အသံပိုင်ရှင်မှာ သွမ့်ချန်းဟုန်၏ သမီးအကြီးဆုံး သွမ့်ရူလန်ဖြစ်ပြီး သူမ အလွန်ပင် ဝမ်းနည်း ဒေါသထွက်နေသည်အား အားချိုး ကြားနိုင်သည်။မဟုတ်ပါက သူမကဲ့သို့ ကြွယ်ဝမြင့်မြတ်သည့် မိသားစုမှ မိန်းကလေးတစ်ဦးသည် ဤကဲ့သို့ အော်ဟစ်နေမည် မဟုတ်ပေ။
အားချိုးသာလျှင် ကံမကောင်းသည့်သူ မဟုတ်ဟန်ရသည်။
နန်းကျအိမ်ရှေ့စံအား ဘိုးဘေးခန်းမမှ သယ်ထုတ်သွားရပြီး အထဲတွင် နှိပ်စက်ခံထားရသဖြင့် ခြေလက်များက ပြန်ကောင်းမလာသေးပေ။
နန်းမြို့မှ နင်းဂုသို့ သွားရာလမ်းသည်လည်း ကြမ်းတမ်း၍ သုံးလခန့်မျှ ကြာသည်ဟု ကြားမိသည်။ထိုသို့ရောက်ချိန်တွင် နန်းကျအိမ်ရှေ့စံမှာ ဒုက္ခိတဖြစ်နေပြီဖြစ်သည်။ ရိုက်နှက်ခံရ၍ ကျိုးပဲ့နေသူမှာ မည်သိုဆက်လုပ်ရမည် မသိဘဲ အဆုံးတွင်တော့ နန်းကျအိမ်ရှေ့စံသည် ကိုယ်ရော အနာဂတ်ပါ ကျရှုံးသွားရသည်။
ထိုအကြောင်းကြားရသော ကိုယ်လုပ်တော် ကျောက်မှာ သက်တော်ရှည်မင်းကြီး၏ ရှေ့၌ မျက်ရည်စက်စက်ဖြင့် နန်းကျအိမ်ရှေ့စံမှာ မင်းသားတစ်ပါးဖြစ်သော်လည်း သူမကတော့ ဆိုးရွားသည့်မိခင်ဖြစ်ကြောင်း၊ နန်းကျအိမ်ရှေ့စံမှာ ဒုက္ခိတဖြစ်နေပြီး သူ၏ဘေးတွင် ပြုစုမည့်သူ မရှိသည်အတွက် စိုးရိမ်မိကြောင်းပြောခဲ့သည်။ ထို့အပြင် နန်းကျအိမ်ရှေ့စံ၏ ဇနီးဖြစ်သူ တင်းမှာ ငယ်ရွယ်စဉ်ကပင် ဆုံးသွားသဖြင့် နှမြောဖွယ်ကောင်းကြောင်းလည်း ပြောလိုက်သည်။
ထိုသို့ ပြောပြခံရသဖြင့် နန်းကျအိမ်ရှေ့စံ နှင့် သွမ့်မိသားစု သမီတို့အကြား လက်ထပ်စာချုပ်ရှိသေးသည်ကို သတိရသွားသော သက်တော်ရှည်မင်းသည် သွမ့်မိသားစု၏ သမီ အရွယ်ရောက်ပြီးသည်အား ထောက်ကာ သွမ့်ချန်းဟုန် အား သူ့သမီးကို နင်းဂုတသို့ ပို့ရန် အမိန့်ပေးလိုက်သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သွမ့်ရူလန် လေးငါးခါမျှ ငြင်းဆန်ခဲ့ပေသည်။ ထို့ကြောင့် သွမ့်ချန်းဟုန်မှာ သည်းခံစိတ်ကုန်သွားပြီး သူမကို စကားမပြောတော့ဘဲ အိမ်စောင့်အားအမိန့်ပေး၍ အခန်းထဲပိတ်ခိုင်းထားလိုက်သည်။ သွမ့်ရူလန် သေကြောင်းသွားကြံမည်စိုးသဖြင့် သူမ၏ ဘေး၌ နေပေးနေရခြင်းပင်။
သွမ့်ရူလန်၏ မျက်လုံးများ သစ်ကြားသီးကဲ့သို့ နီရဲရောင်ကိုင်းနေပုံကို အားချိုး စဉ်းစားကာ ခေါင်းခါပြီး သက်ပြင်းချ၍ ထင်းလှောင်အိမ်တံခါးအား ဖွင့်ဝင်သွားလိုက်သည်။သူမ ပင်ပန်းနေသဖြင့် အပေါက်ရာများနှင့် အိပ်ရာခင်းပေါ် ရောက်သည်နှင် အိပ်ပျော်သွားတော့သည်။
သူမသာ မနက်ဖြန်တွင် ပိုကံဆိုးတော့မည်ကို ကြိုသိထားပါက ဤမျှလောက် အမြန် အိပ်ပျော်ခဲ့မည် မဟုတ်ချေ။
သွမ့်ရူလန် ငိုရသည်မှာ မောနေသဖြင့် သူမ၏ ပုံမှန် ချိုသာညက်ညောသောအသံမှာ ခြောက်ကပ်နေပေသည်။
“အဲ့လူက ဒုက္ခိတဖြစ်နေတာ အသိသာကြီးကို အဲ့ဒုက္ခိတကို မယူချင်ဘူး။အမေ၊ သမီး နင်းဂုတကို မသွားချင်ဘူးနော် မိဘတွေနဲ့ ပြန်မတွေ့ရမှာ ကြောက်တယ်။အမေ သမီးကို အတင်းမခိုင်းပါနဲ့တော့။”
“လန်အာ အမေတို့တွေလည်း ဘာမှ မတတ်နိုင်ဘူးကွယ်”
“အမေ သမီးငယ်ငယ်ကတည်းက သမီးကို အမေ သင်ပေးထားတာလေ။ အမေသင်သမျှ အိမ်အလုပ်၊အိမ်နောက်ဖေးကြီးကြပ်ရေး၊စန္ဒရား၊စစ်တုရင်၊စာအလှရေး၊ ပန်းချီဆွဲ အကုန် သမီးလုပ်ခဲ့တာပဲ။သမီး အဲ့လောက်ကြိုးစားတာ တစ်နေ့ တိုင်းပြည်မိခင် ဖြစ်လာမယ်လို့ အမေပြောလို့လေ။အခုကျတော့ အမေ နဲ့ အမေက သမီးကို သာမန်လူတစ်ယောက် ဒုက္ခတကြီးနဲ့ ယူခိုင်းနေတယ်။မယူဘူး မယူနိုင်ဘူး။”
သခင်မသွမ့်၏ အသံမှာ ရုတ်တရက် အေးစက်သွားလေသည်။ သူမ ပုဝါထုတ်၍ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ကာ သွမ့်ရူလန်အား အေးစက်စွာ ပြောလိုက်သည်။
***