“အဲ့တော့ ငါ ဘာလုပ်နိုင်မှာလဲ”
သွမ့်ချန်းဟုန် သက်ပြင်းချ၍ သူ၏ မီးခိုးရောင်သန်းကာ ဖြူနေသော နားသယ်မွှေးကို ကုတ်ရင်း ကူရာမဲ့စွာပြောလိုက်သည်။
“ ကျောက်ကွေ့ဖေးက ခြေတစ်လှမ်းတိုးပြီး သက်တော်ရှည်မင်းကို နင်းဂုဆီ လန်အာကို ပို့ခိုင်းထားတာလေ။ဘာအဓိပ္ပါယ်လဲ အသိသာကြီး။မသိသလို ဟန်ဆောင်နေရမှာလား။ ထားလိုက်။သူ့ကို သွားခိုင်းလိုက်။ “
“ကိုယ်လုပ်တော်ကျောက်က နန်းကျမင်းသားကို လန်အာ လက်ထပ်တာ သေချာအောင် အဲ့ကောင်မလေးကို ပေါ်တင်ကြည့်ခိုင်းထားတာ “
သခင်မ သွမ့် ပင့်သက်ရှိုက်လိုက်သည်။
“ သူက ကျွန်မတို့သွမ့်မိသားစုတစ်ခုလုံးကို နန်းကျမင်းသားလှေနဲ့ ချည်ထားချင်တာပဲ။တစ်ဘဝလုံး အဖတ်ပြန်ဆယ်လို့ ရတော့မှာမဟုတ်ဘူး။ “
သခင်မ သွမ့် တစ်ဖန် မျက်ရည်များ ပြန်လည်ကျဆင်းလာကာ သူမပုဝါကို တွန့်ခြေနေမိသည်။အိပ်ရေးပျက်ရသော နောက်တစ်နေ့ပင်ဖြစ်သည်။
နောက်တစ်နေ့။
အားချိုး ပုံမှန်အတိုင်း နေမထွက်ခင် ထကာ ထင်းခုတ်၍ ဟင်းချက်ရန် ရေကျိုနေသည်။တစ်နာရီမျှ အလုပ်လုပ်ပြီးနောက် တစ်ညလုံး နားထားသော အားချိုး၏ လက်ကောက်ဝတ်မှာ စတင် နာလာတော့သည်။သူမ အရပ်ကြောင့်လားမသိ၊ သူမကိုယ်မှာ အမြဲကိုက်ခဲနေပြီး အိပ်ရေးမဝပေ။မနေ့ညက သူမ ကြွက်ပင်တက်သေးသည်။အားချိုး တစ်ညလုံးနီးပါး သွားကြိတ်ကာ နေခဲ့၍ ယခု သူမ နွမ်းနယ်နေတော့သည်။
ပြင်ထားသော ဟင်းလျာများကို ခန်းမဆောင်ထဲသို့ ယူလာပေးပြီးနောက် အားချိုး နေရာချကာ ထွက်မသွားနိုင်ခင်မှာပင် သွမ့်ချန်းဟုန် မှ တားလိုက်သည်။
“သခင်ကြီး ခေါ်ပါသလား။”
အားချိုး သွမ့်ချန်းဟုန်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။သွမ့်ချန်းဟုန်က သူမအား ယန်ရှီနန်းတော်မှ ခေါ်ပြီးချိန်မှစ၍ ဘယ်သောအခါမှ မျက်နှာသာမပေးခဲ့ပေ။ သူမကို သူမုန်းနေမှန်း အားချိုးသိသလို အကြောင်းရင်းကောင်းကောင်းရှိသည်ကိုလည်း သိပေသည်။သူမ ခန်းမဆောင်ထဲ၌ မနေရဲသဖြင့် စိုးရိမ်စွာ မေးလိုက်သည်။
အားချိုး အံ့ဩသွားသည်။သွမ့်ရူလန် နင်းဂုတသို့ သွားလက်ထပ်မည်ကို မနက်အစောကပင် သူမ သိသော်လည်း သူမနှင့် ဆိုင်လာမည်ဟု မထင်ခဲ့ပေ။ သွမ့်ချန်းဟုန် သူမကို ပို၍ စက်ဆုပ်သွားမည်ကို မစဉ်းစားနိုင်ဘဲ သူ့အား မော့ကြည့်လိုက်သည်။
သွမ့်ချန်းဟုန်၏ ပုံမှန် တည်ငြိမ်နေသော မျက်နှာသည် အားချိုး ကြည့်လိုက်ချိန်တွင် ရုတ်တရက် စက်ဆုပ်သွားခဲ့သည်။
“ဘာပြောတယ်။ နင့်လို ရုပ်ဆိုးမကို မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်ဖွဲ့မိန်းကလေး လုပ်ခွင့်ပေးတာတောင် နင့်ကို ဒုက္ခပေးတယ် ထင်နေတာလား။ “
သူမ နာမည်အတိုင်း အားချိုးက ရုပ်ဆိုးပေသည်။ မွေးရာပါတော့ မဟုတ်ပေ။ အရင်နှစ်က နန်းတော်ထဲတွင် မီးလန့်သဖြင့် မီးသတ်နေစဉ် သူမ ကို မီးဟပ်သွားခြင်းဖြစ်သည်။အမာရွတ် အနီရင့်ကြီးမှာ သိပ်မကြီးလှသော်လည်း ညာဘက် လက်ကောက်ဝတ်မှ လည်ပင်းအထိဖြစ်သည်။လက်သည်းခန့်မျှ အမာရွတ်ပင် မေးစေ့ပေါ်၌ ရှိသေးသည်။ထိုကြောင့် သူမ ထိုနာမည်ရလာတော့သည်။
သွမ့်ချန်းဟုံ သူမနှင့် စကားဆက်မပြောချင်တော့ပေ။အားချိူးကို အပြင်ထွက်ရန် လက်ပြလိုက်ပြီးနောက် သူမ၏ အဝတ်ဖြူကြမ်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
“ အိမ်စောင့်ဆီသွားပြီးတော့ အဝတ်ကောင်းကောင်း သွားတောင်း။ ဒီနေ့ အလုပ်ကြမ်း မလုပ်ဘဲ အမျိုးသမီးဆောင်မှာ သွားခစား။”
အားချိုး စိတ်လျှော့ကာ လက်ခံလိုက်သည်။ သူမ သေတမ်းစာမှာ သွမ့်ချန်းဟုန် လက်ထဲတွင် ရှိနေသဖြင့် သူပြောတိုင်း လုပ်ရမည်ဖြစ်သည်။ သူမတွင် ပြောပိုင်ခွင့်မရှိပေ။
နင်းဂုတမျှသာ ဖြစ်သည်။
အားချိုး မျက်မှောင်ကြုတ်ကာ အိမ်စောင့်ကို သွားရှာလိုက်သည်။ ကျောက်အုတ်ခဲများရှိ ကွဲအက်ရာများမှ ပေါက်နေသော မြက်စိမ်းများကို ကြည့်ရင်း နန်းတွင်းက သူများ ပြောသည့် စကားများကို ကြားယောင်မိသည်
***