမဟုတ်သော်လည်း နေ့များစွာ ဒီအဝတ်တွေချည်း လျှော်နေရသဖြင့် သူမ မငြီးဘဲ မနေနိုင်တော့ပေ။
အဝတ်လျှော်ပြီးချိန်တွင် ညလယ်ပင် ရောက်နေသဖြင့် သူမလက်များ ကျိုးတော့မည်ကဲ့သို့ အားချိုး ခံစားနေရသည်။ အဝတ်များ ခြောက်အောင် ရုန်းကန်၍ ထင်းလှောင်အိမ်သို့ ပြန်သွားမည်ကြံလိုက်သည်။မှန်သည်၊ အားချိုးနေတာ ထင်းလှောင်အိမ်မှာပင်။ သွမ့်မိသားစု နေသည့် လေးထောင့်ခြံဝန်းလေးတွင် မိသားစု တစ်ဒါဇင်ကျော် ရှိသဖြင့် လူကြပ်နေပြီဖြစ်ကာ သူမလို အစေခံက ထင်းလှောင်အိမ်တွင် နေနိုင်သည်မှာပင် အတော်ဟန်ကျနေပြီဖြစ်သည်။
အားချိုး သူမလက်ကောက်ဝတ်များကို နှိပ်နယ်ရင်း ထင်းလှောင်အိမ်တံခါးအား ဖွင့်ရန် ပြင်လိုက်ချိန်တွင် အမျိုးသမီးဆောင်မှ အရူးအမူးအော်သံကို ကြားလိုက်ရသည်။
“အဲ့လို ဒုက္ခိတကြီးကို မယူချင်ပါဘူး။ နင်းဂုတကို မသွားချင်ဘူး။ အမေ….အမေ ထပ်အတင်းခိုင်းရင် သမီးသေလိုက်မှာနော်။”
***