“နင့်ကိုယ်နင် အမတ်မိသားစုရဲ့ သမီးကြီးလို့ ထင်နေသေးတာလား။အခု နင့်အဖေက အဆင့်ခြောက် အမတ်လောက်ပဲ ရှိတော့တာနော်။နန်းကျမင်းသားနဲ့လည်း ပတ်သက်မိနေသေးတယ်။အခု အမေတို့မိသားစု ဘယ်လိုနေနေရလဲ။မနက်ဖြန် မရှိတော့မှာတောင် စိတ်ပူနေရတာ။ဒီလိုအချိန်မှာနင့်ရဲ့ စိတ်လိုလက်ရ လုပ်ပုံကို သည်းခံနေရဦးမှာလား။ ပြန်တမ်းကို ဒီနေ့ ငြင်းလိုက်လို့ မနက်ဖြန် တစ်မိသားစုလုံး ဟင်းရွက်စျေးမှာ ကြိုးတပ်ခံရပြီး ခေါင်းပြုတ်မှာက အရင်ဘဝက ကုသိုလ်တွေကြောင့်လို့ တွေးနေသေးတာလား။ ဘုရင် အမျက်ရှရင် တစ်မိသားစုလုံး ပါတယ်ဟဲ့။”
သွမ့်ရူလန်မှာ သခင်မသွမ့်၏ ဖြစ်ပုံကြောင့် ခုန်ထကာ ပြုံးပြီး ထပ်ငိုလိုက်သည်။
“လန်အာ။အမေက မတတ်နိုင်ဘူး”
သခင်မသွမ့်၏ လေသံမှာ ပြန်လည်ပျော့ပြောင်းသွားလေသည်။ သူမသမီး၏ ပုခုံးကို ညင်သာစွာ ကိုင်၍ အားမဲ့စွာ ပြောလိုက်သည်။
“လန်လေးအပေါ် အမေ မကောင်းမှန်းသိပါတယ်။ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ဘယ်လိုလဲကြည့်လေ။ကိုယ်လုပ်တော်ဝမ် က အခု ဂုဏ်မြောက်နေတာ။မကြာခင် သက်တော်ရှည်မင်းကြီးက ကိုယ်လုပ်တော် ဝမ်ရဲ့ မင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်လောက်တယ်။ အမေတို့ သတိရှိရမှာ ပုံမှန်ပဲ။အထူးသဖြင့် ဒီလိုအချိန်မှာ ကိုယ့်သေတွင်း ကိုယ်တူလို့မရဘူး။”
“ဒါပေမယ့် အမေကလည်း...”
သွမ့်ရူလန် အားမရဖြစ်ကာ ဝမ်းနည်းလျက် သခင်မသွမ့်၏လက်ထဲတွင် ငိုနေလိုက်သည်။
သွမ့်ရူလန် ကို ချော့သိပ်ပြီးနောက် နောက်ကျနေသဖြင့် သခင်မသွမ့်မှာ မျက်လုံးနီရဲကာ သူမ အခန်းထဲသို့ ဝင်လာခဲ့သည်။ သွမ့်ချန်းဟုန် မှာ မအိပ်သေးဘဲ အိပ်ရာစွန်းတွင် အဝတ်များဖြင့် ငိုင်နေစဉ် တံခါးတွန်းသံ ကြားလိုက်၍ ပြန်အသိဝင်လာကာ သခင်မကိုမြင်သဖြင့် သက်ပြင်းချလိုက်မိသည်။ “ကလေးမလေး နားလည်သွားပြီလား”
လွန်ခဲ့သည့် နှစ်နှစ်က နန်းကျမင်းသား၏ ကိုယ်လုပ်တော်တင်း နာမကျန်းဖြစ်ကာ ဆုံးသွားခဲ့သည်။မင်းသား၏ ခြေထောက်ထူထူကြီးများကို ဖက်ရရန် သူ အားစိုက်ကာ ရှေ့နောက် ပြေးလွှား၍ သူ၏ ဆယ့်လေးနှစ်အရွယ် သမီးကို နန်းကျမင်းသားနှင့် လက်ဆတ်ရရေးအတွက် ကြိုးစားခဲ့ပေသည်။သူ၏သမီးသာ အရွယ်ရောက်လာလျှင် ကိုယ်လုပ်တော် ဖြစ်မည်ဖြစ်သည်။ ဤလက်ထပ်စာချုပ်ဖြင့်သာ ဆိုလျှင် သွမ့်မိသားစုမှာ ခုံရုံးတွင် နေရာတစ်နေရာ မြဲမြံနိုင်မည်ပင်။ယခုနှစ်များအတွင်း ထိုစာချုပ်ကို သူ အတော်ပင် ဂုဏ်ယူခဲ့သည်။ရုတ်တရက် ဤပြဿနာကြီး ဖြစ်ခဲ့မည်ကို မည်သူမျှ ကြိုမသိနိုင်ခဲ့ချေ။
ဘယ်ကမှန်းမသိဘဲ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
“အရင်ကတော့ သူ့အတွက် လက်ဖွဲ့ပစ္စည်း အများကြီးလုပ်ပေးထားတာ။အခု ဒီမိသားစု ဖြစ်ပုံမျိုးနဲ့ဆို လက်ထပ်ဝတ်စုံကောင်းကောင်းတောင် မရနိုင်မှာ စိုးတယ်။လက်ဖွဲ့ကောင်မလေးတောင်မပါဘူး။အဲ့ကလေးက ငယ်ကတည်းက အလိုလိုက်ခံထားရလို့ စိတ်ကြီးတာကို။ အနာဂတ်ဘယ်လိုနေမလဲ...”
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် သွမ့်ချန်းဟုန်က အသံလေးနက်စွာဖြင့် ပြောလိုက်သည်။ “အားချိုးဆိုတဲ့ ကောင်မလေးကို လက်ဖွဲ့ကောင်မလေး လုပ်ခိုင်းပြီး နင်းဂုဆီ လန်အာနောက် လိုက်ခိုင်းလိုက်”
“ဒါပေမယ့် အဲ့ကောင်မလေးက ကိုယ်လုပ်တော် ကျောက် ပေးထားတာမလား။လန်အာနောက် လိုက်တာ ကျွန်မင ကိစ္စမရှိပေမယ့် လန်အာကို ရန်ပြုမှာတော့ စိုးမိတယ်”
“အခုတလော သူ့ကို စိတ်အေးအေးနဲ့ စောင့်ကြည့်နေတာ ရက်စက်တတ်တဲ့သူတော့ မဟုတ်ဘူး။ အဆိုးဆုံး ကျောက်ကွေ့ဖေး ကို သတင်းပေးရုံပဲ”
“သမီးနောက်ကို နေ့တိုင်းလိုက်ပြီး နားထောင်နေမှာလေ။လန်အာ ဘာလုပ်လုပ် ကိုယ်လုပ်တော် ကျောက် သိနေမှာပေါ့။လန်အာ နေရတာ ပိုမခက်လောက်ဘူးလား။”
***