အားချိုး၏ လက်ကို အစောင့်က ပုတ်ထုတ်ပြီးနောက် ခြေနှစ်လှမ်းဆုတ်ကာ ခြေထောက်မြှောက်၍ တံခါးကို ကန်ချလိုက်သည်။ လက်တွင် ဓားကိုင်ကာ ဝင်သွားသော်လည်း အခန်းထဲ ရောက်ချိန်တွင် ကြက်သေသေသွားရသည်။ အနောက်က လိုက်လာသော မျက်နှာဖြူအစောင့် နှင့် အားချိုးလည်း ထိုသို့ပင်ဖြစ်သည်။ ထုတ်တန်းပေါ်ကာ တန်းလန်းကျနေသော အမျိုးသမီးကိုကြည့်ကာ အားချိုး မျက်လုံးပြူးသွားခဲ့သည်။ သူမ အော်ရန် ပြင်လိုက်သော်လည်း မျက်နှာဖြူအစောင့်မှ သူမကို ပါးစပ်ပိတ်ရင်း တံခါးကို ပြန်ပိတ်လိုက်သည်။
“ ပါးစပ်ပိတ်ထား”
အစောင့် အသံမှာ တိုးသွားကာ အေးစက်နေခဲ့သည်။ အားချိုးလည်ပင်းကို လက်တစ်ဖက်မှ ကိုင်ရင်း သူ့ခါးမှ ဓားတစ်လက်ကို ထုတ်လိုက်သည်။
“အော်ရဲအော်ကြည့်။ နင့်သခင်နဲ့ တစ်ခါတည်း မြေမြှုပ်ပေးလိုက်မယ်။”
အားချိုး အစာကောက်စားနေသော ကြက်အလား ခေါင်းညိတ်ပြလိုက်သည်။ သူမမှာ ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ဘဝကြမ်းသော်လည်း မသေချင်သေးပေ။ ထို့အပြင် သူမမှာ သစ္စာရှိအစေခံလည်း မဟုတ်သဖြင့် လအနည်းငယ်သာ သိဖူးသော သွမ့်မိန်းကလေးနောက်သို့ မလိုက်နိုင်ပါချေ။
ထိုအခါမှသာ အားချိုးကို အစောင့်က လွှတ်လိုက်ပြီး လက်ကိုမြှောက်၍ အဝတ်ဖြူကို ဖြတ်ချလိုက်သည်။ မိန်းကလေး သွမ့် မြေပေါ်သို့ ပြုတ်ကျလာချိန်တွင် အစောင့်နှစ်ယောက် ငုံ့ကြည့်လိုက်ရာ ခန္ဓာကိုယ်မှာ အေးခဲ တောင့်တင်းနေပြီဖြစ်သည်။သူမ သေနေသည်မှာ ကြာပြီပင်။ အားချိုးကတော့ မကြည့်ရဲချေ။သူမက ချောင်တွင် ကပ်ကာ မြေပေါ်မှ မှောက်ခုံလန်နေသော သစ်သားခုံကို ကြည့်နေခဲ့သည်။
မိန်းကလေး သွမ့် အလောင်းနားတွင် အစောင့်နှစ်ယောက် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။သူတို့နှစ်ယောက်လုံး၏ အကြည့်တွင် အကြောက်တရားများ တွေ့နေရသည်။ မျက်နှာညိုအစောင့်မှ ကြောက်လန့်ကာ မျက်နှာ သွေးဆုတ်လျက် အခြားအစောင့်ကို တုန်ရီစွာ မေးလိုက်သည်။
မျက်နှာဖြူအစောင့်မှာ ပို၍ တည်ငြိမ်နေသည်။သေဆုံးနေသော ကောင်မလေး၏ အလောင်းကို ကြည့်၍ တွေးရင်း ထောင့်တွင် ကပ်ကာ တုန်ရီနေသော အားချိုးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ အတွေးတစ်ခုတွေးကာ သူမကို မေးလိုက်သည်။
အားချိုး ခဏမျှ လန့်သွားသော်လည်း ပြန်အသိစုကာ ခဏမျှ တွေးလိုက်သည်။
“ ဘဏ္ဍာစိုး ပြောပုံအရ သခင်မလေး သွမ့်က အိမ်ကနေ တစ်ခါမှ မထွက်ဖူးလို့ နန်းကျမင်းသားနဲ့ မတွေ့ဖူးသေးဘူးတဲ့။”
မျက်နှာညိုအစောင့်မှ အသံတိုး၍ မေးကာ လက်ကို တားလိုက်သည်။
“သူသေရင် ငါတို့လည်း ရှင်မှာ မဟုတ်ဘူး။အသက်ရှင်ချင်ရင် သူ့နေရာမှာ အစားထိုးမယ့်သူ ရှာရမယ်။”
မျက်နှာညိုအစောင့်မှ သူဆိုလိုချင်သည်ကို နားလည်သွားဟန်ဖြင့် အားချိုးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် ဒီကောင်မလေးက ရုပ်ဆိုးတာကို။ ပြီးတော့ သူ အကျင့်က အိမ်ကြီး အိမ်ကောင်းမှာ မွေးလာတဲ့ မိန်းမမြတ်တွေနဲ့ ကွာလွန်းမနေဘူးလား။”
အားချို့ နောက်သို့ ကျုံ့သွားကာ သူမ ပေါင်ကြားသို့ ခေါင်းငုံ့သွားလေသည်။ သူမလည်ပင်းမှ ကြည့်ရဆိုးသော အနီနက်ရောင် အရာကြီးမှာ ထူးဆန်းနေသည်။
“နန်းကျမင်းသားက မိန်းကလေး သွမ့်ကို မမြင်ဖူးဘူးဆိုတော့ သူမဟုတ်မှန်း သိမှာမဟုတ်ဘူး။ပြီးတော့ သူက မိန်းကလေးသွမ့်ရဲ့ အစေခံလေ။ သူ့လှုပ်ရှားပုံတွေကို သူပဲ အသိဆုံး။ကြောင်သုံးပြီး ကျားပုံဆွဲသလိုပါပဲ။ပြီးတော့ နန်းကျမင်းသား ရှိသေးလား သေပြီလားတောင် မသေချာသေးတာ
။သူ့ကိုပဲ ပို့လိုက်ကြရအောင်။”
***